UCL&UEL

လီဗာပူးလ္အတြက္ ကားရီးယပ္စ္ၿပီးေတာ့ အက္ဒရီယန္လို႔ ခရစၥ ဆတ္တန္ ေဝဖန္သြားခဲ့

လီဗာပူးလ္အသင္းအတြက္ ခ်န္ပီယံလိဂ္ဟာ ဂိုးသမားေတြနဲ႔ ကံမစပ္ခဲ့ဘဲ ၿပီးခဲ့တဲ့ ႏွစ္က အယ္လီဆန္ ဘက္ကာကို တည္တည္ၿငိမ္ၿငိမ္ အသုံးျပဳႏုိင္ခဲ့တာကလြဲလို႔ ၂၀၁၈ ဖိုင္နယ္မွာ လိုရစ္ ကားရီးယပ္စ္လို အမွားလုပ္ခဲ့သလိုမ်ဳိးပဲ ေနာက္ထပ္တစ္ေယာက္ ထပ္လာခဲ့ျပန္ၿပီလို႔ ဂိုးသမား အက္ဒရီယန္ရဲ႕ အမွားေတြကို တိုက္စစ္မွဴးေဟာင္း ခရစၥ ဆတ္တန္က ေဝဖန္သြားခဲ့ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းအေနနဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းကို အိမ္ကြင္းမွာ မိနစ္ကိုးဆယ္လုံးလုံး ဖိအားေပးကစားႏုိင္ခဲ့ေပမယ့္ နာက်င္အခ်ိန္ပိုအေရာက္မွာေတာ့ အက္ဒရီယန္ရဲ႕ အမွားေတြနဲ႔အတူ ကာကြယ္မွဳေတြမွာလည္း အားနည္းခဲ့လို႔ သုံးဂိုးလက္ေဆာင္ေပးခဲ့ရၿပီး ၿပဳိင္ပြဲကေန ထြက္ခြာခဲ့ရတာပါ။

လီဗာပူးလ္အသင္းအေနနဲ႔ ေဘာလုံးပုိင္ဆုိင္မွဳအမ်ားစုကို ရယူခဲ့ၿပီး ဂိုးေပါက္ကန္သြင္းခြင့္ ၃၄ ႀကိမ္ရွိခဲ့သလို ၁၁ ႀကိမ္ကို ကာကြယ္ခဲ့ရတဲ့ အက္သလက္တီကိုဂိုးသမား ေအာ့ဘလက္ကေတာ့ ႏွစ္ဂိုးပဲ ေပးခဲ့ရခ်ိန္မွာ အက္ဒရီယန္ကေတာ့ ၁၀ ႀကိမ္ကန္ခြင့္နဲ႔ ၆ ႀကိမ္ ဂိုးေပါက္အတည့္မွာ ၃ ဂိုးအထိ ေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ဆတ္တန္က ေဒးလီးေမးလ္က သူကိုယ္တုိင္ေရးသားခဲ့တဲ့ သုံးသပ္ခ်က္မွာ အက္ဒရီယန္အေနနဲ႔ အမွားအယြင္းတစ္ႀကိမ္နဲ႔အတူ ေပးလုိက္ရတဲ့ ဂိုးေတြအားလုံးကလည္း လြယ္ကူလြန္းတယ္လို႔ ကာကြယ္မွဳ အားနည္းတဲ့အေၾကာင္း ေရးသားသြားခဲ့ၿပီး လီဗာပူးလ္အသင္းအတြက္ေတာ့ ဆုိးရြားတဲ့ နာက်င္စရာ ညတစ္ညလို႔လည္း ကင္ပြန္းတပ္ခဲ့ပါတယ္။

လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ ၿပီးခဲ့ရာသီ ခ်န္ပီယံဆုရရွိစဥ္ကလုိမ်ဳိး ဘာစီလိုနာနဲ႔ပြဲမွာ လုပ္ျပခဲ့တာမ်ဳိးကို ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ရဲ႕ ေျပာစကားနဲ႔အတူ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ဂိုးသမား အယ္လီဆန္ရဲ႕ အခ်ိန္ကိုက္ ဒဏ္ရာရမွဳမွာ အက္ဒရီယန္ကေတာ့ ေက်းဇူးတင္စရာ အစားထိုးမွဳမျဖစ္ႏုိင္ခဲ့ဘဲ အသင္းအတြက္ ဒီညမွာ ဗီလိန္တစ္ဦးျဖစ္ခဲ့ရတယ္လုိ႔လည္း ေရးသားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ်ဟာ ဂိုးသမားတွေနဲ့ ကံမစပ်ခဲ့ဘဲ ပြီးခဲ့တဲ့ နှစ်က အယ်လီဆန် ဘက်ကာကို တည်တည်ငြိမ်ငြိမ် အသုံးပြုနိုင်ခဲ့တာကလွဲလို့ ၂၀၁၈ ဖိုင်နယ်မှာ လိုရစ် ကားရီးယပ်စ်လို အမှားလုပ်ခဲ့သလိုမျိုးပဲ နောက်ထပ်တစ်ယောက် ထပ်လာခဲ့ပြန်ပြီလို့ ဂိုးသမား အက်ဒရီယန်ရဲ့ အမှားတွေကို တိုက်စစ်မှူးဟောင်း ခရစ္စ ဆတ်တန်က ဝေဖန်သွားခဲ့ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းအနေနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကို အိမ်ကွင်းမှာ မိနစ်ကိုးဆယ်လုံးလုံး ဖိအားပေးကစားနိုင်ခဲ့ပေမယ့် နာကျင်အချိန်ပိုအရောက်မှာတော့ အက်ဒရီယန်ရဲ့ အမှားတွေနဲ့အတူ ကာကွယ်မှုတွေမှာလည်း အားနည်းခဲ့လို့ သုံးဂိုးလက်ဆောင်ပေးခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

လီဗာပူးလ်အသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအများစုကို ရယူခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၃၄ ကြိမ်ရှိခဲ့သလို ၁၁ ကြိမ်ကို ကာကွယ်ခဲ့ရတဲ့ အက်သလက်တီကိုဂိုးသမား အော့ဘလက်ကတော့ နှစ်ဂိုးပဲ ပေးခဲ့ရချိန်မှာ အက်ဒရီယန်ကတော့ ၁၀ ကြိမ်ကန်ခွင့်နဲ့ ၆ ကြိမ် ဂိုးပေါက်အတည့်မှာ ၃ ဂိုးအထိ ပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဆတ်တန်က ဒေးလီးမေးလ်က သူကိုယ်တိုင်ရေးသားခဲ့တဲ့ သုံးသပ်ချက်မှာ အက်ဒရီယန်အနေနဲ့ အမှားအယွင်းတစ်ကြိမ်နဲ့အတူ ပေးလိုက်ရတဲ့ ဂိုးတွေအားလုံးကလည်း လွယ်ကူလွန်းတယ်လို့ ကာကွယ်မှု အားနည်းတဲ့အကြောင်း ရေးသားသွားခဲ့ပြီး လီဗာပူးလ်အသင်းအတွက်တော့ ဆိုးရွားတဲ့ နာကျင်စရာ ညတစ်ညလို့လည်း ကင်ပွန်းတပ်ခဲ့ပါတယ်။

လီဗာပူးလ်ပရိသတ်တွေအတွက်တော့ ပြီးခဲ့ရာသီ ချန်ပီယံဆုရရှိစဉ်ကလိုမျိုး ဘာစီလိုနာနဲ့ပွဲမှာ လုပ်ပြခဲ့တာမျိုးကို နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ရဲ့ ပြောစကားနဲ့အတူ မျှော်လင့်ခဲ့ကြပေမယ့် ဂိုးသမား အယ်လီဆန်ရဲ့ အချိန်ကိုက် ဒဏ်ရာရမှုမှာ အက်ဒရီယန်ကတော့ ကျေးဇူးတင်စရာ အစားထိုးမှုမဖြစ်နိုင်ခဲ့ဘဲ အသင်းအတွက် ဒီညမှာ ဗီလိန်တစ်ဦးဖြစ်ခဲ့ရတယ်လို့လည်း ရေးသားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.