Premier League

24 Feb ညဦးပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ရဲ့ ပေါင်ခြံဒဏ်ရာအတွက် ဆေးစစ်ချက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ခွဲစိတ်ကုသဖို့ လိုအပ်နေသလို အနည်းဆုံး ၄-၆ ပတ်ကနေ အများဆုံး ၁၂ ပတ်အထိ မြက်ခင်းစိမ်းတွေကနေ ဝေးကွာရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရ။

လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ သူတို့ရဲ့ တန်းဆင်းအသင်းတွေဆီကနေ အချိုအချောင် ရှာဖွေတတ်တဲ့ ပုံစံမျိုးကို ထပ်မံ လုပ်ဆောင်သွားနိုင်ပြီး ရောဘတ်ဆန်၊ ဗိုင်နယ်လ်ဒွမ်၊ ရှာကျီရီတို့ကို ခေါ်ယူခဲ့သလိုမျိုးပဲ ဒီရာသီမှာ တန်းဆင်းနိုင်တဲ့ ရှက်ဖီးလ်ဒ် ယူနိုက်တက်ကွင်းလယ်လူ ဆန်ဒါ ဘာဂါကို အလိုရှိနေ။

နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်နဲ့ လက်ရှိအချိန်အထိ ဒဏ်ရာတွေနောက်ပိုင်းမှာ ခြေစွမ်းမပြနိုင်တော့တဲ့ အဲလက်စ် ချိမ်ဘာလိန်တို့ နေရာတွေမှာ အစားထိုးနိုင်ဖို့ စီးရီးအေကလပ် အူဒီးနီးစ်ရဲ့ အာဂျင်တီးနားကွင်းလယ် ကစားသမား ရိုဒရီဂို ဒီပေါလ်ကို စောင့်ကြည့်နေ။

၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်မယ့် အားကစားလောကရဲ့ ဂုဏ်သိက္ခာအမြင့်မားဆုံး ဆုတစ်ဆုဖြစ်တဲ့ လော်ရီးယပ်စ်ဆုရဲ့ အကောင်းဆုံး အသင်းဆုကို လီဗာပူးလ်အသင်းအနေနဲ့ ဖော်မြူလာဝမ်းမှာ ၇ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့တဲ့ မာဆေးဒီးစ်-AMG-ပက်ထရိုးနပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေ။

လီဗာပူးလ်အသင်းရဲ့ ဒီရာသီ ကြီးမားတဲ့ အားနည်းချက်ဟာ ဆာလားနဲ့ မာနေးတို့ကို မှီခိုနေရတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ တာဝန်ကို ဖာမီနိုက ခွဲဝေမယူနိုင်တာဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်လွှတ်ရစေနိုင်ပြီး အာလင်း ဟားလန်းကို ရမှသာ သူတို့အနေနဲ့ ဒါကို ပြန်ပြီး စိန်ခေါ်နိုင်မယ်လို့ ပီတာ ခရောက်ချ် သုံးသပ်။

မက်ဆီ၊ ရော်နယ်လ်ဒိုနဲ့ အီဘရာဟီမိုဗစ်ချ်တို့နေရာကို အကောင်းဆုံး ဆက်ခံနိုင်မယ့်သူဟာ သူ့ရဲ့ ကစားသမား အာလင်း ဟားလန်းပဲ ဖြစ်တယ်လို့ အေးဂျင့် မီနို ရိုင်ယိုလာက ပြောကြားလိုက်ပြီး သူ့ကို လိုချင်နေတဲ့ အင်္ဂလန်ကလပ်အသင်းတွေက လီဗာပူးလ် အပါအဝင် လေးသင်းရှိတယ်လို့ ထုတ်ဖော်သွားခဲ့။

– ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ နွေရာသီလမ်းခွဲက ဖြစ်နိုင်ခြေ နှစ်ဆအထိ မြင့်တက်လာခဲ့ပြီး ဇနီးဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကိုလည်း စောင့်ကြည့်ရဖို့ ရှိနေ။

