Premier League

28 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


-တော့တင်ဟမ်ဟော့စပါး ကွင်းလယ်ကြယ်ပွင့် အန်ဒွန်ဘီလီဟာ နည်းပြ ဟိုဆေး မော်ရင်ညိုနဲ့ပတ်သက်ပြီး ၎င်းရဲ့ အခက်အခဲတွေကို မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာနဲ့ ပြောဆိုခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ပေါ့ဂ်ဘာဟာ မော်ရင်ညိုနဲ့ အလုပ်လုပ်ခဲ့ပေမယ့်လည်း အခြေအနေက လုံးဝကွာခြားတာကြောင့် အကြံမပေးနိုင်ခဲ့ဘူးလို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား အဲရစ်ဘိုင်လီဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁၆ လသာ ကျန်ရှိတော့တာကြောင့် ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပြီး The Sun ရဲ့ သတင်းအရ ယူနိုက်တက်နောက်ခံကစားသမားဟာ အသင်းနဲ့ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုသွားဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ လွန်ခဲ့တဲ့အပတ်က ဟတ်ဒ်ဆန်-အိုဒွိုင်းကို လူစားလဲလှယ်ခဲ့တဲ့ သောမတ်စ် တူဟယ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ထောက်ခံအားပေးခဲ့ပြီး ပီအက်စ်ဂျီနည်းပြဟောင်းဟာ တရားမျှတတယ်လို့ ခံစားရတဲ့ဟာကို လုပ်ခဲ့တာဖြစ်ပြီး နည်းပြတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရတယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားဟာ ယူနိုက်တက်မှာ ၎င်းဟာ အဆိုးရွားဆုံးအရှုံးသမားဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ရှုံးနိမ့်တဲ့အချိန်မှာ ဘရူနို ဖာနန်ဒက်စ်လောက် စိတ်ပျက်မှုကို မပြသတာက အသင်းမှာ အဆိုးရွားဆုံးအရှုံးသမားဖြစ်နေတာကြောင့် ၎င်းရဲ့ စိတ်ခံစားချက်ကို လူမြင်အောင် ဟန်လုပ်ပြီး မထုတ်ဖော်ပြခဲ့တာလို့ ဝန်ခံပြောကြားခဲ့။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်နေခဲ့တဲ့အချိန်တုန်းက ယင်းအချိန်က စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားနေဆဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ဆန္ဒရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ကာဗာနီဟာ ချဲလ်ဆီးအသင်းနဲ့ ယနေ့ညနေမှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အချိန်မီ ကြံ့ခိုင်မှုပြည့်ဝလာအောင် ရုန်းကန်နေရပေမယ့် နည်းပြဆိုးလ်ရှားက အသက် ၃၄ နှစ်အရွယ်ကစားသမား ပါဝင်ကစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကတော့ ယခုအပတ်မှာ ပြန်ကစားနိုင်ဦးမှာမဟုတ်သေးဘူးလို့ သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ ယခုလာမယ့်နွေရာသီမှာ အသင်းကို ရောက်လာမယ့် ကစားသမားသစ်အဖြစ် ဘယ်သူတွေကို မြင်ချင်လဲဆိုတာကို ပစ်မှတ် မသတ်မှတ်ရသေးဘူးလို့ သိရပြီး အသင်းအတွက် အမှန်တကယ် သင့်တော်မယ့် ကစားသမားမျိုးကိုသာ ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရ။

-ချဲလ်ဆီးတောင်ပံကြယ်ပွင့် ဂျိုး ကိုးလ်က မန်ချက်စတာယူနိုက်တက်အသင်းသကနေ ဝက်စ်ဟမ်းကို အငှားနဲ့ လာရောက်ကစားနေပြီး အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ဂျက်ဆီ လင်ဂတ်အနေနဲ့ လန်ဒန်အသင်းကို အပြီးသတ်ပြောင်းရွှေ့တာက ၎င်းအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်မြင်နေပြီး ကစားသမားဘဝတလျှောက်လုံးမှာ ပွဲလုံလုံလောက်လောက်မကစားခဲ့ရတာကြောင့် လက်ရှိအချိန်က ၎င်းရဲ့အကောင်းဆုံးအချိန်တောင် မဟုတ်လောက်သေးဘူးလို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ယနေ့ညနေ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ကစားသွားမယ့် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ဟာ ဂိုးမရှိ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီး လွန်ခဲ့တဲ့လအနည်းငယ်ကဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းက အနိုင်ရလိမ့်မယ်လို့ ပြောမှာဖြစ်ပေမယ့် တူဟယ် ရောက်လာပြီးကတည်းက ချဲလ်ဆီးအသင်းက အားလုံးပြောင်းလဲသွားခဲ့ပြီလို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:


