Premier League Transfer News

20 Feb နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်ဆိုစီဒက်တို့ကစားတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ လူငယ်တောင်ပံကစားသမား အာမက် ဂျယ်လို ထရာအိုရေးကို ကြည့်ရတာ မန်စီးတီးရဲ့ ရီယက် မာရက်ဇ်နဲ့ တော်တော်လေး တူညီကြောင်း စီနီယာကစားသမားတွေဖြစ်ကြတဲ့ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ သုံးသပ်သွားခဲ့ကြ။

– အသင်းရဲ့ အားကစားဒါရိုက်တာရာထူးကို ပထမအဆုံးအကြိမ် ခန့်အပ်သွားဖို့ ရှိနေတယ်လို့ ပြီးခဲ့တဲ့ ရာသီကတည်းက သတင်းထွက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကစားသမားဟောင်းတွေနဲ့ နာမည်ကြီးတွေအစား ဂျူဗင်တပ်စ်အသင်းကို လူကောင်းများစွာ ရှာဖွေပေးခဲ့တဲ့ ကင်းထောက်ချုပ် မက်တီယို တို့ညော့ဇီကို ခန့်အပ်သွားဖို့ ပစ်မှတ်ထားနေ။

– မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က နွေရာသီမှာ သူ့အနေနဲ့ ကစားသမားတစ်ဦးကို စိတ်ကြိုက်ခေါ်ယူခွင့်ရှိတဲ့ လုပ်ပိုင်ခွင့်မျိုး ရှိခဲ့မယ်ဆိုရင် ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကိုပဲ ခေါ်ယူမှာဖြစ်တယ်လို့ အင်္ဂလန်အသင်းဖော်ကို ထောက်ခံသွားခဲ့။

– ရင်းနေးအသင်းကနေ ထွက်ခွာစေဖို့ ဥရောပအသင်းကြီးတော်တော်များများက လိုက်လံစည်းရုံးခံနေခဲ့ရတဲ့ ကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါအနေနဲ့ လက်ရှိအသင်းကို စွန့်ခွာပြီး စွန့်စားခန်းသစ်တွေကို ရှာဖွေလိုနေသလို အသင်းကြီး ၄-၅ သင်းကို ပြောင်းရွှေ့ဖို့ ပစ်မှတ်ထားနေပြီး မန်ချက်စတာယူနိုက်တက်လည်း ပါဝင်နေ။

– ရီးရဲလ်ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းညာခြမ်းရဲ့ စွမ်းဆောင်ရည် မရှိပုံကို ပရိသတ်တွေက စိတ်ပျက်ခဲ့ကြပြီး ဝန်ဘစ်ဆာကာ၊ မက်တော်မီနေးနဲ့ ဂျိမ်းစ်တို့ တွဲလိုက်ရင် အကုန်ပျက်တော့တာပဲလို့ ဝေဖန်နေကြသလို အားလုံးထဲက ပထမကစားသမားဖြစ်တဲ့ ညာနောက်ခံလူကတော့ ဘောလုံးကို ကြောက်နေတယ်လို့တောင် အပြောခံနေရ။

– ဖလားပွဲတွေမှာ လက်စွမ်းပြပြီး Clean Sheet တွေ ရယူထားခဲ့တဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်အနေနဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားကို ခေါင်းခဲစေနေပြီဖြစ်ပြီး အမှားများနေတဲ့ ဒေးဗစ် ဒဟေးယားကို အရန်ခုံထိုင်ခိုင်းဖို့ စဉ်းစားရဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အပယ်ခံ နောက်ခံလူတစ်ဦးဖြစ်တဲ့ ဖီးလ် ဂျုံးစ်အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းသစ် ရှာဖွေသွားမှာဖြစ်ပြီး ၂၀၂၃ ခုနှစ်အထိ ရှိနေသလို တစ်နှစ်သက်တမ်းတိုးခွင့် ရှိနေတဲ့ စာချုပ်ကို အသင်းဘက်က ဖျက်သိမ်းပေးသွားဖို့ စဉ်းစားနေ။

– နယူးကာဆယ်လ်နဲ့ အိမ်ကွင်းမှာ ကစားရမယ့် ပွဲစဉ်အတွက် တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီနဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်တို့ ကစားနိုင်ဖို့ မလွယ်ကူကြောင်း သိရပြီး ကွင်းလယ်လူ မက်တော်မီနေးကတော့ ပါဝင်ကစားနိုင်မှာဖြစ်ကြောင်း သိရ။

– မန်ချက်စတာယူနိုက်တက်အသင်းမှာ နည်းစနစ်ပိုင်း ကောင်းမွန်ကျွမ်းကျင်စွာ ကစားလေ့ရှိတဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ ဂိုးရှေ့မှာ သွေးအေးအေးနဲ့ လူသတ်သမားတစ်ဦးလို အဆုံးသတ်နိုင်စွမ်းကို လိုအပ်နေသေးပြီး ဒါကို ပြီးပြည့်စုံအောင် ကြိုးစားဖို့ ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့်ခ် လူးဘတ်ဖ် တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:










REF: INTERNET SOURCES
SPORTS A2Z.