Premier League Transfer News

19 Feb ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ မိုချန်ဂလတ်ဘတ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ယိုးနတ်စ် ဟော့ဖ်မန်းကို စတန်းဖို့ဒ်ဘရစ်ဂျ်ဆီ ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ Bild က ဖော်ပြခဲ့ပြီး မိုချန်ဂလတ်ဘတ်အသင်းသနည်းပြ မာကို ရို့စ်က လာမယ့်နွေရာသီမှာ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ အတည်ပြု ပြောကြားခဲ့ပြီးနောက်ပိုင်း အသင်းက ကစားသမားအများအပြားဟာ ၎င်းတို့ရဲ့အနာဂတ်ကို စဉ်းစားနေကြတယ်လို့ သိရ။

-ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်း နောက်ခံကစားသမား နစ်ကလပ် ဆူးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး နည်းပြ တူဟယ်ဟာ ဘိုင်ယန်မှာ အိမ်လိုမျိုး နေရတာ အဆင်ပြေနေတယ်လို့ ပြောခဲ့တဲ့ ဟော့ဖန်ဟိမ်းလူငယ်အကယ်ဒမီထွက်ကို မရရအောင် ခေါ်ယူပေးဖို့ ပြောကြားထားတယ်လို့ Abendzeitung ရဲ့ ဖော်ပြချက်အရ သိရ။

-ချဲလ်ဆီးအသင်းဂိုးသမား ကီပါက ပြီးခဲ့တဲ့လက နည်းပြ ဖရန့်လမ်းပတ် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး စပိန်ရေဒီယိုရှိုး Tiempo de Juego မှာ မေးမြန်းခံခဲ့ရတဲ့အချိန်မှာ မန်ဒီကို ခေါ်ယူပြီး ၎င်းရဲ့ပွဲထွက်ဂိုးသမားနေရာကို ပေးခဲ့တဲ့ နည်းပြလမ်းပတ်နဲ့ ဘာပြဿနာမရှိသလို ချဲလ်ဆီးအသင်းကို စွန့်ခွာဖို့လည်း အစီအစဉ်လုံးဝမရှိခဲ့ဘူးလို့ ပြောကြားခဲ့။

-ဒေါ့မွန်အသင်းရဲ့ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် အရေးပေါ် ရောင်းထုတ်ရမယ့် ကစားသမားစာရင်းမှာ ချဲလ်ဆီးအသင်းပစ်မှတ် ဟာလန်းလည်း ပါဝင်နိုင်တာကြောင့် နော်ဝေကြယ်ပွင့်တိုက်စစ်မှူးကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ လန်ဒန်ကလပ်အသင်းအတွက် ရေငတ်တုန်း ရေတွင်းထဲကျသလို ဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ BBC ရဲ့သတင်းက ဖော်ပြခဲ့။

-ချဲလ်ဆီးတောင်ပံကြယ်ပွင့် ဟတ်ဒ်ဆန်-အိုဒွိုင်းက အချို့ အပြောင်းအလဲတွေက ၎င်းကို ချဲလ်ဆီးအသင်းအတွက် ပိုမိုကောင်းမွန်တဲ့ ဂိုးခြိမ်းခြောက်မှုဖြစ်လာအောင် တဆင့်ချင်း ပြောင်းလဲဖို့ အကူအညီဖြစ်စေနိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး နေရာသစ်မှာ ကစားရတာက ဂိုးတွေ သွင်းယူနိုင်ဖို့ အခွင့်အလမ်းကောင်းများစွာကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းဒါရိုက်တာ မာရီနာ ဂရာနော့စကားယာ လာမယ့်နွေရာသီအတွက် ကစားသမား ၃ ဦး ခေါ်ယူဖို့အတွက် စီစဉ်ထားပြီးဖြစ်တယ်လို့ သိရပြီး အက်ဇ်ပလီကွေတာ၊ ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့အားလုံးဟာ ယခုလာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လအတွင်း ဝင်ရောက်တော့မှာဖြစ်တာကြောင့် ၎င်းတို့ကို အလွတ်နဲ့ထွက်ခွာခွင့်မပေးရဖို့ ရောင်းထုတ်ပြီး နောက်ခံကစားသမား ၃ ဦးပြန်လည်ခေါ်ယူသွားမယ်လို့ သိရ။

-အေစီမီလန်အသင်းဟာ ချဲလ်ဆီးအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုမိုရီကို ယခုလာမယ့်နွေရာသီမှာ အပြီးသတ်ခေါ်ယူသွားချင်နေတယ်လို့ သိရပြီး ဒါဘီကောင်တီ၊ ဟားလ်စီးတီးတို့မှာ အငှားနဲ့ သွားရောက်ကစားဖူးတဲ့ တိုမိုရီဟာ နည်းပြ လမ်းပတ်လက်ထက်မှာ ပွဲထွက်ခွင့်မရရှိခဲ့တဲ့နောက် ပြီးခဲ့တဲ့လမှာ အေစီမီလန်ကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး စီးရီးအေကလပ်ဟာ မာရီနာ ဂရာနော့စကားယာနဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းနေဆဲဖြစ်တယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္ဟာ မိုခ်န္ဂလတ္ဘတ္အသင္းရဲ့ ကြင္းလယ္တိုက္စစ္ကစားသမား ယိုးနတ္စ္ ေဟာ့ဖ္မန္းကို စတန္းဖို႔ဒ္ဘရစ္ဂ်္ဆီ ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ Bild က ေဖာ္ျပခဲ့ၿပီး မိုခ်န္ဂလတ္ဘတ္အသင္းသနည္းၿပ မာကို ရို႔စ္က လာမယ့္ေႏြရာသီမွာ ေဒါ့မြန္အသင္းကို ေျပာင္းေရႊ႕ေတာ့မယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ၿပီးေနာက္ပိုင္း အသင္းက ကစားသမားအမ်ားအျပားဟာ ၎တို႔ရဲ့အနာဂတ္ကို စဥ္းစားေနၾကတယ္လို႔ သိရ။

