Match Report Premier League

ဝီလီယန် ခြေစွမ်းပြပြီး ဥရောပပြိုင်ဘက် လက်စတာအပေါ် Come Back နဲ့ ရက်စက်ခဲ့တဲ့ အာဆင်နယ်

လက်စတာစီးတီးအသင်းဟာ မက်ဒီဆန်နဲ့ အသင်းရဲ့ အဓိက ကစားသမားအချို့ မပါဝင်နိုင်ခဲ့တဲ့ အိမ်ကွင်းပွဲမှာ အာဆင်နယ်အသင်းရဲ့ ထိုးနှက်မှုကို ခံခဲ့ရပြီး ယူရိုပါလိဂ် ၃၂ သင်းအဆင့်က ထွက်ခွာခဲ့ရအပြီးမှာ ဦးဆောင်ဂိုးရခဲ့ပေမယ့် ရှုံးပွဲနဲ့ပဲ ရင်ဆိုင်သွားခဲ့ရတာဖြစ်ပါတယ်။

ဥရောပဝင်ခွင့်တွေအတွက် ပြိုင်ဘက်ဖြစ်မယ့် လက်စတာအသင်းကို ကွင်းလယ်လူ မိတ်လန်းနိုင်းလ်စ်ကိုတောင် ငှားမပေးခဲ့တဲ့ အာဆင်နယ် အသင်းအနေနဲ့ ကင်းပါဝါကွင်းမှာ အသင်းခေါင်းဆောင် အူဘာမီယန်း ပါဝင်မလာချိန်မှာ စောစောစီးစီး အဖွင့်ဂိုးပေးခဲ့ရပါတယ်။

ဒီဂိုးကိုတော့ ချာကာဆီကနေ ဘောလုံးလုယူသွားခဲ့တဲ့ တီးလီးမန်းစ်က အယ်လ်နန်နီနဲ့ ပါဘလို မာရီတို့ ဝင်မဖျက်ဘဲ စောင့်ကြည့်နေချိန်မှာ ဂိုးဧရိယာထဲ ဆွဲဝင်ပြီး အနိမ့်ဘောထောင့်ဖြတ်ကန်သွင်းချက်နဲ့ ကာကွယ်ဖို့ တုံ့ဆိုင်းနေတဲ့ လီနိုကို ပွဲချိန် ၇ မိနစ်မှာ အနိုင်ယူသွားခဲ့ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာတော့ ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ ညာတောင်ပံသမား ပေပေရဲ့ ထိုးဖောက်မှုကနေ အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ စတင်ဖျက်ထိတွေ့ခဲ့တဲ့အချိန်မှာ ဧရိယာပြင်ပမှာပဲဖြစ်နေခဲ့တာကြောင့် ပြန်လည်ပယ်ဖျက်ခဲ့ပြီး နစ်နာခဲ့ရပါတယ်။

လက်စတာနဲ့ တွေ့သမျှ နောက်ပိုင်းနှစ်တွေမှာ အသာမရတဲ့ အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာတော့ ဂိုးပေးခဲ့ရပေမယ့် တော်တော်လေး ဖိကစားနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်တွေလည်း ကောင်းမွန်ခဲ့သလို ဘယ်တောင်ပံက ဝီလီယန်ရဲ့ ထိုးဖောက်မှုနဲ့ ကန်သွင်းမှုတွေကလည်း ဆက်တိုက် ခြိမ်းခြောက်နေခဲ့တာပါ။

ပွဲချိန်မိနစ် ၄၀ မှာတော့ အာဆင်နယ်တို့ ချေပဂိုးပြန်ရခဲ့ပြီး ဝီလီယန် ကန်ပို့ပေးခဲ့တဲ့ ဖရီးကစ်ကို နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်က သူ့ကို ကပ်ထားခဲ့တဲ့ လက်စတာနောက်ခံလူ ကက်စတာညာကို ခွာထွက်ပြီး ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ရှမိုက်ကယ် မကာကွယ်နိုင်ခဲ့လို့ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။ မကြာခင်မှာပဲ စမစ်ရိုး ဒဏ်ရာရရှိသွားခဲ့လို့ အော်ဒီဂွါဒ်နဲ့ လူစားလဲမှု ပြုလုပ်ခဲ့ရပါတယ်။

