Match Report

ပရိသတ္အားလုံး အစိုးရိမ္ဆုံးျဖစ္ခဲ့တဲ့သူရဲ႕ အမွားနဲ႔ပဲ လီဗာပူးလ္တုိ႔ ေနာက္တစ္ဆင့္နဲ႔ ေဝးကြာခဲ့

လီဗာပူးလ္အသင္းအတြက္ အက္သလက္တီကို မက္ဒရစ္နဲ႔ ပြဲစဥ္ႏွစ္ေက်ာ့ၾကားမွာ ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတဲ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ပါဝင္လာမယ့္ပြဲအတြက္ အိမ္ကြင္းမွာ ရလဒ္ေကာင္းေကာင္းနဲ႔ ေက်ာ္ျဖတ္ဖို႔ ပြဲမစခင္ ေမွ်ာ္လင့္ခ်က္ေတြဟာ အားလုံးအေၾကာက္ဆုံးနဲ႔ သံသယအဝင္ဆုံး ကစားသမားတစ္ေယာက္ျဖစ္တဲ့ ဂိုးသမား အက္ဒရီယန္ေၾကာင့္ အဆုံးသတ္သြားခဲ့ရၿပီပဲျဖစ္ပါတယ္။

ဟန္ဒါဆန္ပါဝင္လာခဲ့ၿပီး ဂိုးသမား အယ္လီဆန္တစ္ေယာက္သာ ဒဏ္ရာေၾကာင့္ မကစားႏိုင္ခဲ့တဲ့ ပြဲစဥ္မွာ လီဗာပူးလ္တို႔ ကစားကြက္မိမိနဲ႔ ဖိကစားခဲ့ၿပီး အက္သလက္တီကိုတို႔ ျပန္လည္ယွဥ္ၿပိဳင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ခံစစ္သာ ကစားခဲ့ရၿပီး အႀကိမ္ႀကိမ္ထိုးေဖာက္ဂိုးသြင္းမႈေတြကို ဂိုးသမား ေအာ့ဘလက္ခ္ လက္မလည္ေအာင္ ကာကြယ္ေနခဲ့ရပါတယ္။

လီဗာပူးလ္တို႔ရဲ႕ အႀကိမ္ႀကိမ္တိုက္စစ္ဆင္မႈေတြနဲ႔ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြက တစ္ဖက္သတ္ဆန္ခဲ့ၿပီး ဆာလားရဲ႕ အဆုံးသတ္ပိုင္းေတြမွာ လိုအပ္ခ်က္မ်ားေနခဲ့လို႔ ဂိုးမရခဲ့ေပမယ့္ ပြဲခ်ိန္ ၄၃ မိနစ္မွာ ဘာစီလိုနာကို ေခ်ပဂိုးသြင္းယူခဲ့တဲ့ ဗိန္နယ္လ္ဒြမ္ရဲ႕ ေခါင္းတိုက္ဂိုးရရွိခဲ့လို႔ မႏွစ္ကလိုပဲ လုပ္ျပဦးမလားလို႔ ပရိသတ္ေတြ အားတက္ခဲ့ရပါတယ္။

ဒုတိယပိုင္းမွာေတာ့ လီဗာပူးလ္တို႔ ကစားအားအနည္းငယ္ က်ဆင္းလာခဲ့ေပမယ့္ အက္သလက္တီကိုတို႔ဘက္ကလည္း တန္ျပန္တိုက္စစ္ေတြ နည္းပါးခဲ့လို႔ ႏွစ္ေက်ာ့ေပါင္း တစ္ဂိုးစီသေရျဖစ္ေနခဲ့ၿပီး အခ်ိန္ပိုဆက္လက္ကစားရာမွာ ေရာဘတ္တို ဖာမီႏိုက ဗိန္နယ္လ္ဒြမ္ရဲ႕ ျဖတ္တင္ေဘာကို ေခါင္းတိုက္ၿပီး ျပန္ထြက္လာတာကို ညာေျခနဲ႔ ထပ္ပိတ္သြင္းယူႏိုင္ခဲ့လို႔ အသာစီးအေနအထားကို ေရာက္ရွိလာခဲ့ပါတယ္။

