UCL&UEL

ပရိသတ္အင္အားနဲ႔ ကစားတတ္တဲ့ ေဒါ့မြန္ကို ပရိသတ္မပါဘဲ ေက်ာ္ျဖတ္သြားခဲ့တဲ့ ပီအက္စ္ဂ်ီ

ဗုဒၶဟူးေန႔ညမွာ က်င္းပခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရွဳံးထြက္ပြဲစဥ္ေတြထဲက တစ္ပြဲအျဖစ္ ကစားခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ ေဒါ့မြန္အသင္းတုိ႔ရဲ႕ ဒုတိယအေက်ာ့ၿပဳိင္ပြဲမွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္မွဳအျဖစ္ ကြင္းပိတ္ကစားခဲ့ၿပီး အိမ္ရွင္ပါရီသားေတြက ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏုိင္ရရွိၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏုိင္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ အမ္ဘာေပ ေနမေကာင္းခဲ့တာေၾကာင့္ ပြဲထြက္ျခင္းမရွိခဲ့တဲ့ ဒီပြဲစဥ္မွာ အသင္းရဲ႕တုိက္စစ္ကို ဝါရင့္ ေတာင္အေမရိက တုိက္စစ္မွဴးႏွစ္ဦးျဖစ္ၾကတဲ့ ကာဗာနီနဲ႔ ေနမာတုိ႔ ဦးေဆာင္လာခဲ့ၾကၿပီး ေဒါ့မြန္ကေတာ့ ဟားလန္းကို အေထာင္ထားၿပီး ေနာက္က ေသာ္ဂန္ ဟာဇက္နဲ႔ ဆန္ခ်ဳိတုိ႔ လုိက္ကစားတဲ့ ပုံစံကိုပဲ သုံးစြဲခဲ့တဲ့ ပြဲမွာ Parc des Princes ကြင္းျပင္မွာေတာ့ ပရိသတ္ေတြက ေစာင့္ဆုိင္းအားေပးေနခဲ့ၾကတာပါ။

ဒီေန႔ပြဲမွာေတာ့ အိမ္ကြင္းမွာ တစ္ဂိုးေပးထားခဲ့ရတဲ့ ေဒါ့မြန္တုိ႔ ခံစစ္ကို ပုိမုိအားျပဳဖို႔ ကြင္းလယ္မွာ အမ္မရီခ်န္ကို ထည့္သြင္းကစားခဲ့တာက ဖန္တီးမွဳ က်ဆင္းေစခဲ့ၿပီး ပီအက္စ္ဂ်ီတုိ႔ကို ပိုမိုစိုးမိုးမွဳ ရသြားေစခဲ့သလို ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ဒီမာရီယာရဲ႕ ေထာင့္ကန္ေဘာကေန မာကင္လြတ္သြားတဲ့ ေနမာက အနီးကပ္ ေခါင္းတုိက္ၿပီး ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ညာေတာင္ပံက စပိန္အတြဲအဖက္ျဖစ္ခဲ့တဲ့ ပါဘလို ဆာရာဘီယာရဲ႕ အနိမ့္ေဘာျဖတ္တင္မွဳကို ဘယ္ေနာက္ခံလူအျဖစ္ကေန ဂိုးေရွ႕အထိ ေရာက္လာခဲ့တဲ့ ဟြမ္ဘားနတ္က အေဝးတုိင္ေထာင့္ကို ပိတ္သြင္းခဲ့ရာမွာ ဂိုးသမား ႐ိုမန္ ဘာကီ မကာကြယ္ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ပထမပုိင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပီအက္စ္ဂ်ီတုိ႔ ဦးေဆာင္ခဲ့သလို ဒုတိယပုိင္းမွာလည္း ပြဲကို ထိန္းခ်ဳပ္ႏုိင္ဖို႔နဲ႔ တန္ျပန္တုိက္စစ္ကစားႏုိင္ဖို႔ အမ္ဘာေပကိုပါ ထပ္မံထည့္သြင္းၿပီး ကစားလာခဲ့ၿပီး ေဒါ့မြန္တို႔ ဖိကစားခဲ့ေပမယ့္ အဆုံးသတ္ပုိင္း ညံ့ဖ်င္းေနခဲ့တဲ့အျပင္ ကြင္းလယ္လူ အမ္မရီခ်န္ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ပရိသတ္အင္အားနဲ႔ ကစားတတ္တဲ့ ဂ်ာမန္သားေတြအဖို႔ ကြင္းပိတ္ကစားတတ္တဲ့ ျပင္သစ္ေျမမွာ ခ်န္ပီယံလိဂ္ကို ႏွဳတ္ဆက္ခဲ့ရေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဗုဒ္ဓဟူးနေ့ညမှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေထဲက တစ်ပွဲအဖြစ် ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ဒုတိယအကျော့ပြိုင်ပွဲမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်မှုအဖြစ် ကွင်းပိတ်ကစားခဲ့ပြီး အိမ်ရှင်ပါရီသားတွေက နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ လူငယ်ကြယ်ပွင့် အမ်ဘာပေ နေမကောင်းခဲ့တာကြောင့် ပွဲထွက်ခြင်းမရှိခဲ့တဲ့ ဒီပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်ကို ဝါရင့် တောင်အမေရိက တိုက်စစ်မှူးနှစ်ဦးဖြစ်ကြတဲ့ ကာဗာနီနဲ့ နေမာတို့ ဦးဆောင်လာခဲ့ကြပြီး ဒေါ့မွန်ကတော့ ဟားလန်းကို အထောင်ထားပြီး နောက်က သော်ဂန် ဟာဇက်နဲ့ ဆန်ချိုတို့ လိုက်ကစားတဲ့ ပုံစံကိုပဲ သုံးစွဲခဲ့တဲ့ ပွဲမှာ Parc des Princes ကွင်းပြင်မှာတော့ ပရိသတ်တွေက စောင့်ဆိုင်းအားပေးနေခဲ့ကြတာပါ။

