Premier League

26 Feb နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

အာဆင်နယ်အသင်းရဲ့ ဘင်ဖီကာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အူဘာမီယန်း ဂိုးသွင်းနှစ်ဖို့ နှစ်ကြိမ်တိတိ မတူညီတဲ့ ဖန်တီးမှုတွေနဲ့ ထောက်ပံ့ပေးခဲ့တဲ့ လူငယ်တောင်ပံကစားသမား ဆာကာကို နောက်ခံလူဟောင်း ဆက်ဂ်ညာက ချီးကျူးလိုက်ပြီး ပရိသတ်တွေ ကြားမှာတော့ အိုဇေးလ်ကို မလွမ်းတော့ဘူးလို့ ဆိုနေကြ။

သောမတ်စ် ပါတေးကို ပေါင် ၄၅ သန်း ပေးခေါ်ခဲ့ရပြီး ဟူဆင်းမ် အောဝါကို ပေါင် ၅၅ သန်းမို့လို့ မခေါ်နိုင်ချိန်မှာ မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းမှာ ခြေစွမ်းပြနေခဲ့တဲ့ တောမတ်စ် ဆူးချက်ခ်က မခေါ်ယူနိုင်တဲ့ အာဆင်နယ်ကင်းထောက်တွေ အိပ်နေတာလားလို့ တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က ဘီဘီစီမှာ မေးခွန်းထုတ်သွားခဲ့။

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်နဲ့ အသင်းခေါင်းဆောင်ဟောင်း ဆက်စ် ဖာဘရီဂက်စ်က ဘူကာယို ဆာကာဟာ ပွဲတစ်ပွဲရဲ့ အဖြေကို ပြောင်းလဲနိုင်သူဖြစ်ပြီး သူ့ရဲ့ ရင့်ကျက်မှုနဲ့ ထိုးထွင်းသိမြင်တတ်မှုတွေက ကစားသမားကောင်းတစ်ဦးဖြစ်စေတယ်လို့ သုံးသပ်။

ဂိုးနှစ်ဂိုး ဖန်တီးပေးခဲ့တဲ့ ဆာကာကို နှစ်ကြိမ်စလုံးမှာ ဘောလုံးပေးပို့ခဲ့ပြီး အူဘာမီယန်းရဲ့ အနိုင်ဂိုးကို သွင်းယူနိုင်စဉ်မှာလည်း ဒူးထောက်ပြီး အောင်ပွဲခံခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ရဲ့ ခြေစွမ်းနဲ့ အပြုအမူကို အာဆင်နယ်ပရိသတ်တွေ ကြိုဆိုခဲ့ကြပြီး အပြီးသတ်ခေါ်ယူနိုင်ဖို့ အလိုရှိနေကြ။

ဒါနီ စီဘာယော့စ်ရဲ့ ဘင်ဖီကာနဲ့ပွဲက ဒုတိယဂိုးကို ပေးခဲ့ရတဲ့ အမှားထက် သူ့ရဲ့ တာဝန်နဲ့ နေရာချထားပုံကိုပဲ မာတင် ကီးယွန်းက ဝေဖန်လိုက်ပြီး ခံစစ်နေရာမှာ ရှိနေရမှာထက် ထောင့်ကန်ဘောအတွက် တိုက်စစ်ဆင်မယ့် အုပ်စုမှာ သူ့အနေနဲ့ ပါဝင်ရမှာဖြစ်ကြောင်းနဲ့ ဒီတာဝန်မျိုး နောက်တစ်ကြိမ် မပေးဖို့ နည်းပြ အာတီတာကို ထောက်ပြသွား။

နိုင်ပွဲအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပြီး အမှားတွေကနေ သင်ခန်းစာယူသွားမယ်လို့ ပြောကြားခဲ့တဲ့ ကွင်းလယ်လူ စီဘာယော့စ်ကို နှစ်ဂိုးသွင်းခဲ့တဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းက ဒီစိတ်ဓာတ်ကို သဘောကျတယ် ညီအစ်ကိုလို့ တွစ်တာကနေ တုံ့ပြန်သွားခဲ့။

အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ နောက်ခံလူ ကီရန် တီယာနီကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ချီးကျူးနေခဲ့ကြပြီး ဒီထဲမှာ ခရစ္စ ဆပ်တန်၊ ကာလ်တန် ကိုးလ်နဲ့ ဂီလ်ဘာတို ဆေးလ်ဗားတို့လည်း ပါဝင်ခဲ့ကြပြီး စိတ်ဓာတ်ပိုင်း ပြင်းထန်မှုကို အဓိက အသိအမှတ်ပြုခဲ့ကြ။

