Premier League Transfer News

25 Feb နောက်ဆုံးရ လီဗာပူးလ် သတင်းများ စုစည်းမှု

လီဗာပူးလ်အသင်းရဲ့ ဦးစားပေးဂိုးသမား အယ်လစ်ဆန် ဘက်ကာရဲ့ ဖခင်ဖြစ်သူဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူတို့ပိုင်ဆိုင်တဲ့ အပန်းဖြေ နေအိမ်နားက ရေကန်တစ်ခုမှာ ရေနစ်သေဆုံးခဲ့တယ်လို့ ဘရာဇီးလ်တောင်ပိုင်း ဒေသခံရဲတပ်ဖွဲ့က ကြေငြာလိုက်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဂျိုဆေး ဘက်ကာအတွက် ဘရာဇီးလ်ကလပ် အင်တာနေစီယွန်နယ်က ဝမ်းနည်းကြောင်း ကြေငြာသွားခဲ့။

လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ရဲ့ ဒဏ်ရာအတွက် ပရိသတ်တွေ ကြီးကြီးမားမား စိတ်ပျက်ခဲ့ရပြီး သူတို့အနေနဲ့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်အတွက် ပေးဆပ်မှုက ကြီးမားလွန်းတယ်လို့ ထင်မြင်နေသလို ဒီရာသီကုန်မှာ ယူရိုပါလိဂ်ကိုတောင် ဆင်းကစားရနိုင်တယ်လို့ ခန့်မှန်းနေကြ။

ကာဒစ်ဖ်စီးတီးအသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်ကို ရောင်းချဖို့ ဆုံးဖြတ်ထားမှုကို လီဗာပူးလ်အသင်း အနေနဲ့ ပြန်လည်ပယ်ဖျက်သွားဖွယ်ရှိနေပြီး ဝေးလ်လက်ရွေးစင်အနေနဲ့ အန်းဖီးလ်မှာ အနာဂတ်ပြန်ရှိလာနိုင်ကြောင်းသိရ။

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ဖိအားတွေကို ခံစားနေရပြီး မိခင် ကွယ်လွန်သွားမှုအတွက်လည်း စိတ်ပိုင်းဆိုင်ရာအရ ထိုးနှက်မှုကို ခံခဲ့ရတဲ့အတွက် သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အသင်းကို ကိုင်တွယ်မှုတွေမှာ ရလဒ်ဆိုးတွေ ဖြစ်ပေါ်နေပြီး တစ်နည်းတစ်လမ်းနဲ့ အနားပေးသွားသင့်ပြီလို့ သုံးသပ်မှုတွေ ထွက်ပေါ်လာ။

လာမယ့်ရာသီမှာ အန်းဖီးလ်ကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်အတွက် ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့နဲ့ အပြိုင် အေစီမီလန်အသင်းက ကမ်းလှမ်းသွားဖွယ်ရှိနေပြီး သူတို့ရဲ့ အားကစားဒါရိုက်တာ ပေါ်လို မာလ်ဒီနီအနေနဲ့ ဒတ်ချ်ကွင်းလယ်လူကို သဘောကျနေကြောင်း သိရ။

ဘလက်ဘန်းအသင်းမှာ ခြေစွမ်းပြနေခဲ့ပြီး ဒီရာသီ ချန်ပီယံရှစ်မှာ ၅ ဂိုးသွင်း၊ ၉ ဂိုး ဖန်တီးပေးထားတဲ့ လူငယ်တောင်ပံကစားသမား ဟာဗီ အီးလီးယော့အတွက် တိုးတက်မှုနှုန်းက အကန့်အသတ်ရှိမှာ မဟုတ်ဘဲ မိုးအထိ တက်မယ့်သူလို့ လီဗာပူးလ်ပရိသတ်တွေ ချီးကျူးနေကြ။

လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အမှားတွေနဲ့ ခြေစွမ်းမပြနိုင်ဘဲရှိနေတဲ့ နောက်ခံလူ အိုဇန် ကာဘက်ခ်ကို ရာသီကုန်မှာ ရှော်လ်ကာအသင်းဆီ ပြန်ပို့သွားဖွယ်ရှိနေပြီး တိုရီနိုနောက်ခံလူ ဂလဲဆန် ဘရီးမားကို ပြောင်းလဲခေါ်ယူသွားမယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်း။

လာမယ့်ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ်လို့ ခန့်မှန်းမှုနဲ့ ကောလဟာတွေ ထွက်ပေါ်လာခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကို အစားထိုးဖို့အတွက် ဂျူလီယန် နာဂဲလ်စ်မန်း၊ စတီဗင် ဂျရတ်နဲ့ လက်ရှိအသင်းရဲ့ လက်ထောက်နည်းပြ ပက်ပ် လိန်ဒါစ်တို့ ရေပန်းစားနေကြ။

အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်နေရာမှာ အစားထိုးဖို့အတွက် မန်စီးတီးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို ရာသီကုန်မှာ ခေါ်ယူစေဖို့ လီဗာပူးလ်ပရိသတ်တွေ အလိုရှိနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGI:

