Match Report Premier League

အမ်းမရိတ်မှာ မန်စီးတီးရဲ့ ချန်ပီယံခြေစွမ်းကို မတားဆီးနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ခံစစ်ကို ပါဘလို မာရီနဲ့ တီယာနီကို ပြန်လည်ထည့်သွင်းခဲ့သလို အပြောင်းအလဲလုပ်ခဲ့ပြီး ကွင်းလယ်မှာ လုပ်အားနှုန်းကောင်းတဲ့ အယ်လ်နန်နီကို ထည့်သွင်းခဲ့သလို တိုက်စစ်မှာတော့ စမစ်ရိုးကို ချန်ထားပြီး ပေပေကို ပြန်လည်သုံးစွဲလာခဲ့ပါတယ်။

မန်ချက်စတာစီးတီးကတော့ သူတို့ရဲ့ တိုက်စစ်မှူးမပါတဲ့ ကစားကွက်ကို နှစ်သက်နေဆဲဖြစ်ပြီး ဒဏ်ရာရှိနေတယ်လို့ ပြောတဲ့ ကစားသမားတွေအားလုံး ပြန်လည်ပါဝင်လာခဲ့သလို ဒီဘရိုင်းနား၊ ဖာနန်ဒင်ညို၊ ဂွန်ဒိုးဝမ်တို့နဲ့ လူစုံခဲ့ပြီး တိုက်စစ်ကို ချောချောမွေ့မွေ့နဲ့ ကစားနိုင်ဖို့ ပြင်ဆင်ခဲ့သလို ဖိုဒန်ကိုတော့ ချန်လှပ်ခဲ့ပါတယ်။

စောစောစီးစီး ပွဲချိန် ၂ မိနစ်မှာကတည်းက မန်စီးတီးတို့ အဖွင့်ဂိုး ရရှိသွားခဲ့ပြီး ပွဲစကတည်းက ဖိကစားနေခဲ့တဲ့ ဧည့်သည်အသင်းရဲ့ တောင်ပံကစားသမား မာရက်ဇ်ရဲ့ ဖြတ်တင်ဘောကို အာဆင်နယ်ခံစစ်က လူကပ်ပေါ့လျော့တာကို အခွင့်ကောင်းယူပြီး စတာလင်က ခေါင်းတိုက်သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။

မာရက်ဇ်နဲ့ ကန်ဆယ်လိုတို့က အာဆင်နယ်ရဲ့ ညာခြမ်းကို တောက်လျှောက်ဒုက္ခပေးနေခဲ့ပြီး ကွင်းလယ်မှာလည်း ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း ၇၀ ကျော် ရယူထားခဲ့ချိန်မှာ တန်ပြန်တိုက်စစ်တွေကိုလည်း စနစ်တကျ ထိန်းချုပ်ထားနိုင်ခဲ့လို့ အိမ်ရှင်တို့ ဂိုးပေါက်မခြိမ်းခြောက်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာ အာဆင်နယ်တို့ရဲ့ တိုက်စစ်ကနေ ပြန်လည်ခြိမ်းခြောက်ခွင့် ရရှိခဲ့ပေမယ့် ဆာကာရဲ့ အနိမ့်ဘော ကန်ချက်က လူကျွံနေတဲ့ တိုက်စစ်မှူး အူဘာမီယန်းနဲ့ ထိသွားခဲ့တာကြောင့် အလသဟဿဖြစ်နေခဲ့ရပြီး ဒီနောက်ပိုင်းမှာတော့ စီးတီးရဲ့ တိုက်စစ်ကို သူတို့တွေ ထိန်းချုပ်မှု ကောင်းလာခဲ့ပါတယ်။