ဒါေပမယ့္ က်ဆင္းလာခဲ့တဲ့ ကြင္းလယ္ရဲ႕ လုပ္အားႏႈန္းနဲ႔ ဂိုးသမား အက္ဒရီယန္ရဲ႕ ေဘာလုံးရွင္းထုတ္ပုံအမွား၊ ေႏွးေကြးတဲ့ ကာကြယ္မႈေတြကေန ပြဲခ်ိန္ ၉၇ မိနစ္မွာ လူစားဝင္ကစားသမား မားကို႔စ္ ေယာ္ရန္ေတက အနိမ့္ေဘာနဲ႔ ေခ်ပဂိုးသြင္းယူခဲ့ၿပီး လီဗာပူးလ္တို႔ကို ဖိအားဝင္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၁၀၆ မိနစ္မွာလည္း တန္ျပန္တိုက္စစ္ကေနပဲ ေတာ္႐ုံဂိုးသမားေတြ ပုတ္ထုတ္ကာကြယ္ႏိုင္ေလာက္တဲ့ ကန္ခ်က္မ်ိဳးနဲ႔ ေယာ္ရန္ေတကပဲ ဂိုးဧရိယာထိပ္ကေန အကဲစမ္းခဲ့ေပမယ့္ အက္ဒရီယန္အတြက္ေတာ့ ႀကီးမားတဲ့ အခက္အခဲျဖစ္ခဲ့ၿပီး ဒီဂိုးသမားရဲ႕ ေႏွးေကြးမႈကေနပဲ ေနာက္ထပ္တစ္ဂိုး ေပးခဲ့ရပါတယ္။

လီဗာပူးလ္အတြက္ အရမ္းကို ခက္ခဲေနတဲ့ လက္က်န္ ၁၅ မိနစ္မွာေတာ့ အက္သလက္တီကိုတို႔ ပိတ္ဆို႔ကစားသြားခဲ့ၿပီး ပြဲခ်ိန္ ၁၂၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ေတြကေန လူကြၽံေထာင္ေခ်ာက္ကို လူစားဝင္တိုက္စစ္မႉး မိုရာတာက ေဖာက္ထြက္ဆြဲေျပးၿပီး ကန္သြင္းယူခဲ့ရာမွာ အက္ဒရီယန္အေနနဲ႔ လြယ္လြယ္ကူကူပဲ ဂိုးေပးခဲ့ရၿပီး ပြဲအၿပီးမွာ သုံးဂိုး-ႏွစ္ဂိုးရလဒ္ ထြက္ေပၚခဲ့ၿပီး အန္းဖီးလ္ရဲ႕ညဟာ မခမ္းနားဘဲ ၿပီးဆုံးခဲ့ရပါတယ္။

ပြဲၿပီးခ်ိန္ Wikipedia ရဲ႕ အက္ဒရီယန္အေၾကာင္း စာမ်က္ႏွာမွာေတာ့ သူဟာ အက္သလက္တီကိုအတြက္ ကစားေနတာျဖစ္တယ္လို႔ ေဒါသထြက္ေနတဲ့ ပရိသတ္ေတြက ေျပာင္းလဲခဲ့ၾကတာကိုလည္း ေတြ႕ျမင္ခဲ့ရၿပီး ဂိုးသမားကံမေကာင္းတဲ့ လီဗာပူးလ္အသင္းအတြက္ေတာ့ ၉ ရက္အတြင္း ၿပိဳင္ပြဲေတြကေန ဒုတိယအႀကိမ္ ထြက္ခြာခဲ့ရတာလည္းျဖစ္ခဲ့ပါတယ္။

