Premier League Transfer News

20 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– တနင်္ဂနွေနေ့ညနေမှာ ကစားရမယ့် အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အသင်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ဆရာဟောင်း ဂွါဒီယိုလာက ထောက်ခံချက်ပေးလိုက်ပြီး မဝေးလှတဲ့ အနာဂတ်မှာ ပရီးမီးယားလိဂ်ကို စိန်ခေါ်လိမ့်မယ်လို့ ပြောကြား။

– အာဆင်နယ်အသင်းအနေနဲ့ နွေရာသီမှာ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ရောင်းချပြီး အပြောင်းလဲလုပ်ဖို့ ပြင်ဆင်နေရာမှာ ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေပြီး ဟာရီကိန်းကို ရောင်းချသွားဖွယ်ရှိတဲ့ မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်အသင်းကလည်း အနေအထားကို စောင့်ကြည့်နေ။

– မန်ချက်စတာစီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် အာဆင်နယ်နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်က အသင်းဖော်တွေကို သတိပေးလိုက်ပြီး သူတို့ဟာ ဝတ်စုံတာဝန်ခံကစပြီး တိုက်စစ်မှူးအထိ အန္တရာယ်ကြီးတဲ့အသင်းဖြစ်လို့ အာရုံစူးစိုက်မှုအပြည့်နဲ့ ယှဉ်ပြိုင်ရမယ်လို့ဆို။

– ဆီဗီလာအသင်းကနေ အီဘာအသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့ လူငယ်တိုက်စစ်မှူး ဘရိုင်ယန် ဟေးလ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေပြီး စာချုပ်လျော်ကြေး ယူရို ၃၅ သန်းရှိနေတဲ့ အသက် ၂၀ အရွယ် စပိန်သားကို ဘာစီလိုနာ အသင်းကလည်း စောင့်ကြည့်နေ။

– သူ့ရဲ့ အသင်းဖော် နီကိုလာ ပေပေဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးမှာ သူ့အနေနဲ့ အာဆင်နယ်အင်္ကျီတစ်ထည်ကို သူ့နာမည်ရိုက်နှိပ်ပြီး ဝယ်ယူခဲ့ပေမယ့် အဲ့ဒီအချိန်က သူ့ကို ဒီအသင်းက ကမ်းလှမ်းပြီး ခေါ်ယူလိမ့်မယ်လို့ မထင်ခဲ့ဖူးဘူးလို့ ဂါဘရီယယ်လ် ပြောကြား။

– ဘူကာယို ဆာကာကို လူငယ်တစ်ဦးအနေနဲ့ အလွန်အကျွံ မသုံးစွဲချင်ဘဲ အနားပေးချင်ပေမယ့် ပုံစံကောင်းနဲ့ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနေတဲ့ ၁၉ နှစ်သားကို ချန်လှပ်ဖို့ သူ့အနေနဲ့ ခက်ခဲနေပြီး ဘယ်လိုချွေတာသုံးစွဲရမယ်ဆိုတာကို အမြဲခေါင်းပူနေရတယ်လို့ နည်းပြ မီခယ်လ် အာတီတာ ဝန်ခံသွားခဲ့။

– မွန်ထရီယယ်လ် အင်းမ်ပက်အသင်းကို ၂၀၁၉ နှစ်ကုန်ပိုင်းကနေ စတင်ကိုင်တွယ်ခဲ့ပြီး နိုင်ပွဲရာခိုင်နှုန်း ၃၁ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် ဘုန်းမောက်အသင်းကတော့ သူတို့ရဲ့ နည်းပြသစ်အဖြစ် သီယာရီ အွန်နရီကို ခန့်အပ်နိုင်ဖို့ နံပါတ်တစ် ဦးစားပေးအဖြစ် ကြိုးစားနေ။

– ခြေစွမ်းပျောက်ဆုံးနေတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဝီလီယန်အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပေါ် လူမျိုးရေး ခွဲခြားခံရသူ ဖြစ်လာခဲ့ပြီး ပရိသတ်တချို့အနေနဲ့ သူ့ကို ဆိုရှယ်မီဒီယာတွေမှာ ခွဲခြားတိုက်ခိုက်ခဲ့ကြောင်း ဘရာဇီးလ်သားက Screenshot တွေနဲ့ ထုတ်ဖော်သွားခဲ့အပြီးမှာ အာဆင်နယ်အသင်းက အရေးယူသွားဖို့ ကြေငြာ။

– အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ဖို့ကို မေ့ပစ်ပြီး အသင်းကို ပြုပြင်တည်ဆောက်ဖို့ကိုသာ အာရုံထားသင့်သလို လူငယ်တွေနဲ့အတူ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့အသင်းဖြစ်လာဖို့နဲ့ မလိုအပ်တဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့၊ နည်းပြအဖွဲ့ဝင်တွေ ပြောင်းလဲဖို့ကိုသာ ဂရုတစိုက် ဆောင်ရွက်သွားရမယ်လို့ နောက်ခံလူဟောင်း ဆီလ်ဗက်စတာ တိုက်တွန်း။

– အင်္ဂလိပ်ကစားသမားတွေအနေနဲ့ ဒိုင်လူကြီးတွေကို ကျိန်ဆဲခွင့် တရားဝင်ရရှိထားတယ်လို့ ပြောကြားလိုက်ပြီး ဒါဟာ ဂျွန်တယ်ရီ တစ်ချိန်လုံးလုပ်နေတဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ သူသာ အဲ့ဒီနေရာမှာဆိုရင် နောက်တစ်ခါပြောရင် အထုတ်ခံနေရလောက်တယ်လို့ ပရီးမီးယားလိဂ်ဘောလုံးလောကကို အာဆင်နယ်ကစားမားဟောင်း ယန်းလေးမန်း လှောင်ပြောင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– တနဂၤေႏြေန႔ညေနမွာ ကစားရမယ့္ အာဆင္နယ္အသင္းရဲ႕ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အသင္းကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္မွာျဖစ္ေၾကာင္း ဆရာေဟာင္း ဂြါဒီယိုလာက ေထာက္ခံခ်က္ေပးလိုက္ၿပီး မေဝးလွတဲ့ အနာဂတ္မွာ ပရီးမီးယားလိဂ္ကို စိန္ေခၚလိမ့္မယ္လို႔ ေျပာၾကား။

– အာဆင္နယ္အသင္းအေနနဲ႔ ေႏြရာသီမွာ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ေရာင္းခ်ၿပီး အေျပာင္းလဲလုပ္ဖို႔ ျပင္ဆင္ေနရာမွာ ဂ်ဴဗင္တပ္စ္အသင္းက စိတ္ဝင္စားေနၿပီး ဟာရီကိန္းကို ေရာင္းခ်သြားဖြယ္ရွိတဲ့ ေျမာက္လန္ဒန္ၿပိဳင္ဘက္ စပါးစ္အသင္းကလည္း အေနအထားကို ေစာင့္ၾကည့္ေန။

– မန္ခ်က္စတာစီးတီးအသင္းနဲ႔ ရင္ဆိုင္ရမယ့္ပြဲစဥ္အတြက္ အာဆင္နယ္ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္က အသင္းေဖာ္ေတြကို သတိေပးလိုက္ၿပီး သူတို႔ဟာ ဝတ္စုံတာဝန္ခံကစၿပီး တိုက္စစ္မႉးအထိ အႏၲရာယ္ႀကီးတဲ့အသင္းျဖစ္လို႔ အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ ယွဥ္ၿပိဳင္ရမယ္လို႔ဆို။

– ဆီဗီလာအသင္းကေန အီဘာအသင္းကို အငွားနဲ႔ သြားေရာက္ကစားေနတဲ့ လူငယ္တိုက္စစ္မႉး ဘ႐ိုင္ယန္ ေဟးလ္ကို ေခၚယူဖို႔ အာဆင္နယ္အသင္းက စိတ္ဝင္စားေနၿပီး စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို ၃၅ သန္းရွိေနတဲ့ အသက္ ၂၀ အ႐ြယ္ စပိန္သားကို ဘာစီလိုနာ အသင္းကလည္း ေစာင့္ၾကည့္ေန။

– သူ႔ရဲ႕ အသင္းေဖာ္ နီကိုလာ ေပေပဟာ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီးမွာ သူ႔အေနနဲ႔ အာဆင္နယ္အက်ႌတစ္ထည္ကို သူ႔နာမည္႐ိုက္ႏွိပ္ၿပီး ဝယ္ယူခဲ့ေပမယ့္ အဲ့ဒီအခ်ိန္က သူ႔ကို ဒီအသင္းက ကမ္းလွမ္းၿပီး ေခၚယူလိမ့္မယ္လို႔ မထင္ခဲ့ဖူးဘူးလို႔ ဂါဘရီယယ္လ္ ေျပာၾကား။

