Premier League Transfer News

25 Feb နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

မန်ချက်စတာစီးတီးအသင်းအနေနဲ့ နွေရာသီမှာ ဒေါ့မွန်ရဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းအပြင် ကွင်းလယ်ကစားသမား ဂျိုဗန်နီ ရေးနားကိုပါ ခေါ်ယူသွားလိုနေပြီး နှစ်ဦးပေါင်း အသက် ၂၀ မပြည့်သေးတဲ့ အသင်းဖော်နှစ်ဦးအတွက် ပေါင်သန်း ၁၀၀ ကနေ စတင် ကမ်းလှမ်းသွားဖို့ စီစဉ်နေ။

မွန်ချန်ဂလာဘက်ချ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘယ်နောက်ခံလူနေရာမှာ ကစားတဲ့ ကန်ဆယ်လိုရဲ့ ဖန်တီးမှုနဲ့ Key Pass တွေက အဓိကကျခဲ့ပေမယ့် တစ်သင်းလုံးရဲ့ အကောင်းဆုံး ဘောလုံးပေးပို့နိုင်သူအဖြစ်ကိုတော့ ရူဘင် ဒီယက်စ်က ၉၃.၁ ရာခိုင်နှုန်း တိကျမှုနဲ့ ရပ်တည်နိုင်ခဲ့။

ပြီးခဲ့တဲ့ မွန်ချန်ဂလာဘက်ချ်နဲ့ပွဲမှာ ပြိုင်ပွဲစုံနိုင်ပွဲ ၁၉ ပွဲ ပြည့်သွားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့် ပွဲစဉ် ၄ ပွဲကို အနိုင်ရမယ်ဆိုရင် ဘိုင်ယန်မြူးနစ်ရဲ့ အမြင့်ဆုံးစံချိန်ကို လိုက်မီနိုင်မှာဖြစ်ကြောင်း သိရပြီး အိုင်းယက်စ်ရဲ့ ၂၆ ပွဲ စံချိန်ကို လိုက်မီဖို့တော့ ၇ ပွဲ လိုအပ်နေ။

မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်မှာ ခြေစွမ်းပြကစားနိုင်ပြီး ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနား မပါဝင်နိုင်ချိန်မှာ ခြေစွမ်းပြခဲ့တဲ့ ဂျာအို ကန်ဆယ်လိုကို စောင့်ကြည့်လာသူတွေက ချီးကျူးခဲ့ကြပြီး အသင်းအတွက် အနည်းဆုံး ၃ နေရာမှာ ကစားပေးနိုင်သူလို့ ဆိုခဲ့ကြ။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့မှာ တစ်ဂိုး ခေါင်းတိုက်သွင်းပြီး နောက်တစ်ဂိုးကိုလည်း ခေါင်းနဲ့ပဲ ဖန်တီးခဲ့တဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ပရိသတ်တွေက တိုက်စစ်ကစားပုံကောင်းမွန်ပြီး နည်းစနစ်ပိုင်းမြင့်မားတဲ့ အန်ဂိုလို ကွန်တေလို့ ချဲလ်ဆီးကစားသမားနဲ့ နှိုင်းယှဉ်ခဲ့ကြ။

မန်ချက်စတာစီးတီးအသင်းမှာ တိုက်စစ်မှူးလို့ ဆိုနေကြပေမယ့် အထောင်တိုက်စစ်မှာထက် တောင်ပံတွေကို ရွေ့လျားပြီး အချိန်ကုန်လေ့ရှိတဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်ဟာ ဖာမီနိုကို တစ်ဆင့်မြှင့်ပြီး လီဗာပူးလ်ရဲ့ တိုက်စစ်ကွက်လပ်ကို ဖြည့်ဆည်းနိုင်မယ့်သူလို့ အိုဝင် ဟားဂရိဗ်စ်က သုံးသပ်လိုက်ပြီး အသင်းနဲ့ ကစားသမားကြား အပြောင်းအရွှေ့အတွက် တိုက်တွန်း။