ဒီပြဲကို ရႈံးနိမ့္ခဲ့လို႔ လီဗာပူးလ္တို႔ရဲ႕ ၿပိဳင္ပြဲစုံ အိမ္ကြင္းေနာက္ဆုံးရႈံးပြဲမရွိခဲ့တဲ့ စံခ်ိန္ဟာ ၄၃ ပြဲမွာ ရပ္တန႔္သြားခဲ့ၿပီး ဒီေန႔ပြဲမွာ အက္သလက္တီကိုလို ပိတ္ကစားတဲ့ အသင္းမ်ိဳးကို အိုရီဂီထက္ ပိုေကာင္းတဲ့ အေထာင္တိုက္စစ္မႉးေကာင္း နံပါတ္ ၉ စစ္စစ္တစ္ေယာက္နဲ႔ ထိုးေဖာက္ႏိုင္ခဲ့ရင္လို႔ ေတြးမိတာလည္း အေတြးသက္သက္ပဲ ျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္ကိုပဲ ႏွစ္ ၃၀ အၾကာမွာ ျပန္လည္ရယူရမယ့္ ႀကိဳးၾကာနီတို႔အတြက္ တစ္ခုတည္းေသာ ပစ္မွတ္အျဖစ္ ႀကိဳးစားရေတာ့မွာျဖစ္ေၾကာင္း ေရးသားလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအတွက် အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲစဉ်နှစ်ကျော့ကြားမှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန် ပါဝင်လာမယ့်ပွဲအတွက် အိမ်ကွင်းမှာ ရလဒ်ကောင်းကောင်းနဲ့ ကျော်ဖြတ်ဖို့ ပွဲမစခင် မျှော်လင့်ချက်တွေဟာ အားလုံးအကြောက်ဆုံးနဲ့ သံသယအဝင်ဆုံး ကစားသမားတစ်ယောက်ဖြစ်တဲ့ ဂိုးသမား အက်ဒရီယန်ကြောင့် အဆုံးသတ်သွားခဲ့ရပြီပဲဖြစ်ပါတယ်။

ဟန်ဒါဆန်ပါဝင်လာခဲ့ပြီး ဂိုးသမား အယ်လီဆန်တစ်ယောက်သာ ဒဏ်ရာကြောင့် မကစားနိုင်ခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်တို့ ကစားကွက်မိမိနဲ့ ဖိကစားခဲ့ပြီး အက်သလက်တီကိုတို့ ပြန်လည်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ခံစစ်သာ ကစားခဲ့ရပြီး အကြိမ်ကြိမ်ထိုးဖောက်ဂိုးသွင်းမှုတွေကို ဂိုးသမား အော့ဘလက်ခ် လက်မလည်အောင် ကာကွယ်နေခဲ့ရပါတယ်။

လီဗာပူးလ်တို့ရဲ့ အကြိမ်ကြိမ်တိုက်စစ်ဆင်မှုတွေနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေက တစ်ဖက်သတ်ဆန်ခဲ့ပြီး ဆာလားရဲ့ အဆုံးသတ်ပိုင်းတွေမှာ လိုအပ်ချက်များနေခဲ့လို့ ဂိုးမရခဲ့ပေမယ့် ပွဲချိန် ၄၃ မိနစ်မှာ ဘာစီလိုနာကို ချေပဂိုးသွင်းယူခဲ့တဲ့ ဗိန်နယ်လ်ဒွမ်ရဲ့ ခေါင်းတိုက်ဂိုးရရှိခဲ့လို့ မနှစ်ကလိုပဲ လုပ်ပြဦးမလားလို့ ပရိသတ်တွေ အားတက်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တို့ ကစားအားအနည်းငယ် ကျဆင်းလာခဲ့ပေမယ့် အက်သလက်တီကိုတို့ဘက်ကလည်း တန်ပြန်တိုက်စစ်တွေ နည်းပါးခဲ့လို့ နှစ်ကျော့ပေါင်း တစ်ဂိုးစီသရေဖြစ်နေခဲ့ပြီး အချိန်ပိုဆက်လက်ကစားရာမှာ ရောဘတ်တို ဖာမီနိုက ဗိန်နယ်လ်ဒွမ်ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး ပြန်ထွက်လာတာကို ညာခြေနဲ့ ထပ်ပိတ်သွင်းယူနိုင်ခဲ့လို့ အသာစီးအနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့် ကျဆင်းလာခဲ့တဲ့ ကွင်းလယ်ရဲ့ လုပ်အားနှုန်းနဲ့ ဂိုးသမား အက်ဒရီယန်ရဲ့ ဘောလုံးရှင်းထုတ်ပုံအမှား၊ နှေးကွေးတဲ့ ကာကွယ်မှုတွေကနေ ပွဲချိန် ၉၇ မိနစ်မှာ လူစားဝင်ကစားသမား မားကို့စ် ယော်ရန်တေက အနိမ့်ဘောနဲ့ ချေပဂိုးသွင်းယူခဲ့ပြီး လီဗာပူးလ်တို့ကို ဖိအားဝင်စေခဲ့ပါတယ်။

