Premier League Transfer News

27 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ပီအက်စ်ဂျီအသင်းကို နည်းပြခဲ့စဉ်တုန်းက ချန်ပီယံလိဂ်မှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အမှောင်ကမ္ဘာထဲမှာ ကျန်နေရစ်ခဲ့သလိုဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့။

-မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဂန်ဒိုဂန်က မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၂ ခုနှစ်မှာ ရှင်ဂျီ ကာဂါဝါကို ခေါ်ယူပြီးနောက် ၎င်းကိုပါ ခေါ်ယူချင်ခဲ့ပေမယ့် ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်းများစွာကျန်ရှိနေခဲ့တာကြောင့် ပြောဆိုဆွေးနွေးမှုတွေ အမှန်တကယ်မဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ သိရ။

-ဒေါ့မွန်အသင်းဟာ အသင်းရဲ့စီအီးအို ဝက်ဇ်ကီရဲ့ ယခုနွေရာသီမှာ ထွက်ခွာမယ့်ကစားသမားတွေနဲ့ပတ်သက်ပြီး ဘယ်အရာကိုမှ ငြင်းပယ်တော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီးနောက် ဆန်ချိုကို ရောင်းချမယ့်အပေါ်မှာ ထားတဲ့ ရပ်တည်ချက်ကို လျှော့ချလိုက်ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် အားတက်စရာဖြစ်လာခဲ့ပြီလို့ သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ကြယ်ပွင့် ဂိုးသမားဖြစ်တဲ့ ဒေးဗစ် ဒဟေးယားကို ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ရောင်းထုတ်သွားချင်နေတယ်လို့ သိရပြီး စပိန်ဂိုးသမားဟာ အသင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ကစားသမားလို ယူဆခြင်းမရှိတော့ကြောင်း သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗီလာရီးရဲ နောက်ခံကစားသမား ပါအူ တောရက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိတယ်လို့ Eurosport က ဖော်ပြခဲ့ပြီး စပိန်နောက်ခံကစားသမားရဲ့စာချုပ်ထဲမှာ စာချုပ်လျော်ကြေး ပေါင် ၄၃ သန်းပေးချေရမယ်ဆိုတဲ့အချက်ပါဝင်နေတာကြောင့် ဆိုးလ်ရှားအတွက် ရွေးချယ်စရာအဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ သိရ။

-ချဲလ်ဆီး ဝါရင့်နောက်ခံကစားသမား သီယာဂို ဆေးလ်ဗားဟာ ယခုလာမယ့်တနင်္ဂနွေနေ့မှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်အတွက် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာမှာမဟုတ်ဘူးလို့ သိရပြီး ဘရာဇီးလ်နောက်ခံကစားသမားအနေနဲ့ လာမယ့်အပတ်မှာ လေ့ကျင့်ရေးအပြည့်ပြန်ဆင်းနိုင်မှာဖြစ်တယ်လို့ နည်းပြ တူဟယ်က အတည်ပြုပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နောဝစ်ချ်နောက်ခံကစားသမား မက်စ် အာရွန်အတွက် ချန်ပီယံရှစ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းအထိ လိုချင်နေတယ်လို့ သိရပြီး ယူနိုက်တက်အနေနဲ့ တခြားကစားသမားကိုပဲ ရှာဖွေတော့မှာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ Express က ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီဗီလာနောက်ခံကစားသမား ဂျူးစ် ကွန်ဒေးကို ခေါ်ယူဖို့အတွက် အနီးစပ်ဆုံးအခြေအနေမှာ ရောက်ရှိနေပုံပေါ်တယ်လို့ Defensa Central က ဖော်ပြခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဟာ ဘဏ္ဍာရေးအကန့်အသတ်တွေရှိနေတာကြောင့် လာမယ့်နွေရာသီမှာ ပြင်သစ်နောက်ခံကစားသမားအတွက် ပိုက်ဆံသုံးချင်တိုင်း သုံးစွဲနိုင်မှာမဟုတ်ဘူးလို့ သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားမယ့်ပွဲစဉ်အတွက် ဘီဘီစီရဲ့ လော်ရိုက သရေလို့ ခန့်မှန်းလိုက်ပြီး ယူနိုက်တက်ရဲ့ နယူးကာဆယ်ကို အနိုင်ရတဲ့ ခြေစွမ်းက ကောင်းပေမယ့် ခြေချော်နိုင်တဲ့ ပုံစံရှိနေသလို ချဲလ်ဆီးကလည်း အိမ်ကွင်းမာလို့ အဝေးကွင်းကောင်းတဲ့ အသင်းနဲ့ ရင်ဆိုင်မှုက တစ်ဂိုးစီသရေလို့ ဆိုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္က ပီအက္စ္ဂ်ီအသင္းကို နည္းျပခဲ့စဥ္တုန္းက ခ်န္ပီယံလိဂ္မွာ မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ အေမွာင္ကမာၻထဲမွာ က်န္ေနရစ္ခဲ့သလိုျဖစ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့။

-မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ဂန္ဒိုဂန္က မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၂၀၁၂ ခုႏွစ္မွာ ရွင္ဂ်ီ ကာဂါဝါကို ေခၚယူၿပီးေနာက္ ၎ကိုပါ ေခၚယူခ်င္ခဲ့ေပမယ့္ ေဒါ့မြန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းမ်ားစြာက်န္ရွိေနခဲ့တာေၾကာင့္ ေျပာဆိုေဆြးေႏြးမႈေတြ အမွန္တကယ္မျဖစ္ေပၚခဲ့တာျဖစ္တယ္လို႔ သိရ။

-ေဒါ့မြန္အသင္းဟာ အသင္းရဲ႕စီအီးအို ဝက္ဇ္ကီရဲ႕ ယခုေႏြရာသီမွာ ထြက္ခြာမယ့္ကစားသမားေတြနဲ႔ပတ္သက္ၿပီး ဘယ္အရာကိုမွ ျငင္းပယ္ေတာ့မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီးေနာက္ ဆန္ခ်ိဳကို ေရာင္းခ်မယ့္အေပၚမွာ ထားတဲ့ ရပ္တည္ခ်က္ကို ေလွ်ာ့ခ်လိုက္ၿပီျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ အားတက္စရာျဖစ္လာခဲ့ၿပီလို႔ သိရ။

-မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းရဲ႕ၾကယ္ပြင့္ ဂိုးသမားျဖစ္တဲ့ ေဒးဗစ္ ဒေဟးယားကို ယခုလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ေရာင္းထုတ္သြားခ်င္ေနတယ္လို႔ သိရၿပီး စပိန္ဂိုးသမားဟာ အသင္းအတြက္ မရွိမျဖစ္လိုအပ္တဲ့ ကစားသမားလို ယူဆျခင္းမရွိေတာ့ေၾကာင္း သိရ။

-မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဗီလာရီးရဲ ေနာက္ခံကစားသမား ပါအူ ေတာရက္စ္ကို ေခၚယူဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိတယ္လို႔ Eurosport က ေဖာ္ျပခဲ့ၿပီး စပိန္ေနာက္ခံကစားသမားရဲ႕စာခ်ဳပ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၄၃ သန္းေပးေခ်ရမယ္ဆိုတဲ့အခ်က္ပါဝင္ေနတာေၾကာင့္ ဆိုးလ္ရွားအတြက္ ေ႐ြးခ်ယ္စရာအျဖစ္ ေပၚထြက္လာခဲ့တယ္လို႔ သိရ။

-ခ်ဲလ္ဆီး ဝါရင့္ေနာက္ခံကစားသမား သီယာဂို ေဆးလ္ဗားဟာ ယခုလာမယ့္တနဂၤေႏြေန႔မွာ ကစားရမယ့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲစဥ္အတြက္ ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝလာမွာမဟုတ္ဘူးလို႔ သိရၿပီး ဘရာဇီးလ္ေနာက္ခံကစားသမားအေနနဲ႔ လာမယ့္အပတ္မွာ ေလ့က်င့္ေရးအျပည့္ျပန္ဆင္းႏိုင္မွာျဖစ္တယ္လို႔ နည္းျပ တူဟယ္က အတည္ျပဳေျပာၾကားခဲ့။

-မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ေနာဝစ္ခ်္ေနာက္ခံကစားသမား မက္စ္ အာ႐ြန္အတြက္ ခ်န္ပီယံရွစ္အသင္းက ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅ သန္းအထိ လိုခ်င္ေနတယ္လို႔ သိရၿပီး ယူႏိုက္တက္အေနနဲ႔ တျခားကစားသမားကိုပဲ ရွာေဖြေတာ့မွာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ Express က ေဖာ္ျပခဲ့။

-မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဆီဗီလာေနာက္ခံကစားသမား ဂ်ဴးစ္ ကြန္ေဒးကို ေခၚယူဖို႔အတြက္ အနီးစပ္ဆုံးအေျခအေနမွာ ေရာက္ရွိေနပုံေပၚတယ္လို႔ Defensa Central က ေဖာ္ျပခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ဟာ ဘ႑ာေရးအကန႔္အသတ္ေတြရွိေနတာေၾကာင့္ လာမယ့္ေႏြရာသီမွာ ျပင္သစ္ေနာက္ခံကစားသမားအတြက္ ပိုက္ဆံသုံးခ်င္တိုင္း သုံးစြဲႏိုင္မွာမဟုတ္ဘူးလို႔ သိရ။

-မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားမယ့္ပြဲစဥ္အတြက္ ဘီဘီစီရဲ႕ ေလာ္႐ိုက သေရလို႔ ခန႔္မွန္းလိုက္ၿပီး ယူႏိုက္တက္ရဲ႕ နယူးကာဆယ္ကို အႏိုင္ရတဲ့ ေျခစြမ္းက ေကာင္းေပမယ့္ ေျခေခ်ာ္ႏိုင္တဲ့ ပုံစံရွိေနသလို ခ်ဲလ္ဆီးကလည္း အိမ္ကြင္းမာလို႔ အေဝးကြင္းေကာင္းတဲ့ အသင္းနဲ႔ ရင္ဆိုင္မႈက တစ္ဂိုးစီသေရလို႔ ဆိုသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.