Premier League

20 Feb နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ လာမယ့်နွေရာသီမှာ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို ခေါ်ယူနိုင်ဖို့ မာရီနာ ဂရာနော့ဗ်စကားယာ ဦးဆောင်တဲ့ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ညှိနှိုင်းနေပြီး ပေါင် ၇၇ သန်းကနေစပြီး ကမ်းလှမ်းသွားဖို့ စီစဉ်နေ။

– ဆောက်သမ်တန်နဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ နည်းပြ တူဟယ်လ်က တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ရဲ့ ဒဏ်ရာကနေ ပြန်ပြီး သက်သာနေပြီလို့ ပြောကြားလိုက်ပြီး ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်ဟာလည်း တောင်ပိုင်းကမ်းခြေကို ခရီးနှင်နိုင်မှာဖြစ်ကြောင်းဆို။

– ပွဲကြိုခန့်မှန်းချက်တွေအရ ဆောက်သမ်တန်နဲ့ အဝေးကွင်းပွဲစဉ်မှာ ဂိုးသမား အေဒူယာ မန်ဒီကို ကီပါအစား ပြန်လည်သုံးစွဲဖွယ်ရှိနေပြီး အေဘရာဟမ်၊ မေဆန်မောင့်နဲ့ တီမို ဗာနာတို့က တိုက်စစ်ကို ဦးဆောင်လာမှာဖြစ်သလို သီယာဂို ဆေးလ်ဗားကိုတော့ ဒဏ်ရာကနေ ချက်ချင်းပြန်ကစားစေခြင်း မပြုဘဲ အနားပေးသွားဖို့ ရှိနေ။


– အင်္ဂလန်မှာ အခြေကျဖို့ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်ကို လောလောဆယ် သုံးစွဲဦးမှာ မဟုတ်ဘဲ အသက် ၂၇ နှစ်အရွယ် မော်ရိုကိုသားကို စိတ်ရှည်ဖို့နဲ့ ကြံ့ခိုင်မှုကောင်းကောင်းတည်ဆောက်ထားဖို့ နည်းပြ တူဟယ်လ်က သတိပေးထားတယ်လို့ သတင်းထွက်ပေါ်လာ။

– ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားနဲ့ ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်တို့ကို ထရိန်နင်မှာ ပြန်လည်မြင်တွေ့ခဲ့ရတာက ချဲလ်ဆီးပရိသတ်တွေအတွက် အားတက်စရာဖြစ်နေချိန်မှာ အက်သလက်တီကိုရဲ့ ဟိုဆေး ဟီမီနက်ဇ်အနေနဲ့လည်း ဒဏ်ရာကနေ သက်သာလာပြီး ဘူခါရက်စ်မှာ ကစားရမယ့် အင်္ဂါနေ့ပွဲစဉ်အမီ ပါဝင်နိုင်ဖို့ ကြိုးစားနေ။

– တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးဟာ ဧရိယာထဲမှာ ဘောလုံးအထိန်းအသိမ်း ကောင်းမွန်ပြီး ကန်ချက်ကောင်းတွေ ပြုလုပ်နိုင်သလို အမြင့်ဘောတွေမှာလည်း ထူးချွန်သူဖြစ်လို့ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးကို နည်းပြ တူဟယ်လ်က ချီးကျူးလိုက်ပြီး သူ့ရဲ့ ထရိန်နင်မှာ အပြုသဘောဆောင်တဲ့ ပုံစံက လူငယ်တွေအတွက် နမူနာကောင်းလို့လည်း ဆိုသွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းရဲ့ ဟားလန်းကို ခေါ်ယူမယ့် အစီအစဉ်ကို တစ်နည်းတစ်လမ်းနဲ့ နှောင့်ယှက်လာနိုင်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဒါနီ စီဘာယော့စ်နဲ့ မာတင် အော်ဒီဂွါဒ်တို့ကို ဝယ်ယူပြီး စပိန်ချန်ပီယံဆီ ငွေကြေး ထည့်သွင်းပေးပြီး လမ်းလွှဲဖွယ်ရှိတယ်လို့ သုံးသပ်နေကြ။


– ဆောက်သမ်တန်အသင်းနဲ့ စိန့်မေရီကွင်းမှာ ကစားမယ့်ပွဲစဉ်အတွက် ချဲလ်ဆီးအသင်းအနေနဲ့ နှစ်ဂိုး-ဂိုးမရှိရလဒ်နဲ့ ဖြတ်ကျော်သွားနိုင် လိမ့်မယ်လို့ ဘီဘီစီရဲ့ မာ့ခ် လော်ရင်ဆန်က ခန့်မှန်းလိုက်ပြီး ပုံစံပျက်နေတဲ့ အိမ်ရှင်တို့အနေနဲ့ တူဟယ်လ်ရဲ့ နိုင်ပွဲဆက်မှုကို တားဆီးနိုင်ခြေ မရှိဘူးလို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ လာမယ့္ေႏြရာသီမွာ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကို ေခၚယူႏိုင္ဖို႔ မာရီနာ ဂရာေနာ့ဗ္စကားယာ ဦးေဆာင္တဲ့ တာဝန္ရွိသူေတြနဲ႔ တိုင္ပင္ညႇိႏႈိင္းေနၿပီး ေပါင္ ၇၇ သန္းကေနစၿပီး ကမ္းလွမ္းသြားဖို႔ စီစဥ္ေန။