ပွဲချိန် ၁၀၆ မိနစ်မှာလည်း တန်ပြန်တိုက်စစ်ကနေပဲ တော်ရုံဂိုးသမားတွေ ပုတ်ထုတ်ကာကွယ်နိုင်လောက်တဲ့ ကန်ချက်မျိုးနဲ့ ယော်ရန်တေကပဲ ဂိုးဧရိယာထိပ်ကနေ အကဲစမ်းခဲ့ပေမယ့် အက်ဒရီယန်အတွက်တော့ ကြီးမားတဲ့ အခက်အခဲဖြစ်ခဲ့ပြီး ဒီဂိုးသမားရဲ့ နှေးကွေးမှုကနေပဲ နောက်ထပ်တစ်ဂိုး ပေးခဲ့ရပါတယ်။

လီဗာပူးလ်အတွက် အရမ်းကို ခက်ခဲနေတဲ့ လက်ကျန် ၁၅ မိနစ်မှာတော့ အက်သလက်တီကိုတို့ ပိတ်ဆို့ကစားသွားခဲ့ပြီး ပွဲချိန် ၁၂၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်တွေကနေ လူကျွံထောင်ချောက်ကို လူစားဝင်တိုက်စစ်မှူး မိုရာတာက ဖောက်ထွက်ဆွဲပြေးပြီး ကန်သွင်းယူခဲ့ရာမှာ အက်ဒရီယန်အနေနဲ့ လွယ်လွယ်ကူကူပဲ ဂိုးပေးခဲ့ရပြီး ပွဲအပြီးမှာ သုံးဂိုး-နှစ်ဂိုးရလဒ် ထွက်ပေါ်ခဲ့ပြီး အန်းဖီးလ်ရဲ့ညဟာ မခမ်းနားဘဲ ပြီးဆုံးခဲ့ရပါတယ်။

ပွဲပြီးချိန် Wikipedia ရဲ့ အက်ဒရီယန်အကြောင်း စာမျက်နှာမှာတော့ သူဟာ အက်သလက်တီကိုအတွက် ကစားနေတာဖြစ်တယ်လို့ ဒေါသထွက်နေတဲ့ ပရိသတ်တွေက ပြောင်းလဲခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပြီး ဂိုးသမားကံမကောင်းတဲ့ လီဗာပူးလ်အသင်းအတွက်တော့ ၉ ရက်အတွင်း ပြိုင်ပွဲတွေကနေ ဒုတိယအကြိမ် ထွက်ခွာခဲ့ရတာလည်းဖြစ်ခဲ့ပါတယ်။

ဒီပွဲကို ရှုံးနိမ့်ခဲ့လို့ လီဗာပူးလ်တို့ရဲ့ ပြိုင်ပွဲစုံ အိမ်ကွင်းနောက်ဆုံးရှုံးပွဲမရှိခဲ့တဲ့ စံချိန်ဟာ ၄၃ ပွဲမှာ ရပ်တန့်သွားခဲ့ပြီး ဒီနေ့ပွဲမှာ အက်သလက်တီကိုလို ပိတ်ကစားတဲ့ အသင်းမျိုးကို အိုရီဂီထက် ပိုကောင်းတဲ့ အထောင်တိုက်စစ်မှူးကောင်း နံပါတ် ၉ စစ်စစ်တစ်ယောက်နဲ့ ထိုးဖောက်နိုင်ခဲ့ရင်လို့ တွေးမိတာလည်း အတွေးသက်သက်ပဲ ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ကိုပဲ နှစ် ၃၀ အကြာမှာ ပြန်လည်ရယူရမယ့် ကြိုးကြာနီတို့အတွက် တစ်ခုတည်းသော ပစ်မှတ်အဖြစ် ကြိုးစားရတော့မှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.