Match Report Premier League UCL&UEL

မွန်ချန်ဂလာဘက်ချ်အပေါ် အဝေးကွင်းနိုင်ပွဲနဲ့ ကိုယ့်စံချိန်ကိုယ်ချိုးတဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ နှစ်သစ်ကူးချိန်ကနေစပြီး လက်ရှိအချိန်အထိ ၁၂ ပွဲ ဆက်တိုက် အနိုင်ရရှိတဲ့ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်က သူတို့ကိုယ်တိုင် တင်ထားခဲ့တဲ့ ၁၁ ပွဲ စံချိန်ကို ချိုးဖျက်ခဲ့သလို ဂျာမန်ကလပ်ကို ဟန်ဂေရီမှာ အနိုင်ယူပြီး ရပ်တန့်လို့ မရတဲ့ ခြေစွမ်းကို ပြသနေခဲ့ပါတယ်။

ဒီဘရိုင်းနားကို ပြန်လည်အနားပေးခဲ့ပြီး ဖိုဒန်နဲ့ ဂျေဆူးစ်တို့ ပြန်ပါလာတဲ့ လူစာရင်းမှာ ကန်ဆယ်လိုကတော့ ဘယ်ခြမ်းထွက်ကစားခဲ့ပြီး ကျန်တဲ့ အမာခံကစားသမားတွေအားလုံးကို အသုံးပြုခဲ့ချိန်မှာ ကွင်းလယ်ကစားသမားအများစုကို အသုံးပြုပြီး ပလီးနဲ့ စတင်ဒယ်လ်တို့ကို တိုက်စစ်မှာ တင်ကစားလာခဲ့တဲ့ ဂလာဘက်ချ်ကတော့ ကြီးမားတဲ့ အတားအဆီးမဖြစ်နိုင်ခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာ စတာလင် ဘောလုံးထိန်းပုံ မသေသပ်လို့ အခွင့်အရေး လက်လွတ်ခဲ့ရသလို ၂၇ မိနစ်မှာတော့ ညာတောင်ပံကနေ သူပဲ ဆွဲဝင်လာခဲ့တာကို ဘင်ဆီဘိုင်နီ ဖျက်တာမှာ ပင်နယ်တီနဲ့ နီးစပ်ခဲ့ပေမယ့် ဘောလုံးကို ထိခဲ့တယ်ဆိုပြီး အခွင့်အရေးက ပယ်ချခံခဲ့ရပါတယ်။

ဒါပေမယ့် နှစ်မိနစ်အကြာ ပွဲချိန် ၂၉ မိနစ်မှာတော့ မန်စီးတီးတို့ရဲ့ ပေါက်ကွဲသွားတဲ့ Pressing ကနေ ကန်ဆယ်လို ဘောလုံးပြန်ရသွားခဲ့ပြီး ဘယ်ခြမ်းကနေ ညာခြေနဲ့ ဖြတ်တင်လိုက်တဲ့ ဘောလုံးက ဂလာဘက်ချ်ခံစစ်ကို ကျော်ပြီး ကျလာခဲ့တာကို ဘာနာဒို ဆေးလ်ဗားက ကွက်တိပြေးဝင် ခေါင်းတိုက်ပြီး အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ကန်ဆယ်လိုနဲ့ ဖိုဒန်တို့ ကန်ချက်တွေက လွဲချော်နေခဲ့တာကြောင့် ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ပဲ စီးတီးတို့ ဦးဆောင်ခဲ့ပြီး ပွဲကြေငြာသူတွေကတော့ သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းကို အီဒါဆန်ကလွဲလို့ ဂလာဘက်ချ်ကွင်းဘက်ကို ရောက်နေကြတယ်လို့တောင် ဆိုခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဂလာဘက်ချ်နောက်တန်းက လူပေးမှားကို ဂျေဆူးစ် ရသွားပြီး ပေးမလို ကန်မလို ဆုံးဖြတ်ချက် မပြတ်သားတာကြောင့် ကန်ချိန်မှာ နောက်တန်းက ပြန်ပိတ်သွားနိုင်ခဲ့လို့ အခွင့်အရေးတစ်ခု နစ်နာခဲ့ရပြီး ဒီအချိန်မှာ စတာလင်ကတော့ နေရာယူမှု မကောင်းခဲ့တာကလည်း ဂိုးမဖြစ်စေတဲ့ အကြောင်းတစ်ခုဖြစ်ခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ ကန်ဆယ်လိုနဲ့ ဘာနာဒိုတို့ရဲ့ ပေါ်တူဂီ အတွဲအဖက်ကနေပဲ ဂိုးထပ်ရခဲ့ပြီး ပထမဂိုးက ပုံစံအတိုင်း ကန်ဆယ်လိုက တင်ပေးခဲ့တာကို ဘာနာဒိုက ဂိုးဆီ ခေါင်းမတိုက်ဘဲ နောက်ကို ပြန်တိုက်ချပေးတာကို ဂျေဆူးစ်က နောက်တန်းနဲ့အပြိုင် ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စတာလင်အစား မာရက်ဇ်၊ ဂျေဆူးစ်အစား အဂွေရိုနဲ့ ဖိုဒန်အစား တောရက်စ်တို့ကို လူစားလဲကစားခဲ့ပြီး အပိုင်အခွင့်အရေးတွေ မဖော်ဆောင်နိုင်ခဲ့ဘဲ အယ်လ်ဂျီးရီးယားသားရဲ့ ကန်ချက် ဂိုးမဖြစ်ခဲ့သလို ပင်နယ်တီတစ်ကြိမ်လည်း ထပ်မံငြင်းပယ်ခံခဲ့ရလို့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ မိနစ် ၉၀ ပြီးဆုံးခဲ့ပါတယ်။

