Premier League

၁၃.၃.၂၀၂၀၊ ၁၃၈၁ ခုႏွစ္၊ တေပါင္းလျပည့္ေက်ာ္ ၅ ရက္၊ ေသာၾကာေန႔။

ZAWGYI: တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၉:၅၀ အထိ တိထီ ၄ လုံး။ ေက်ာ္လွ်င္ ၅ လုံး။ ၄ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၄:၅၈ အထိ သြာတိနကၡတ္၊ ေက်ာ္လွ်င္ ဝိသာခါနကၡတ္။ ည ၂၁:၃၃ အထိ ဗ်ာဃာတယုဂ္၊ က်ားကဲ့သို႔ ခြန္အားႀကီးျခင္း၊ ရက္စက္ၾကမ္းၾကဳတ္ျခင္း၊ အႏၲရာယ္၊ ဒဏ္ရာႏွင့္ ႀကဳံရတတ္ျခင္း၊ ႏွိမ္နင္းအႏုိင္ယူျခင္း၊ မိမိ၏ ထိခုိက္နစ္နာႏုိင္ေျခကို တြက္ခ်က္လုပ္ကိုင္ပါ။ ေက်ာ္လွ်င္ ဟႆဏယုဂ္၊ အလြန္စိတ္လွဳပ္ရွားရျခင္း၊ ဝမ္းေျမာက္ေပ်ာ္ရႊင္ျခင္း၊ ပညာႏွင့္ ျပည့္စုံျခင္း၊ မိမိအတြက္ ေကာင္းေသာအရာမ်ားအတြက္ အံ့ၾသဝမ္းသာ ရင္ခုန္ရလိမ့္မည္။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၉:၅၀ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ ည ၂၀:၂၈ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသိုင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေတတုလက႐ိုဏ္း၊ စကားေကာင္းေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
နံနက္ ၉:၅၀ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။
ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၉:၅၀ အထိ တိထီ ၄ လုံး။ ကျော်လျှင် ၅ လုံး။ ၄ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၄:၅၈ အထိ သွာတိနက္ခတ်၊ ကျော်လျှင် ဝိသာခါနက္ခတ်။ ည ၂၁:၃၃ အထိ ဗျာဃာတယုဂ်၊ ကျားကဲ့သို့ ခွန်အားကြီးခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ အန္တရာယ်၊ ဒဏ်ရာနှင့် ကြုံရတတ်ခြင်း၊ နှိမ်နင်းအနိုင်ယူခြင်း၊ မိမိ၏ ထိခိုက်နစ်နာနိုင်ခြေကို တွက်ချက်လုပ်ကိုင်ပါ။ ကျော်လျှင် ဟဿဏယုဂ်၊ အလွန်စိတ်လှုပ်ရှားရခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ပညာနှင့် ပြည့်စုံခြင်း၊ မိမိအတွက် ကောင်းသောအရာများအတွက် အံ့သြဝမ်းသာ ရင်ခုန်ရလိမ့်မည်။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၉:၅၀ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ည ၂၀:၂၈ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
နံနက် ၉:၅၀ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)