သရေရလဒ်နဲ့ ပထမပိုင်းကို ပြီးဆုံးတော့မယ်လို့ ထင်နေတုန်းမှာပဲ ညာတောင်ပံကနေ အတွင်းကို ဆွဲဝင်ပြီး ဘယ်ခြေနဲ့ ဖြတ်တင်ဖို့ ကြိုးစားတဲ့ ပေပေရဲ့ ကန်ချက်ကို အန်ဒီဒီ မြှောက်ထားတဲ့ လက်နဲ့ ထိခဲ့တာကြောင့် ပင်နယ်တီရခဲ့ပြီး ဒီအခွင့်အရေးကိုတော့ တိုက်စစ်မှူး လာကာဇက်က ဂိုးသမားနဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းနိုင်ခဲ့လို့ အာဆင်နယ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ အနီပြခံရဖို့ နီးစပ်နေတဲ့ လုခ် သောမတ်စ်ကို အယ်လ်ဘရိုက်တန်နဲ့ လဲခဲ့ပြီး တိုက်စစ်ကို မြှင့်တင်ခဲ့တဲ့ ဘရန်ဒန် ရော့ဂျားစ်ရဲ့ အကြံအစည်ကတော့ သုံးမိနစ်အကြာမှာ နာသွားခဲ့တဲ့ ဟာဗီ ဘန်းစ်ကြောင့် မအောင်မြင်ခဲ့ဘဲ ဆန်ဂျစ် အွန်ဒါနဲ့ လူထပ်လဲခဲ့ရပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယဂိုးရခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ပေပေနဲ့ အော်ဒီဂွါဒ်တို့ ချိတ်ဆက်ပြီး ချပေးခဲ့တဲ့ ဘောလုံးကနေ ခြေစွမ်းပြနေခဲ့တဲ့ ဝီလီယန်က ဖန်တီးပေးတာကို ပေပေက ဂိုးတိုင်နားကနေ အနီးကပ် ပိတ်သွင်းပြီး နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုးကို ထပ်မံရယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လက်စတာရဲ့ ဒဏ်ရာရ စာရင်းက ပိုမိုဆိုးရွားသွားခဲ့ပြီး ဝါရင့်နောက်ခံလူ ဂျွန်နီ အီဗန်စ်ကို အမာတေနဲ့ လူစားလဲခဲ့ရသလို အာဆင်နယ်ဘက်ကတော့ ကွင်းလယ်လူ အယ်လ်နန်နီအစား သောမတ်စ် ပါတေးကို ထည့်သွင်းပြီး ပိုမိုမာကျောစေဖို့ ချာကာနဲ့ တွဲဖက်ပေးခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ လာကာဇက်အစား အူဘာမီယန်း လူစားဝင်ကစားခဲ့ပြီး လက်စတာကတော့ အာဆင်နယ်တို့ ချေပဂိုးစတင်ရရှိပြီး နောက်ပိုင်း တူတူတန်တန် ခြေစွမ်းကို မပြနိုင်တော့ဘဲ အိမ်ကွင်းမှာ ပွဲပန်းမှုနဲ့အတူ အဆိပ်မရှိတဲ့ ပုံစံကို ပြသနေခဲ့တာဖြစ်သလို သုံးဂိုး-တစ်ဂိုးရလဒ်နဲ့ ပွဲချိန်ပြည့်ခဲ့ရတာက မြေခွေးတွေအတွက် အမြောက်ဒဏ်ရာက ကြီးမားခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် လက်စတာတို့အနေနဲ့ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ကတော့ မြို့ခံပြိုင်ဘက် စပါးစ်တို့ ပွဲမကစားခင်မှာ ရှုံးပွဲတွေ့ထားတဲ့ လိဒ်စ်ယူနိုက်တက်ကိုပါ ကျော်တက်ခဲ့ပြီး အဆင့် ၉ နေရာမှာ ရပ်တည်ခဲ့သလို ထိပ်ဆုံးလေးသင်းနဲ့တော့ ၈ မှတ်အကွာကို လျှော့ချနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္စတာစီးတီးအသင္းဟာ မက္ဒီဆန္နဲ႔ အသင္းရဲ႕ အဓိက ကစားသမားအခ်ိဳ႕ မပါဝင္ႏိုင္ခဲ့တဲ့ အိမ္ကြင္းပြဲမွာ အာဆင္နယ္အသင္းရဲ႕ ထိုးႏွက္မႈကို ခံခဲ့ရၿပီး ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္က ထြက္ခြာခဲ့ရအၿပီးမွာ ဦးေဆာင္ဂိုးရခဲ့ေပမယ့္ ရႈံးပြဲနဲ႔ပဲ ရင္ဆိုင္သြားခဲ့ရတာျဖစ္ပါတယ္။