-ခ်ဲလ္ဆီးအသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္း ေနာက္ခံကစားသမား နစ္ကလပ္ ဆူးလ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရၿပီး နည္းၿပ တူဟယ္ဟာ ဘိုင္ယန္မွာ အိမ္လိုမ်ိဳး ေနရတာ အဆင္ေျပေနတယ္လို႔ ေျပာခဲ့တဲ့ ေဟာ့ဖန္ဟိမ္းလူငယ္အကယ္ဒမီထြက္ကို မရရေအာင္ ေခၚယူေပးဖို႔ ေျပာၾကားထားတယ္လို႔ Abendzeitung ရဲ့ ေဖာ္ျပခ်က္အရ သိရ။

-ခ်ဲလ္ဆီးအသင္းဂိုးသမား ကီပါက ၿပီးခဲ့တဲ့လက နည္းၿပ ဖရန႔္လမ္းပတ္ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတာနဲ႔ပတ္သက္ၿပီး စပိန္ေရဒီယိုရွိုး Tiempo de Juego မွာ ေမးျမန္းခံခဲ့ရတဲ့အခ်ိန္မွာ မန္ဒီကို ေခၚယူၿပီး ၎ရဲ့ပြဲထြက္ဂိုးသမားေနရာကို ေပးခဲ့တဲ့ နည္းျပလမ္းပတ္နဲ႔ ဘာျပႆနာမရွိသလို ခ်ဲလ္ဆီးအသင္းကို စြန႔္ခြာဖို႔လည္း အစီအစဥ္လုံးဝမရွိခဲ့ဘူးလို႔ ေျပာၾကားခဲ့။

-ေဒါ့မြန္အသင္းရဲ့ ဘ႑ာေရးအၾကပ္အတည္းေၾကာင့္ အေရးေပၚ ေရာင္းထုတ္ရမယ့္ ကစားသမားစာရင္းမွာ ခ်ဲလ္ဆီးအသင္းပစ္မွတ္ ဟာလန္းလည္း ပါဝင္နိုင္တာေၾကာင့္ ေနာ္ေဝၾကယ္ပြင့္တိုက္စစ္မႉးကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ လန္ဒန္ကလပ္အသင္းအတြက္ ေရငတ္တုန္း ေရတြင္းထဲက်သလို ျဖစ္လာနိုင္တဲ့ အေျခအေနရွိတယ္လို႔ BBC ရဲ့သတင္းက ေဖာ္ျပခဲ့။

-ခ်ဲလ္ဆီးေတာင္ပံၾကယ္ပြင့္ ဟတ္ဒ္ဆန္-အိုဒြိဳင္းက အခ်ိဳ႕ အေျပာင္းအလဲေတြက ၎ကို ခ်ဲလ္ဆီးအသင္းအတြက္ ပိုမိုေကာင္းမြန္တဲ့ ဂိုးၿခိမ္းေျခာက္မႈျဖစ္လာေအာင္ တဆင့္ခ်င္း ေျပာင္းလဲဖို႔ အကူအညီျဖစ္ေစနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေနၿပီး ေနရာသစ္မွာ ကစားရတာက ဂိုးေတြ သြင္းယူနိုင္ဖို႔ အခြင့္အလမ္းေကာင္းမ်ားစြာကို ဖန္တီးေပးနိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းဒါရိုက္တာ မာရီနာ ဂရာေနာ့စကားယာ လာမယ့္ေႏြရာသီအတြက္ ကစားသမား ၃ ဦး ေခၚယူဖို႔အတြက္ စီစဥ္ထားၿပီးျဖစ္တယ္လို႔ သိရၿပီး အက္ဇ္ပလီေကြတာ၊ ႐ူဒီဂါနဲ႔ ခရစၥတင္ဆန္တို႔အားလုံးဟာ ယခုလာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၁၂ လအတြင္း ဝင္ေရာက္ေတာ့မွာျဖစ္တာေၾကာင့္ ၎တို႔ကို အလြတ္နဲ႔ထြက္ခြာခြင့္မေပးရဖို႔ ေရာင္းထုတ္ၿပီး ေနာက္ခံကစားသမား ၃ ဦးျပန္လည္ေခၚယူသြားမယ္လို႔ သိရ။

-ေအစီမီလန္အသင္းဟာ ခ်ဲလ္ဆီးအသင္းကေန အငွားနဲ႔ လာေရာက္ကစားေနတဲ့ တိုမိုရီကို ယခုလာမယ့္ေႏြရာသီမွာ အၿပီးသတ္ေခၚယူသြားခ်င္ေနတယ္လို႔ သိရၿပီး ဒါဘီေကာင္တီ၊ ဟားလ္စီးတီးတို႔မွာ အငွားနဲ႔ သြားေရာက္ကစားဖူးတဲ့ တိုမိုရီဟာ နည္းၿပ လမ္းပတ္လက္ထက္မွာ ပြဲထြက္ခြင့္မရရွိခဲ့တဲ့ေနာက္ ၿပီးခဲ့တဲ့လမွာ ေအစီမီလန္ကို အငွားနဲ႔ ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ၿပီး စီးရီးေအကလပ္ဟာ မာရီနာ ဂရာေနာ့စကားယာနဲ႔ ေျပာင္းေရႊ႕ေၾကးကို ညႇိႏွိုင္းေနဆဲျဖစ္တယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.