အသင်းအတွက် လူစားဝင်လာပြီး ပွဲအဖြေကို ပြောင်းလဲပေးနိုင်ဖို့ ကူညီပေးနိုင်ခဲ့တယ်လို့ နည်းပြ အာတီတာဆီက စကားကြားခဲ့ရတဲ့ ဝါရင့်ကွင်းလယ်လူ ဝီလီယန်ကို ပရိသတ်တွေကတော့ လူငယ်ကစားသမား ဆာကာဆီက သင်ယူပါဦးလို့ မာတင် ကီးယွန်းက ပြောကြားသွားခဲ့။

အက်စတန်ဗီလာကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ရဲ့ လက်ကျန် လေးနှစ်ခွဲစာချုပ်သက်တမ်းနဲ့ တန်ကြေးဟာ ပေါင်သန်း ၆၀ ခန့်သာ ရှိတယ်လို့ ဘောလုံးစာရင်းအင်း ပြုစုရေးဌာနတစ်ခုရဲ့ အစီရင်ခံစာမှာ ပါရှိလာခဲ့တဲ့နောက် အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာ မြို့ခံနှစ်သင်းနဲ့အပြိုင် ခေါ်ယူသွားဖွယ်ရှိနေ။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး ကီဗင် ကမ်းဘဲလ်က တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်ကို လာမယ့် နွေရာသီမှာ ရောင်းချသွားဖို့နဲ့ ပြန်လည်ခေါ်ယူခွင့် Buy Back Clause ကို မဖြစ်မနေထည့်သွင်းထားဖို့ အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ဘင္ဖီကာအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ အူဘာမီယန္း ဂိုးသြင္းႏွစ္ဖို႔ ႏွစ္ႀကိမ္တိတိ မတူညီတဲ့ ဖန္တီးမႈေတြနဲ႔ ေထာက္ပံ့ေပးခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား ဆာကာကို ေနာက္ခံလူေဟာင္း ဆက္ဂ္ညာက ခ်ီးက်ဴးလိုက္ၿပီး ပရိသတ္ေတြ ၾကားမွာေတာ့ အိုေဇးလ္ကို မလြမ္းေတာ့ဘူးလို႔ ဆိုေနၾက။

ေသာမတ္စ္ ပါေတးကို ေပါင္ ၄၅ သန္း ေပးေခၚခဲ့ရၿပီး ဟူဆင္းမ္ ေအာဝါကို ေပါင္ ၅၅ သန္းမို႔လို႔ မေခၚႏိုင္ခ်ိန္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ ဝက္စ္ဟမ္းမွာ ေျခစြမ္းျပေနခဲ့တဲ့ ေတာမတ္စ္ ဆူးခ်က္ခ္က မေခၚယူႏိုင္တဲ့ အာဆင္နယ္ကင္းေထာက္ေတြ အိပ္ေနတာလားလို႔ တိုက္စစ္မႉးေဟာင္း ခရစၥ ဆပ္တန္က ဘီဘီစီမွာ ေမးခြန္းထုတ္သြားခဲ့။

အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္နဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ဆက္စ္ ဖာဘရီဂက္စ္က ဘူကာယို ဆာကာဟာ ပြဲတစ္ပြဲရဲ႕ အေျဖကို ေျပာင္းလဲႏိုင္သူျဖစ္ၿပီး သူ႔ရဲ႕ ရင့္က်က္မႈနဲ႔ ထိုးထြင္းသိျမင္တတ္မႈေတြက ကစားသမားေကာင္းတစ္ဦးျဖစ္ေစတယ္လို႔ သုံးသပ္။

ဂိုးႏွစ္ဂိုး ဖန္တီးေပးခဲ့တဲ့ ဆာကာကို ႏွစ္ႀကိမ္စလုံးမွာ ေဘာလုံးေပးပို႔ခဲ့ၿပီး အူဘာမီယန္းရဲ႕ အႏိုင္ဂိုးကို သြင္းယူႏိုင္စဥ္မွာလည္း ဒူးေထာက္ၿပီး ေအာင္ပြဲခံခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ေျခစြမ္းနဲ႔ အျပဳအမူကို အာဆင္နယ္ပရိသတ္ေတြ ႀကိဳဆိုခဲ့ၾကၿပီး အၿပီးသတ္ေခၚယူႏိုင္ဖို႔ အလိုရွိေနၾက။

