Premier League

အိုဇေးလ်နေရာ ဆက်ခံသူကို မြင်တွေ့ခဲ့ရပြီး အပြီးသတ်ခေါ်ယူပေးဖို့ အာဆင်နယ် ပရိသတ်တွေတိုက်တွန်း

မာတင်အိုဒီဂွါဒ် ဘင်ဖီကာအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်အတွင်းက ၎င်းရဲ့ စွမ်းဆောင်ရည်တွေကို စုစည်းထားတဲ့ အံ့အားသင့်ဖွယ် ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့ပြီး အာဆင်နယ်အသင်းမှာ အိုဇေးလ်ရဲ့နေရာကို ဆက်ဆံသူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီးဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အသက် ၂၂ နှစ်အရွယ် နော်ဝေကွင်းလယ်တိုက်စစ်ကစားသမားကို ယခုရာသီကုန်အထိ ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ကွင်းလယ်ဖန်တီးရှင်ဖြစ်ခဲ့တဲ့ အိုဇေးလ်ကလည်း ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဖီနာဘာချီအသင်းကို အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

အိုဒီဂွါဒ်ဟာ ပြီးခဲ့တဲ့အပတ်က လိဒ်စ်ယူနိုက်တက်အသင်းကို ၄-၂ နဲ့ အမ်းမရိတ်စ်မှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ မာတင် အိုဒီဂွါဒ်ကို ကြာသပတေးနေ့ညမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘင်ဖီကာနဲ့ပွဲစဉ်မှာလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ပေးခဲ့တာဖြစ်ပြီး ကွင်းလယ်က နော်ဝေကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ဟာ အာတီတာ ယုံကြည်မှုပေးရလောက်အောင် ပရိသတ်တွေကို အထင်ကြီးစေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက အိုဒီဂွါဒ်ကို ဘင်ဖီကာနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်ပြီးဆုံးခါနီးမှာ ချဲလ်ဆီးကြယ့်ပွင့်ဟောင်း ဝီလီယံနဲ့ အစားထိုး လူစားလဲလှယ်မှု ပြုလုပ်ခဲ့ပြီး လာမယ့်ပွဲစဉ်တွေမှာလည်း ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားမှာ သေချာတယ်လို့ ယုံကြည်ရပါတယ်။

“ဒီလူက ကွင်းလယ်ကစားသမားတစ်ယောက်ရှိသင့်တဲ့ သွင်ပြင်လက္ခဏာမျိုးနဲ့ မွေးဖွားလာတဲ့သူပဲ။ သူ့ဆီက ထွက်သွားတဲ့ ဘောလုံးတွေကို ကြည့်လိုက်ပါဦး။ မယုံကြည်နိုင်ဖွယ် အမြင်ရှိမှုနဲ့ အကျိုးသက်ရောက်မှုရှိချက်ပဲ”လို့ တွစ်တာအသုံးပြုတစ်ဦးက ရေးသားခဲ့ပါတယ်။


မာတင် အိုဒီဂွါဒ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းကို ၆ လ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာသာဖြစ်လို့ လာမယ့်အပြောင်းအရွှေ့မှာ အပြီးသတ်ခေါ်ယူပေးဖို့ အာဆင်နယ်ပရိသတ်တွေက အသင်းကို တောင်းဆိုလိုက်ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မာတင္အိုဒီဂြါဒ္ ဘင္ဖီကာအသင္းနဲ႔ကစားခဲ့တဲ့ပြဲစဥ္အတြင္းက ၎ရဲ႕ စြမ္းေဆာင္ရည္ေတြကို စုစည္းထားတဲ့ အံ့အားသင့္ဖြယ္ ႐ုပ္သံဖိုင္ ထြက္ေပၚလာခဲ့ၿပီး အာဆင္နယ္အသင္းမွာ အိုေဇးလ္ရဲ႕ေနရာကို ဆက္ဆံသူအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရၿပီးျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာ္ေဝကြင္းလယ္တိုက္စစ္ကစားသမားကို ယခုရာသီကုန္အထိ ရီးရဲလ္မက္ဒရစ္အသင္းကေန အငွားနဲ႔ ေခၚယူႏိုင္ခဲ့တာျဖစ္ၿပီး အသင္းရဲ႕ကြင္းလယ္ဖန္တီးရွင္ျဖစ္ခဲ့တဲ့ အိုေဇးလ္ကလည္း ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ဖီနာဘာခ်ီအသင္းကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

အိုဒီဂြါဒ္ဟာ ၿပီးခဲ့တဲ့အပတ္က လိဒ္စ္ယူႏိုက္တက္အသင္းကို ၄-၂ နဲ႔ အမ္းမရိတ္စ္မွာ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ မာတင္ အိုဒီဂြါဒ္ကို ၾကာသပေတးေန႔ညမွာ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ ၃၂ သင္း ရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘင္ဖီကာနဲ႔ပြဲစဥ္မွာလည္း ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ေပးခဲ့တာျဖစ္ၿပီး ကြင္းလယ္က ေနာ္ေဝၾကယ္ပြင့္ရဲ႕ စြမ္းေဆာင္ရည္ဟာ အာတီတာ ယုံၾကည္မႈေပးရေလာက္ေအာင္ ပရိသတ္ေတြကို အထင္ႀကီးေစခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာက အိုဒီဂြါဒ္ကို ဘင္ဖီကာနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္ၿပီးဆုံးခါနီးမွာ ခ်ဲလ္ဆီးၾကယ့္ပြင့္ေဟာင္း ဝီလီယံနဲ႔ အစားထိုး လူစားလဲလွယ္မႈ ျပဳလုပ္ခဲ့ၿပီး လာမယ့္ပြဲစဥ္ေတြမွာလည္း ပြဲထြက္ကစားသမားအျဖစ္ အသုံးျပဳသြားမွာ ေသခ်ာတယ္လို႔ ယုံၾကည္ရပါတယ္။

“ဒီလူက ကြင္းလယ္ကစားသမားတစ္ေယာက္ရွိသင့္တဲ့ သြင္ျပင္လကၡဏာမ်ိဳးနဲ႔ ေမြးဖြားလာတဲ့သူပဲ။ သူ႔ဆီက ထြက္သြားတဲ့ ေဘာလုံးေတြကို ၾကည့္လိုက္ပါဦး။ မယုံၾကည္ႏိုင္ဖြယ္ အျမင္ရွိမႈနဲ႔ အက်ိဳးသက္ေရာက္မႈရွိခ်က္ပဲ”လို႔ တြစ္တာအသုံးျပဳတစ္ဦးက ေရးသားခဲ့ပါတယ္။


မာတင္ အိုဒီဂြါဒ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းကေန အာဆင္နယ္အသင္းကို ၆ လ အငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ့တာသာျဖစ္လို႔ လာမယ့္အေျပာင္းအေ႐ႊ႕မွာ အၿပီးသတ္ေခၚယူေပးဖို႔ အာဆင္နယ္ပရိသတ္ေတြက အသင္းကို ေတာင္းဆိုလိုက္ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.