Premier League

အယ်လ်ချီဂိုးသမားကို ဂိုးသွင်းရုံတင်မကဘဲ ပွဲအပြီးမှာပါ ရင်တုန်စေခဲ့တဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ်မက်ဆီနဲ့ အယ်လ်ချီအသင်းဂိုးသမား အဂ္ဂါ ဘာဒီယာတို့ဟာ ဗုဒ္ဓဟူးနေ့က အဲလ်ချီအသင်းကို ဘာစီလိုနာအသင်းက ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ကြည်နူးဖွယ်အခိုက်အတံ့အချို့ကို ရရှိခဲ့ကြပါတယ်။

မက်ဆီဟာ အယ်လ်ချီအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တစ်ဦးတည်း ၂ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ ဘလွန်းဒီအော် ၆ ဆုရှင်ဟာ အသက် ၂၉ နှစ်အရွယ် ဂိုးသမားနဲ့ ရှပ်လဲလှယ်ခဲ့ကြတာဖြစ်ပါတယ်။ ဘယ်လိုမှ မထင်မှတ်ထားတဲ့ ကတ်တလန်ဖွား ဘာဒီယာဟာ အံ့သြတုန်လှုပ်သွားခဲ့ပြီး ၎င်းရဲ့ ရှပ်ကို တောင်းတဲ့ ကမ္ဘာ့ထိပ်တန်းကစားသမား မက်ဆီကို ကြည့်နေခဲ့ပါတယ်။

ဘာဒီယာဟာ လျင်လျင်မြန်မြန်ပဲ ၎င်းရဲ့ ဂိုးသမားရှပ်ကို ချွတ်ပြီး စောင့်ဆိုင်းနေတဲ့ လီယွန်နယ်မက်ဆီကို ပေးခဲ့တာကို တွေ့ခဲ့ရပြီး ယင်းဖြစ်စဉ်ကို လူမှုကွန်ရက်မှာရှိတဲ့ ပရိသတ်တွေဟာ အလွန်နှစ်သက်ခဲ့ကြပါတယ်။

တွစ်တာအသုံးပြုသူတစ်ဦးက “အရမ်း ချစ်စရာကောင်းတယ်”လို့ ရေးသားခဲ့ပြီး နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း “ဒါက ထူးခြားဆန်းကြယ်လိုက်တာ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ လီယွန်နယ်မက်ဆီဟာ ယခုရာသီမှာ လာလီဂါသွင်းဂိုး ၁၈ ဂိုးရှိလာခဲ့ပြီး အသင်းဖော်ဟောင်း လူးဝစ္စဆွာရက်ဇ်ထက် ၂ ဂိုးအသာနဲ့ လိဂ်ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
လီယြန္နယ္မက္ဆီနဲ႔ အယ္လ္ခ်ီအသင္းဂိုးသမား အဂၢါ ဘာဒီယာတို႔ဟာ ဗုဒၶဟူးေန႔က အဲလ္ခ်ီအသင္းကို ဘာစီလိုနာအသင္းက ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ၾကည္ႏူးဖြယ္အခိုက္အတံ့အခ်ိဳ႕ကို ရရွိခဲ့ၾကပါတယ္။

မက္ဆီဟာ အယ္လ္ခ်ီအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ တစ္ဦးတည္း ၂ ဂိုးသြင္းယူေပးခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာေတာ့ ဘလြန္းဒီေအာ္ ၆ ဆုရွင္ဟာ အသက္ ၂၉ ႏွစ္အ႐ြယ္ ဂိုးသမားနဲ႔ ရွပ္လဲလွယ္ခဲ့ၾကတာျဖစ္ပါတယ္။ ဘယ္လိုမွ မထင္မွတ္ထားတဲ့ ကတ္တလန္ဖြား ဘာဒီယာဟာ အံ့ၾသတုန္လႈပ္သြားခဲ့ၿပီး ၎ရဲ႕ ရွပ္ကို ေတာင္းတဲ့ ကမာၻ႔ထိပ္တန္းကစားသမား မက္ဆီကို ၾကည့္ေနခဲ့ပါတယ္။

ဘာဒီယာဟာ လ်င္လ်င္ျမန္ျမန္ပဲ ၎ရဲ႕ ဂိုးသမားရွပ္ကို ခြၽတ္ၿပီး ေစာင့္ဆိုင္းေနတဲ့ လီယြန္နယ္မက္ဆီကို ေပးခဲ့တာကို ေတြ႕ခဲ့ရၿပီး ယင္းျဖစ္စဥ္ကို လူမႈကြန္ရက္မွာရွိတဲ့ ပရိသတ္ေတြဟာ အလြန္ႏွစ္သက္ခဲ့ၾကပါတယ္။

တြစ္တာအသုံးျပဳသူတစ္ဦးက “အရမ္း ခ်စ္စရာေကာင္းတယ္”လို႔ ေရးသားခဲ့ၿပီး ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “ဒါက ထူးျခားဆန္းၾကယ္လိုက္တာ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ လီယြန္နယ္မက္ဆီဟာ ယခုရာသီမွာ လာလီဂါသြင္းဂိုး ၁၈ ဂိုးရွိလာခဲ့ၿပီး အသင္းေဖာ္ေဟာင္း လူးဝစၥဆြာရက္ဇ္ထက္ ၂ ဂိုးအသာနဲ႔ လိဂ္ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z