Premier League

24 Feb ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီး သတင်းများ စုစည်းမှု

မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားရမယ့် မွန်ချန်ဂလာဘက်ချ်နဲ့ အဝေးကွင်းပွဲစဉ်မှာ စံချိန်သစ် တစ်ရပ်ကို ရယူနိုင်ဖွယ်ရှိနေပြီး ဒီပွဲကို အနိုင်ရရှိမယ်ဆိုရင် နှစ်သစ်ကူးချိန်ကစပြီး ဆက်တိုက်အနိုင်ရရှိမှု ၁၂ ပွဲနဲ့ ၂၀၁၇ ခုနှစ်က သူတို့ရဲ့ စံချိန်ကိုပဲ ထပ်မံချိုးဖျက်နိုင်ဖွယ်ရှိနေ။

ဘိုချန်နဲ့ နုရင်ဘတ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်း မီရှာအေးလ် အွန်းနင်းက ဒေါ့မွန်မှာတုန်းက အစ်လ်ကေ ဂွန်ဒိုးဝမ်ရဲ့ အကောင်းဆုံးနေရာအတွက် ယာဂန် ကလော့ပ်နဲ့ မကြာခဏ အငြင်းပွားခဲ့ဖူးကြောင်းနဲ့ သူက နံပါတ် ၁၀ လို့ မြင်ခဲ့ချိန်မှာ ကလော့ပ်က ကွင်းလယ်အဖျက်အဖြစ် သုံးစွဲခဲ့တာဖြစ်ပြီး လက်ရှိမန်စီးတီးမှာ ခြေစွမ်းပြနေတာအတွက် မအံ့သြမိကြောင်းဆို။


ခြေစွမ်းပြနေခဲ့တဲ့ ကွင်းလယ်လူ ဆားဘီးယားလူငယ်ကွင်းလယ်လူ အီဗန် အီလစ်ချ်အတွက် မန်ချက်စတာစီးတီးတို့ ကတုံးပေါ် ထိပ်ကွက်ခံရမယ့် ကိန်းဆိုက်ပြီး ရာသီကုန်မှာ ယူရို ၁၂ သန်းနဲ့ ဝယ်ယူနိုင်ခွင့်ကို သဘောတူညီမှုကို စီးရီးအေကလပ် ဗီရိုနာအသင်းက အသုံးချဖို့ ကြိုးစားနေပြီး အောင်မြင်ခဲ့ရင် ယူရို ၂၄ သန်း Buy Back Clause နဲ့မှ ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိနေ။


ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့က အဝေးကွင်းမှာ မွန်ချန်ဂလာဘက်ချ်ကို ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားနဲ့ ဖီးလ် ဖိုဒန်တို့ကို အတူတကွ ပွဲထုတ်သုံးစွဲလာနိုင်ပြီး ဒဏ်ရာကနေ အာဆင်နယ်နဲ့ပွဲမှာမှ ပြန်ကစားနိုင်သူတစ်ဦးဖြစ်တဲ့ ဂွန်ဒိုးဝမ်ကိုတော့ အရန်ခုံမှာ အနားပေးသွားဖွယ်ရှိနေ။


မန်ချက်စတာစီးတီးအသင်းရဲ့ အာဆင်နယ်နဲ့ပွဲက အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တဲ့ တောင်ပံကစားသမား ရာဟင်မ်း စတာလင်အနေနဲ့ လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့တာဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး နည်းပြ ဂွါဒီယိုလာရဲ့ အရောင်တင်ပေးနိုင်စွမ်းက သူ့ကို ပြည့်စုံတဲ့ ကစားသမားဖြစ်စေတယ်လို့ ဒတ်ချ်လက်ရွေးစင်ဟောင်း ဂျီယိုဗန်နီ ဗန်ဘရွန်ခေါ့စ် သုံးသပ်။


ပရီးမီးယားလိဂ်ကို ၁၀ မှတ်ဖြတ်ပြီး ဦးဆောင်နေသလို ချန်ပီယံလိဂ် အုပ်စုအဆင့်ကိုလည်း ၆ ပွဲစလုံး အနိုင်ယူပြီး ကျော်ဖြတ်ထားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ လက်ရှိ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရင် ဂွါဒီယိုလာရဲ့ တစ်ခုတည်းသော လိုအပ်ချက်ဖြစ်နေတဲ့ ဆုဖလားကို ရယူနိုင်လိမ့်မယ်လို့ မီကာ ရစ်ချတ်စ် ခန့်မှန်း။

အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးကြောင်း မန်စီးတီးတောင်ပံကစားသမား ရီယက် မာရက်ဇ်က ဝန်ခံလိုက်ပြီး သူ့အနေနဲ့ ၂၀၁၅ ခုနှစ်မှာ လက်စတာတို့ ပရီးမီးယားလိဂ်ကို ဗိုလ်စွဲပြီးကတည်းက ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် ခွင့်မပြုခဲ့လို့ နှစ်နှစ်လောက် အချိန်တွေ အလဟဿဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်သွားခဲ့။

လီဗာပူးလ်အသင်းရဲ့ ဘယ်တောင်ပံတိုက်စစ်မှူး ဆာဒီယို မာနေးက ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို မန်ချက်စတာစီးတီးအသင်းဆီ ရှုံးနိမ့်သွားခဲ့ရပြီဖြစ်ကြောင်း ဝန်ခံလိုက်ပြီး သူတို့အတွက် လက်တွေ့ကျတဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ဖို့သာဖြစ်ကြောင်း ဝန်ခံသွားခဲ့။

မန်ချက်စတာစီးတီးအသင်းကို အာလင်း ဟားလန်း ရောက်ဖို့ များနေတယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်းကြီး အီယန်ရိုက်က တစ်ပေးလိုက်ပြီး နော်ဝေတိုက်စစ်မှူးအနေနဲ့ သူ့ရဲ့ ဂိုးသွင်းစံချိန်ကိုသာမက အလန် ရှီးရားရဲ့ ထာဝရဂိုးသွင်းစံချိန်ကိုပါ ကျော်ဖြတ်လိမ့်မယ်လို့ ချီးကျူးထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ကစားရမယ့္ မြန္ခ်န္ဂလာဘက္ခ်္နဲ႔ အေဝးကြင္းပြဲစဥ္မွာ စံခ်ိန္သစ္ တစ္ရပ္ကို ရယူႏိုင္ဖြယ္ရွိေနၿပီး ဒီပြဲကို အႏိုင္ရရွိမယ္ဆိုရင္ ႏွစ္သစ္ကူးခ်ိန္ကစၿပီး ဆက္တိုက္အႏိုင္ရရွိမႈ ၁၂ ပြဲနဲ႔ ၂၀၁၇ ခုႏွစ္က သူတို႔ရဲ႕ စံခ်ိန္ကိုပဲ ထပ္မံခ်ိဳးဖ်က္ႏိုင္ဖြယ္ရွိေန။

ဘိုခ်န္နဲ႔ ႏုရင္ဘတ္အသင္းေတြကို ကိုင္တြယ္ခဲ့ဖူးတဲ့ နည္းျပေဟာင္း မီရွာေအးလ္ အြန္းနင္းက ေဒါ့မြန္မွာတုန္းက အစ္လ္ေက ဂြန္ဒိုးဝမ္ရဲ႕ အေကာင္းဆုံးေနရာအတြက္ ယာဂန္ ကေလာ့ပ္နဲ႔ မၾကာခဏ အျငင္းပြားခဲ့ဖူးေၾကာင္းနဲ႔ သူက နံပါတ္ ၁၀ လို႔ ျမင္ခဲ့ခ်ိန္မွာ ကေလာ့ပ္က ကြင္းလယ္အဖ်က္အျဖစ္ သုံးစြဲခဲ့တာျဖစ္ၿပီး လက္ရွိမန္စီးတီးမွာ ေျခစြမ္းျပေနတာအတြက္ မအံ့ၾသမိေၾကာင္းဆို။


ေျခစြမ္းျပေနခဲ့တဲ့ ကြင္းလယ္လူ ဆားဘီးယားလူငယ္ကြင္းလယ္လူ အီဗန္ အီလစ္ခ်္အတြက္ မန္ခ်က္စတာစီးတီးတို႔ ကတုံးေပၚ ထိပ္ကြက္ခံရမယ့္ ကိန္းဆိုက္ၿပီး ရာသီကုန္မွာ ယူ႐ို ၁၂ သန္းနဲ႔ ဝယ္ယူႏိုင္ခြင့္ကို သေဘာတူညီမႈကို စီးရီးေအကလပ္ ဗီ႐ိုနာအသင္းက အသုံးခ်ဖို႔ ႀကိဳးစားေနၿပီး ေအာင္ျမင္ခဲ့ရင္ ယူ႐ို ၂၄ သန္း Buy Back Clause နဲ႔မွ ျပန္လည္ေခၚယူႏိုင္ဖြယ္ရွိေန။


