Premier League

ဂိုးမသွင်းနိုင်တာကို ကန်တေကို သက်သေထူပြီး ဥပမာပေးရှင်းပြခဲ့တဲ့ ဒီကလန် ရိုက်စ်

ဝက်စ်ဟမ်းယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်က ထိပ်တန်းအဆင့် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးရဲ့ အဓိကတာဝန်က ဘာလဲဆိုတာကို သက်သေအထောက်အထားပြတဲ့အနေနဲ့ ကန်တေ ဂိုးသွင်းယူတိုင်း ချဲလ်ဆီးအသင်း ကစားသမားတွေရဲ့ တုံ့ပြန်မှုကို အသားပေးပြောကြားပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ အရေးအပါဆုံးကစားသမားအဖြစ် သက်သေပြသထားပြီးဖြစ်ပြီး ဂိုးမသွင်းယူနိုင်တာကြောင့် ဝေဖန်မှုတွေကို ခံနေရသူဖြစ်ပါတယ်။

အားလုံး သတိရဖို့လိုအပ်တာကတော့ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးရဲ့ တာဝန်ဟာ ဂိုးသွင်းယူဖို့မဟုတ်ဘဲ နောက်တန်း ၄ ဦးရှေ့မှာ ကာကွယ်ပေးဖို့ဆိုတာဖြစ်ပြီး ဒီကလန် ရိုက်စ်ဟာ ၎င်းရဲ့အသင်းဖော်တွေကို အကာအကွယ်ရအောင် ကြားဖြတ် ဖျက်ထုတ်ခြင်းနဲ့ လျင်လျင်မြန်မြန် တိကျတဲ့ပေးပို့မှုနဲ့ တိုက်စစ်ကို စတင်စေခြင်းတွေက ၎င်းရဲ့တာဝန်ကို လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။

ဒီကလန်ရိုက်စ်ဟာ ချဲလ်ဆီးအသင်းအတွက် ကန်တေ ဂိုးသွင်းယူတဲ့အခါတိုင်း အသင်းဖော်တွေ တုံ့ပြန်တဲ့ အပြုအမူက ကွင်းလယ်ခံစစ်နေရာမှာ ကစားတဲ့ ကစားသမားတစ်ဦးဆီကနေ ဂိုးရရှိဖို့ မမျှော်မှန်းထားဘူးဆိုတာကို သက်သေပြသနေတဲ့အချက်ဖြစ်တယ်လို့ Daily Mail ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ရိုးရိုးသားသားပြောရရင် ဂိုးသွင်းယူနိုင်တာက အပိုဆုလို့ မြင်ပါတယ်။ ကျွန်တော့် အလုပ်က နောက်တန်းလေးဦးကို ကာကွယ်ဖို့ဖြစ်ပြီး ဘောလုံးကို ဖြတ်တောက်ပြီး ကျွန်တော့်အသင်း တိုက်စစ်စဖို့ ဘောလုံး ပေးပို့ဖို့ပါပဲ။ ဂိုးသွင်းရတာက ကောင်းမွန်တဲ့ခံစားချက်ပါ”

“ဒါပေမယ့် ကျွန်တော် အဲဒီကိစ္စကို စိတ်မပူခင်မှာ တခြားအရာတွေကို တိုးတက်အောင် လုပ်ဖို့ လိုအပ်နေပါတယ်။ ကန်တေ ဂိုးသွင်းတဲ့အချိန်မှာ အားလုံးက သူ့ကို ဝိုင်းပြီး ဂုဏ်ပြုကြတာကို ကျွန်တော် သတိပြုမိတယ်။ အဲဒီလို ဂိုးသွင်းဖို့ သူက အမှန်တကယ် မျှော်မှန်းခြင်းခံထားရတဲ့သူ မဟုတ်ဘူးလေ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ ရိုက္စ္က ထိပ္တန္းအဆင့္ ကြင္းလယ္ခံစစ္ကစားသမားတစ္ဦးရဲ့ အဓိကတာဝန္က ဘာလဲဆိုတာကို သက္ေသအေထာက္အထားျပတဲ့အေနနဲ႔ ကန္ေတ ဂိုးသြင္းယူတိုင္း ခ်ဲလ္ဆီးအသင္း ကစားသမားေတြရဲ့ တုံ႔ျပန္မႈကို အသားေပးေျပာၾကားၿပီး ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ အဂၤလန္ကြင္းလယ္ကစားသမားဟာ ဝက္စ္ဟမ္းယူနိုက္တက္အသင္းရဲ့ အေရးအပါဆုံးကစားသမားအျဖစ္ သက္ေသျပသထားၿပီးျဖစ္ၿပီး ဂိုးမသြင္းယူနိုင္တာေၾကာင့္ ေဝဖန္မႈေတြကို ခံေနရသူျဖစ္ပါတယ္။

