Premier League Transfer News

23 Feb ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

-လီဗာပူးလ်ဂန္တဝင်နောက်ခံကစားသမား ဂျေမီ ကာရေဂါက လီဗာပူးလ်ကို ဝေဖန်နေရတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသိအောင် ရှင်းလင်းခဲ့ပြီး ဗန်ဒိုက်ကို ဆုံးရှုံးခဲ့မှုက ရှုံးပွဲတစ်ပွဲချင်းစီအတွက် ဆင်ခြေမဟုတ်ဘဲ အထူးသဖြင့် အန်းဖီးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့။

-လီဗာပူးလ်ကြယ်ပွင့် နောက်ခံကစားသမား အလက်ဇန္ဒား အာနိုးလ်က လီဗာပူးလ်အသင်းဟာ ဆိုးရွားတဲ့ရလဒ်တွေကို ဖြစ်ပေါ်စေခဲ့တဲ့ စိတ်ကျေနပ်မှုတွေနဲ့ ထောင်ချောက်မိခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပြီး အချိန်အချို့မှာ ပြီးခဲ့တဲ့ရာသီတုန်းကလိုပဲ အနိုင်ရမယ်လို့ မျှော်မှန်းထားလုနီးပါးဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့။

-ဘောလုံးဝေဖန်သူ အန်ဒီ ဂရေးက လီဗာပူးလ်ကြယ်ပွင့်နောက်ခံကစားသမား ဗန်ဒိုက်အနေနဲ့ ယခုရာသီ မကုန်မီမှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး လူသန်ကြီးဟာ ယခုရာသီမကုန်မီ ပွဲထွက်ပါဝင်လာပြီး အားလုံးကို အံ့အားသင့်စေမှာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောကြားခဲ့။

-လီဗာပူးလ်နောက်ခံကစားသမား အန်ဒီ ရောဘတ်ဆန်ဟာ လီဗာပူးလ်အသင်း အဝတ်လဲခန်းထဲမှာ အသင်းဖော် အယ်လစ်ဆန်နဲ့ ရန်ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်သွားခဲ့ပြီး အဝတ်လဲခန်းထဲ ထိုးခဲ့ရင်တောင် ၎င်းနဲ့ အလီ ထိုးနေတာပဲဖြစ်လိမ့်မှာဖြစ်ပြီး စကားနဲ့သာ ပြောပြီး ပြီးတတ်တဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့။

-လီဗာပူးလ်အသင်းပရိသတ်တွေဟာ ပြီးခဲ့တဲ့အပတ် အန်းဖီးမှာ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ အဲဗာတန်ကြယ်ပွင့် ရစ်ချာလီဆန် အောင်ပွဲခံနေတဲ့ ဓာတ်ပုံကို liked လုပ်ခဲ့တဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဖာမီနိုကို ဒေါသထွက်ခဲ့ကြပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ နောက်ဆုံး ၁၄ ပွဲမှာ လီဗာပူးလ်အတွက် ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့။

-မန်ချက်စတာယူနိုက်တက် ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်က လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ နောက်ထပ်ဆုဖလားရယူချင်တယ်ဆိုရင် ၃ နေရာကို ပြင်ဆင်ဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပြီး ယာဂန် ကလော့ပ်ဟာ အသင်းရဲ့ယုံကြည်ချက်ကို ပြန်လည်ရှာဖွေဖို့ လိုအပ်လိမ့်မယ်လို့ ပြောကြားခဲ့။

-ဂျိမ်းစ် ပီယာ့စ်က ယခုရာသီ ရောဘတ်တို ဖာမီနိုရဲ့ ပုံမှန်မဟုတ်တဲ့ ခြေစွမ်းက လီဗာပူးလ်အသင်းအတွက် ကျောနံပါတ် ၉ ကစားသမားသစ် လိုအပ်နေတယ်ဆိုတာကို သက်သေပြသနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ၎င်းရဲ့နေရာမှာ အစားထိုးမှုလုပ်မလား သို့မဟုတ် အနားယူဖို့ အချိန်ပေးမလားဆိုတာကိုပဲ စဉ်းစားရမယ်လို့ ပြောကြားခဲ့။

-လီဗာပူးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဖြစ်တဲ့ လိုင်ယွန်ကြယ်ပွင့် မန်းဖစ် ဒီပိုင်းကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ Fichajes က ဖော်ပြခဲ့ပြီး ယခုရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒတ်ချ်ကြယ်ပွင့်ကို ခေါ်ယူမှုက အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လာမယ်လို့ ယုံကြည်ရ။

-ပေါလ် မာဆန်က ယခုရာသီကုန် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး လေးနေရာအတွက် ကြိုတင်ခန့်မှန်းမှုတွေ ပြုလုပ်ခဲ့ရာမှာ လီဗာပူးလ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ချဲလ်ဆီးအသင်းကို ကျော်ဖြတ်နိုင်မယ်လို့ ထောက်ခံအားပေးခဲ့ပြီး အဆင့် ၁ နဲ့ ၂ နေရာမှာရှိနေတဲ့ မန်စီးတီးနဲ့ ယူနိုက်တက်တို့က ရာသီကုန်တဲ့အထိ ဆက်လက်ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-လီဗာပူးလ္ဂႏၲဝင္ေနာက္ခံကစားသမား ေဂ်မီ ကာေရဂါက လီဗာပူးလ္ကို ေဝဖန္ေနရတဲ့ ရည္႐ြယ္ခ်က္ကို ရွင္းရွင္းလင္းလင္းသိေအာင္ ရွင္းလင္းခဲ့ၿပီး ဗန္ဒိုက္ကို ဆုံးရႈံးခဲ့မႈက ရႈံးပြဲတစ္ပြဲခ်င္းစီအတြက္ ဆင္ေျခမဟုတ္ဘဲ အထူးသျဖင့္ အန္းဖီးမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့။

-လီဗာပူးလ္ၾကယ္ပြင့္ ေနာက္ခံကစားသမား အလက္ဇႏၵား အာႏိုးလ္က လီဗာပူးလ္အသင္းဟာ ဆိုး႐ြားတဲ့ရလဒ္ေတြကို ျဖစ္ေပၚေစခဲ့တဲ့ စိတ္ေက်နပ္မႈေတြနဲ႔ ေထာင္ေခ်ာက္မိခဲ့တာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး အခ်ိန္အခ်ိဳ႕မွာ ၿပီးခဲ့တဲ့ရာသီတုန္းကလိုပဲ အႏိုင္ရမယ္လို႔ ေမွ်ာ္မွန္းထားလုနီးပါးျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့။

-ေဘာလုံးေဝဖန္သူ အန္ဒီ ဂေရးက လီဗာပူးလ္ၾကယ္ပြင့္ေနာက္ခံကစားသမား ဗန္ဒိုက္အေနနဲ႔ ယခုရာသီ မကုန္မီမွာ အသင္းအတြက္ ျပန္လည္ကစားေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနၿပီး လူသန္ႀကီးဟာ ယခုရာသီမကုန္မီ ပြဲထြက္ပါဝင္လာၿပီး အားလုံးကို အံ့အားသင့္ေစမွာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ ေျပာၾကားခဲ့။

