Premier League Transfer News

21 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းနဲ့ ဒီနေ့ညမှာ တွေ့ဆုံမယ့် မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ကွင်းလယ်လူ အီမီးလ် စမစ်ရိုးဟာ ထူးခြားကောင်းမွန်တဲ့ ကစားသမားလို့ ချီးကျူးလိုက်ပြီး သူနဲ့ အူဘာမီယန်း၊ ဆာကာတို့ဟာ မယုံနိုင်လောက်အောင် အန္တရာယ် ပေးနိုင်သူတွေဖြစ်တယ်လို့ သုံးသပ်။

– နည်းပြ မီခယ်လ် အာတီတာက ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ဟာ ငယ်ရွယ်ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ပြီး နွေမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူခွင့်ရချင်တယ်လို့ ဝန်ခံသွားခဲ့သလို တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာခဲ့တယ်လို့ ပြောကြား။

– အာဆင်နယ်အသင်းအနေနဲ့ ခရစ္စတယ်လ်ပဲလေ့စ်နောက်ခံလူ တိုင်ရစ် မစ်ချဲလ်ကို ခေါ်ယူဖို့ စည်းရုံးမှုကတော့ အောင်မြင်မှု မရရှိဘဲ ကစားသမားအနေနဲ့ ဆဲလ်ဟာ့စ်ပါ့ခ်မှာပဲ ဆက်နေဖို့ စဉ်းစားနေသလို ပြည်တွင်းအသင်းက ကစားသမားကို ရာသီမကုန်ခင် ဆွေးနွေးခွင့် မရှိတာကလည်း ခေါ်ယူဖို့အတွက် အားနည်းချက်ဖြစ်နေ။

– စီးရီးအေကလပ် အေစီမီလန်အသင်းအနေနဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး တိုက်စစ်မှာ ဇလာတန် အီဗရာဟီမိုဗစ်ချ်နဲ့ တွဲဖက်ပေးဖို့ စိတ်ဝင်စားနေချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ သူနဲ့ အက်ဒီ နကီးတီးယားတစ်ဦးကိုသာ ထိန်းသိမ်းနိုင်မယ့် ခက်ခဲတဲ့ ရွေးချယ်စရာဖြစ်လာ။

– အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှာ ဂိုးရမှုနှုန်း ၁၂၁ မိနစ်ကို ၁ ဂိုးနဲ့ တိုက်စစ်မှူးဟောင်း အိုလီဗီးယေး ဂျီရူးထက်တောင် နိမ့်ကျနေတဲ့ အလက်ဇန်းဒါး လာကာဇက်ကို စာချုပ်တစ်နှစ်သာ ကျန်တော့မယ့် နွေရာသီမှာ ရှင်းထုတ်ဖို့ တတ်နိုင်သမျှ ကြိုးစားသွားမှာ ဖြစ်ကြောင်း သိရ။

– ယူ-၁၈ လူငယ်အသင်းမှာ ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား အိုမာရီ ဟတ်ချင်ဆန်ဟာ အာဆင်နယ်အသင်းကြီးမှာ တောက်ပနေပြီး လူငယ်အားလုံးအတွက် စံပြဖြစ်ခဲ့တဲ့ ဘူကာယို ဆာကာရဲ့ ခြေရာကို နင်းပြီး ဟေးလ်အန့်ဒ်အကယ်ဒမီရဲ့ ဂုဏ်ယူစရာဖြစ်လိမ့်ဦးမယ်လို့ ဆိုနေကြ။

– ဥရောပရဲ့ အမြင့်ဆုံးလိဂ်တွေမှာ အောင်မြင်တဲ့ ဖျက်ထုတ်မှုတွေကို စာရင်းပြုစုခဲ့ရာမှာ ထိပ်တန်းက ပါဝင်နေခဲ့တဲ့ ကလပ် ဘရုဂျ် နောက်ခံလူ အိုဒီလွန် ကော့ဆူးနူးကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေပြီး အိုင်ဗရီကို့စ်နဲ့ ပွဲထွက်ခဲ့ပြီးဖြစ်တဲ့ အသက် ၂၀ အရွယ် ကစားသမားကို ခေါ်ယူဖို့ ပေါင် ၈ သန်းခွဲနဲ့ ခံစားခွင့်တချို့ ပေးချေရဖွယ်ရှိနေ။

– အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ ထူးခြားကောင်းမွန်တဲ့ ကစားသမားလို့ ချီးကျူးထားတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဝီလီယန်ကို ခေါ်ယူမယ့်အသင်း ဥရောပမှာ မရှိတော့ဘူးလို့ အသင်းရဲ့ လွဲမှားတဲ့ ခေါ်ယူမှုနဲ့ ပေးချေနေရတဲ့ လစာငွေတွေအတွက် အက်စတန်ဗီလာ တိုက်စစ်မှူးဟောင်း အက်ဘွန်လဟော် လှောင်ပြောင်သွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ ဒိုင်လူကြီးကို ကျေးဇူးတင်သင့်ကြောင်း အာဆင်နယ်ပရိသတ်တွေက လှောင်ပြောင်သွားခဲ့ကြပြီး မာဆေးဆိုက် ဒါဘီမှာ ရည်ရွယ်ချက်မရှိပေမယ့် ကဲလ်ဗတ်-လူဝင်ရဲ့ ခြေထောက်ကြားကို လဲကျသွားခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီက အာဆင်နယ်အသင်း ဘယ်လိုခံစားရတယ်ဆိုတာကို စာနာတတ်စေလိမ့်မယ်လို့ တွစ်တာမှာ ရေးသားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းနဲ႔ ဒီေန႔ညမွာ ေတြ႕ဆုံမယ့္ မန္ခ်က္စတာစီးတီးအသင္းနည္းျပ ဂြါဒီယိုလာက ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးဟာ ထူးျခားေကာင္းမြန္တဲ့ ကစားသမားလို႔ ခ်ီးက်ဴးလိုက္ၿပီး သူနဲ႔ အူဘာမီယန္း၊ ဆာကာတို႔ဟာ မယုံႏိုင္ေလာက္ေအာင္ အႏၲရာယ္ ေပးႏိုင္သူေတြျဖစ္တယ္လို႔ သုံးသပ္။

– နည္းျပ မီခယ္လ္ အာတီတာက ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ဟာ ငယ္႐ြယ္ထက္ျမက္တဲ့ ေခါင္းေဆာင္ေကာင္းတစ္ဦးျဖစ္ၿပီး ေႏြမွာ ရီးရဲလ္မက္ဒရစ္အသင္းကေန ေခၚယူခြင့္ရခ်င္တယ္လို႔ ဝန္ခံသြားခဲ့သလို တစ္ပြဲထက္တစ္ပြဲ ပိုေကာင္းလာခဲ့တယ္လို႔ ေျပာၾကား။

– အာဆင္နယ္အသင္းအေနနဲ႔ ခရစၥတယ္လ္ပဲေလ့စ္ေနာက္ခံလူ တိုင္ရစ္ မစ္ခ်ဲလ္ကို ေခၚယူဖို႔ စည္း႐ုံးမႈကေတာ့ ေအာင္ျမင္မႈ မရရွိဘဲ ကစားသမားအေနနဲ႔ ဆဲလ္ဟာ့စ္ပါ့ခ္မွာပဲ ဆက္ေနဖို႔ စဥ္းစားေနသလို ျပည္တြင္းအသင္းက ကစားသမားကို ရာသီမကုန္ခင္ ေဆြးေႏြးခြင့္ မရွိတာကလည္း ေခၚယူဖို႔အတြက္ အားနည္းခ်က္ျဖစ္ေန။

– စီးရီးေအကလပ္ ေအစီမီလန္အသင္းအေနနဲ႔ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး တိုက္စစ္မွာ ဇလာတန္ အီဗရာဟီမိုဗစ္ခ်္နဲ႔ တြဲဖက္ေပးဖို႔ စိတ္ဝင္စားေနခ်ိန္မွာ အာဆင္နယ္အသင္းအေနနဲ႔ သူနဲ႔ အက္ဒီ နကီးတီးယားတစ္ဦးကိုသာ ထိန္းသိမ္းႏိုင္မယ့္ ခက္ခဲတဲ့ ေ႐ြးခ်ယ္စရာျဖစ္လာ။

