Premier League Transfer News

21 Feb ညနေခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းနဲ့ အမ်းမရိတ်မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို မန်ချက်စတာစီးတီးအသင်းအနေနဲ့ အလွယ်တကူ အနိုင်ယူနိုင်မှာဖြစ်ပြီး ဒဏ်ရာကနေ သက်သာလာတဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားကိုတောင် ထည့်သုံးစရာမလိုဘူးလို့ သူတို့ရဲ့ မြို့ခံပြိုင်ဘက် စပါးစ်ကစားသမားဟောင်းနဲ့ နည်းပြဟောင်း တင်မ် ရှားဝုဒ်က ပွဲကြိုထိုးနှက်သွားခဲ့။

– အသင်းမှာ ဆက်ရှိနေဖို့ မရေရာသလို အသက်အရွယ်ကြောင့် ကြံ့ခိုင်မှုကျဆင်းလာခဲ့တဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့ အစားထိုးမှုအဖြစ် ရှုမြင်ထားခဲ့တဲ့ ဒေါ့မွန်လူငယ်တိုက်စစ်မှူး အာလင်း ဟားလန်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်း ပေးချရဖွယ်ရှိနေ။

– လေတိုက်ကြမ်းမှုကြောင့် အိမ်ကွင်းမှာ အဲဗာတန်ကို ရှုံးခဲ့တယ်လို့ ဆင်ခြေပေးခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ဘုရားသခင်ဟာ မန်စီးတီးပရိသတ်ဖြစ်လို့ သူတို့ကို မျက်နှာသာပေးနေကြောင်းနဲ့ သူ့ရဲ့ အလိုဆန္ဒနဲ့ ဆန့်ကျင်ပြီး အနိုင်ရဖို့ မဖြစ်နိုင်ကြောင်းဆိုသွားခဲ့။

– တိုက်စစ်မှူးတွေနဲ့ တောင်ပံကစားသမားတွေက တရစပ်တိုက်စစ်ဆင်ပြီး တစ်ဖက်နောက်တန်းတွေကို ဖိအားပေးနေချိန်မှာ အငိုက်ဖမ်းပြီး ဂိုးတွေ သွင်းယူလေ့ရှိတဲ့ စီးတီးတို့ရဲ့ လျှို့ဝှက်လက်နက် ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်ကို အာဆင်နယ်နဲ့ပွဲမှာ ထည့်သွင်းဖို့ ကြံ့ခိုင်နေတယ်လို့ သိရ။

-မန်ချက်စတာစီးတီးအသင်းနဲ့ ရင်ဆိုင်လာမယ့် အာဆင်နယ်အသင်းမှာ နောက်ခံလူ ကီရန် တီယာနီကို ပွဲထွက်စေဖို့ ရှိနေပြီး သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်လာဖို့ ရှိနေပေမယ့် ကွင်းလယ်လူ သောမတ်စ် ပါတေးကတော့ ဒီပွဲကို လွဲချော်မှာဖြစ်တယ်လို့ဆို။

– ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ ဆဲလ်တစ်အသင်းကနေ ဘေယာလေဗာကူဆင်အသင်းကို ရောင်းချလိုက်တဲ့ မန်ချက်စတာစီးတီး အကယ်ဒမီထွက် နယ်သာလန် ညာနောက်ခံလူ ယယ်ရမီ ဖရင်မ်ပေါင်အတွက် ပြောင်းရွှေ့ကြေးရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ပေါင် ၃.၄၅ သန်းကို စီးတီးတို့ ခံစားခွင့်ရရှိထား။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက တနင်္ဂနွေနေ့ ပွဲတွေ မကစားခင်မှာ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းအပေါ် ဖိအားပေးတဲ့အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ပွဲက မပြီးဆုံးသေးသလို အလျှော့မပေးသေးကြောင်း ပြောကြားသွားခဲ့။

– အသင်းကနေ လာမယ့်ရာသီကုန်မှာ စံချိန်ရှင် ကစားသမားတချို့အနေနဲ့ ထွက်ခွာသွားနိုင်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆိုခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ဒေးဗစ် ဆေးလ်ဗားအတွက် ဝမ်းနည်းခဲ့ရပြီးနောက်ပိုင်းမှာ ဖာနန်ဒင်ညိုနဲ့ အဂွေရိုတို့အတွက်ပါ အသည်းကွဲရဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အာဆင်နယ်အသင်းနဲ့ အမ်းမရိတ်မှာ ကစားမယ့် အဝေးကွင်းပွဲစဉ်ကို အနိုင်ဖို့ ပြင်ဆင်ပြီး သူတို့ရဲ့ စံချိန်တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၁၁ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ၂၀၁၇ စံချိန်ဟောင်းကို လိုက်မီဖို့ ကြိုးစားသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းနဲ႔ အမ္းမရိတ္မွာ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ကို မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အလြယ္တကူ အႏိုင္ယူႏိုင္မွာျဖစ္ၿပီး ဒဏ္ရာကေန သက္သာလာတဲ့ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားကိုေတာင္ ထည့္သုံးစရာမလိုဘူးလို႔ သူတို႔ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္ကစားသမားေဟာင္းနဲ႔ နည္းျပေဟာင္း တင္မ္ ရွားဝုဒ္က ပြဲႀကိဳထိုးႏွက္သြားခဲ့။