ဥေရာပဝင္ခြင့္ေတြအတြက္ ၿပိဳင္ဘက္ျဖစ္မယ့္ လက္စတာအသင္းကို ကြင္းလယ္လူ မိတ္လန္းႏိုင္းလ္စ္ကိုေတာင္ ငွားမေပးခဲ့တဲ့ အာဆင္နယ္အသင္းအေနနဲ႔ ကင္းပါဝါကြင္းမွာ အသင္းေခါင္းေဆာင္ အူဘာမီယန္း ပါဝင္မလာခ်ိန္မွာ ေစာေစာစီးစီး အဖြင့္ဂိုးေပးခဲ့ရပါတယ္။

ဒီဂိုးကိုေတာ့ ခ်ာကာဆီကေန ေဘာလုံးလုယူသြားခဲ့တဲ့ တီးလီးမန္းစ္က အယ္လ္နန္နီနဲ႔ ပါဘလို မာရီတို႔ ဝင္မဖ်က္ဘဲ ေစာင့္ၾကည့္ေနခ်ိန္မွာ ဂိုးဧရိယာထဲ ဆြဲဝင္ၿပီး အနိမ့္ေဘာေထာင့္ျဖတ္ကန္သြင္းခ်က္နဲ႔ ကာကြယ္ဖို႔ တုံ႔ဆိုင္းေနတဲ့ လီႏိုကို ပြဲခ်ိန္ ၇ မိနစ္မွာ အႏိုင္ယူသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ ဒီေန႔ပြဲမွာ ေျခစြမ္းျပေနတဲ့ ညာေတာင္ပံသမား ေပေပရဲ႕ ထိုးေဖာက္မႈကေန အာဆင္နယ္တို႔ ပင္နယ္တီရခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ စတင္ဖ်က္ထိေတြ႕ခဲ့တဲ့အခ်ိန္မွာ ဧရိယာျပင္ပမွာပဲျဖစ္ေနခဲ့တာေၾကာင့္ ျပန္လည္ပယ္ဖ်က္ခဲ့ၿပီး နစ္နာခဲ့ရပါတယ္။

လက္စတာနဲ႔ ေတြ႕သမွ် ေနာက္ပိုင္းႏွစ္ေတြမွာ အသာမရတဲ့ အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာေတာ့ ဂိုးေပးခဲ့ရေပမယ့္ ေတာ္ေတာ္ေလး ဖိကစားႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ေတြလည္း ေကာင္းမြန္ခဲ့သလို ဘယ္ေတာင္ပံက ဝီလီယန္ရဲ႕ ထိုးေဖာက္မႈနဲ႔ ကန္သြင္းမႈေတြကလည္း ဆက္တိုက္ ၿခိမ္းေျခာက္ေနခဲ့တာပါ။

ပြဲခ်ိန္မိနစ္ ၄၀ မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုးျပန္ရခဲ့ၿပီး ဝီလီယန္ ကန္ပို႔ေပးခဲ့တဲ့ ဖရီးကစ္ကို ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္က သူ႔ကို ကပ္ထားခဲ့တဲ့ လက္စတာေနာက္ခံလူ ကက္စတာညာကို ခြာထြက္ၿပီး ေခါင္းတိုက္သြင္းယူခဲ့ရာမွာ ရွမိုက္ကယ္ မကာကြယ္ႏိုင္ခဲ့လို႔ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။ မၾကာခင္မွာပဲ စမစ္႐ိုး ဒဏ္ရာရရွိသြားခဲ့လို႔ ေအာ္ဒီဂြါဒ္နဲ႔ လူစားလဲမႈ ျပဳလုပ္ခဲ့ရပါတယ္။

