Premier League

အဲဗာတန်နဲ့ပွဲမှာ ဒိုင်ဗင်ထပ်ထိုးခဲ့တယ်လို့ လှောင်ပြောင်ခံနေရတဲ့ မိုဟာမက် ဆာလား

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ အဲဗာတန်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲခံနေရပြီး နောက်ထပ်တစ်ကြိမ် လွယ်လွယ်ကူကူနဲ့ လဲကျခဲ့တဲ့အတွက် ဝေဖန်မှုတွေလည်း ခံနေရပါတယ်။

စနေနေ့က ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ အဲဗာတန်တို့ရဲ့ပွဲစဉ် ပွဲချိန် မိနစ် ၆၀ မပြည့်ခင်မှာ ရစ်ချာလီဆင်ရဲ့ အစောပိုင်းသွင်းဂိုးကြောင့် လီဗာပူးလ်အသင်းဟာ ၁-၀ နဲ့ နောက်က လိုက်ကစားနေခဲ့ရတာဖြစ်ပြီး မိုဟာမက် ဆာလားက ဖာမီနို ပေးပို့လိုက်တဲ့ ဘောလုံးနောက်ကို ပြေးလိုက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူးကပ်စ် ဒစ်ဂ်နီက ထိတွေ့သလို အယောင်ပြခဲ့ပြီးနောက် ဆာလားဟာ အဲဗာတန်အသင်းပင်နယ်တီဧရိယာအပြင်ဘက်မှာ လဲကျသွားခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ဒိုင် ခရစ် ကာဗာနက်က မိုဟာမက် ဆာလား လဲကျသွားတာကို လုံးဝကို စိတ်ဝင်စားပုံမပြဘဲ ပွဲကို ဆက်လက်ကစားစေခဲ့တာဖြစ်ပေမယ့် ဘောလုံးပရိသတ်တွေကတော့ အဲဒီအခိုက်အတံ့ကို ဒီတိုင်း မပြီးသွားစေချင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်တိုက်စစ်မှူးဟာ နောက်ထပ်တစ်ကြိမ် မြေပြင်ပေါ်ကို လွယ်လွယ်နဲ့ လဲကျခဲ့တယ်လို့ စွပ်စွဲခဲ့ကြတာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ၂၂ နှစ်အတွင်း လီဗာပူးလ်အိမ်ကွင်း အန်းဖီးမှာ ပထမဆုံးအကြိမ် နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပြီး ဆီဂတ်ဆန်ရဲ့ နောက်ကျ ပင်နယ်တီဂိုးကြောင့် ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

“မို ဆာလားဆီက အံ့အားသင့်ဖွယ် ဒိုင်ဗင်ပဲ။ နည်းနည်းလေးတောင်မှ မအံ့သြခဲ့မိပါဘူး”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးကလည်း “ဒီလို ဒိုင်ဗင်ထိုးတာတွေက အဝါကတ် ပြသရမှာမဟုတ်ဘူးလား။ ဆာလားက ၃ ကြိမ်၊ ၄ ကြိမ်လောက်ကို ထုတ်ပယ်ခံခဲ့ရသင့်ပါတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားဟာ အဲဗာတန္အသင္းနဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ ဒိုင္ဗင္ထိုးခဲ့တယ္လို႔ စြပ္စြဲခံေနရၿပီး ေနာက္ထပ္တစ္ႀကိမ္ လြယ္လြယ္ကူကူနဲ႔ လဲက်ခဲ့တဲ့အတြက္ ေဝဖန္မႈေတြလည္း ခံေနရပါတယ္။

စေနေန႔က ကစားခဲ့တဲ့ လီဗာပူးလ္နဲ႔ အဲဗာတန္တို႔ရဲ့ပြဲစဥ္ ပြဲခ်ိန္ မိနစ္ ၆၀ မျပည့္ခင္မွာ ရစ္ခ်ာလီဆင္ရဲ့ အေစာပိုင္းသြင္းဂိုးေၾကာင့္ လီဗာပူးလ္အသင္းဟာ ၁-၀ နဲ႔ ေနာက္က လိုက္ကစားေနခဲ့ရတာျဖစ္ၿပီး မိုဟာမက္ ဆာလားက ဖာမီနို ေပးပို႔လိုက္တဲ့ ေဘာလုံးေနာက္ကို ေျပးလိုက္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လူးကပ္စ္ ဒစ္ဂ္နီက ထိေတြ႕သလို အေယာင္ျပခဲ့ၿပီးေနာက္ ဆာလားဟာ အဲဗာတန္အသင္းပင္နယ္တီဧရိယာအျပင္ဘက္မွာ လဲက်သြားခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္ဒိုင္ ခရစ္ ကာဗာနက္က မိုဟာမက္ ဆာလား လဲက်သြားတာကို လုံးဝကို စိတ္ဝင္စားပုံမျပဘဲ ပြဲကို ဆက္လက္ကစားေစခဲ့တာျဖစ္ေပမယ့္ ေဘာလုံးပရိသတ္ေတြကေတာ့ အဲဒီအခိုက္အတံ့ကို ဒီတိုင္း မၿပီးသြားေစခ်င္ခဲ့တာျဖစ္ၿပီး လီဗာပူးလ္တိုက္စစ္မႉးဟာ ေနာက္ထပ္တစ္ႀကိမ္ ေျမျပင္ေပၚကို လြယ္လြယ္နဲ႔ လဲက်ခဲ့တယ္လို႔ စြပ္စြဲခဲ့ၾကတာျဖစ္ပါတယ္။

အဲဗာတန္အသင္းဟာ ၂၂ ႏွစ္အတြင္း လီဗာပူးလ္အိမ္ကြင္း အန္းဖီးမွာ ပထမဆုံးအႀကိမ္ နိုင္ပြဲကို ရရွိခဲ့တာျဖစ္ၿပီး ဆီဂတ္ဆန္ရဲ့ ေနာက္က် ပင္နယ္တီဂိုးေၾကာင့္ ၂-၀ နဲ႔ အနိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

“မို ဆာလားဆီက အံ့အားသင့္ဖြယ္ ဒိုင္ဗင္ပဲ။ နည္းနည္းေလးေတာင္မွ မအံ့ၾသခဲ့မိပါဘူး”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “ဒီလို ဒိုင္ဗင္ထိုးတာေတြက အဝါကတ္ ျပသရမွာမဟုတ္ဘူးလား။ ဆာလားက ၃ ႀကိမ္၊ ၄ ႀကိမ္ေလာက္ကို ထုတ္ပယ္ခံခဲ့ရသင့္ပါတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.