-ေတာ့တင္ဟမ္ေဟာ့စပါး ကြင္းလယ္ၾကယ္ပြင့္ အန္ဒြန္ဘီလီဟာ နည္းၿပ ဟိုေဆး ေမာ္ရင္ညိဳနဲ႔ပတ္သက္ၿပီး ၎ရဲ့ အခက္အခဲေတြကို မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာနဲ႔ ေျပာဆိုခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ေပါ့ဂ္ဘာဟာ ေမာ္ရင္ညိဳနဲ႔ အလုပ္လုပ္ခဲ့ေပမယ့္လည္း အေျခအေနက လုံးဝကြာျခားတာေၾကာင့္ အႀကံမေပးနိုင္ခဲ့ဘူးလို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ေနာက္ခံကစားသမား အဲရစ္ဘိုင္လီဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁၆ လသာ က်န္ရွိေတာ့တာေၾကာင့္ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရၿပီး The Sun ရဲ့ သတင္းအရ ယူနိုက္တက္ေနာက္ခံကစားသမားဟာ အသင္းနဲ႔ ၃ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားဖို႔အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနတာျဖစ္တယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားဟာ လြန္ခဲ့တဲ့အပတ္က ဟတ္ဒ္ဆန္-အိုဒြိဳင္းကို လူစားလဲလွယ္ခဲ့တဲ့ ေသာမတ္စ္ တူဟယ္ရဲ့ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ေထာက္ခံအားေပးခဲ့ၿပီး ပီအက္စ္ဂ်ီနည္းျပေဟာင္းဟာ တရားမၽွတတယ္လို႔ ခံစားရတဲ့ဟာကို လုပ္ခဲ့တာျဖစ္ၿပီး နည္းျပေတြဟာ ခက္ခဲၾကမ္းတမ္းတဲ့ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ရတယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ အိုေလဂန္နာ ဆိုးလ္ရွားဟာ ယူနိုက္တက္မွာ ၎ဟာ အဆိုးရြားဆုံးအရႈံးသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ရႈံးနိမ့္တဲ့အခ်ိန္မွာ ဘ႐ူနို ဖာနန္ဒက္စ္ေလာက္ စိတ္ပ်က္မႈကို မျပသတာက အသင္းမွာ အဆိုးရြားဆုံးအရႈံးသမားျဖစ္ေနတာေၾကာင့္ ၎ရဲ့ စိတ္ခံစားခ်က္ကို လူျမင္ေအာင္ ဟန္လုပ္ၿပီး မထုတ္ေဖာ္ျပခဲ့တာလို႔ ဝန္ခံေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က ပီအက္စ္ဂ်ီအသင္းကို ကိုင္တြယ္ေနခဲ့တဲ့အခ်ိန္တုန္းက ယင္းအခ်ိန္က စပို႔တင္းလစၥဘြန္းအသင္းမွာ ကစားေနဆဲျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူနို ဖာနန္ဒက္စ္ကို ေခၚယူဖို႔အတြက္ ဆႏၵရွိခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မႉး ကာဗာနီဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ယေန႔ညေနမွာ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ အခ်ိန္မီ ႀကံ့ခိုင္မႈျပည့္ဝလာေအာင္ ႐ုန္းကန္ေနရေပမယ့္ နည္းျပဆိုးလ္ရွားက အသက္ ၃၄ ႏွစ္အရြယ္ကစားသမား ပါဝင္ကစားေပးနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေနၿပီး ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာကေတာ့ ယခုအပတ္မွာ ျပန္ကစားနိုင္ဦးမွာမဟုတ္ေသးဘူးလို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္အသင္းနည္းၿပ ဆိုးလ္ရွားဟာ ယခုလာမယ့္ေႏြရာသီမွာ အသင္းကို ေရာက္လာမယ့္ ကစားသမားသစ္အျဖစ္ ဘယ္သူေတြကို ျမင္ခ်င္လဲဆိုတာကို ပစ္မွတ္ မသတ္မွတ္ရေသးဘူးလို႔ သိရၿပီး အသင္းအတြက္ အမွန္တကယ္ သင့္ေတာ္မယ့္ ကစားသမားမ်ိဳးကိုသာ ေခၚယူသြားမွာျဖစ္တယ္လို႔ သိရ။

-ခ်ဲလ္ဆီးေတာင္ပံၾကယ္ပြင့္ ဂ်ိဳး ကိုးလ္က မန္ခ်က္စတာယူနိုက္တက္အသင္းသကေန ဝက္စ္ဟမ္းကို အငွားနဲ႔ လာေရာက္ကစားေနၿပီး အထင္ႀကီးဖြယ္ေျခစြမ္းျပသနိုင္ခဲ့ၿပီးေနာက္ ဂ်က္ဆီ လင္ဂတ္အေနနဲ႔ လန္ဒန္အသင္းကို အၿပီးသတ္ေျပာင္းေရႊ႕တာက ၎အတြက္ အေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ ထင္ျမင္ေနၿပီး ကစားသမားဘဝတေလၽွာက္လုံးမွာ ပြဲလုံလုံေလာက္ေလာက္မကစားခဲ့ရတာေၾကာင့္ လက္ရွိအခ်ိန္က ၎ရဲ့အေကာင္းဆုံးအခ်ိန္ေတာင္ မဟုတ္ေလာက္ေသးဘူးလို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္း မိုက္ကယ္အိုဝင္က ယေန႔ညေန စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ကစားသြားမယ့္ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ရဲ့ပြဲစဥ္ဟာ ဂိုးမရွိ သေရရလဒ္နဲ႔သာ ပြဲၿပီးဆုံးသြားလိမ့္မယ္လို႔ ခန႔္မွန္းခဲ့ၿပီး လြန္ခဲ့တဲ့လအနည္းငယ္ကဆိုရင္ မန္ခ်က္စတာယူနိုက္တက္အသင္းက အနိုင္ရလိမ့္မယ္လို႔ ေျပာမွာျဖစ္ေပမယ့္ တူဟယ္ ေရာက္လာၿပီးကတည္းက ခ်ဲလ္ဆီးအသင္းက အားလုံးေျပာင္းလဲသြားခဲ့ၿပီလို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z