ဒါပေမယ့် ကွင်းလယ်မှာ မန်စီးတီးတို့က အချိန်ပြည့် စိုးမိုးထားခဲ့တဲ့အပြင် တန်ပြန်တိုက်စစ်တွေမှာလည်း ဆာကာရဲ့ အတွေ့အကြုံ အနည်းငယ် လိုအပ်ချက်နဲ့အတူ သူနဲ့ တောင်ပံမှားပြီး နေရာချားခဲ့တဲ့ နီကိုလာ ပေပေနဲ့ ချိတ်ဆက်ဖို့ ခက်ခဲနေတဲ့ အသင်းကြောင့် အာဆင်နယ်တို့ အိမ်ကွင်းမှာ တိုက်စစ်မဲ့သလိုဖြစ်နေပြီး ခံစစ်မှာပဲ အချိန်ပိုကုန်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့အနေနဲ့ ဘောလုံးရတာနဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့ ဘယ်ခြမ်းကနေပဲ ကြိုးစားနေခဲ့ပြီး တီယာနီနဲ့ ဆာကာတို့ ကြိုးစားခဲ့သလို ညာခြမ်းက ပေပေကတော့ စီးတီးတို့ အသည်းထိတ်ရအောင် တစ်ကြိမ်လုပ်ပြနိုင်ခဲ့ပေမယ့် တိုင်ဘေးကပဲ ပိုက်အပြင်ကို ထိခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ စီးတီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဂွါဒီယိုလာအနေနဲ့ နောက်တစ်ဂိုးထပ်ရယူပြီး ပွဲသိမ်းနိုင်ဖို့အတွက် တိုက်စစ်ကို ဆက်လက်ကစားခိုင်းခဲ့ပြီး အာဆင်နယ်ကတော့ အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ ကြိုးစားနေတဲ့အတွက် တန်ပြန်တိုက်စစ်တွေကို ကာကွယ်ရာမှာ ဆာကာကို Foul လုပ်ခဲ့တဲ့ ဘာနာဒို ဆေးလ်ဗား အဝါကတ်ထိခဲ့သလို တီယာနီကို အဝင်ကြမ်းတဲ့ ကန်ဆယ်လိုလည်း အဝါထိခဲ့ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ ဒီပွဲရဲ့ ပထမဆုံး လူစားလဲမှုအဖြစ် ဒီဘရိုင်းနားအစား ဂျေဆူးစ်ကို ထည့်ခဲ့ပြီး အာဆင်နယ်ဘက်ကတော့ ၇၄ မိနစ်မှာ အလုပ်မဖြစ်တဲ့ ပေပေနဲ့ အော်ဒီဂွါဒ်အစား စမစ်ရိုးနဲ့ လာကာဇက်တို့ကို လူစားလဲကစားခဲ့ပြီး တစ်ချိန်လုံး စတုန်းစ်ရဲ့ အိပ်ကပ်ထဲကို ရောက်နေတဲ့ အူဘာမီယန်းကို ကယ်တင်ဖို့နဲ့ ချေပဂိုးရဖို့အတွက် တိုက်စစ်ကို မြှင့်တင်လာခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဂျေဆူးစ်နဲ့ ကန်ဆယ်လိုတို့ ထိုးဖောက်လာရာမှာ ဟိုးလ်ဒင်း ဝင်ဖျက်ပေမယ့် ခေါင်းထိသွားခဲ့တာပဲ အဖတ်တင်ခဲ့ပြီး စီးတီးတို့ တိုက်စစ်က ရှေ့ဆက်သွားနိုင်ခဲ့သလို ဒီကနေ ကန်ဆယ်လို ပြန်ရပြီး ကန်သွင်းရာမှာ Shot Technique ကောင်းခဲ့ပေမယ့် အပိုင်မကန်ခဲ့ရတာကြောင့် ဂိုးတိုင်ဘေးကပဲ ကပ်ထွက်သွားခဲ့လို့ အာဆင်နယ်တို့ သက်သာခဲ့ရပါတယ်။

