ဒဏ်ရာကနေ သက်သာကောင်းမွန်နေပြီဖြစ်ပေမယ့် အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးကို ဘင်ဖီကာနဲ့ပွဲမှာ ထည့်သွင်းကစားဖို့ ရည်ရွယ်မထားဘူးလို့ ဂျာနယ်လစ် ချားလ်စ် ဝပ်ထ်က ထုတ်ဖော်လိုက်ပြီး လာမယ့် လက်စတာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာမှ ပြန်လည်ကစားခိုင်းဖို့ ပစ်မှတ်ထားနေ။
ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်အတွက် မယုံနိုင်လောက်တဲ့ ဈေးကို ပေးချေဖို့ ကြေငြာလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပြီး နော်ဝေသားကို ယူရိုသန်း ၈၀ ဆိုလို့ အာဆင်နယ်ပရိသတ်တွေ ဒေါသထွက်နေကြ။
အာဆင်နယ်အသင်းအနေနဲ့ တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်ကို ဆောင်းရာသီမှာ အငှားမထုတ်နိုင်ခဲ့တဲ့အတွက် နွေရာသီမှာ ရောင်းချသွားဖို့ စဉ်းစားနေပြီး လာမယ့်ပွဲတွေမှာ အသင်းမှာ ဆက်ရှိဖို့ ထိုက်တန်ကြောင်း မပြသနိုင်ခဲ့ရင် ရာသီကုန်မှာ ဒီဆုံးဖြတ်ချက်က အတည်ဖြစ်လာဖွယ်ရှိ။
ပေါင် ၈.၅ သန်းလောက်နဲ့ စတင်ပြီး အရောင်းအဝယ်ဖြစ်နိုင်တဲ့ နောက်ခံလူ အိုဒီလွန် ကော့ဆူးနူးကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေတယ်ဆိုတာကို မိမိအနေနဲ့ မအံ့သြကြောင်း ကလပ်ဘရုဂျ် အားကစားဒါရိုက်တာ ယက်စပါ ယန်ဆန်က ပြောကြားလိုက်ပြီး အိုင်ဗရီကို့စ်သားရဲ့ ခြေစွမ်းက ဥရောပအသင်းကြီးတွေနဲ့ ထိုက်တန်ကြောင်းဆို။
အကောင်းဆုံးအချိန်တွေ ကုန်ဆုံးသွားပြီဖြစ်ပြီး ခံစစ်သမားတွေရဲ့ အနိုင်ကျင့်ခံနေရတယ်လို့ ဝေဖန်ခံလိုက်ရတဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းအတွက် ဒီလိုမျိုး သုံးသပ်မှုတွေက မမျှတဘဲ သူ့အတွက် ပံ့ပိုးမှု မကောင်းချိန်မှာ ဂိုးမသွင်းနိုင်တာဟာ မဆန်းဘူးလို့ အာဆင်နယ်ကစားသမားဟောင်း ကီဗင် ကမ်းဘဲလ် ကာကွယ်ပြောကြား။
အသင်းဖော် သောမတ်စ် ပါတေးဟာ မိမိအတွက်ရော အသင်းအတွက်ပါ တိုးတက်မှုကောင်းတွေ ရရှိစေဖို့ အကျိုးပြုသူဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ကြိုးစားမှုက ချစ်စရာကောင်းကြောင်းနဲ့ ဒဏ်ရာတွေကြောင့် အချိန်များများ တွဲကစားခွင့် မရသေးတာတော့ ဆိုးကြောင်း ကွင်းလယ်လူ ဂရာနစ် ချာကာက ပြောကြားသွားခဲ့။
အိန်းစလီ မိတ်လန်းနိုင်းလ်စ်ဟာ ကွင်းလယ်မှာထက် ဘယ်တောင်ပံမှာ ကစားတာ ပိုကောင်းတယ်ထင်တယ်လို့ သုံးသပ်သွားခဲ့တဲ့ ဝက်စ်ဘရွန်းနည်းပြ ဆမ် အလာဒိုက်စ်ရဲ့ စကားက သူ့လို ဝါရင့်နည်းပြကြီးတစ်ဦးတောင် အင်္ဂလန်သားရဲ့ အကောင်းဆုံးနေရာကို မဆုံးဖြတ်နိုင်တာက သူ့ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း အာဆင်နယ်ပရိသတ်တွေ စိတ်ပူနေကြ။
