Premier League

ခလုတ်တိုက်မိရင်တောင် ဝင်မယ့်ဂိုးကို လွဲချော်ခဲ့ပြီးနောက် ဝန်ခံပြောကြားခဲ့တဲ့ အူဘာမီယန်း

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းဟာ ဘင်ဖီကာအသင်းနဲ့ ယူရိုပါလိဂ်မှာ သရေကျခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်အတွင်း အပိုင်သေချာတဲ့သွင်းဂိုးကို လွဲချော်ခဲ့ပြီးနောက် ဂိုးတွေအများကြီး သွင်းယူခဲ့သင့်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အူဘာမီယန်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ၎င်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ဟက်ထရစ်ကို ရရှိခဲ့တာစြဖ်ပြီး ဘင်ဖီကာအသင်းနဲ့ပွဲစဉ်မှာလည်း နောက်ထပ်တစ်ကြိမ် ဟက်ထရစ်ရနိုင်တဲ့အခွင့်အရေးအများအပြားကို လွဲချော်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ ပထမပိုင်းမတိုင်ခင် စိတ်ပိုင်းဖြတ်ထားတဲ့ပုံ ပေါ်ခဲ့ပေမယ့် ဟက်တာ ဘယ်လာရင်က လမ်းကြောင်းထဲ အလိုက်သင့် ခင်းပေးခဲ့တဲ့ဘောလုံးကို ဘင်ဖီကာဂိုးသမား ကာကွယ်ဖို့ ရုန်းကန်နေခဲ့ရတဲ့အချိန်မှာ အံ့အားသင့်ဖွယ် လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူးဟာ နောက်ပိုင်းမှာလည်း အခွင့်အရေးအများအပြားကို လွဲချော်ခဲ့ပြီး အာဆင်နယ်အသင်းနည်းပြ အာတီတာက ပွဲအပြီးမှာ ၎င်းရဲ့အသင်းအနေနဲ့ ပိုပြီး အညှာအတာကင်းမဲ့ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အူဘာမီယန်းက အပိုင်ဂိုးတွေကို ဖြုန်းတီးခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းဟာ ဆာကာရဲ့ အဝေးဂိုးကြောင့် အရမ်းကြီး အခြေအနေမဆိုးခဲ့ဘူးလို့ ပြောရမှာဖြစ်ပြီး ပွဲပြီးပြီးချင်းမှာပဲ အာဆင်နယ်အသင်းခေါင်းဆောင်က လူမှုကွန်ရက်ကနေတဆင့် ဝန်ခံပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ပိုကောင်းမွန်တဲ့ရလဒ်နဲ့ ထိုက်တန်ခဲ့ပြီး ကျွန်တော် ဒီနေ့ ဂိုးတွေ အများကြီး သွင်းယူနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်ကစားရမယ့် တစ်ပွဲရှိနေပါသေးတယ်။ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ် ဆာကာ”လို့ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီယန္းဟာ ဘင္ဖီကာအသင္းနဲ႔ ယူရိုပါလိဂ္မွာ သေရက်ခဲ့တဲ့ အာဆင္နယ္အသင္းရဲ့ ပြဲစဥ္အတြင္း အပိုင္ေသခ်ာတဲ့သြင္းဂိုးကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ဂိုးေတြအမ်ားႀကီး သြင္းယူခဲ့သင့္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

အူဘာမီယန္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က လိဒ္စ္ယူနိုက္တက္နဲ႔ပြဲစဥ္မွာ ၎ရဲ့ ပထမဆုံး ပရီးမီးယားလိဂ္ ဟက္ထရစ္ကို ရရွိခဲ့တာျစဖ္ၿပီး ဘင္ဖီကာအသင္းနဲ႔ပြဲစဥ္မွာလည္း ေနာက္ထပ္တစ္ႀကိမ္ ဟက္ထရစ္ရနိုင္တဲ့အခြင့္အေရးအမ်ားအျပားကို လြဲေခ်ာ္ခဲ့တာေၾကာင့္ အာဆင္နယ္အသင္းဟာ တစ္ဖက္ ၁ ဂိုးစီ သေရရလဒ္သာ ရရွိခဲ့တာျဖစ္ပါတယ္။

ဂါဘြန္လက္ေရြးစင္တိုက္စစ္မႉးဟာ ပထမပိုင္းမတိုင္ခင္ စိတ္ပိုင္းျဖတ္ထားတဲ့ပုံ ေပၚခဲ့ေပမယ့္ ဟက္တာ ဘယ္လာရင္က လမ္းေၾကာင္းထဲ အလိုက္သင့္ ခင္းေပးခဲ့တဲ့ေဘာလုံးကို ဘင္ဖီကာဂိုးသမား ကာကြယ္ဖို႔ ႐ုန္းကန္ေနခဲ့ရတဲ့အခ်ိန္မွာ အံ့အားသင့္ဖြယ္ လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၁ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ေနာက္ပိုင္းမွာလည္း အခြင့္အေရးအမ်ားအျပားကို လြဲေခ်ာ္ခဲ့ၿပီး အာဆင္နယ္အသင္းနည္းၿပ အာတီတာက ပြဲအၿပီးမွာ ၎ရဲ့အသင္းအေနနဲ႔ ပိုၿပီး အညႇာအတာကင္းမဲ့ဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အူဘာမီယန္းက အပိုင္ဂိုးေတြကို ျဖဳန္းတီးခဲ့ေပမယ့္လည္း အာဆင္နယ္အသင္းဟာ ဆာကာရဲ့ အေဝးဂိုးေၾကာင့္ အရမ္းႀကီး အေျခအေနမဆိုးခဲ့ဘူးလို႔ ေျပာရမွာျဖစ္ၿပီး ပြဲၿပီးၿပီးခ်င္းမွာပဲ အာဆင္နယ္အသင္းေခါင္းေဆာင္က လူမႈကြန္ရက္ကေနတဆင့္ ဝန္ခံေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ပိုေကာင္းမြန္တဲ့ရလဒ္နဲ႔ ထိုက္တန္ခဲ့ၿပီး ကၽြန္ေတာ္ ဒီေန႔ ဂိုးေတြ အမ်ားႀကီး သြင္းယူနိုင္ခဲ့သင့္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ဆက္ကစားရမယ့္ တစ္ပြဲရွိေနပါေသးတယ္။ ေကာင္းေကာင္းလုပ္နိုင္ခဲ့ပါတယ္ ဆာကာ”လို႔ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.