ခေါင်းထိသွားခဲ့တဲ့ ဟိုးလ်ဒင်းအတွက် အထူးလူစားလဲခွင့်အဖြစ် ဒေးဗစ် လူးဝစ်ဇ်က ပွဲချိန် ၈၂ မိနစ်မှာ ဝင်ရောက်ကစားခဲ့သလို ၈၆ မိနစ် မှာတော့ အယ်လ်နန်နီအစား ဒါနီ စီဘာယော့စ်ကို တတိယမြောက်လူစားလဲမှုအဖြစ် ထည့်သွင်းပြီး အာဆင်နယ်တို့ ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် စီးတီးရဲ့ တန်ပြန်တိုက်စစ်တွေမှာ သူတို့တွေ ပြန်လည်ရုန်းကန်ခဲ့ရပြီး ဂျေဆူးစ်ကတော့ အခွင့်အရေးကို မိုးပေါ် ထောင်ကန်ပစ်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တစ်ဖက်နဲ့ တစ်ဖက် ဘောလုံးလုရင်းနဲ့ပဲ ကွင်းလယ်မှာ အချိန်ကုန်ခဲ့ပြီး ပြစ်ဒဏ်ဘောတွေ များခဲ့တာကလွဲရင် ဘာမှ ထပ်ပြီး ထူးခြားခြင်း မရှိခဲ့လို့ ပွဲချိန်အပြည့်မှာတော့ မန်စီးတီးတို့အနေနဲ့ သူတို့အသင်းရဲ့ ၂၀၁၇ ခုနှစ်က စံချိန်ဟောင်းဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲဆက်တိုက် အနိုင်ရတဲ့ မှတ်တမ်းကို လိုက်မီနိုင်ခဲ့သလို အမှတ်ပေးဇယားကို ဆယ်မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ခံစစ္ကို ပါဘလို မာရီနဲ႔ တီယာနီကို ျပန္လည္ထည့္သြင္းခဲ့သလို အေျပာင္းအလဲလုပ္ခဲ့ၿပီး ကြင္းလယ္မွာ လုပ္အားႏႈန္းေကာင္းတဲ့ အယ္လ္နန္နီကို ထည့္သြင္းခဲ့သလို တိုက္စစ္မွာေတာ့ စမစ္႐ိုးကို ခ်န္ထားၿပီး ေပေပကို ျပန္လည္သုံးစြဲလာခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးကေတာ့ သူတို႔ရဲ႕ တိုက္စစ္မႉးမပါတဲ့ ကစားကြက္ကို ႏွစ္သက္ေနဆဲျဖစ္ၿပီး ဒဏ္ရာရွိေနတယ္လို႔ ေျပာတဲ့ ကစားသမားေတြအားလုံး ျပန္လည္ပါဝင္လာခဲ့သလို ဒီဘ႐ိုင္းနား၊ ဖာနန္ဒင္ညိဳ၊ ဂြန္ဒိုးဝမ္တို႔နဲ႔ လူစုံခဲ့ၿပီး တိုက္စစ္ကို ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ကစားႏိုင္ဖို႔ ျပင္ဆင္ခဲ့သလို ဖိုဒန္ကိုေတာ့ ခ်န္လွပ္ခဲ့ပါတယ္။

ေစာေစာစီးစီး ပြဲခ်ိန္ ၂ မိနစ္မွာကတည္းက မန္စီးတီးတို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၿပီး ပြဲစကတည္းက ဖိကစားေနခဲ့တဲ့ ဧည့္သည္အသင္းရဲ႕ ေတာင္ပံကစားသမား မာရက္ဇ္ရဲ႕ ျဖတ္တင္ေဘာကို အာဆင္နယ္ခံစစ္က လူကပ္ေပါ့ေလ်ာ့တာကို အခြင့္ေကာင္းယူၿပီး စတာလင္က ေခါင္းတိုက္သြင္းယူသြားခဲ့တာလည္းျဖစ္ပါတယ္။