အာဆင်နယ်အသင်းအနေနဲ့ အိုလီဗီးယေး ဂျီရူးကို ရောင်းပြီး အူဘာမီယန်းကို ဝယ်လိုက်တာအတွက် နောင်တရဖို့တော့ မလိုကြောင်းနဲ့ ပြင်သစ်သားက ပွဲကြီးတွေမှာ ပိုမိုအစွမ်းပြနိုင်ပေမယ့် တစ်ရာသီလုံး ဂိုးသွင်းနှုန်းမှာ ဂါဘွန်သားက သာတာကြောင့် မျှခြေပဲဖြစ်ကြောင်း ဒါရင်းဘန့်သုံးသပ်။
အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ နွေရာသီမှာ ဘာစီလိုနာနောက်ခံလူ ဂျူနီယာ ဖီယာပိုကို ရရှိဖို့ ဟက်တာ ဘယ်လာရင်နဲ့ အလဲအထပ်ပြုလုပ်မယ်လို့ သတင်းထွက်ခဲ့ပြီး ဒါကို ပရိသတ်တွေက ကီရန် တီယာနီနောက်မှာ ထားရမယ့် အရန်အတွက် ဦးစားပေးအဆင့် နောက်ခံလူနဲ့ တစ်ပြားမှ မရဘဲ လဲလို့တော့ မဖြစ်ကြောင်း သတိပေးခဲ့ကြ။
အာဆင်နယ်အသင်းကနေ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် မီဆွတ် အိုဇေးလ်အနေနဲ့ အသင်းသစ်မှာ ခြေစွမ်းမပြနိုင်သေးသလို ကံဆိုးမှုတွေနဲ့ ကြုံတွေ့နေရပြီး သူ့ရဲ့အသင်းသစ်ဟာ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ထားသလို ဒီပွဲတွေမှာ ဂျာမန်သားအနေနဲ့ သွင်းဂိုးရော ဖန်တီးမှုပါ မရရှိသေးကြောင်း သိရ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ဒဏ္ရာကေန သက္သာေကာင္းမြန္ေနၿပီျဖစ္ေပမယ့္ အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို ဘင္ဖီကာနဲ႔ပြဲမွာ ထည့္သြင္းကစားဖို႔ ရည္႐ြယ္မထားဘူးလို႔ ဂ်ာနယ္လစ္ ခ်ားလ္စ္ ဝပ္ထ္က ထုတ္ေဖာ္လိုက္ၿပီး လာမယ့္ လက္စတာနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္မွာမွ ျပန္လည္ကစားခိုင္းဖို႔ ပစ္မွတ္ထားေန။
ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္အတြက္ မယုံႏိုင္ေလာက္တဲ့ ေဈးကို ေပးေခ်ဖို႔ ေၾကျငာလိုက္ေၾကာင္း သတင္းေတြ ထြက္ေပၚလာၿပီး ေနာ္ေဝသားကို ယူ႐ိုသန္း ၈၀ ဆိုလို႔ အာဆင္နယ္ပရိသတ္ေတြ ေဒါသထြက္ေနၾက။
အာဆင္နယ္အသင္းအေနနဲ႔ ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္ကို ေဆာင္းရာသီမွာ အငွားမထုတ္ႏိုင္ခဲ့တဲ့အတြက္ ေႏြရာသီမွာ ေရာင္းခ်သြားဖို႔ စဥ္းစားေနၿပီး လာမယ့္ပြဲေတြမွာ အသင္းမွာ ဆက္ရွိဖို႔ ထိုက္တန္ေၾကာင္း မျပသႏိုင္ခဲ့ရင္ ရာသီကုန္မွာ ဒီဆုံးျဖတ္ခ်က္က အတည္ျဖစ္လာဖြယ္ရွိ။
ေပါင္ ၈.၅ သန္းေလာက္နဲ႔ စတင္ၿပီး အေရာင္းအဝယ္ျဖစ္ႏိုင္တဲ့ ေနာက္ခံလူ အိုဒီလြန္ ေကာ့ဆူးႏူးကို ေခၚယူဖို႔ အာဆင္နယ္အသင္းက စိတ္ဝင္စားေနတယ္ဆိုတာကို မိမိအေနနဲ႔ မအံ့ၾသေၾကာင္း ကလပ္ဘ႐ုဂ်္ အားကစားဒါ႐ိုက္တာ ယက္စပါ ယန္ဆန္က ေျပာၾကားလိုက္ၿပီး အိုင္ဗရီကို႔စ္သားရဲ႕ ေျခစြမ္းက ဥေရာပအသင္းႀကီးေတြနဲ႔ ထိုက္တန္ေၾကာင္းဆို။