ဒါနီ စီဘာေယာ့စ္ရဲ႕ ဘင္ဖီကာနဲ႔ပြဲက ဒုတိယဂိုးကို ေပးခဲ့ရတဲ့ အမွားထက္ သူ႔ရဲ႕ တာဝန္နဲ႔ ေနရာခ်ထားပုံကိုပဲ မာတင္ ကီးယြန္းက ေဝဖန္လိုက္ၿပီး ခံစစ္ေနရာမွာ ရွိေနရမွာထက္ ေထာင့္ကန္ေဘာအတြက္ တိုက္စစ္ဆင္မယ့္ အုပ္စုမွာ သူ႔အေနနဲ႔ ပါဝင္ရမွာျဖစ္ေၾကာင္းနဲ႔ ဒီတာဝန္မ်ိဳး ေနာက္တစ္ႀကိမ္ မေပးဖို႔ နည္းျပ အာတီတာကို ေထာက္ျပသြား။

ႏိုင္ပြဲအတြက္ ဘုရားသခင္ကို ေက်းဇူးတင္ၿပီး အမွားေတြကေန သင္ခန္းစာယူသြားမယ္လို႔ ေျပာၾကားခဲ့တဲ့ ကြင္းလယ္လူ စီဘာေယာ့စ္ကို ႏွစ္ဂိုးသြင္းခဲ့တဲ့ အသင္းေခါင္းေဆာင္ အူဘာမီယန္းက ဒီစိတ္ဓာတ္ကို သေဘာက်တယ္ ညီအစ္ကိုလို႔ တြစ္တာကေန တုံ႔ျပန္သြားခဲ့။

အာဆင္နယ္အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုးကို သြင္းယူေပးခဲ့တဲ့ ေနာက္ခံလူ ကီရန္ တီယာနီကို ဆိုရွယ္မီဒီယာေတြေပၚမွာ ခ်ီးက်ဴးေနခဲ့ၾကၿပီး ဒီထဲမွာ ခရစၥ ဆပ္တန္၊ ကာလ္တန္ ကိုးလ္နဲ႔ ဂီလ္ဘာတို ေဆးလ္ဗားတို႔လည္း ပါဝင္ခဲ့ၾကၿပီး စိတ္ဓာတ္ပိုင္း ျပင္းထန္မႈကို အဓိက အသိအမွတ္ျပဳခဲ့ၾက။

အသင္းအတြက္ လူစားဝင္လာၿပီး ပြဲအေျဖကို ေျပာင္းလဲေပးႏိုင္ဖို႔ ကူညီေပးႏိုင္ခဲ့တယ္လို႔ နည္းျပ အာတီတာဆီက စကားၾကားခဲ့ရတဲ့ ဝါရင့္ကြင္းလယ္လူ ဝီလီယန္ကို ပရိသတ္ေတြကေတာ့ လူငယ္ကစားသမား ဆာကာဆီက သင္ယူပါဦးလို႔ မာတင္ ကီးယြန္းက ေျပာၾကားသြားခဲ့။

အက္စတန္ဗီလာကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ရဲ႕ လက္က်န္ ေလးႏွစ္ခြဲစာခ်ဳပ္သက္တမ္းနဲ႔ တန္ေၾကးဟာ ေပါင္သန္း ၆၀ ခန႔္သာ ရွိတယ္လို႔ ေဘာလုံးစာရင္းအင္း ျပဳစုေရးဌာနတစ္ခုရဲ႕ အစီရင္ခံစာမွာ ပါရွိလာခဲ့တဲ့ေနာက္ အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာ ၿမိဳ႕ခံႏွစ္သင္းနဲ႔အၿပိဳင္ ေခၚယူသြားဖြယ္ရွိေန။

အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္းႀကီး ကီဗင္ ကမ္းဘဲလ္က ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္ကို လာမယ့္ ေႏြရာသီမွာ ေရာင္းခ်သြားဖို႔နဲ႔ ျပန္လည္ေခၚယူခြင့္ Buy Back Clause ကို မျဖစ္မေနထည့္သြင္းထားဖို႔ အသင္းတာဝန္ရွိသူေတြကို တိုက္တြန္းသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.