ဒီနေ့ပွဲမှာတော့ အိမ်ကွင်းမှာ တစ်ဂိုးပေးထားခဲ့ရတဲ့ ဒေါ့မွန်တို့ ခံစစ်ကို ပိုမိုအားပြုဖို့ ကွင်းလယ်မှာ အမ်မရီချန်ကို ထည့်သွင်းကစားခဲ့တာက ဖန်တီးမှု ကျဆင်းစေခဲ့ပြီး ပီအက်စ်ဂျီတို့ကို ပိုမိုစိုးမိုးမှု ရသွားစေခဲ့သလို ပွဲချိန် ၂၈ မိနစ်မှာတော့ ဒီမာရီယာရဲ့ ထောင့်ကန်ဘောကနေ မာကင်လွတ်သွားတဲ့ နေမာက အနီးကပ် ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ ညာတောင်ပံက စပိန်အတွဲအဖက်ဖြစ်ခဲ့တဲ့ ပါဘလို ဆာရာဘီယာရဲ့ အနိမ့်ဘောဖြတ်တင်မှုကို ဘယ်နောက်ခံလူအဖြစ်ကနေ ဂိုးရှေ့အထိ ရောက်လာခဲ့တဲ့ ဟွမ်ဘားနတ်က အဝေးတိုင်ထောင့်ကို ပိတ်သွင်းခဲ့ရာမှာ ဂိုးသမား ရိုမန် ဘာကီ မကာကွယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ပီအက်စ်ဂျီတို့ ဦးဆောင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ပွဲကို ထိန်းချုပ်နိုင်ဖို့နဲ့ တန်ပြန်တိုက်စစ်ကစားနိုင်ဖို့ အမ်ဘာပေကိုပါ ထပ်မံထည့်သွင်းပြီး ကစားလာခဲ့ပြီး ဒေါ့မွန်တို့ ဖိကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်း ညံ့ဖျင်းနေခဲ့တဲ့အပြင် ကွင်းလယ်လူ အမ်မရီချန် ထုတ်ပယ်ခံခဲ့ရတာကြောင့် ပရိသတ်အင်အားနဲ့ ကစားတတ်တဲ့ ဂျာမန်သားတွေအဖို့ ကွင်းပိတ်ကစားတတ်တဲ့ ပြင်သစ်မြေမှာ ချန်ပီယံလိဂ်ကို နှုတ်ဆက်ခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.