သေရရလဒ္နဲ႔ ပထမပိုင္းကို ၿပီးဆုံးေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ ညာေတာင္ပံကေန အတြင္းကို ဆြဲဝင္ၿပီး ဘယ္ေျခနဲ႔ ျဖတ္တင္ဖို႔ ႀကိဳးစားတဲ့ ေပေပရဲ႕ ကန္ခ်က္ကို အန္ဒီဒီ ေျမႇာက္ထားတဲ့ လက္နဲ႔ ထိခဲ့တာေၾကာင့္ ပင္နယ္တီရခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ တိုက္စစ္မႉး လာကာဇက္က ဂိုးသမားနဲ႔ ဆန႔္က်င္ဘက္ကို ကန္သြင္းႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ အနီျပခံရဖို႔ နီးစပ္ေနတဲ့ လုခ္ ေသာမတ္စ္ကို အယ္လ္ဘ႐ိုက္တန္နဲ႔ လဲခဲ့ၿပီး တိုက္စစ္ကို ျမႇင့္တင္ခဲ့တဲ့ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ အႀကံအစည္ကေတာ့ သုံးမိနစ္အၾကာမွာ နာသြားခဲ့တဲ့ ဟာဗီ ဘန္းစ္ေၾကာင့္ မေအာင္ျမင္ခဲ့ဘဲ ဆန္ဂ်စ္ အြန္ဒါနဲ႔ လူထပ္လဲခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တတိယဂိုးရခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ေပေပနဲ႔ ေအာ္ဒီဂြါဒ္တို႔ ခ်ိတ္ဆက္ၿပီး ခ်ေပးခဲ့တဲ့ ေဘာလုံးကေန ေျခစြမ္းျပေနခဲ့တဲ့ ဝီလီယန္က ဖန္တီးေပးတာကို ေပေပက ဂိုးတိုင္နားကေန အနီးကပ္ ပိတ္သြင္းၿပီး ေနာက္ထပ္ဦးေဆာင္ဂိုးတစ္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လက္စတာရဲ႕ ဒဏ္ရာရ စာရင္းက ပိုမိုဆိုး႐ြားသြားခဲ့ၿပီး ဝါရင့္ေနာက္ခံလူ ဂြၽန္နီ အီဗန္စ္ကို အမာေတနဲ႔ လူစားလဲခဲ့ရသလို အာဆင္နယ္ဘက္ကေတာ့ ကြင္းလယ္လူ အယ္လ္နန္နီအစား ေသာမတ္စ္ ပါေတးကို ထည့္သြင္းၿပီး ပိုမိုမာေက်ာေစဖို႔ ခ်ာကာနဲ႔ တြဲဖက္ေပးခဲ့ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ လာကာဇက္အစား အူဘာမီယန္း လူစားဝင္ကစားခဲ့ၿပီး လက္စတာကေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုးစတင္ရရွိၿပီး ေနာက္ပိုင္း တူတူတန္တန္ ေျခစြမ္းကို မျပႏိုင္ေတာ့ဘဲ အိမ္ကြင္းမွာ ပြဲပန္းမႈနဲ႔အတူ အဆိပ္မရွိတဲ့ ပုံစံကို ျပသေနခဲ့တာျဖစ္သလို သုံးဂိုး-တစ္ဂိုးရလဒ္နဲ႔ ပြဲခ်ိန္ျပည့္ခဲ့ရတာက ေျမေခြးေတြအတြက္ အေျမာက္ဒဏ္ရာက ႀကီးမားခဲ့တယ္လို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ လက္စတာတို႔အေနနဲ႔ အဆင့္ ၃ ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ၿပီး အႏိုင္ရရွိခဲ့တဲ့ အာဆင္နယ္ကေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္တို႔ ပြဲမကစားခင္မွာ ရႈံးပြဲေတြ႕ထားတဲ့ လိဒ္စ္ယူႏိုက္တက္ကိုပါ ေက်ာ္တက္ခဲ့ၿပီး အဆင့္ ၉ ေနရာမွာ ရပ္တည္ခဲ့သလို ထိပ္ဆုံးေလးသင္းနဲ႔ေတာ့ ၈ မွတ္အကြာကို ေလွ်ာ့ခ်ႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.