အားလုံး သတိရဖို႔လိုအပ္တာကေတာ့ ကြင္းလယ္ခံစစ္ကစားသမားတစ္ဦးရဲ့ တာဝန္ဟာ ဂိုးသြင္းယူဖို႔မဟုတ္ဘဲ ေနာက္တန္း ၄ ဦးေရွ႕မွာ ကာကြယ္ေပးဖို႔ဆိုတာျဖစ္ၿပီး ဒီကလန္ ရိုက္စ္ဟာ ၎ရဲ့အသင္းေဖာ္ေတြကို အကာအကြယ္ရေအာင္ ၾကားျဖတ္ ဖ်က္ထုတ္ျခင္းနဲ႔ လ်င္လ်င္ျမန္ျမန္ တိက်တဲ့ေပးပို႔မႈနဲ႔ တိုက္စစ္ကို စတင္ေစျခင္းေတြက ၎ရဲ့တာဝန္ကို လုပ္ေဆာင္ေနျခင္းသာျဖစ္ပါတယ္။

ဒီကလန္ရိုက္စ္ဟာ ခ်ဲလ္ဆီးအသင္းအတြက္ ကန္ေတ ဂိုးသြင္းယူတဲ့အခါတိုင္း အသင္းေဖာ္ေတြ တုံ႔ျပန္တဲ့ အျပဳအမူက ကြင္းလယ္ခံစစ္ေနရာမွာ ကစားတဲ့ ကစားသမားတစ္ဦးဆီကေန ဂိုးရရွိဖို႔ မေမၽွာ္မွန္းထားဘူးဆိုတာကို သက္ေသျပသေနတဲ့အခ်က္ျဖစ္တယ္လို႔ Daily Mail ကို ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ ရိုးရိုးသားသားေျပာရရင္ ဂိုးသြင္းယူနိုင္တာက အပိုဆုလို႔ ျမင္ပါတယ္။ ကၽြန္ေတာ့္ အလုပ္က ေနာက္တန္းေလးဦးကို ကာကြယ္ဖို႔ျဖစ္ၿပီး ေဘာလုံးကို ျဖတ္ေတာက္ၿပီး ကၽြန္ေတာ့္အသင္း တိုက္စစ္စဖို႔ ေဘာလုံး ေပးပို႔ဖို႔ပါပဲ။ ဂိုးသြင္းရတာက ေကာင္းမြန္တဲ့ခံစားခ်က္ပါ”

“ဒါေပမယ့္ ကၽြန္ေတာ္ အဲဒီကိစၥကို စိတ္မပူခင္မွာ တျခားအရာေတြကို တိုးတက္ေအာင္ လုပ္ဖို႔ လိုအပ္ေနပါတယ္။ ကန္ေတ ဂိုးသြင္းတဲ့အခ်ိန္မွာ အားလုံးက သူ႔ကို ဝိုင္းၿပီး ဂုဏ္ျပဳၾကတာကို ကၽြန္ေတာ္ သတိျပဳမိတယ္။ အဲဒီလို ဂိုးသြင္းဖို႔ သူက အမွန္တကယ္ ေမၽွာ္မွန္းျခင္းခံထားရတဲ့သူ မဟုတ္ဘူးေလ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.