Premier League

28 Feb နေ့လယ်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးအသင်းဒါရိုက်တာ မာရီနာ ဂရာနော့ဗ် စကားယာဟာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဆီကနေ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ခေါ်ယူဖို့အတွက် ကြိုးပမ်းဖို့ မီးစိမ်းပြသခြင်းခံခဲ့ရတယ်လို့ သိရ။

-ချဲလ်ဆီးတောင်ပံကစားသမားဟောင်း ဝီလီယံက ချဲလ်ဆီးနည်းပြဟောင်း အန်တိုနီယို ကွန်တီရဲ့ လူတွေအပေါ် စီမံခန့်ခွဲတဲ့ ပုံစံကြောင့် ၎င်းတို့ ၂ ဦးကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး နည်းဗျူဟာပိုင်းတော်ပေမယ့် လူတွေကို နားလည်နိုင်စွမ်းမရှိဘူးလို့ ပြောကြားခဲ့။

-အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ ဟတ်ဒ်ဆန် အိုဒွိုင်းကို ကစားခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ သောမတ်စ် တူဟယ်ရဲ့ ဆုံးဖြတ်ချက်ဟာ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ နာရီဝက်သာ ကစားခိုင်းပြီးနောက် လူစားလဲလှယ်ခဲ့တာက အမှားပြုလုပ်မိခဲ့တယ်ဆိုတာကို သိရှိသွားတာကြောင့်ဖြစ်တယ်လို့ ဒန်နီ မာဖီက ပြောကြားခဲ့။

-ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မေဆန် မောင့်ဟာ နည်းပြဟောင်း ဖရန့် လမ်းပတ်ဆီကနေ အများကြီး လေ့လာသင်ယူခဲ့ရပေမယ့် ဆရာရဲ့ အိမ်မွေးတိရစ္ဆာန်လေးမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး နည်းပြသစ် သောမတ်စ် တူဟယ်လက်အောက်မှာလည်း သင်ယူနိုင်သလောက် များများ သင်ယူဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ချဲလ်ဆီးအသင်းရဲ့ ကစားဟန်က တစ်ခါတလေမှာ တီမို ဗာနာကို နောက်က ဆွဲထားသလို ဖြစ်နေခဲ့တယ်လို့ ယုံကြည်နေပြီး ဘောလုံးပိုင်ဆိုင်မှုဆာလောင်နေတဲ့အသင်းက ပြိုင်ဘက်အသင်းကို ခံစစ်ကစားပုံ အထိုင်ချစေနိုင်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းပရိသတ်တွေဟာ ၎င်းတို့ရဲ့ နောက်ဆုံး အကယ်ဒမီကြယ်ပွင့်ဖြစ်တဲ့ ကော်နာ ဂါးလေဂါဟာ ဝက်စ်ဘရွန်းအသင်းအတွက် အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးနောက် ချီးကျူးပြောကြားမှုတွေ ပြုလုပ်ခဲ့ကြပြီး လူငယ်ကြယ်ပွင့်ရဲ့ အလားအလာတွေကြောင့် မေဆန် မောင့်နဲ့တောင် နှိုင်းယှဉ်ခဲ့ကြ။

-ချဲလ်ဆီးအသင်းတိုက်စစ်မှူး တီမို ဗာနာက ချဲလ်ဆီးအသင်းမှာ ဂိုးပေါက်ပျောက်ဆုံးမှုက ၎င်းရဲ့ ကစားသမားဘဝတလျှောက်လုံးမှာ အဆိုးရွားဆုံးအချိန်တွေဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ဂိုးမသွင်းနိုင်ဘဲ ခုလောက် ဘယ်တုန်းကမှ အကြာကြီး မနေခဲ့ဖူးဘဲ ဂိုးပေါက်ပျောက်ဆုံးနေမှု အဆုံးသတ်နိုင်ခဲ့တဲ့အတွက် အရမ်းပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ညိုဟာ နည်းပြ သောမတ်စ် တူဟယ်လက်အောက် ချဲလ်ဆီးအသင်းမှာ အလွန်ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း တူဟယ်ရဲ့ ပထမအသင်းမှာ အဓိကကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့ချိန်ကတည်းက ပုံမှန်ခြေစွမ်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

-ခ်ဲလ္ဆီးအသင္းဒါရိုက္တာ မာရီနာ ဂရာေနာ့ဗ္ စကားယာဟာ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ဆီကေန ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းကို လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ေခၚယူဖို႔အတြက္ ႀကိဳးပမ္းဖို႔ မီးစိမ္းျပသျခင္းခံခဲ့ရတယ္လို႔ သိရ။

