Premier League

အာဆင်နယ်နည်းပြ အာတီတာထံမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီး အသင်းသားတွေကိုပါ ခွဲခြားထား






REF: DAILY MAIL
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းနည်းပြ မိုက်ကယ် အာတီတာအနေနဲ့ နေထိုင်သွားလာရတာမှာ သိပ်မကောင်းချင်သလိုဖြစ်နေခဲ့တာနဲ့ ဆေးစစ်မှု ခံယူခဲ့ရာမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြုခံခဲ့ရပြီးနောက် အသင်းသားတွေကိုလည်း တစ်ဦးချင်း ကိုယ့်အိမ်ကိုယ်ပြန်ပြီး ခွဲခြားထားဖို့ အသင်းက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

WHO က ကပ်ရောဂါအဖြစ် နာမည်တပ်လိုက်အပြီးမှာ ခုလိုမျိုး နည်းပြတစ်ဦးမှာ ရောဂါလက္ခဏာနဲ့ ဗိုင်းရပ်စ်ကူးစက်မှု ပြခဲ့တာကတော့ အာဆင်နယ်အသင်းက ပထမဆုံးလည်းဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းအနေနဲ့ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင် ဝန်ထမ်းတွေနဲ့ လူငယ် ကစာသမားတွေရှိရာ အကယ်ဒမီတွေကိုပါ ခွဲခြားဆောင်ရွက်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်က ဒီတစ်ပတ်ပွဲစဉ်တွေကို ရေးဆွဲထားတဲ့အတိုင်း ဆက်လက်ကစားမယ်လို့ ကြေငြာခဲ့အပြီးမှာပဲ အာဆင်နယ်အသင်းက ဒီသတင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး သူတို့နဲ့ ကစားရမယ့် ဘရိုက်တန်အသင်းဘက်ကတော့ ဒီပွဲစဉ်ကို ရွှေ့ဆိုင်းကြောင်း သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်း အမ်းမရိတ်၊ လေ့ကျင့်ရေးကွင်းနဲ့ အခြားအသင်းနဲ့ သက်ဆိုင်တဲ့ နေရာတွေကိုလည်း ပိုးသတ်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး လာမယ့်ပွဲစဉ်တွေကိုတော့ ရပ်နားထားမှာဖြစ်သလို လက်မှတ်ဝယ်ယူထားတဲ့ ပရိသတ်တွေအတွက်တော့ သီးခြားအသိပေးအကြောင်းကြားမှုတွေ ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ နေမကောင်းလို့ ဆေးစစ်ခံခဲ့ရာမှာ ဒီလိုတွေ့ရှိခဲ့ရလို့ စိတ်ပျက်ရကြောင်းဆိုသွားခဲ့ပြီး ကျန်းမာရေးထောက်ခံခွင့်ပြုချက် ပြန်ရတာနဲ့ အသင်းရဲ့ တာဝန်တွေကို အမြန်ဆုံးပြန်လည်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.