– အာဆင္နယ္အသင္းအေနနဲ႔ တိုက္စစ္မွာ ဂိုးရမႈႏႈန္း ၁၂၁ မိနစ္ကို ၁ ဂိုးနဲ႔ တိုက္စစ္မႉးေဟာင္း အိုလီဗီးေယး ဂ်ီ႐ူးထက္ေတာင္ နိမ့္က်ေနတဲ့ အလက္ဇန္းဒါး လာကာဇက္ကို စာခ်ဳပ္တစ္ႏွစ္သာ က်န္ေတာ့မယ့္ ေႏြရာသီမွာ ရွင္းထုတ္ဖို႔ တတ္ႏိုင္သမွ် ႀကိဳးစားသြားမွာ ျဖစ္ေၾကာင္း သိရ။

– ယူ-၁၈ လူငယ္အသင္းမွာ ေျခစြမ္းျပေနတဲ့ ေတာင္ပံကစားသမား အိုမာရီ ဟတ္ခ်င္ဆန္ဟာ အာဆင္နယ္အသင္းႀကီးမွာ ေတာက္ပေနၿပီး လူငယ္အားလုံးအတြက္ စံျပျဖစ္ခဲ့တဲ့ ဘူကာယို ဆာကာရဲ႕ ေျခရာကို နင္းၿပီး ေဟးလ္အန႔္ဒ္အကယ္ဒမီရဲ႕ ဂုဏ္ယူစရာျဖစ္လိမ့္ဦးမယ္လို႔ ဆိုေနၾက။

– ဥေရာပရဲ႕ အျမင့္ဆုံးလိဂ္ေတြမွာ ေအာင္ျမင္တဲ့ ဖ်က္ထုတ္မႈေတြကို စာရင္းျပဳစုခဲ့ရာမွာ ထိပ္တန္းက ပါဝင္ေနခဲ့တဲ့ ကလပ္ ဘ႐ုဂ်္ ေနာက္ခံလူ အိုဒီလြန္ ေကာ့ဆူးႏူးကို ေခၚယူဖို႔ အာဆင္နယ္အသင္းက စိတ္ဝင္စားေနၿပီး အိုင္ဗရီကို႔စ္နဲ႔ ပြဲထြက္ခဲ့ၿပီးျဖစ္တဲ့ အသက္ ၂၀ အ႐ြယ္ ကစားသမားကို ေခၚယူဖို႔ ေပါင္ ၈ သန္းခြဲနဲ႔ ခံစားခြင့္တခ်ိဳ႕ ေပးေခ်ရဖြယ္ရွိေန။

– အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးရဲ႕ ထူးျခားေကာင္းမြန္တဲ့ ကစားသမားလို႔ ခ်ီးက်ဴးထားတဲ့ ဘရာဇီးလ္ကြင္းလယ္လူ ဝီလီယန္ကို ေခၚယူမယ့္အသင္း ဥေရာပမွာ မရွိေတာ့ဘူးလို႔ အသင္းရဲ႕ လြဲမွားတဲ့ ေခၚယူမႈနဲ႔ ေပးေခ်ေနရတဲ့ လစာေငြေတြအတြက္ အက္စတန္ဗီလာ တိုက္စစ္မႉးေဟာင္း အက္ဘြန္လေဟာ္ ေလွာင္ေျပာင္သြားခဲ့။

– လီဗာပူးလ္အသင္းအေနနဲ႔ ဒိုင္လူႀကီးကို ေက်းဇူးတင္သင့္ေၾကာင္း အာဆင္နယ္ပရိသတ္ေတြက ေလွာင္ေျပာင္သြားခဲ့ၾကၿပီး မာေဆးဆိုက္ ဒါဘီမွာ ရည္႐ြယ္ခ်က္မရွိေပမယ့္ ကဲလ္ဗတ္-လူဝင္ရဲ႕ ေျခေထာက္ၾကားကို လဲက်သြားခဲ့တဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီက အာဆင္နယ္အသင္း ဘယ္လိုခံစားရတယ္ဆိုတာကို စာနာတတ္ေစလိမ့္မယ္လို႔ တြစ္တာမွာ ေရးသားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.