မန်ချက်စတာစီးတီးတို့ လာမယ့် ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်း အစ်တီဟတ်မှာ ကစားရမှာဖြစ်လို့ အဝေးကွင်းနိုင်ပွဲနဲ့ အခြေအနေကောင်းသွားခဲ့ပြီဖြစ်သလို ဂွါဒီယိုလာအတွက်တော့ ပြိုင်ပွဲစုံ ၁၉ ပွဲဆက်အနိုင်နဲ့ ပြည့်စုံကောင်းမွန်တဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ႏွစ္သစ္ကူးခ်ိန္ကေနစၿပီး လက္ရွိအခ်ိန္အထိ ၁၂ ပြဲ ဆက္တိုက္ အႏိုင္ရရွိတဲ့ စံခ်ိန္ေကာင္းတစ္ခုကို ပိုင္ဆိုင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ၂၀၁၇ ခုႏွစ္က သူတို႔ကိုယ္တိုင္ တင္ထားခဲ့တဲ့ ၁၁ ပြဲ စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့သလို ဂ်ာမန္ကလပ္ကို ဟန္ေဂရီမွာ အႏိုင္ယူၿပီး ရပ္တန႔္လို႔ မရတဲ့ ေျခစြမ္းကို ျပသေနခဲ့ပါတယ္။

ဒီဘ႐ိုင္းနားကို ျပန္လည္အနားေပးခဲ့ၿပီး ဖိုဒန္နဲ႔ ေဂ်ဆူးစ္တို႔ ျပန္ပါလာတဲ့ လူစာရင္းမွာ ကန္ဆယ္လိုကေတာ့ ဘယ္ျခမ္းထြက္ကစားခဲ့ၿပီး က်န္တဲ့ အမာခံကစားသမားေတြအားလုံးကို အသုံးျပဳခဲ့ခ်ိန္မွာ ကြင္းလယ္ကစားသမားအမ်ားစုကို အသုံးျပဳၿပီး ပလီးနဲ႔ စတင္ဒယ္လ္တို႔ကို တိုက္စစ္မွာ တင္ကစားလာခဲ့တဲ့ ဂလာဘက္ခ်္ကေတာ့ ႀကီးမားတဲ့ အတားအဆီးမျဖစ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာ စတာလင္ ေဘာလုံးထိန္းပုံ မေသသပ္လို႔ အခြင့္အေရး လက္လြတ္ခဲ့ရသလို ၂၇ မိနစ္မွာေတာ့ ညာေတာင္ပံကေန သူပဲ ဆြဲဝင္လာခဲ့တာကို ဘင္ဆီဘိုင္နီ ဖ်က္တာမွာ ပင္နယ္တီနဲ႔ နီးစပ္ခဲ့ေပမယ့္ ေဘာလုံးကို ထိခဲ့တယ္ဆိုၿပီး အခြင့္အေရးက ပယ္ခ်ခံခဲ့ရပါတယ္။