ကစားသမားတစ်ယောက်အနေနဲ့ ကွင်းထဲမှာ ပုံမှန်ကစားခွင့်ရပြီး နည်းပြရဲ့ ယုံကြည်မှုကိုလည်း ရရှိမှသာ ခြေစွမ်းကောင်းမွန်နိုင်မှာ ဖြစ်ကြောင်း RB လိုက်ပ်ဇစ်နောက်ခံလူ အန်ဟဲလီညိုက ပြောကြားလိုက်ပြီး မန်စီးတီးမှာတုန်းက ဂွါဒီယိုလာရဲ့ သူ့အပေါ် ယုံကြည်မှု မပေးခဲ့တာဟာ ကစားသမားဘဝဆုံးအောင်လုပ်သလို ဖြစ်ခဲ့ကြောင်း ဝေဖန်သွားခဲ့။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ငွေကြေးအများအပြားသုံးစွဲပြီး ဆုဖလားတွေကို ရယူနိုင်ခဲ့တယ်လို့ ဆိုနေကြပေမယ့် ဒီလိုမျိုး ဆုဖလားတွေကို ရယူနိုင်တဲ့ ကစားသမားတွေကိုလည်း ငွေကြေးမသုံးစွဲဘဲနဲ့ ခေါ်ယူနိုင်မှာ မဟုတ်ဘူးလို့ နည်းပြ ဂွါဒီယိုလာက လက်ရှိ ဘောလုံးလောကနဲ့ ဈေးကွက်အနေအထားကို ဟာသလုပ်သွားခဲ့။

နည်းပြ ဂွါဒီယိုလာရဲ့ လက်အောက်မှာ တစ်နေ့ထက်တစ်နေ့ ထရိန်နင်မှာ သင်ကြားပြီး ကစားသမားဘဝကို တိုးတက်အောင်လုပ်ဖို့ သင်ခန်းစာတွေ မထပ်အောင် ရှိနေကြောင်း စတာလင်ရဲ့ ဝန်ခံပြောကြားမှုအပြီးမှာ ဘင်ဖီကာအသင်းကို ဒီရာသီအစကမှ ပြောင်းရွှေ့ သွားခဲ့တဲ့ နီကိုလတ်စ် အော့တာမန်ဒီက ထောက်ခံသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေႏြရာသီမွာ ေဒါ့မြန္ရဲ႕ တိုက္စစ္မႉး အာလင္း ဟားလန္းအျပင္ ကြင္းလယ္ကစားသမား ဂ်ိဳဗန္နီ ေရးနားကိုပါ ေခၚယူသြားလိုေနၿပီး ႏွစ္ဦးေပါင္း အသက္ ၂၀ မျပည့္ေသးတဲ့ အသင္းေဖာ္ႏွစ္ဦးအတြက္ ေပါင္သန္း ၁၀၀ ကေန စတင္ ကမ္းလွမ္းသြားဖို႔ စီစဥ္ေန။

မြန္ခ်န္ဂလာဘက္ခ်္ကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဘယ္ေနာက္ခံလူေနရာမွာ ကစားတဲ့ ကန္ဆယ္လိုရဲ႕ ဖန္တီးမႈနဲ႔ Key Pass ေတြက အဓိကက်ခဲ့ေပမယ့္ တစ္သင္းလုံးရဲ႕ အေကာင္းဆုံး ေဘာလုံးေပးပို႔ႏိုင္သူအျဖစ္ကိုေတာ့ ႐ူဘင္ ဒီယက္စ္က ၉၃.၁ ရာခိုင္ႏႈန္း တိက်မႈနဲ႔ ရပ္တည္ႏိုင္ခဲ့။

ၿပီးခဲ့တဲ့ မြန္ခ်န္ဂလာဘက္ခ်္နဲ႔ပြဲမွာ ၿပိဳင္ပြဲစုံႏိုင္ပြဲ ၁၉ ပြဲ ျပည့္သြားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္ ပြဲစဥ္ ၄ ပြဲကို အႏိုင္ရမယ္ဆိုရင္ ဘိုင္ယန္ျမဴးနစ္ရဲ႕ အျမင့္ဆုံးစံခ်ိန္ကို လိုက္မီႏိုင္မွာျဖစ္ေၾကာင္း သိရၿပီး အိုင္းယက္စ္ရဲ႕ ၂၆ ပြဲ စံခ်ိန္ကို လိုက္မီဖို႔ေတာ့ ၇ ပြဲ လိုအပ္ေန။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္နဲ႔ ခံစစ္မွာ ေျခစြမ္းျပကစားႏိုင္ၿပီး ဖန္တီးရွင္ ကီဗင္ ဒီဘ႐ိုင္းနား မပါဝင္ႏိုင္ခ်ိန္မွာ ေျခစြမ္းျပခဲ့တဲ့ ဂ်ာအို ကန္ဆယ္လိုကို ေစာင့္ၾကည့္လာသူေတြက ခ်ီးက်ဴးခဲ့ၾကၿပီး အသင္းအတြက္ အနည္းဆုံး ၃ ေနရာမွာ ကစားေပးႏိုင္သူလို႔ ဆိုခဲ့ၾက။