– အသင္းမွာ ဆက္ရွိေနဖို႔ မေရရာသလို အသက္အ႐ြယ္ေၾကာင့္ ႀကံ့ခိုင္မႈက်ဆင္းလာခဲ့တဲ့ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုရဲ႕ အစားထိုးမႈအျဖစ္ ရႈျမင္ထားခဲ့တဲ့ ေဒါ့မြန္လူငယ္တိုက္စစ္မႉး အာလင္း ဟားလန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ နဲ႔ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္း ေပးခ်ရဖြယ္ရွိေန။

– ေလတိုက္ၾကမ္းမႈေၾကာင့္ အိမ္ကြင္းမွာ အဲဗာတန္ကို ရႈံးခဲ့တယ္လို႔ ဆင္ေျခေပးခဲ့တဲ့ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ဘုရားသခင္ဟာ မန္စီးတီးပရိသတ္ျဖစ္လို႔ သူတို႔ကို မ်က္ႏွာသာေပးေနေၾကာင္းနဲ႔ သူ႔ရဲ႕ အလိုဆႏၵနဲ႔ ဆန႔္က်င္ၿပီး အႏိုင္ရဖို႔ မျဖစ္ႏိုင္ေၾကာင္းဆိုသြားခဲ့။

– တိုက္စစ္မႉးေတြနဲ႔ ေတာင္ပံကစားသမားေတြက တရစပ္တိုက္စစ္ဆင္ၿပီး တစ္ဖက္ေနာက္တန္းေတြကို ဖိအားေပးေနခ်ိန္မွာ အငိုက္ဖမ္းၿပီး ဂိုးေတြ သြင္းယူေလ့ရွိတဲ့ စီးတီးတို႔ရဲ႕ လွ်ိဳ႕ဝွက္လက္နက္ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္ကို အာဆင္နယ္နဲ႔ပြဲမွာ ထည့္သြင္းဖို႔ ႀကံ့ခိုင္ေနတယ္လို႔ သိရ။

– မန္ခ်က္စတာစီးတီးအသင္းနဲ႔ ရင္ဆိုင္လာမယ့္ အာဆင္နယ္အသင္းမွာ ေနာက္ခံလူ ကီရန္ တီယာနီကို ပြဲထြက္ေစဖို႔ ရွိေနၿပီး သူတို႔ရဲ႕ အေတာင့္တင္းဆုံး လူစာရင္းကို ပြဲထုတ္လာဖို႔ ရွိေနေပမယ့္ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကေတာ့ ဒီပြဲကို လြဲေခ်ာ္မွာျဖစ္တယ္လို႔ဆို။

– ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ ဆဲလ္တစ္အသင္းကေန ေဘယာေလဗာကူဆင္အသင္းကို ေရာင္းခ်လိုက္တဲ့ မန္ခ်က္စတာစီးတီး အကယ္ဒမီထြက္ နယ္သာလန္ ညာေနာက္ခံလူ ယယ္ရမီ ဖရင္မ္ေပါင္အတြက္ ေျပာင္းေ႐ႊ႕ေၾကးရဲ႕ ၃၀ ရာခိုင္ႏႈန္းျဖစ္တဲ့ ေပါင္ ၃.၄၅ သန္းကို စီးတီးတို႔ ခံစားခြင့္ရရွိထား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားက တနဂၤေႏြေန႔ ပြဲေတြ မကစားခင္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီး အသင္းအေပၚ ဖိအားေပးတဲ့အေနနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ၿပိဳင္ပြဲက မၿပီးဆုံးေသးသလို အေလွ်ာ့မေပးေသးေၾကာင္း ေျပာၾကားသြားခဲ့။

– အသင္းကေန လာမယ့္ရာသီကုန္မွာ စံခ်ိန္ရွင္ ကစားသမားတခ်ိဳ႕အေနနဲ႔ ထြက္ခြာသြားႏိုင္တယ္လို႔ မန္စီးတီးနည္းျပ ဂြါဒီယိုလာက ဆိုခဲ့တာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ ေဒးဗစ္ ေဆးလ္ဗားအတြက္ ဝမ္းနည္းခဲ့ရၿပီးေနာက္ပိုင္းမွာ ဖာနန္ဒင္ညိဳနဲ႔ အေဂြ႐ိုတို႔အတြက္ပါ အသည္းကြဲရဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အာဆင္နယ္အသင္းနဲ႔ အမ္းမရိတ္မွာ ကစားမယ့္ အေဝးကြင္းပြဲစဥ္ကို အႏိုင္ဖို႔ ျပင္ဆင္ၿပီး သူတို႔ရဲ႕ စံခ်ိန္တစ္ခုျဖစ္တဲ့ ပရီးမီးယားလိဂ္ အေဝးကြင္း ၁၁ ပြဲဆက္တိုက္ အႏိုင္ရခဲ့တဲ့ ၂၀၁၇ စံခ်ိန္ေဟာင္းကို လိုက္မီဖို႔ ႀကိဳးစားသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.