Match Report Premier League

အိမ်ကွင်းမှာ နိုင်ပွဲရယူပြီး ဒုတိယနေရာကို ဆက်လက်ထိန်းသိမ်းခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နယူးကာဆယ်လ်ကို သူတို့ရဲ့ အကောင်းဆုံးလူစာရင်းနဲ့ပဲ ယှဉ်ပြိုင်ခဲ့ပြီး ခြေစွမ်းပြန်တက်နေတဲ့ ဒန်နီယယ်လ် ဂျိမ်းစ်ကို ဆက်လက်သုံးစွဲခဲ့သလို ဒဏ်ရာရှိနေတဲ့ ကာဗာနီရဲ့ နေရာမှာတော့ မာစီယယ်လ်ကို ထည့်သွင်းပြီး ပွဲထွက်လာခဲ့ပါတယ်။

ယူနိုက်တက်ခံစစ်က ဒီနေ့မှာ ပွဲစကတည်းက အမှားအယွင်းတချို့ ရှိနေခဲ့သလို တည်တည်ငြိမ်ငြိမ် မရှိခဲ့ပေမယ့် နယူးကာဆယ်ဘက်က အခွင့်အရေး ရယူနိုင်ခြင်း မရှိပဲ ဂျိုလင်တန်၊ ရှယ်လ်ဗီတို့က ဖြုန်းတီးနေခဲ့သလို စန်မက်ဇီမန်ကတော့ မကြာခဏဆိုသလို သူ့ရဲ့ ပြေးအား တိုးအားတွေနဲ့ ဒုက္ခပေးနေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ ယူနိုက်တက်တို့ ဂိုးစရခဲ့ပြီး ဖိကစားနေရင်းနဲ့ နောက်က တက်လာခဲ့တဲ့ မက်ဂွိုင်းယားက ဘယ်တောင်ပံက ရက်ရှ်ဖို့ဒ်ဆီ ပေးခဲ့တာကို အင်္ဂလန်တိုက်စစ်မှူးက တစ်ကိုယ်တော်ခြေစွမ်းနဲ့ နယူးကာဆယ်ညာနောက်ခံလူ ခရတ်ဖ်ကို ကျော်ဖြတ်ပြီး အတွင်းကို ဆွဲဝင်အပြီးမှာ ဂိုးသမား ဒါလိုးပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို ချိုးကန်သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာ ထောင့်ကန်ဘောက ထွက်လာတာကို စန်မက်ဇီမန် လှမ်းကန်ရာမှာ ဒဟေးယား ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ဆက်တိုက်ရရှိတဲ့ ထောင့်ကန်ဘောကနေ တူညီတဲ့ ပုံစံကနေပဲ ပိုပြီး နီးကပ်တဲ့ အနေအထားကနေ ပြင်သစ်သားကပဲ ထပ်ကန်ခွင့် ရခဲ့ရာမှာတော့ ထပ်မံကာကွယ်နိုင်ခြင်း မရှိတော့တာကြောင့် ပွဲချိန် ၃၆ မိနစ်မှာ ချေပဂိုး ပြန်ပေးခဲ့ရသလို ယူနိုက်တက်ခံစစ်ရဲ့ ပေါ့လျော့ပုံကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပြီး မာစီယယ်လ်ရဲ့ ခြေစွမ်းကတော့ ဝေဖန်သူတွေ မလွန်ဘူးလို့ ပြောရမှာဖြစ်သလို သူတို့တွေအနေနဲ့ လူမျိုးရေးခွဲခြားခဲ့လို့သာ မှားယွင်းခဲ့တာဖြစ်ပြီး တိုက်စစ်မှူးတစ်ယောက်ရဲ့ အရည်အသွေးမရှိသလို တွဲဖက်ကစားသမားတွေကိုလည်း အကျိုးမပြုနိုင်တာ တွေ့ရပါတယ်။