– ေဆာက္သမ္တန္နဲ႔ ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ နည္းျပ တူဟယ္လ္က တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ရဲ႕ ဒဏ္ရာကေန ျပန္ၿပီး သက္သာေနၿပီလို႔ ေျပာၾကားလိုက္ၿပီး ကြင္းလယ္လူ ခိုင္ ဟာဗတ္ဇ္ဟာလည္း ေတာင္ပိုင္းကမ္းေျခကို ခရီးႏွင္ႏိုင္မွာျဖစ္ေၾကာင္းဆို။

– ပြဲႀကိဳခန႔္မွန္းခ်က္ေတြအရ ေဆာက္သမ္တန္နဲ႔ အေဝးကြင္းပြဲစဥ္မွာ ဂိုးသမား ေအဒူယာ မန္ဒီကို ကီပါအစား ျပန္လည္သုံးစြဲဖြယ္ရွိေနၿပီး ေအဘရာဟမ္၊ ေမဆန္ေမာင့္နဲ႔ တီမို ဗာနာတို႔က တိုက္စစ္ကို ဦးေဆာင္လာမွာျဖစ္သလို သီယာဂို ေဆးလ္ဗားကိုေတာ့ ဒဏ္ရာကေန ခ်က္ခ်င္းျပန္ကစားေစျခင္း မျပဳဘဲ အနားေပးသြားဖို႔ ရွိေန။


– အဂၤလန္မွာ အေျခက်ဖို႔ ႐ုန္းကန္ေနရတဲ့ ေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္ကို ေလာေလာဆယ္ သုံးစြဲဦးမွာ မဟုတ္ဘဲ အသက္ ၂၇ ႏွစ္အ႐ြယ္ ေမာ္႐ိုကိုသားကို စိတ္ရွည္ဖို႔နဲ႔ ႀကံ့ခိုင္မႈေကာင္းေကာင္းတည္ေဆာက္ထားဖို႔ နည္းျပ တူဟယ္လ္က သတိေပးထားတယ္လို႔ သတင္းထြက္ေပၚလာ။

– ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားနဲ႔ ကြင္းလယ္လူ ခိုင္ ဟာဗတ္ဇ္တို႔ကို ထရိန္နင္မွာ ျပန္လည္ျမင္ေတြ႕ခဲ့ရတာက ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ အားတက္စရာျဖစ္ေနခ်ိန္မွာ အက္သလက္တီကိုရဲ႕ ဟိုေဆး ဟီမီနက္ဇ္အေနနဲ႔လည္း ဒဏ္ရာကေန သက္သာလာၿပီး ဘူခါရက္စ္မွာ ကစားရမယ့္ အဂၤါေန႔ပြဲစဥ္အမီ ပါဝင္ႏိုင္ဖို႔ ႀကိဳးစားေန။

– တိုက္စစ္မႉး အိုလီဗီးေယး ဂ်ီ႐ူးဟာ ဧရိယာထဲမွာ ေဘာလုံးအထိန္းအသိမ္း ေကာင္းမြန္ၿပီး ကန္ခ်က္ေကာင္းေတြ ျပဳလုပ္ႏိုင္သလို အျမင့္ေဘာေတြမွာလည္း ထူးခြၽန္သူျဖစ္လို႔ အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးကို နည္းျပ တူဟယ္လ္က ခ်ီးက်ဴးလိုက္ၿပီး သူ႔ရဲ႕ ထရိန္နင္မွာ အျပဳသေဘာေဆာင္တဲ့ ပုံစံက လူငယ္ေတြအတြက္ နမူနာေကာင္းလို႔လည္း ဆိုသြားခဲ့။


– အာဆင္နယ္အသင္းအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းရဲ႕ ဟားလန္းကို ေခၚယူမယ့္ အစီအစဥ္ကို တစ္နည္းတစ္လမ္းနဲ႔ ေႏွာင့္ယွက္လာႏိုင္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းကေန အငွားနဲ႔ ေခၚယူထားတဲ့ ဒါနီ စီဘာေယာ့စ္နဲ႔ မာတင္ ေအာ္ဒီဂြါဒ္တို႔ကို ဝယ္ယူၿပီး စပိန္ခ်န္ပီယံဆီ ေငြေၾကး ထည့္သြင္းေပးၿပီး လမ္းလႊဲဖြယ္ရွိတယ္လို႔ သုံးသပ္ေနၾက။


– ေဆာက္သမ္တန္အသင္းနဲ႔ စိန႔္ေမရီကြင္းမွာ ကစားမယ့္ပြဲစဥ္အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ႏွစ္ဂိုး-ဂိုးမရွိရလဒ္နဲ႔ ျဖတ္ေက်ာ္သြားႏိုင္ လိမ့္မယ္လို႔ ဘီဘီစီရဲ႕ မာ့ခ္ ေလာ္ရင္ဆန္က ခန႔္မွန္းလိုက္ၿပီး ပုံစံပ်က္ေနတဲ့ အိမ္ရွင္တို႔အေနနဲ႔ တူဟယ္လ္ရဲ႕ ႏိုင္ပြဲဆက္မႈကို တားဆီးႏိုင္ေျခ မရွိဘူးလို႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.