မာရက္ဇ္နဲ႔ ကန္ဆယ္လိုတို႔က အာဆင္နယ္ရဲ႕ ညာျခမ္းကို ေတာက္ေလွ်ာက္ဒုကၡေပးေနခဲ့ၿပီး ကြင္းလယ္မွာလည္း ေဘာလုံးပိုင္ဆိုင္မႈ ရာခိုင္ႏႈန္း ၇၀ ေက်ာ္ ရယူထားခဲ့ခ်ိန္မွာ တန္ျပန္တိုက္စစ္ေတြကိုလည္း စနစ္တက် ထိန္းခ်ဳပ္ထားႏိုင္ခဲ့လို႔ အိမ္ရွင္တို႔ ဂိုးေပါက္မၿခိမ္းေျခာက္ႏိုင္ဘဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာ အာဆင္နယ္တို႔ရဲ႕ တိုက္စစ္ကေန ျပန္လည္ၿခိမ္းေျခာက္ခြင့္ ရရွိခဲ့ေပမယ့္ ဆာကာရဲ႕ အနိမ့္ေဘာ ကန္ခ်က္က လူကြၽံေနတဲ့ တိုက္စစ္မႉး အူဘာမီယန္းနဲ႔ ထိသြားခဲ့တာေၾကာင့္ အလသဟႆျဖစ္ေနခဲ့ရၿပီး ဒီေနာက္ပိုင္းမွာေတာ့ စီးတီးရဲ႕ တိုက္စစ္ကို သူတို႔ေတြ ထိန္းခ်ဳပ္မႈ ေကာင္းလာခဲ့ပါတယ္။

ဒါေပမယ့္ ကြင္းလယ္မွာ မန္စီးတီးတို႔က အခ်ိန္ျပည့္ စိုးမိုးထားခဲ့တဲ့အျပင္ တန္ျပန္တိုက္စစ္ေတြမွာလည္း ဆာကာရဲ႕ အေတြ႕အႀကဳံ အနည္းငယ္ လိုအပ္ခ်က္နဲ႔အတူ သူနဲ႔ ေတာင္ပံမွားၿပီး ေနရာခ်ားခဲ့တဲ့ နီကိုလာ ေပေပနဲ႔ ခ်ိတ္ဆက္ဖို႔ ခက္ခဲေနတဲ့ အသင္းေၾကာင့္ အာဆင္နယ္တို႔ အိမ္ကြင္းမွာ တိုက္စစ္မဲ့သလိုျဖစ္ေနၿပီး ခံစစ္မွာပဲ အခ်ိန္ပိုကုန္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔အေနနဲ႔ ေဘာလုံးရတာနဲ႔ တန္ျပန္တိုက္စစ္ဆင္ဖို႔ ဘယ္ျခမ္းကေနပဲ ႀကိဳးစားေနခဲ့ၿပီး တီယာနီနဲ႔ ဆာကာတို႔ ႀကိဳးစားခဲ့သလို ညာျခမ္းက ေပေပကေတာ့ စီးတီးတို႔ အသည္းထိတ္ရေအာင္ တစ္ႀကိမ္လုပ္ျပႏိုင္ခဲ့ေပမယ့္ တိုင္ေဘးကပဲ ပိုက္အျပင္ကို ထိခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာ စီးတီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ဂြါဒီယိုလာအေနနဲ႔ ေနာက္တစ္ဂိုးထပ္ရယူၿပီး ပြဲသိမ္းႏိုင္ဖို႔အတြက္ တိုက္စစ္ကို ဆက္လက္ကစားခိုင္းခဲ့ၿပီး အာဆင္နယ္ကေတာ့ အိမ္ကြင္းမွာ ရလဒ္ေကာင္းဖို႔ ႀကိဳးစားေနတဲ့အတြက္ တန္ျပန္တိုက္စစ္ေတြကို ကာကြယ္ရာမွာ ဆာကာကို Foul လုပ္ခဲ့တဲ့ ဘာနာဒို ေဆးလ္ဗား အဝါကတ္ထိခဲ့သလို တီယာနီကို အဝင္ၾကမ္းတဲ့ ကန္ဆယ္လိုလည္း အဝါထိခဲ့ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ဒီပြဲရဲ႕ ပထမဆုံး လူစားလဲမႈအျဖစ္ ဒီဘ႐ိုင္းနားအစား ေဂ်ဆူးစ္ကို ထည့္ခဲ့ၿပီး အာဆင္နယ္ဘက္ကေတာ့ ၇၄ မိနစ္မွာ အလုပ္မျဖစ္တဲ့ ေပေပနဲ႔ ေအာ္ဒီဂြါဒ္အစား စမစ္႐ိုးနဲ႔ လာကာဇက္တို႔ကို လူစားလဲကစားခဲ့ၿပီး တစ္ခ်ိန္လုံး စတုန္းစ္ရဲ႕ အိပ္ကပ္ထဲကို ေရာက္ေနတဲ့ အူဘာမီယန္းကို ကယ္တင္ဖို႔နဲ႔ ေခ်ပဂိုးရဖို႔အတြက္ တိုက္စစ္ကို ျမႇင့္တင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ေဂ်ဆူးစ္နဲ႔ ကန္ဆယ္လိုတို႔ ထိုးေဖာက္လာရာမွာ ဟိုးလ္ဒင္း ဝင္ဖ်က္ေပမယ့္ ေခါင္းထိသြားခဲ့တာပဲ အဖတ္တင္ခဲ့ၿပီး စီးတီးတို႔ တိုက္စစ္က ေရွ႕ဆက္သြားႏိုင္ခဲ့သလို ဒီကေန ကန္ဆယ္လို ျပန္ရၿပီး ကန္သြင္းရာမွာ Shot Technique ေကာင္းခဲ့ေပမယ့္ အပိုင္မကန္ခဲ့ရတာေၾကာင့္ ဂိုးတိုင္ေဘးကပဲ ကပ္ထြက္သြားခဲ့လို႔ အာဆင္နယ္တို႔ သက္သာခဲ့ရပါတယ္။