-ခ်ဲလ္ဆီးေတာင္ပံကစားသမားေဟာင္း ဝီလီယံက ခ်ဲလ္ဆီးနည္းျပေဟာင္း အန္တိုနီယို ကြန္တီရဲ့ လူေတြအေပၚ စီမံခန႔္ခြဲတဲ့ ပုံစံေၾကာင့္ ၎တို႔ ၂ ဦးၾကားမွာ ပြတ္တိုက္မႈေတြ ျဖစ္ေပၚခဲ့တာျဖစ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး နည္းဗ်ဴဟာပိုင္းေတာ္ေပမယ့္ လူေတြကို နားလည္နိုင္စြမ္းမရွိဘူးလို႔ ေျပာၾကားခဲ့။

-အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ပြဲစဥ္မွာ ဟတ္ဒ္ဆန္ အိုဒြိဳင္းကို ကစားခြင့္ေပးဖို႔ ဆုံးျဖတ္ခဲ့တဲ့ ေသာမတ္စ္ တူဟယ္ရဲ့ ဆုံးျဖတ္ခ်က္ဟာ ေဆာက္သမ္တန္နဲ႔ပြဲစဥ္မွာ နာရီဝက္သာ ကစားခိုင္းၿပီးေနာက္ လူစားလဲလွယ္ခဲ့တာက အမွားျပဳလုပ္မိခဲ့တယ္ဆိုတာကို သိရွိသြားတာေၾကာင့္ျဖစ္တယ္လို႔ ဒန္နီ မာဖီက ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ ေမဆန္ ေမာင့္ဟာ နည္းျပေဟာင္း ဖရန႔္ လမ္းပတ္ဆီကေန အမ်ားႀကီး ေလ့လာသင္ယူခဲ့ရေပမယ့္ ဆရာရဲ့ အိမ္ေမြးတိရစၧာန္ေလးမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီး နည္းျပသစ္ ေသာမတ္စ္ တူဟယ္လက္ေအာက္မွာလည္း သင္ယူနိုင္သေလာက္ မ်ားမ်ား သင္ယူဖို႔ ဆုံးျဖတ္ထားတယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က ခ်ဲလ္ဆီးအသင္းရဲ့ ကစားဟန္က တစ္ခါတေလမွာ တီမို ဗာနာကို ေနာက္က ဆြဲထားသလို ျဖစ္ေနခဲ့တယ္လို႔ ယုံၾကည္ေနၿပီး ေဘာလုံးပိုင္ဆိုင္မႈဆာေလာင္ေနတဲ့အသင္းက ၿပိဳင္ဘက္အသင္းကို ခံစစ္ကစားပုံ အထိုင္ခ်ေစနိုင္တယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းပရိသတ္ေတြဟာ ၎တို႔ရဲ့ ေနာက္ဆုံး အကယ္ဒမီၾကယ္ပြင့္ျဖစ္တဲ့ ေကာ္နာ ဂါးေလဂါဟာ ဝက္စ္ဘရြန္းအသင္းအတြက္ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ကို ျပသခဲ့ၿပီးေနာက္ ခ်ီးက်ဴးေျပာၾကားမႈေတြ ျပဳလုပ္ခဲ့ၾကၿပီး လူငယ္ၾကယ္ပြင့္ရဲ့ အလားအလာေတြေၾကာင့္ ေမဆန္ ေမာင့္နဲ႔ေတာင္ ႏွိုင္းယွဥ္ခဲ့ၾက။

-ခ်ဲလ္ဆီးအသင္းတိုက္စစ္မႉး တီမို ဗာနာက ခ်ဲလ္ဆီးအသင္းမွာ ဂိုးေပါက္ေပ်ာက္ဆုံးမႈက ၎ရဲ့ ကစားသမားဘဝတေလၽွာက္လုံးမွာ အဆိုးရြားဆုံးအခ်ိန္ေတြျဖစ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ဂိုးမသြင္းနိုင္ဘဲ ခုေလာက္ ဘယ္တုန္းကမွ အၾကာႀကီး မေနခဲ့ဖူးဘဲ ဂိုးေပါက္ေပ်ာက္ဆုံးေနမႈ အဆုံးသတ္နိုင္ခဲ့တဲ့အတြက္ အရမ္းေပ်ာ္ရႊင္မိတယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ညိဳဟာ နည္းၿပ ေသာမတ္စ္ တူဟယ္လက္ေအာက္ ခ်ဲလ္ဆီးအသင္းမွာ အလြန္ေပ်ာ္ရႊင္ေနတယ္လို႔ ေျပာၾကားခဲ့ၿပီး စတန္းဖို႔ဒ္ဘရစ္ဂ်္ကေန ထြက္ခြာဖို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္လည္း တူဟယ္ရဲ့ ပထမအသင္းမွာ အဓိကကစားသမားအျဖစ္ ပါဝင္ကစားခြင့္ ရရွိခဲ့ခ်ိန္ကတည္းက ပုံမွန္ေျခစြမ္းကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z