Premier League Transfer News

21 Feb ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု


– လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ရှုံးပွဲတွေနဲ့ ကျဆင်းနေခဲ့တဲ့ ရလဒ်ကနေ အကောင်းဆုံး တုံ့ပြန်လာလိမ့်မယ်လို့ Football Insider ရဲ့ ဂျာနယ်လစ် ကီဗင် မက်ဂွိုင်းယားက ပြောကြားလိုက်ပြီး FSG အနေနဲ့ သူတို့ရဲ့ အမြတ်ငွေဆုံးရှုံးမှု ပေါင်သန်း ၅၀၀ ကို ကြေငြာခဲ့ပြီးမှာ အနာဂတ် အောင်မြင်မှုတွေနဲ့ အကျိုးအမြတ်အတွက် ထပ်မံရင်းနှီးမြှုပ်နှံသွားဖွယ်ရှိနေ။


– လေတိုက်ကြမ်းမှုကြောင့် အိမ်ကွင်းမှာ အဲဗာတန်ကို ရှုံးခဲ့တယ်လို့ ပြောကြားခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ဘုရားသခင်ဟာ မန်စီးတီးပရိသတ်ဖြစ်လို့ သူတို့ကို မျက်နှာသာပေးနေကြောင်းနဲ့ သူ့ရဲ့ အလိုဆန္ဒနဲ့ ဆန့်ကျင်ပြီး အနိုင်ရဖို့ မဖြစ်နိုင်ကြောင်း ဆိုသွားခဲ့။


– လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ် သွမ့်ပ်ဆန်က ယာဂန် ကလော့ပ်အနေနဲ့ အိုဇန် ကာဘက်ခ်ကို ပွဲချိန် ၅ မိနစ်မှာကတည်းက လူစားလဲခဲ့သင့်တယ်လို့ ထောက်ပြလိုက်ပြီး ပရီးမီးယားလိဂ် ကစားပုံနဲ့ မရင်းနှီးသေးတဲ့ တူရကီသားရဲ့ ပြစ်ဒဏ်ဘောကျူးလွန်မှုတွေနဲ့ အမှားအယွင်းတွေက ပထမဂိုး မပေးရခင် အချိန်အတွင်းမှာ ၄ ကြိမ်အထိ ရှိခဲ့တယ်လို့ ထောက်ပြ။


– ဗဟိုနောက်ခံလူနေရာမှာ ပြောင်းလဲကစားနေရပြီး ပွဲချိန် မိနစ် ၃၀ ကျော်မှာ လူစားလဲခဲ့ရတဲ့ အသင်းခေါင်းဆောင်ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်ရဲ့ ဒဏ်ရာက သိပ်ကောင်းပုံမရဘူးလို့ နည်းပြ ယာဂန် ကလော့ပ်က ထုတ်ဖော်လိုက်ပြီး ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်လာ။


– ဒူးဒဏ်ရာက ပြန်သက်သာလာအပြီးမှာ ဘောလုံးကို ကန်နိုင်ဖို့အတွက် လေ့ကျင့်နေခဲ့ကြတဲ့ နောက်ခံလူတွေ ဖြစ်ကြတဲ့ ဗာဂျီးလ် ဗန်ဒိုက်နဲ့ ဂျိုးဂိုမက်ဇ်တို့ကို ကာ့ခ်ဘီလေ့ကျင့်ရေးကွင်းရဲ့ ရုံတွင်းလေ့ကျင့်မှုမှာ အတူတွဲပြီး မြင်ခဲ့ရတဲ့ ပရိသတ်တွေက တွစ်တာမှာ ကြိုဆိုခဲ့ကြပြီး တစ်ဦးကတော့ အသက်ရှိသေးတယ်ဟလို့ အပျော်သဘောနဲ့ စနောက်သွားခဲ့။


– လီဗာပူးလ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီအစကနေ ၆ လအတွင်းမှာ ဗဟိုခံစစ်အတွဲပေါင်း ၁၈ တွဲအထိ ပြောင်းလဲသုံးစွဲခဲ့ပြီး ဘယ်အတွဲကိုမှ အတည်တကျ မသတ်မှတ်နိုင်ခဲ့သလို အနာဂတ်မှာလည်း လူစာရင်းအရ နောက်ထပ်အတွဲသစ် ၅ တွဲကို မြင်ရဖွယ် ရှိသေးတယ်လို့ အားပေးသူဝက်ဘ်ဆိုက်တစ်ခုက စိတ်ပျက်လက်ပျက် ဖော်ပြသွားခဲ့။