-လီဗာပူးလ္ေနာက္ခံကစားသမား အန္ဒီ ေရာဘတ္ဆန္ဟာ လီဗာပူးလ္အသင္း အဝတ္လဲခန္းထဲမွာ အသင္းေဖာ္ အယ္လစ္ဆန္နဲ႔ ရန္ျဖစ္ခဲ့တယ္ဆိုတဲ့ သတင္းေတြကို ျငင္းပယ္သြားခဲ့ၿပီး အဝတ္လဲခန္းထဲ ထိုးခဲ့ရင္ေတာင္ ၎နဲ႔ အလီ ထိုးေနတာပဲျဖစ္လိမ့္မွာျဖစ္ၿပီး စကားနဲ႔သာ ေျပာၿပီး ၿပီးတတ္တဲ့သူျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-လီဗာပူးလ္အသင္းပရိသတ္ေတြဟာ ၿပီးခဲ့တဲ့အပတ္ အန္းဖီးမွာ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းေဖာ္ျဖစ္တဲ့ အဲဗာတန္ၾကယ္ပြင့္ ရစ္ခ်ာလီဆန္ ေအာင္ပြဲခံေနတဲ့ ဓာတ္ပုံကို liked လုပ္ခဲ့တဲ့ ၾကယ္ပြင့္တိုက္စစ္မႉး ဖာမီႏိုကို ေဒါသထြက္ခဲ့ၾကၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ ေနာက္ဆုံး ၁၄ ပြဲမွာ လီဗာပူးလ္အတြက္ ၁ ဂိုးသာ သြင္းယူထားႏိုင္ခဲ့။

-မန္ခ်က္စတာယူႏိုက္တက္ ဂႏၲဝင္ေနာက္ခံကစားသမား ရီယိုဖာဒီနန္က လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ေနာက္ထပ္ဆုဖလားရယူခ်င္တယ္ဆိုရင္ ၃ ေနရာကို ျပင္ဆင္ဖို႔လိုအပ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ယာဂန္ ကေလာ့ပ္ဟာ အသင္းရဲ႕ယုံၾကည္ခ်က္ကို ျပန္လည္ရွာေဖြဖို႔ လိုအပ္လိမ့္မယ္လို႔ ေျပာၾကားခဲ့။

-ဂ်ိမ္းစ္ ပီယာ့စ္က ယခုရာသီ ေရာဘတ္တို ဖာမီႏိုရဲ႕ ပုံမွန္မဟုတ္တဲ့ ေျခစြမ္းက လီဗာပူးလ္အသင္းအတြက္ ေက်ာနံပါတ္ ၉ ကစားသမားသစ္ လိုအပ္ေနတယ္ဆိုတာကို သက္ေသျပသေနတာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ၎ရဲ႕ေနရာမွာ အစားထိုးမႈလုပ္မလား သို႔မဟုတ္ အနားယူဖို႔ အခ်ိန္ေပးမလားဆိုတာကိုပဲ စဥ္းစားရမယ္လို႔ ေျပာၾကားခဲ့။

-လီဗာပူးလ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္းျဖစ္တဲ့ လိုင္ယြန္ၾကယ္ပြင့္ မန္းဖစ္ ဒီပိုင္းကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ Fichajes က ေဖာ္ျပခဲ့ၿပီး ယခုရာသီကုန္မွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဒတ္ခ်္ၾကယ္ပြင့္ကို ေခၚယူမႈက အလြန္ေကာင္းမြန္တဲ့ ေခၚယူမႈျဖစ္လာမယ္လို႔ ယုံၾကည္ရ။

-ေပါလ္ မာဆန္က ယခုရာသီကုန္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံး ေလးေနရာအတြက္ ႀကိဳတင္ခန႔္မွန္းမႈေတြ ျပဳလုပ္ခဲ့ရာမွာ လီဗာပူးလ္အသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအတြက္ ခ်ဲလ္ဆီးအသင္းကို ေက်ာ္ျဖတ္ႏိုင္မယ္လို႔ ေထာက္ခံအားေပးခဲ့ၿပီး အဆင့္ ၁ နဲ႔ ၂ ေနရာမွာရွိေနတဲ့ မန္စီးတီးနဲ႔ ယူႏိုက္တက္တို႔က ရာသီကုန္တဲ့အထိ ဆက္လက္ရပ္တည္သြားႏိုင္မယ္လို႔ ယုံၾကည္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.