ဒုတိယပိုင်းမှာလည်း ဧည့်သည်ကစားသမား စန်မက်ဇီမန်က တောက်လျှောက်ခြိမ်းခြောက်နေခဲ့ပြီး ဒဟေးယား ကာကွယ်ခဲ့ရပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ ယူနိုက်တက်တို့ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ မာတစ်က ဧရိယာထဲကို ခင်းပေးတာကို ဘရူနို ဖာနန်ဒက်စ်က ထိရုံသာ ထိခဲ့ချိန်မှာ ညာခြမ်းကနေ ဘောလုံး ရသွားတဲ့ ဂျိမ်းစ်က ဂိုးသမားတက်လာချိန်မှာ ထောင့်ကျဉ်းထဲကို အမြန်ကန်သွင်းယူခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဂိုးဧရိယာထဲမှာ ခြေယောင်ပြပြီး လိမ်ခေါက်ဖို့ ကြိုးစားခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ဟန်ချက်ပျက်ရင်း ခြေထောက်ကို ဖျက်မိခဲ့တဲ့ ဝီလော့ခ်ကြောင့် နယူးကာဆယ်လ်တို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒါကို ဘရူနို ဖာနန်ဒက်စ်က ဂိုးသမား ဒါလိုးကို ကောင်းကောင်းလှည့်စားပြီး ကန်သွင်းနိုင်ခဲ့လို့ ယူနိုက်တက်တို့ တတိယဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ အခွင့်အရေးတချို့ရရှိခဲ့ပေမယ့် ယူနိုက်တက်တို့ အသုံးချနိုင်ခြင်း မရှိခဲ့လို့ သုံးဂိုး-တစ်ဂိုး ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး စနေနေ့မှာ ဒုတိယနေရာရောက်နေတဲ့ လက်စတာဆီက နေရာကို အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ပြန်လည်သိမ်းယူနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ နယူးကာဆယ္လ္ကို သူတို႔ရဲ႕ အေကာင္းဆုံးလူစာရင္းနဲ႔ပဲ ယွဥ္ၿပိဳင္ခဲ့ၿပီး ေျခစြမ္းျပန္တက္ေနတဲ့ ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို ဆက္လက္သုံးစြဲခဲ့သလို ဒဏ္ရာရွိေနတဲ့ ကာဗာနီရဲ႕ ေနရာမွာေတာ့ မာစီယယ္လ္ကို ထည့္သြင္းၿပီး ပြဲထြက္လာခဲ့ပါတယ္။

ယူႏိုက္တက္ခံစစ္က ဒီေန႔မွာ ပြဲစကတည္းက အမွားအယြင္းတခ်ိဳ႕ ရွိေနခဲ့သလို တည္တည္ၿငိမ္ၿငိမ္ မရွိခဲ့ေပမယ့္ နယူးကာဆယ္ဘက္က အခြင့္အေရး ရယူႏိုင္ျခင္း မရွိပဲ ဂ်ိဳလင္တန္၊ ရွယ္လ္ဗီတို႔က ျဖဳန္းတီးေနခဲ့သလို စန္မက္ဇီမန္ကေတာ့ မၾကာခဏဆိုသလို သူ႔ရဲ႕ ေျပးအား တိုးအားေတြနဲ႔ ဒုကၡေပးေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ယူႏိုက္တက္တို႔ ဂိုးစရခဲ့ၿပီး ဖိကစားေနရင္းနဲ႔ ေနာက္က တက္လာခဲ့တဲ့ မက္ဂြိဳင္းယားက ဘယ္ေတာင္ပံက ရက္ရွ္ဖို႔ဒ္ဆီ ေပးခဲ့တာကို အဂၤလန္တိုက္စစ္မႉးက တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ နယူးကာဆယ္ညာေနာက္ခံလူ ခရတ္ဖ္ကို ေက်ာ္ျဖတ္ၿပီး အတြင္းကို ဆြဲဝင္အၿပီးမွာ ဂိုးသမား ဒါလိုးပိတ္ထားတဲ့ ေထာင့္က်ဥ္းထဲကို ခ်ိဳးကန္သြင္းယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာ ေထာင့္ကန္ေဘာက ထြက္လာတာကို စန္မက္ဇီမန္ လွမ္းကန္ရာမွာ ဒေဟးယား ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ဆက္တိုက္ရရွိတဲ့ ေထာင့္ကန္ေဘာကေန တူညီတဲ့ ပုံစံကေနပဲ ပိုၿပီး နီးကပ္တဲ့ အေနအထားကေန ျပင္သစ္သားကပဲ ထပ္ကန္ခြင့္ ရခဲ့ရာမွာေတာ့ ထပ္မံကာကြယ္ႏိုင္ျခင္း မရွိေတာ့တာေၾကာင့္ ပြဲခ်ိန္ ၃၆ မိနစ္မွာ ေခ်ပဂိုး ျပန္ေပးခဲ့ရသလို ယူႏိုက္တက္ခံစစ္ရဲ႕ ေပါ့ေလ်ာ့ပုံကလည္း ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။

ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၿပီး မာစီယယ္လ္ရဲ႕ ေျခစြမ္းကေတာ့ ေဝဖန္သူေတြ မလြန္ဘူးလို႔ ေျပာရမွာျဖစ္သလို သူတို႔ေတြအေနနဲ႔ လူမ်ိဳးေရးခြဲျခားခဲ့လို႔သာ မွားယြင္းခဲ့တာျဖစ္ၿပီး တိုက္စစ္မႉးတစ္ေယာက္ရဲ႕ အရည္အေသြးမရွိသလို တြဲဖက္ကစားသမားေတြကိုလည္း အက်ိဳးမျပဳႏိုင္တာ ေတြ႕ရပါတယ္။

ဒုတိယပိုင္းမွာလည္း ဧည့္သည္ကစားသမား စန္မက္ဇီမန္က ေတာက္ေလွ်ာက္ၿခိမ္းေျခာက္ေနခဲ့ၿပီး ဒေဟးယား ကာကြယ္ခဲ့ရၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ပါတယ္။ ဒီဂိုးကိုေတာ့ မာတစ္က ဧရိယာထဲကို ခင္းေပးတာကို ဘ႐ူႏို ဖာနန္ဒက္စ္က ထိ႐ုံသာ ထိခဲ့ခ်ိန္မွာ ညာျခမ္းကေန ေဘာလုံး ရသြားတဲ့ ဂ်ိမ္းစ္က ဂိုးသမားတက္လာခ်ိန္မွာ ေထာင့္က်ဥ္းထဲကို အျမန္ကန္သြင္းယူခဲ့တာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဂိုးဧရိယာထဲမွာ ေျခေယာင္ျပၿပီး လိမ္ေခါက္ဖို႔ ႀကိဳးစားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ကို ဟန္ခ်က္ပ်က္ရင္း ေျခေထာက္ကို ဖ်က္မိခဲ့တဲ့ ဝီေလာ့ခ္ေၾကာင့္ နယူးကာဆယ္လ္တို႔ ပင္နယ္တီ ေပးခဲ့ရၿပီး ဒါကို ဘ႐ူႏို ဖာနန္ဒက္စ္က ဂိုးသမား ဒါလိုးကို ေကာင္းေကာင္းလွည့္စားၿပီး ကန္သြင္းႏိုင္ခဲ့လို႔ ယူႏိုက္တက္တို႔ တတိယဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ အခြင့္အေရးတခ်ိဳ႕ရရွိခဲ့ေပမယ့္ ယူႏိုက္တက္တို႔ အသုံးခ်ႏိုင္ျခင္း မရွိခဲ့လို႔ သုံးဂိုး-တစ္ဂိုး ရလဒ္နဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး စေနေန႔မွာ ဒုတိယေနရာေရာက္ေနတဲ့ လက္စတာဆီက ေနရာကို အမွတ္တူ ဂိုးကြာျခားခ်က္အသာနဲ႔ ျပန္လည္သိမ္းယူႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.