– ပြီးခဲ့တဲ့ ညက လီဗာပူးလ်ရဲ့ မာဆေးဆိုက်ဒါဘီ ရှုံးပွဲမတိုင်ခင်မှာ ချဲလ်ဆီးအသင်းဘက်ကို အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဆောက်သမ်တန်တို့ရဲ့ ၆ ပွဲဆက် အရှုံးကို ရပ်တန့်လိုက်တဲ့ ဂျပန်ကွင်းလယ်လူ မီနာမီနိုကို ကွင်းလယ်လူဟောင်း ဂျိုးကိုးလ်က ချီးကျူးလိုက်ပြီး ပရိသတ်တွေ အတွက်တော့ နှမြောစရာဖြစ်လာ။


– လီဗာပူးလ်အသင်းအနေနဲ့ အိမ်ကွင်းမှာ နောက်ဆုံး ၆ ပွဲ အနိုင်မရခဲ့ဘဲ ၄ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့တဲ့ ပုံစံအတွက် နောက်ခံလူ ဗန်ဒိုက် မပါနိုင်တာကို ဆင်ခြေပေးလို့ မရဘဲ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်အရ အဲဗာတန်ကို ရှုံးနိမ့်ဖို့ပဲ ထိုက်တန်ခဲ့တယ်လို့ ဂျေမီ ကာရေဂါက ပြစ်တင်ဝေဖန်သွားခဲ့။


– အသင်းကို ရှုံးပွဲတွေ့ဖို့ သေချာစေမယ့် ပင်နယ်တီကို ပေးခဲ့တဲ့ ဒိုင်လူကြီး ခရစ္စ ကာဗန်းနားရဲ့ ဆုံးဖြတ်ချက်အတွက် မိုက်ကယ် အိုဝင်၊ ဒန်နီ မာဖီနဲ့ မာတင် ကီးယွန်းတို့က သဘောတူညီမှု ပြသခဲ့ချိန်မှာ ဂျေမီ ကာရေဂါကတော့ အလက်ဇန်းဒါး-အာနိုးလ်ဒ်အနေနဲ့ ကဲလ်ဗတ်-လူဝင်အပေါ် ပြစ်ဒဏ်ကျူးလွန်ဖို့ မရည်ရွယ်ခဲ့ဘူးလို့ ဆုံးဖြတ်ချက်အတွက် ကန့်ကွက်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
– လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ရႈံးပြဲေတြနဲ႔ က်ဆင္းေနခဲ့တဲ့ ရလဒ္ကေန အေကာင္းဆုံး တုံ႔ျပန္လာလိမ့္မယ္လို႔ Football Insider ရဲ႕ ဂ်ာနယ္လစ္ ကီဗင္ မက္ဂြိဳင္းယားက ေျပာၾကားလိုက္ၿပီး FSG အေနနဲ႔ သူတို႔ရဲ႕ အျမတ္ေငြဆုံးရႈံးမႈ ေပါင္သန္း ၅၀၀ ကို ေၾကျငာခဲ့ၿပီးမွာ အနာဂတ္ ေအာင္ျမင္မႈေတြနဲ႔ အက်ိဳးအျမတ္အတြက္ ထပ္မံရင္းႏွီးျမႇဳပ္ႏွံသြားဖြယ္ရွိေန။


– ေလတိုက္ၾကမ္းမႈေၾကာင့္ အိမ္ကြင္းမွာ အဲဗာတန္ကို ရႈံးခဲ့တယ္လို႔ ေျပာၾကားခဲ့တဲ့ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ဘုရားသခင္ဟာ မန္စီးတီးပရိသတ္ျဖစ္လို႔ သူတို႔ကို မ်က္ႏွာသာေပးေနေၾကာင္းနဲ႔ သူ႔ရဲ႕ အလိုဆႏၵနဲ႔ ဆန႔္က်င္ၿပီး အႏိုင္ရဖို႔ မျဖစ္ႏိုင္ေၾကာင္း ဆိုသြားခဲ့။


– လီဗာပူးလ္အသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ေဒးဗစ္ သြမ့္ပ္ဆန္က ယာဂန္ ကေလာ့ပ္အေနနဲ႔ အိုဇန္ ကာဘက္ခ္ကို ပြဲခ်ိန္ ၅ မိနစ္မွာကတည္းက လူစားလဲခဲ့သင့္တယ္လို႔ ေထာက္ျပလိုက္ၿပီး ပရီးမီးယားလိဂ္ ကစားပုံနဲ႔ မရင္းႏွီးေသးတဲ့ တူရကီသားရဲ႕ ျပစ္ဒဏ္ေဘာက်ဴးလြန္မႈေတြနဲ႔ အမွားအယြင္းေတြက ပထမဂိုး မေပးရခင္ အခ်ိန္အတြင္းမွာ ၄ ႀကိမ္အထိ ရွိခဲ့တယ္လို႔ ေထာက္ျပ။