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္ ပထမအေက်ာ့မွာ တစ္ဂိုး ေခါင္းတိုက္သြင္းၿပီး ေနာက္တစ္ဂိုးကိုလည္း ေခါင္းနဲ႔ပဲ ဖန္တီးခဲ့တဲ့ ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားကို ပရိသတ္ေတြက တိုက္စစ္ကစားပုံေကာင္းမြန္ၿပီး နည္းစနစ္ပိုင္းျမင့္မားတဲ့ အန္ဂိုလို ကြန္ေတလို႔ ခ်ဲလ္ဆီးကစားသမားနဲ႔ ႏႈိင္းယွဥ္ခဲ့ၾက။

မန္ခ်က္စတာစီးတီးအသင္းမွာ တိုက္စစ္မႉးလို႔ ဆိုေနၾကေပမယ့္ အေထာင္တိုက္စစ္မွာထက္ ေတာင္ပံေတြကို ေ႐ြ႕လ်ားၿပီး အခ်ိန္ကုန္ေလ့ရွိတဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ဟာ ဖာမီႏိုကို တစ္ဆင့္ျမႇင့္ၿပီး လီဗာပူးလ္ရဲ႕ တိုက္စစ္ကြက္လပ္ကို ျဖည့္ဆည္းႏိုင္မယ့္သူလို႔ အိုဝင္ ဟားဂရိဗ္စ္က သုံးသပ္လိုက္ၿပီး အသင္းနဲ႔ ကစားသမားၾကား အေျပာင္းအေ႐ႊ႕အတြက္ တိုက္တြန္း။

ကစားသမားတစ္ေယာက္အေနနဲ႔ ကြင္းထဲမွာ ပုံမွန္ကစားခြင့္ရၿပီး နည္းျပရဲ႕ ယုံၾကည္မႈကိုလည္း ရရွိမွသာ ေျခစြမ္းေကာင္းမြန္ႏိုင္မွာ ျဖစ္ေၾကာင္း RB လိုက္ပ္ဇစ္ေနာက္ခံလူ အန္ဟဲလီညိဳက ေျပာၾကားလိုက္ၿပီး မန္စီးတီးမွာတုန္းက ဂြါဒီယိုလာရဲ႕ သူ႔အေပၚ ယုံၾကည္မႈ မေပးခဲ့တာဟာ ကစားသမားဘဝဆုံးေအာင္လုပ္သလို ျဖစ္ခဲ့ေၾကာင္း ေဝဖန္သြားခဲ့။

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေငြေၾကးအမ်ားအျပားသုံးစြဲၿပီး ဆုဖလားေတြကို ရယူႏိုင္ခဲ့တယ္လို႔ ဆိုေနၾကေပမယ့္ ဒီလိုမ်ိဳး ဆုဖလားေတြကို ရယူႏိုင္တဲ့ ကစားသမားေတြကိုလည္း ေငြေၾကးမသုံးစြဲဘဲနဲ႔ ေခၚယူႏိုင္မွာ မဟုတ္ဘူးလို႔ နည္းျပ ဂြါဒီယိုလာက လက္ရွိ ေဘာလုံးေလာကနဲ႔ ေဈးကြက္အေနအထားကို ဟာသလုပ္သြားခဲ့။

နည္းျပ ဂြါဒီယိုလာရဲ႕ လက္ေအာက္မွာ တစ္ေန႔ထက္တစ္ေန႔ ထရိန္နင္မွာ သင္ၾကားၿပီး ကစားသမားဘဝကို တိုးတက္ေအာင္လုပ္ဖို႔ သင္ခန္းစာေတြ မထပ္ေအာင္ ရွိေနေၾကာင္း စတာလင္ရဲ႕ ဝန္ခံေျပာၾကားမႈအၿပီးမွာ ဘင္ဖီကာအသင္းကို ဒီရာသီအစကမွ ေျပာင္းေ႐ႊ႕ သြားခဲ့တဲ့ နီကိုလတ္စ္ ေအာ့တာမန္ဒီက ေထာက္ခံသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z