အေကာင္းဆုံးအခ်ိန္ေတြ ကုန္ဆုံးသြားၿပီျဖစ္ၿပီး ခံစစ္သမားေတြရဲ႕ အႏိုင္က်င့္ခံေနရတယ္လို႔ ေဝဖန္ခံလိုက္ရတဲ့ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအတြက္ ဒီလိုမ်ိဳး သုံးသပ္မႈေတြက မမွ်တဘဲ သူ႔အတြက္ ပံ့ပိုးမႈ မေကာင္းခ်ိန္မွာ ဂိုးမသြင္းႏိုင္တာဟာ မဆန္းဘူးလို႔ အာဆင္နယ္ကစားသမားေဟာင္း ကီဗင္ ကမ္းဘဲလ္ ကာကြယ္ေျပာၾကား။
အသင္းေဖာ္ ေသာမတ္စ္ ပါေတးဟာ မိမိအတြက္ေရာ အသင္းအတြက္ပါ တိုးတက္မႈေကာင္းေတြ ရရွိေစဖို႔ အက်ိဳးျပဳသူျဖစ္ၿပီး သူ႔ရဲ႕ အေတြ႕အႀကဳံေတြနဲ႔ ႀကိဳးစားမႈက ခ်စ္စရာေကာင္းေၾကာင္းနဲ႔ ဒဏ္ရာေတြေၾကာင့္ အခ်ိန္မ်ားမ်ား တြဲကစားခြင့္ မရေသးတာေတာ့ ဆိုးေၾကာင္း ကြင္းလယ္လူ ဂရာနစ္ ခ်ာကာက ေျပာၾကားသြားခဲ့။
အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ဟာ ကြင္းလယ္မွာထက္ ဘယ္ေတာင္ပံမွာ ကစားတာ ပိုေကာင္းတယ္ထင္တယ္လို႔ သုံးသပ္သြားခဲ့တဲ့ ဝက္စ္ဘ႐ြန္းနည္းျပ ဆမ္ အလာဒိုက္စ္ရဲ႕ စကားက သူ႔လို ဝါရင့္နည္းျပႀကီးတစ္ဦးေတာင္ အဂၤလန္သားရဲ႕ အေကာင္းဆုံးေနရာကို မဆုံးျဖတ္ႏိုင္တာက သူ႔ရဲ႕ အနာဂတ္အတြက္ စိုးရိမ္စရာျဖစ္ေၾကာင္း အာဆင္နယ္ပရိသတ္ေတြ စိတ္ပူေနၾက။
အာဆင္နယ္အသင္းအေနနဲ႔ အိုလီဗီးေယး ဂ်ီ႐ူးကို ေရာင္းၿပီး အူဘာမီယန္းကို ဝယ္လိုက္တာအတြက္ ေနာင္တရဖို႔ေတာ့ မလိုေၾကာင္းနဲ႔ ျပင္သစ္သားက ပြဲႀကီးေတြမွာ ပိုမိုအစြမ္းျပႏိုင္ေပမယ့္ တစ္ရာသီလုံး ဂိုးသြင္းႏႈန္းမွာ ဂါဘြန္သားက သာတာေၾကာင့္ မွ်ေျခပဲျဖစ္ေၾကာင္း ဒါရင္းဘန႔္သုံးသပ္။
အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ေႏြရာသီမွာ ဘာစီလိုနာေနာက္ခံလူ ဂ်ဴနီယာ ဖီယာပိုကို ရရွိဖို႔ ဟက္တာ ဘယ္လာရင္နဲ႔ အလဲအထပ္ျပဳလုပ္မယ္လို႔ သတင္းထြက္ခဲ့ၿပီး ဒါကို ပရိသတ္ေတြက ကီရန္ တီယာနီေနာက္မွာ ထားရမယ့္ အရန္အတြက္ ဦးစားေပးအဆင့္ ေနာက္ခံလူနဲ႔ တစ္ျပားမွ မရဘဲ လဲလို႔ေတာ့ မျဖစ္ေၾကာင္း သတိေပးခဲ့ၾက။
အာဆင္နယ္အသင္းကေန ဖီနာဘာခ်ီအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ကြင္းလယ္ဖန္တီးရွင္ မီဆြတ္ အိုေဇးလ္အေနနဲ႔ အသင္းသစ္မွာ ေျခစြမ္းမျပႏိုင္ေသးသလို ကံဆိုးမႈေတြနဲ႔ ႀကဳံေတြ႕ေနရၿပီး သူ႔ရဲ႕အသင္းသစ္ဟာ ေနာက္ဆုံး ၅ ပြဲမွာ ၃ ပြဲအထိ ရႈံးနိမ့္ထားသလို ဒီပြဲေတြမွာ ဂ်ာမန္သားအေနနဲ႔ သြင္းဂိုးေရာ ဖန္တီးမႈပါ မရရွိေသးေၾကာင္း သိရ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.