လီဗာပူးလ္အသင္းရဲ႕ ဦးစားေပးဂိုးသမား အယ္လစ္ဆန္ ဘက္ကာရဲ႕ ဖခင္ျဖစ္သူဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က သူတို႔ပိုင္ဆိုင္တဲ့ အပန္းေျဖ ေနအိမ္နားက ေရကန္တစ္ခုမွာ ေရနစ္ေသဆုံးခဲ့တယ္လို႔ ဘရာဇီးလ္ေတာင္ပိုင္း ေဒသခံရဲတပ္ဖြဲ႕က ေၾကျငာလိုက္ၿပီး ကြယ္လြန္ခ်ိန္မွာ အသက္ ၅၇ ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်ိဳေဆး ဘက္ကာအတြက္ ဘရာဇီးလ္ကလပ္ အင္တာေနစီယြန္နယ္က ဝမ္းနည္းေၾကာင္း ေၾကျငာသြားခဲ့။

လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ရဲ႕ ဒဏ္ရာအတြက္ ပရိသတ္ေတြ ႀကီးႀကီးမားမား စိတ္ပ်က္ခဲ့ရၿပီး သူတို႔အေနနဲ႔ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္အတြက္ ေပးဆပ္မႈက ႀကီးမားလြန္းတယ္လို႔ ထင္ျမင္ေနသလို ဒီရာသီကုန္မွာ ယူ႐ိုပါလိဂ္ကိုေတာင္ ဆင္းကစားရႏိုင္တယ္လို႔ ခန႔္မွန္းေနၾက။

ကာဒစ္ဖ္စီးတီးအသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္ကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ထားမႈကို လီဗာပူးလ္အသင္း အေနနဲ႔ ျပန္လည္ပယ္ဖ်က္သြားဖြယ္ရွိေနၿပီး ေဝးလ္လက္ေ႐ြးစင္အေနနဲ႔ အန္းဖီးလ္မွာ အနာဂတ္ျပန္ရွိလာႏိုင္ေၾကာင္းသိရ။

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ဖိအားေတြကို ခံစားေနရၿပီး မိခင္ ကြယ္လြန္သြားမႈအတြက္လည္း စိတ္ပိုင္းဆိုင္ရာအရ ထိုးႏွက္မႈကို ခံခဲ့ရတဲ့အတြက္ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ အသင္းကို ကိုင္တြယ္မႈေတြမွာ ရလဒ္ဆိုးေတြ ျဖစ္ေပၚေနၿပီး တစ္နည္းတစ္လမ္းနဲ႔ အနားေပးသြားသင့္ၿပီလို႔ သုံးသပ္မႈေတြ ထြက္ေပၚလာ။

လာမယ့္ရာသီမွာ အန္းဖီးလ္ကေန ထြက္ခြာေတာ့မယ့္ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္အတြက္ ဘာစီလိုနာ၊ ပီအက္စ္ဂ်ီတို႔နဲ႔ အၿပိဳင္ ေအစီမီလန္အသင္းက ကမ္းလွမ္းသြားဖြယ္ရွိေနၿပီး သူတို႔ရဲ႕ အားကစားဒါ႐ိုက္တာ ေပၚလို မာလ္ဒီနီအေနနဲ႔ ဒတ္ခ်္ကြင္းလယ္လူကို သေဘာက်ေနေၾကာင္း သိရ။

ဘလက္ဘန္းအသင္းမွာ ေျခစြမ္းျပေနခဲ့ၿပီး ဒီရာသီ ခ်န္ပီယံရွစ္မွာ ၅ ဂိုးသြင္း၊ ၉ ဂိုး ဖန္တီးေပးထားတဲ့ လူငယ္ေတာင္ပံကစားသမား ဟာဗီ အီးလီးေယာ့အတြက္ တိုးတက္မႈႏႈန္းက အကန႔္အသတ္ရွိမွာ မဟုတ္ဘဲ မိုးအထိ တက္မယ့္သူလို႔ လီဗာပူးလ္ပရိသတ္ေတြ ခ်ီးက်ဴးေနၾက။

လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ အမွားေတြနဲ႔ ေျခစြမ္းမျပႏိုင္ဘဲရွိေနတဲ့ ေနာက္ခံလူ အိုဇန္ ကာဘက္ခ္ကို ရာသီကုန္မွာ ေရွာ္လ္ကာအသင္းဆီ ျပန္ပို႔သြားဖြယ္ရွိေနၿပီး တိုရီႏိုေနာက္ခံလူ ဂလဲဆန္ ဘရီးမားကို ေျပာင္းလဲေခၚယူသြားမယ္လို႔ ကြၽမ္းက်င္သူေတြ ခန႔္မွန္း။

လာမယ့္ရာသီကုန္မွာ အသင္းနဲ႔ လမ္းခြဲေတာ့မယ္လို႔ ခန႔္မွန္းမႈနဲ႔ ေကာလဟာေတြ ထြက္ေပၚလာခဲ့တဲ့ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ကို အစားထိုးဖို႔အတြက္ ဂ်ဴလီယန္ နာဂဲလ္စ္မန္း၊ စတီဗင္ ဂ်ရတ္နဲ႔ လက္ရွိအသင္းရဲ႕ လက္ေထာက္နည္းျပ ပက္ပ္ လိန္ဒါစ္တို႔ ေရပန္းစားေနၾက။

အသင္းကေန ထြက္ခြာေတာ့မယ့္ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ေနရာမွာ အစားထိုးဖို႔အတြက္ မန္စီးတီးနဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ မြန္ခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားကို ရာသီကုန္မွာ ေခၚယူေစဖို႔ လီဗာပူးလ္ပရိသတ္ေတြ အလိုရွိေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z