– ဗဟိုေနာက္ခံလူေနရာမွာ ေျပာင္းလဲကစားေနရၿပီး ပြဲခ်ိန္ မိနစ္ ၃၀ ေက်ာ္မွာ လူစားလဲခဲ့ရတဲ့ အသင္းေခါင္းေဆာင္ကြင္းလယ္လူ ေဂ်ာ္ဒန္ ဟန္ဒါဆန္ရဲ႕ ဒဏ္ရာက သိပ္ေကာင္းပုံမရဘူးလို႔ နည္းျပ ယာဂန္ ကေလာ့ပ္က ထုတ္ေဖာ္လိုက္ၿပီး ပရိသတ္ေတြအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္လာ။


– ဒူးဒဏ္ရာက ျပန္သက္သာလာအၿပီးမွာ ေဘာလုံးကို ကန္ႏိုင္ဖို႔အတြက္ ေလ့က်င့္ေနခဲ့ၾကတဲ့ ေနာက္ခံလူေတြ ျဖစ္ၾကတဲ့ ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႔ ဂ်ိဳးဂိုမက္ဇ္တို႔ကို ကာ့ခ္ဘီေလ့က်င့္ေရးကြင္းရဲ႕ ႐ုံတြင္းေလ့က်င့္မႈမွာ အတူတြဲၿပီး ျမင္ခဲ့ရတဲ့ ပရိသတ္ေတြက တြစ္တာမွာ ႀကိဳဆိုခဲ့ၾကၿပီး တစ္ဦးကေတာ့ အသက္ရွိေသးတယ္ဟလို႔ အေပ်ာ္သေဘာနဲ႔ စေနာက္သြားခဲ့။


– လီဗာပူးလ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီအစကေန ၆ လအတြင္းမွာ ဗဟိုခံစစ္အတြဲေပါင္း ၁၈ တြဲအထိ ေျပာင္းလဲသုံးစြဲခဲ့ၿပီး ဘယ္အတြဲကိုမွ အတည္တက် မသတ္မွတ္ႏိုင္ခဲ့သလို အနာဂတ္မွာလည္း လူစာရင္းအရ ေနာက္ထပ္အတြဲသစ္ ၅ တြဲကို ျမင္ရဖြယ္ ရွိေသးတယ္လို႔ အားေပးသူဝက္ဘ္ဆိုက္တစ္ခုက စိတ္ပ်က္လက္ပ်က္ ေဖာ္ျပသြားခဲ့။


– ၿပီးခဲ့တဲ့ ညက လီဗာပူးလ္ရဲ႕ မာေဆးဆိုက္ဒါဘီ ရႈံးပြဲမတိုင္ခင္မွာ ခ်ဲလ္ဆီးအသင္းဘက္ကို အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ေဆာက္သမ္တန္တို႔ရဲ႕ ၆ ပြဲဆက္ အရႈံးကို ရပ္တန႔္လိုက္တဲ့ ဂ်ပန္ကြင္းလယ္လူ မီနာမီႏိုကို ကြင္းလယ္လူေဟာင္း ဂ်ိဳးကိုးလ္က ခ်ီးက်ဴးလိုက္ၿပီး ပရိသတ္ေတြ အတြက္ေတာ့ ႏွေျမာစရာျဖစ္လာ။


– လီဗာပူးလ္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ေနာက္ဆုံး ၆ ပြဲ အႏိုင္မရခဲ့ဘဲ ၄ ပြဲဆက္တိုက္ ရႈံးပြဲေတြ႕ခဲ့တဲ့ ပုံစံအတြက္ ေနာက္ခံလူ ဗန္ဒိုက္ မပါႏိုင္တာကို ဆင္ေျခေပးလို႔ မရဘဲ တစ္သင္းလုံးရဲ႕ စြမ္းေဆာင္ရည္အရ အဲဗာတန္ကို ရႈံးနိမ့္ဖို႔ပဲ ထိုက္တန္ခဲ့တယ္လို႔ ေဂ်မီ ကာေရဂါက ျပစ္တင္ေဝဖန္သြားခဲ့။


– အသင္းကို ရႈံးပြဲေတြ႕ဖို႔ ေသခ်ာေစမယ့္ ပင္နယ္တီကို ေပးခဲ့တဲ့ ဒိုင္လူႀကီး ခရစၥ ကာဗန္းနားရဲ႕ ဆုံးျဖတ္ခ်က္အတြက္ မိုက္ကယ္ အိုဝင္၊ ဒန္နီ မာဖီနဲ႔ မာတင္ ကီးယြန္းတို႔က သေဘာတူညီမႈ ျပသခဲ့ခ်ိန္မွာ ေဂ်မီ ကာေရဂါကေတာ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္အေနနဲ႔ ကဲလ္ဗတ္-လူဝင္အေပၚ ျပစ္ဒဏ္က်ဴးလြန္ဖို႔ မရည္႐ြယ္ခဲ့ဘူးလို႔ ဆုံးျဖတ္ခ်က္အတြက္ ကန႔္ကြက္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.