Premier League

25 Feb နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း လူကာကူက ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဆိုးရှားလ် ပြသခဲ့တဲ့ အကျိုးသက်ရောက်မှုတွေအတွက် ချီးကျူးပြောကြားခဲ့ပြီး နော်ဝေလူမျိုးနည်းပြကို နည်းပြတစ်ဦးအဖြစ် လူပုဂ္ဂိုလ်တစ်ဦးအဖြစ် ချစ်ခင်ကြောင်း သိရှိဖို့ လိုတယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ဟာလန်းနဲ့ အဆက်အသွယ်ရှိနေဆဲဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး နော်ဝေလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်သွားမယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ဖို့ ငြင်းဆန်ခဲ့တယ်လို့ independent က ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီဗီလာ နောက်ခံကစားသမား ဂျူးစ် ကွန်ဒေးရဲ့ စာချုပ်လျော်ကြေး ပေါင် ၆၈ သန်းကို ပေးချေလိုတဲ့ ဆန္ဒမရှိဘူးလို့ Mail က ဖော်ပြခဲ့ပြီး ယူနိုက်တက်ဟာ ယင်းပမာဏထက် လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ သဘောတူညီမှုရရှိလိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရ။

-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက လူငယ်ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရှိုလာ ရှိုးတိုင်ရာနဲ့ အာမက် ဂျယ်လိုတို့ဟာ ယနေ့ညမှာ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ကစားရမယ့် ရီးရဲဆိုစီဒက်စ်နဲ့ ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရရှိမှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပြီး ပထမအကျော့မှာ ၄-၀ နဲ့ အနိုင်ရရှိထားပြီးဖြစ်တာကြောင့် လူငယ်ကစားသမား ၂ ဦးကို ပွဲချိန်များများ ကစားခွင့်ပေးသွားမယ်လို့ မျှော်လင့်ရ။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းယူနိုက်တက်မှာ အငှားနဲ့သွားရောက်ကစားပြီး ခြေစွမ်းပြသနေတဲ့ ဂျက်ဆီ လင်ဂတ် ရာသီကုန်လို့ ပြန်လည်ရောက်ရှိလာရင် အသင်းမှာ နေရာရှိအောင် ဟွမ်မာတာကို ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့် ပေးသွားမှာဖြစ်တယ်လို့ ESPN က ဖော်ပြခဲ့။

-ဂျူဗင်တပ်အသင်းတိုက်စစ်မှူး ဒိုင်ဘာလာဟာ စီးရီးအေချန်ပီယံနဲ့ အနာဂတ် မရေမရာဖြစ်နေတာကြောင့် လာမယ့်နွေရာသီမှာ အသင်းသစ်ရှာဖွေသွားဖွယ်ရှိတယ်လို့ The Sun က ဖော်ပြခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တဲ့ စပါးအသင်းအပြင် လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရ။

-ဖီအိုရင်တီးနားနောက်ခံကစားသမား နီကိုလာ မီလန်ကိုဗစ်ဟာ စီးရီးအေကလပ်အသင်းကို စွန့်ခွာတဲ့အချိန်ကျရင် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ထားတယ်လို့ Gazette Dello Sport က ဖော်ပြခဲ့ပြီး ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ့် ကစားသမားကို လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ၂ သင်းစလုံးက စိတ်ဝင်စားနေတယ်လို့ သိရ။

-အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးတစ်ဦးအဖြစ်နဲ့ ကာဗာနီမှာ မရှိဘူးလို့ ခံစားနေရတဲ့အရာကို ပြောကြားခဲ့ပြီး ဥရုဂွေးတိုက်စစ်မှူးဟာ ယူနိုက်တက်တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ ရှယ်ရင်ဂမ်၊အန်ဒီ ကိုးလ်နဲ့ ဒွိုက်ယော့ခ်တို့လိုမျိုး ချိတ်ဆက်ကစားနိုင်တဲ့ အဓိကဗဟိုတိုက်စစ်မှူးအနေနဲ့ ကစားနိုင်တဲ့ အရည်အချင်းမျိုး မရှိဘူးလို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z