– ဘူကာယို ဆာကာကို လူငယ္တစ္ဦးအေနနဲ႔ အလြန္အကြၽံ မသုံးစြဲခ်င္ဘဲ အနားေပးခ်င္ေပမယ့္ ပုံစံေကာင္းနဲ႔ တည္ၿငိမ္တဲ့ ေျခစြမ္းကို ျပသေနတဲ့ ၁၉ ႏွစ္သားကို ခ်န္လွပ္ဖို႔ သူ႔အေနနဲ႔ ခက္ခဲေနၿပီး ဘယ္လိုေခြၽတာသုံးစြဲရမယ္ဆိုတာကို အၿမဲေခါင္းပူေနရတယ္လို႔ နည္းျပ မီခယ္လ္ အာတီတာ ဝန္ခံသြားခဲ့။

– မြန္ထရီယယ္လ္ အင္းမ္ပက္အသင္းကို ၂၀၁၉ ႏွစ္ကုန္ပိုင္းကေန စတင္ကိုင္တြယ္ခဲ့ၿပီး ႏိုင္ပြဲရာခိုင္ႏႈန္း ၃၁ ရာခိုင္ႏႈန္းသာ ရွိခဲ့ေပမယ့္ ဘုန္းေမာက္အသင္းကေတာ့ သူတို႔ရဲ႕ နည္းျပသစ္အျဖစ္ သီယာရီ အြန္နရီကို ခန႔္အပ္ႏိုင္ဖို႔ နံပါတ္တစ္ ဦးစားေပးအျဖစ္ ႀကိဳးစားေန။

– ေျခစြမ္းေပ်ာက္ဆုံးေနတဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ ဝီလီယန္အေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ေနာက္ဆုံးေပၚ လူမ်ိဳးေရး ခြဲျခားခံရသူ ျဖစ္လာခဲ့ၿပီး ပရိသတ္တခ်ိဳ႕အေနနဲ႔ သူ႔ကို ဆိုရွယ္မီဒီယာေတြမွာ ခြဲျခားတိုက္ခိုက္ခဲ့ေၾကာင္း ဘရာဇီးလ္သားက Screenshot ေတြနဲ႔ ထုတ္ေဖာ္သြားခဲ့အၿပီးမွာ အာဆင္နယ္အသင္းက အေရးယူသြားဖို႔ ေၾကျငာ။

– အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ဖို႔ကို ေမ့ပစ္ၿပီး အသင္းကို ျပဳျပင္တည္ေဆာက္ဖို႔ကိုသာ အာ႐ုံထားသင့္သလို လူငယ္ေတြနဲ႔အတူ ဆုဖလားေတြကို စိန္ေခၚႏိုင္တဲ့အသင္းျဖစ္လာဖို႔နဲ႔ မလိုအပ္တဲ့ ကစားသမားေတြကို ရွင္းထုတ္ဖို႔၊ နည္းျပအဖြဲ႕ဝင္ေတြ ေျပာင္းလဲဖို႔ကိုသာ ဂ႐ုတစိုက္ ေဆာင္႐ြက္သြားရမယ္လို႔ ေနာက္ခံလူေဟာင္း ဆီလ္ဗက္စတာ တိုက္တြန္း။

– အဂၤလိပ္ကစားသမားေတြအေနနဲ႔ ဒိုင္လူႀကီးေတြကို က်ိန္ဆဲခြင့္ တရားဝင္ရရွိထားတယ္လို႔ ေျပာၾကားလိုက္ၿပီး ဒါဟာ ဂြၽန္တယ္ရီ တစ္ခ်ိန္လုံးလုပ္ေနတဲ့ လုပ္ရပ္ျဖစ္ေၾကာင္းနဲ႔ သူသာ အဲ့ဒီေနရာမွာဆိုရင္ ေနာက္တစ္ခါေျပာရင္ အထုတ္ခံေနရေလာက္တယ္လို႔ ပရီးမီးယားလိဂ္ေဘာလုံးေလာကကို အာဆင္နယ္ကစားမားေဟာင္း ယန္းေလးမန္း ေလွာင္ေျပာင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.