ဒါေပမယ့္ ႏွစ္မိနစ္အၾကာ ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ရဲ႕ ေပါက္ကြဲသြားတဲ့ Pressing ကေန ကန္ဆယ္လို ေဘာလုံးျပန္ရသြားခဲ့ၿပီး ဘယ္ျခမ္းကေန ညာေျခနဲ႔ ျဖတ္တင္လိုက္တဲ့ ေဘာလုံးက ဂလာဘက္ခ်္ခံစစ္ကို ေက်ာ္ၿပီး က်လာခဲ့တာကို ဘာနာဒို ေဆးလ္ဗားက ကြက္တိေျပးဝင္ ေခါင္းတိုက္ၿပီး အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ကန္ဆယ္လိုနဲ႔ ဖိုဒန္တို႔ ကန္ခ်က္ေတြက လြဲေခ်ာ္ေနခဲ့တာေၾကာင့္ ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ စီးတီးတို႔ ဦးေဆာင္ခဲ့ၿပီး ပြဲေၾကျငာသူေတြကေတာ့ သူတို႔ရဲ႕ လႊမ္းမိုးႏိုင္စြမ္းကို အီဒါဆန္ကလြဲလို႔ ဂလာဘက္ခ်္ကြင္းဘက္ကို ေရာက္ေနၾကတယ္လို႔ေတာင္ ဆိုခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ဂလာဘက္ခ်္ေနာက္တန္းက လူေပးမွားကို ေဂ်ဆူးစ္ ရသြားၿပီး ေပးမလို ကန္မလို ဆုံးျဖတ္ခ်က္ မျပတ္သားတာေၾကာင့္ ကန္ခ်ိန္မွာ ေနာက္တန္းက ျပန္ပိတ္သြားႏိုင္ခဲ့လို႔ အခြင့္အေရးတစ္ခု နစ္နာခဲ့ရၿပီး ဒီအခ်ိန္မွာ စတာလင္ကေတာ့ ေနရာယူမႈ မေကာင္းခဲ့တာကလည္း ဂိုးမျဖစ္ေစတဲ့ အေၾကာင္းတစ္ခုျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ကန္ဆယ္လိုနဲ႔ ဘာနာဒိုတို႔ရဲ႕ ေပၚတူဂီ အတြဲအဖက္ကေနပဲ ဂိုးထပ္ရခဲ့ၿပီး ပထမဂိုးက ပုံစံအတိုင္း ကန္ဆယ္လိုက တင္ေပးခဲ့တာကို ဘာနာဒိုက ဂိုးဆီ ေခါင္းမတိုက္ဘဲ ေနာက္ကို ျပန္တိုက္ခ်ေပးတာကို ေဂ်ဆူးစ္က ေနာက္တန္းနဲ႔အၿပိဳင္ ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့လို႔ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို ရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ စတာလင္အစား မာရက္ဇ္၊ ေဂ်ဆူးစ္အစား အေဂြ႐ိုနဲ႔ ဖိုဒန္အစား ေတာရက္စ္တို႔ကို လူစားလဲကစားခဲ့ၿပီး အပိုင္အခြင့္အေရးေတြ မေဖာ္ေဆာင္ႏိုင္ခဲ့ဘဲ အယ္လ္ဂ်ီးရီးယားသားရဲ႕ ကန္ခ်က္ ဂိုးမျဖစ္ခဲ့သလို ပင္နယ္တီတစ္ႀကိမ္လည္း ထပ္မံျငင္းပယ္ခံခဲ့ရလို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ မိနစ္ ၉၀ ၿပီးဆုံးခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးတို႔ လာမယ့္ ဒုတိယအေက်ာ့ပြဲစဥ္ကို အိမ္ကြင္း အစ္တီဟတ္မွာ ကစားရမွာျဖစ္လို႔ အေဝးကြင္းႏိုင္ပြဲနဲ႔ အေျခအေနေကာင္းသြားခဲ့ၿပီျဖစ္သလို ဂြါဒီယိုလာအတြက္ေတာ့ ၿပိဳင္ပြဲစုံ ၁၉ ပြဲဆက္အႏိုင္နဲ႔ ျပည့္စုံေကာင္းမြန္တဲ့ ရလဒ္ကို ပိုင္ဆိုင္ႏိုင္ခဲ့ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.