မယ့် နွေရာသီမှာ ချာဒန် ရှာကျီရီ၊ အဲလက်စ် အောက်ဇလိတ်-ချိမ်ဘာလိန်နဲ့ ဒီဗော့ခ် အိုရီဂီတို့ကို ရောင်းထုတ်ပစ်ပြီး အသင်းအတွက် ဂိုးတွေ သွင်းယူပေးနိုင်မယ့် နံပါတ် ၉ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ လီဗာပူးလ်ဂျာနယ်လစ် ဂျိမ်းစ် ပီးယားစ်က တိုက်တွန်းလိုက်ပြီး ဆီဗီလာတိုက်စစ်မှူး ယူဆက်ဖ် အန်နက်ဆီရီနဲ့လည်း အသံထွက်လာ။

လီဗာပူးလ်အသင်းရဲ့ ဘယ်တောင်ပံတိုက်စစ်မှူး ဆာဒီယို မာနေးက ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို မန်ချက်စတာစီးတီးအသင်းဆီ ရှုံးနိမ့်သွားခဲ့ရပြီဖြစ်ကြောင်း ဝန်ခံလိုက်ပြီး သူတို့အတွက် လက်တွေ့ကျတဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ဖို့သာဖြစ်ကြောင်း ဝန်ခံသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ရဲ႕ ေပါင္ၿခံဒဏ္ရာအတြက္ ေဆးစစ္ခ်က္ ထြက္ေပၚလာခဲ့ၿပီျဖစ္ၿပီး ခြဲစိတ္ကုသဖို႔ လိုအပ္ေနသလို အနည္းဆုံး ၄-၆ ပတ္ကေန အမ်ားဆုံး ၁၂ ပတ္အထိ ျမက္ခင္းစိမ္းေတြကေန ေဝးကြာရမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရ။

လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ သူတို႔ရဲ႕ တန္းဆင္းအသင္းေတြဆီကေန အခ်ိဳအေခ်ာင္ ရွာေဖြတတ္တဲ့ ပုံစံမ်ိဳးကို ထပ္မံ လုပ္ေဆာင္သြားႏိုင္ၿပီး ေရာဘတ္ဆန္၊ ဗိုင္နယ္လ္ဒြမ္၊ ရွာက်ီရီတို႔ကို ေခၚယူခဲ့သလိုမ်ိဳးပဲ ဒီရာသီမွာ တန္းဆင္းႏိုင္တဲ့ ရွက္ဖီးလ္ဒ္ ယူႏိုက္တက္ကြင္းလယ္လူ ဆန္ဒါ ဘာဂါကို အလိုရွိေန။

ေႏြရာသီမွာ အသင္းကေန ထြက္ခြာေတာ့မယ့္ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္နဲ႔ လက္ရွိအခ်ိန္အထိ ဒဏ္ရာေတြေနာက္ပိုင္းမွာ ေျခစြမ္းမျပႏိုင္ေတာ့တဲ့ အဲလက္စ္ ခ်ိမ္ဘာလိန္တို႔ ေနရာေတြမွာ အစားထိုးႏိုင္ဖို႔ စီးရီးေအကလပ္ အူဒီးနီးစ္ရဲ႕ အာဂ်င္တီးနားကြင္းလယ္ ကစားသမား ႐ိုဒရီဂို ဒီေပါလ္ကို ေစာင့္ၾကည့္ေန။

၂၀၂၁ ခုႏွစ္အတြက္ ခ်ီးျမႇင့္မယ့္ အားကစားေလာကရဲ႕ ဂုဏ္သိကၡာအျမင့္မားဆုံး ဆုတစ္ဆုျဖစ္တဲ့ ေလာ္ရီးယပ္စ္ဆုရဲ႕ အေကာင္းဆုံး အသင္းဆုကို လီဗာပူးလ္အသင္းအေနနဲ႔ ေဖာ္ျမဴလာဝမ္းမွာ ၇ ႏွစ္ဆက္တိုက္ ဗိုလ္စြဲခဲ့တဲ့ မာေဆးဒီးစ္-AMG-ပက္ထ႐ိုးနပ္စ္အသင္းနဲ႔ ယွဥ္ၿပိဳင္ရဖို႔ရွိေန။

