Premier League

ဖာနန်ဒက်စ်က ချဲလ်ဆီးဂန္တဝင် လမ်းပတ်ထက် ကြမ်းတယ်လို့ ဂုဏ်ဆာနေကြတဲ့ ယူနိုက်တက်ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ချဲလ်ဆီးအသင်းမှာ လမ်းပတ် ကစားခဲ့တဲ့ ကာလတုန်းကထက် ဘရူနို ဖာနန်ဒက်စ်ဟာ ပိုမိုကောင်းမွန်တဲ့ ကွင်းလယ်ကစားသမားဆိုတာကို ငြင်းခုံဖို့အတွက် တွန့်ဆုတ်ခြင်းမရှိခဲ့ကြပါဘူး။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာ စပို့တင်းလစ္စဘွန်းကနေ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက မန်ချက်စတာယူနိုက်တက်ရဲ့အောင်မြင်မှုမှာ အဓိကကျတဲ့ ကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ရဲ့ တောက်ပတဲ့ခြေစွမ်းဟာ ယခုရာသီအထိ ဆက်လက်မြင်တွေ့နေရတာဖြစ်ပြီး ၃၇ ပွဲမှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ အထင်ကြီးဖွယ်စွမ်းဆောင်ပြထားတာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ရဲ့ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းဟာ ဖရန့် လမ်းပတ်ရဲ့ ကွင်းလယ်ကစားသမားတစ်ဦးအနေနဲ့ ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူထားတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခြေရှိနေတာဖြစ်ပြီး ချဲလ်ဆီးဂန္တဝင် လမ်းပတ်ဟာ ၂၀၀၉-၂၀၁၀ ရာသီမှာ ၃၆ ပွဲကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ လက်ရှိရာသီမှာတော့ ၂၅ ပွဲ ပါဝင်ကစားပေးထားပြီး သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ရရှိထားပြီးဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟာ ဖရန့် လမ်းပတ်ရဲ့စံချိန်ကို မမီသေးပေမယ့်လည်း ယူနိုက်တက်ပရိသတ်တွေက ဖာနန်ဒက်စ်ရဲ့ ကွင်းလယ်မှာ လွှမ်းမိုးနိုင်စွမ်းနဲ့ပတ်သက်ပြီး ချီးကျူးပြောဆိုမှုတွေကို ရပ်တန့်လို့ မရနိုင်ဖြစ်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ တွစ်တာ လူမှုကွန်ရက်မှာ ဖာနန်ဒက်စ်ဟာ လမ်းပတ်ထက်ပိုကောင်းတဲ့ ကွင်းလယ်ဂိုးသွင်းရှင်ဖြစ်တယ်ဆိုတဲ့အချက်ကို ငြင်းခုံနေကြတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ လမ်းပတ်ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ဂန္တဝင်ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ဘောလုံးသမိုင်းတလျှောက်မှာ စတီဗင်ဂျရတ်၊ ပေါလ် စခိုးတို့နဲ့အတူ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ခ်ဲလ္ဆီးအသင္းမွာ လမ္းပတ္ ကစားခဲ့တဲ့ ကာလတုန္းကထက္ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ပိုမိုေကာင္းမြန္တဲ့ ကြင္းလယ္ကစားသမားဆိုတာကို ျငင္းခုံဖို႔အတြက္ တြန႔္ဆုတ္ျခင္းမရွိခဲ့ၾကပါဘူး။

အသက္ ၂၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီမွာ စပို႔တင္းလစၥဘြန္းကေန ေပါင္ ၄၇ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ေအာင္ျမင္မႈမွာ အဓိကက်တဲ့ ကစားသမားျဖစ္လာခဲ့သူျဖစ္ပါတယ္။ ေပၚတူဂီလက္ေ႐ြးစင္ၾကယ္ပြင့္ရဲ႕ ေတာက္ပတဲ့ေျခစြမ္းဟာ ယခုရာသီအထိ ဆက္လက္ျမင္ေတြ႕ေနရတာျဖစ္ၿပီး ၃၇ ပြဲမွာ သြင္းဂိုး ၂၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္အထိ အထင္ႀကီးဖြယ္စြမ္းေဆာင္ျပထားတာျဖစ္ပါတယ္။

ဖာနန္ဒက္စ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းဟာ ဖရန႔္ လမ္းပတ္ရဲ႕ ကြင္းလယ္ကစားသမားတစ္ဦးအေနနဲ႔ ပရီးမီးယားလိဂ္တစ္ရာသီအတြင္း ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ေျခရွိေနတာျဖစ္ၿပီး ခ်ဲလ္ဆီးဂႏၲဝင္ လမ္းပတ္ဟာ ၂၀၀၉-၂၀၁၀ ရာသီမွာ ၃၆ ပြဲကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ လက္ရွိရာသီမွာေတာ့ ၂၅ ပြဲ ပါဝင္ကစားေပးထားၿပီး သြင္းဂိုး ၁၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္အထိ ရရွိထားၿပီးျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ဟာ ဖရန႔္ လမ္းပတ္ရဲ႕စံခ်ိန္ကို မမီေသးေပမယ့္လည္း ယူႏိုက္တက္ပရိသတ္ေတြက ဖာနန္ဒက္စ္ရဲ႕ ကြင္းလယ္မွာ လႊမ္းမိုးႏိုင္စြမ္းနဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးေျပာဆိုမႈေတြကို ရပ္တန႔္လို႔ မရႏိုင္ျဖစ္ေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ တြစ္တာ လူမႈကြန္ရက္မွာ ဖာနန္ဒက္စ္ဟာ လမ္းပတ္ထက္ပိုေကာင္းတဲ့ ကြင္းလယ္ဂိုးသြင္းရွင္ျဖစ္တယ္ဆိုတဲ့အခ်က္ကို ျငင္းခုံေနၾကတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ လမ္းပတ္ဟာ စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ဂႏၲဝင္ကစားသမားဘဝကို ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီး ေဘာလုံးသမိုင္းတေလွ်ာက္မွာ စတီဗင္ဂ်ရတ္၊ ေပါလ္ စခိုးတို႔နဲ႔အတူ အေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံခဲ့ရသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.