Premier League

ညဦးပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ရဲ့ ပေါင်ခြံဒဏ်ရာအတွက် ဆေးစစ်ချက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ခွဲစိတ်ကုသဖို့ လိုအပ်နေသလို အနည်းဆုံး ၄-၆ ပတ်ကနေ အများဆုံး ၁၂ ပတ်အထိ မြက်ခင်းစိမ်းတွေကနေ ဝေးကွာရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရ။

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ သူတို့ရဲ့ တန်းဆင်းအသင်းတွေဆီကနေ အချိုအချောင် ရှာဖွေတတ်တဲ့ ပုံစံမျိုးကို ထပ်မံ လုပ်ဆောင်သွားနိုင်ပြီး ရောဘတ်ဆန်၊ ဗိုင်နယ်လ်ဒွမ်၊ ရှာကျီရီတို့ကို ခေါ်ယူခဲ့သလိုမျိုးပဲ ဒီရာသီမှာ တန်းဆင်းနိုင်တဲ့ ရှက်ဖီးလ်ဒ် ယူနိုက်တက်ကွင်းလယ်လူ ဆန်ဒါ ဘာဂါကို အလိုရှိနေ။

– နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်နဲ့ လက်ရှိအချိန်အထိ ဒဏ်ရာတွေနောက်ပိုင်းမှာ ခြေစွမ်းမပြနိုင်တော့တဲ့ အဲလက်စ် ချိမ်ဘာလိန်တို့ နေရာတွေမှာ အစားထိုးနိုင်ဖို့ စီးရီးအေကလပ် အူဒီးနီးစ်ရဲ့ အာဂျင်တီးနားကွင်းလယ် ကစားသမား ရိုဒရီဂို ဒီပေါလ်ကို စောင့်ကြည့်နေ။

– ၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်မယ့် အားကစားလောကရဲ့ ဂုဏ်သိက္ခာအမြင့်မားဆုံး ဆုတစ်ဆုဖြစ်တဲ့ လော်ရီးယပ်စ်ဆုရဲ့ အကောင်းဆုံး အသင်းဆုကို လီဗာပူးလ်အသင်းအနေနဲ့ ဖော်မြူလာဝမ်းမှာ ၇ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့တဲ့ မာဆေးဒီးစ်-AMG-ပက်ထရိုးနပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေ။

– လီဗာပူးလ်အသင်းရဲ့ ဒီရာသီ ကြီးမားတဲ့ အားနည်းချက်ဟာ ဆာလားနဲ့ မာနေးတို့ကို မှီခိုနေရတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ တာဝန်ကို ဖာမီနိုက ခွဲဝေမယူနိုင်တာဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်လွှတ်ရစေနိုင်ပြီး အာလင်း ဟားလန်းကို ရမှသာ သူတို့အနေနဲ့ ဒါကို ပြန်ပြီး စိန်ခေါ်နိုင်မယ်လို့ ပီတာ ခရောက်ချ် သုံးသပ်။

– မက်ဆီ၊ ရော်နယ်လ်ဒိုနဲ့ အီဘရာဟီမိုဗစ်ချ်တို့နေရာကို အကောင်းဆုံး ဆက်ခံနိုင်မယ့်သူဟာ သူ့ရဲ့ ကစားသမား အာလင်း ဟားလန်းပဲ ဖြစ်တယ်လို့ အေးဂျင့် မီနို ရိုင်ယိုလာက ပြောကြားလိုက်ပြီး သူ့ကို လိုချင်နေတဲ့ အင်္ဂလန်ကလပ်အသင်းတွေက လီဗာပူးလ် အပါအဝင် လေးသင်းရှိတယ်လို့ ထုတ်ဖော်သွားခဲ့။

– ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ နွေရာသီလမ်းခွဲက ဖြစ်နိုင်ခြေ နှစ်ဆအထိ မြင့်တက်လာခဲ့ပြီး ဇနီးဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကိုလည်း စောင့်ကြည့်ရဖို့ ရှိနေ။

– လာမယ့် နွေရာသီမှာ ချာဒန် ရှာကျီရီ၊ အဲလက်စ် အောက်ဇလိတ်-ချိမ်ဘာလိန်နဲ့ ဒီဗော့ခ် အိုရီဂီတို့ကို ရောင်းထုတ်ပစ်ပြီး အသင်းအတွက် ဂိုးတွေ သွင်းယူပေးနိုင်မယ့် နံပါတ် ၉ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ လီဗာပူးလ်ဂျာနယ်လစ် ဂျိမ်းစ် ပီးယားစ်က တိုက်တွန်းလိုက်ပြီး ဆီဗီလာတိုက်စစ်မှူး ယူဆက်ဖ် အန်နက်ဆီရီနဲ့လည်း အသံထွက်လာ။

– လီဗာပူးလ်အသင်းရဲ့ ဘယ်တောင်ပံတိုက်စစ်မှူး ဆာဒီယို မာနေးက ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို မန်ချက်စတာစီးတီးအသင်းဆီ ရှုံးနိမ့်သွားခဲ့ရပြီဖြစ်ကြောင်း ဝန်ခံလိုက်ပြီး သူတို့အတွက် လက်တွေ့ကျတဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ဖို့သာဖြစ်ကြောင်း ဝန်ခံသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z