လီဗာပူးလ္အသင္းရဲ႕ ဒီရာသီ ႀကီးမားတဲ့ အားနည္းခ်က္ဟာ ဆာလားနဲ႔ မာေနးတို႔ကို မွီခိုေနရတာျဖစ္ၿပီး သူတို႔ႏွစ္ဦးရဲ႕ တာဝန္ကို ဖာမီႏိုက ခြဲေဝမယူႏိုင္တာဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို လက္လႊတ္ရေစႏိုင္ၿပီး အာလင္း ဟားလန္းကို ရမွသာ သူတို႔အေနနဲ႔ ဒါကို ျပန္ၿပီး စိန္ေခၚႏိုင္မယ္လို႔ ပီတာ ခေရာက္ခ်္ သုံးသပ္။

မက္ဆီ၊ ေရာ္နယ္လ္ဒိုနဲ႔ အီဘရာဟီမိုဗစ္ခ်္တို႔ေနရာကို အေကာင္းဆုံး ဆက္ခံႏိုင္မယ့္သူဟာ သူ႔ရဲ႕ ကစားသမား အာလင္း ဟားလန္းပဲ ျဖစ္တယ္လို႔ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာက ေျပာၾကားလိုက္ၿပီး သူ႔ကို လိုခ်င္ေနတဲ့ အဂၤလန္ကလပ္အသင္းေတြက လီဗာပူးလ္ အပါအဝင္ ေလးသင္းရွိတယ္လို႔ ထုတ္ေဖာ္သြားခဲ့။

– ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ ဂ်ာမနီလက္ေ႐ြးစင္အသင္းကို ကိုင္တြယ္မယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့တဲ့ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ေႏြရာသီလမ္းခြဲက ျဖစ္ႏိုင္ေျခ ႏွစ္ဆအထိ ျမင့္တက္လာခဲ့ၿပီး ဇနီးျဖစ္သူရဲ႕ ဆုံးျဖတ္ခ်က္ကိုလည္း ေစာင့္ၾကည့္ရဖို႔ ရွိေန။

– လာမယ့္ ေႏြရာသီမွာ ခ်ာဒန္ ရွာက်ီရီ၊ အဲလက္စ္ ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္နဲ႔ ဒီေဗာ့ခ္ အိုရီဂီတို႔ကို ေရာင္းထုတ္ပစ္ၿပီး အသင္းအတြက္ ဂိုးေတြ သြင္းယူေပးႏိုင္မယ့္ နံပါတ္ ၉ တိုက္စစ္မႉးတစ္ဦးကို ေခၚယူဖို႔ လီဗာပူးလ္ဂ်ာနယ္လစ္ ဂ်ိမ္းစ္ ပီးယားစ္က တိုက္တြန္းလိုက္ၿပီး ဆီဗီလာတိုက္စစ္မႉး ယူဆက္ဖ္ အန္နက္ဆီရီနဲ႔လည္း အသံထြက္လာ။

လီဗာပူးလ္အသင္းရဲ႕ ဘယ္ေတာင္ပံတိုက္စစ္မႉး ဆာဒီယို မာေနးက ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို မန္ခ်က္စတာစီးတီးအသင္းဆီ ရႈံးနိမ့္သြားခဲ့ရၿပီျဖစ္ေၾကာင္း ဝန္ခံလိုက္ၿပီး သူတို႔အတြက္ လက္ေတြ႕က်တဲ့ ရည္မွန္းခ်က္က ခ်န္ပီယံလိဂ္ဝင္ခြင့္ရႏိုင္ဖို႔သာျဖစ္ေၾကာင္း ဝန္ခံသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z