ဟန္ေဂရီႏိုင္ငံ၊ ဘူဒါပက္စ္ၿမိဳ႕က အေဝးကြင္းမွာ မြန္ခ်န္ဂလာဘက္ခ်္ကို ရင္ဆိုင္ရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္မွာ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ဖီးလ္ ဖိုဒန္တို႔ကို အတူတကြ ပြဲထုတ္သုံးစြဲလာႏိုင္ၿပီး ဒဏ္ရာကေန အာဆင္နယ္နဲ႔ပြဲမွာမွ ျပန္ကစားႏိုင္သူတစ္ဦးျဖစ္တဲ့ ဂြန္ဒိုးဝမ္ကိုေတာ့ အရန္ခုံမွာ အနားေပးသြားဖြယ္ရွိေန။


မန္ခ်က္စတာစီးတီးအသင္းရဲ႕ အာဆင္နယ္နဲ႔ပြဲက အႏိုင္ဂိုးကို ေခါင္းတိုက္သြင္းယူေပးခဲ့တဲ့ ေတာင္ပံကစားသမား ရာဟင္မ္း စတာလင္အေနနဲ႔ လီဗာပူးလ္ကေန ေျပာင္းေ႐ႊ႕လာခဲ့တာဟာ ေကာင္းမြန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ၿပီး နည္းျပ ဂြါဒီယိုလာရဲ႕ အေရာင္တင္ေပးႏိုင္စြမ္းက သူ႔ကို ျပည့္စုံတဲ့ ကစားသမားျဖစ္ေစတယ္လို႔ ဒတ္ခ်္လက္ေ႐ြးစင္ေဟာင္း ဂ်ီယိုဗန္နီ ဗန္ဘ႐ြန္ေခါ့စ္ သုံးသပ္။


ပရီးမီးယားလိဂ္ကို ၁၀ မွတ္ျဖတ္ၿပီး ဦးေဆာင္ေနသလို ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကိုလည္း ၆ ပြဲစလုံး အႏိုင္ယူၿပီး ေက်ာ္ျဖတ္ထားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လက္ရွိ အရွိန္အဟုန္ကို ဆက္လက္ထိန္းသိမ္းထားႏိုင္ရင္ ဂြါဒီယိုလာရဲ႕ တစ္ခုတည္းေသာ လိုအပ္ခ်က္ျဖစ္ေနတဲ့ ဆုဖလားကို ရယူႏိုင္လိမ့္မယ္လို႔ မီကာ ရစ္ခ်တ္စ္ ခန႔္မွန္း။

အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့ဖူးေၾကာင္း မန္စီးတီးေတာင္ပံကစားသမား ရီယက္ မာရက္ဇ္က ဝန္ခံလိုက္ၿပီး သူ႔အေနနဲ႔ ၂၀၁၅ ခုႏွစ္မွာ လက္စတာတို႔ ပရီးမီးယားလိဂ္ကို ဗိုလ္စြဲၿပီးကတည္းက ထြက္ခြာဖို႔ ႀကိဳးစားခဲ့ေပမယ့္ ခြင့္မျပဳခဲ့လို႔ ႏွစ္ႏွစ္ေလာက္ အခ်ိန္ေတြ အလဟႆျဖစ္ခဲ့ရတယ္လို႔ ထုတ္ေဖာ္သြားခဲ့။

လီဗာပူးလ္အသင္းရဲ႕ ဘယ္ေတာင္ပံတိုက္စစ္မႉး ဆာဒီယို မာေနးက ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို မန္ခ်က္စတာစီးတီးအသင္းဆီ ရႈံးနိမ့္သြားခဲ့ရၿပီျဖစ္ေၾကာင္း ဝန္ခံလိုက္ၿပီး သူတို႔အတြက္ လက္ေတြ႕က်တဲ့ ရည္မွန္းခ်က္က ခ်န္ပီယံလိဂ္ဝင္ခြင့္ရႏိုင္ဖို႔သာျဖစ္ေၾကာင္း ဝန္ခံသြားခဲ့။

မန္ခ်က္စတာစီးတီးအသင္းကို အာလင္း ဟားလန္း ေရာက္ဖို႔ မ်ားေနတယ္လို႔ အာဆင္နယ္တိုက္စစ္မႉးေဟာင္းႀကီး အီယန္႐ိုက္က တစ္ေပးလိုက္ၿပီး ေနာ္ေဝတိုက္စစ္မႉးအေနနဲ႔ သူ႔ရဲ႕ ဂိုးသြင္းစံခ်ိန္ကိုသာမက အလန္ ရွီးရားရဲ႕ ထာဝရဂိုးသြင္းစံခ်ိန္ကိုပါ ေက်ာ္ျဖတ္လိမ့္မယ္လို႔ ခ်ီးက်ဴးထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.