ေခါင္းထိသြားခဲ့တဲ့ ဟိုးလ္ဒင္းအတြက္ အထူးလူစားလဲခြင့္အျဖစ္ ေဒးဗစ္ လူးဝစ္ဇ္က ပြဲခ်ိန္ ၈၂ မိနစ္မွာ ဝင္ေရာက္ကစားခဲ့သလို ၈၆ မိနစ္ မွာေတာ့ အယ္လ္နန္နီအစား ဒါနီ စီဘာေယာ့စ္ကို တတိယေျမာက္လူစားလဲမႈအျဖစ္ ထည့္သြင္းၿပီး အာဆင္နယ္တို႔ ဖိကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ စီးတီးရဲ႕ တန္ျပန္တိုက္စစ္ေတြမွာ သူတို႔ေတြ ျပန္လည္႐ုန္းကန္ခဲ့ရၿပီး ေဂ်ဆူးစ္ကေတာ့ အခြင့္အေရးကို မိုးေပၚ ေထာင္ကန္ပစ္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ တစ္ဖက္နဲ႔ တစ္ဖက္ ေဘာလုံးလုရင္းနဲ႔ပဲ ကြင္းလယ္မွာ အခ်ိန္ကုန္ခဲ့ၿပီး ျပစ္ဒဏ္ေဘာေတြ မ်ားခဲ့တာကလြဲရင္ ဘာမွ ထပ္ၿပီး ထူးျခားျခင္း မရွိခဲ့လို႔ ပြဲခ်ိန္အျပည့္မွာေတာ့ မန္စီးတီးတို႔အေနနဲ႔ သူတို႔အသင္းရဲ႕ ၂၀၁၇ ခုႏွစ္က စံခ်ိန္ေဟာင္းျဖစ္တဲ့ ပရီးမီးယားလိဂ္မွာ ၁၁ ပြဲဆက္တိုက္ အႏိုင္ရတဲ့ မွတ္တမ္းကို လိုက္မီႏိုင္ခဲ့သလို အမွတ္ေပးဇယားကို ဆယ္မွတ္ျဖတ္ၿပီး ဦးေဆာင္ႏိုင္ဆဲျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.