Match Report Premier League UCL&UEL

ဟန်ဂေရီမှာ ဟာရီကိန်းမပါဘဲ လေးဂိုးသွင်းပြီး အေးဆေးဖြစ်သွားတဲ့ စပါးစ်

တော့တင်ဟမ် ဟော့စပါးစ်အသင်းအနေနဲ့ သြစတြီးယားပြိုင်ဘက် ဝုလ်ဖ်စ်ဘာဂါကို အဝေးကွင်းအဖြစ် ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မှာ သွားရောက် ကစားခဲ့ရပြီး အဓိက တိုက်စစ်မှူး ဟာရီကိန်းကို အနားပေးထားချိန်မှာ ကျန်ကစားသမားတွေရဲ့ ပြိုင်ဘက်ထက် သာလွန်တဲ့ အင်အားနဲ့ နောက်တစ်ဆင့်အတွက် မျက်နှာပန်းလှစရာ နိုင်ပွဲကို အေးအေးဆေးဆေး ဖန်တီးနိုင်ခဲ့ကြပါတယ်။

ဆွန်ဟောင်မင်ကို အထောင်တင်၊ နောက်က အယ်လီကို လိုက်ကစားခိုင်းပြီး ညာခြမ်းမှာ ဘေးလ်၊ ဘယ်ခြမ်းမှာ မော်ရာတို့ ကစားခဲ့တဲ့ စပါးစ်တိုက်စစ်က ဝုလ်ဖ်စ်ဘာဂါခံစစ်ကို သော့ဖွင့်ဖို့ မခက်ခဲခဲ့ဘဲ ပထမပိုင်းမှာတင် သုံးဂိုးသွင်းပြီး မော်ရင်ညိုအတွက် စိတ်လက်ပေါ့ပါးစေခဲ့ပါတယ်။

ပွဲချိန် ၅ မိနစ်မှာ ကတည်းက စပါးစ်တို့ အခွင့်အရေးရခဲ့ပေမယ့် အယ်လီကို ငြိုငြင်အောင် ဆွန်က တစ်ကိုယ်ကောင်းဆန်ခဲ့လို့ လွဲချော်ခဲ့ရပြီး ပွဲချိန် ၁၃ မိနစ်မှာမှ ဂါရက်သ် ဘေးလ်ရဲ့ ဖြတ်တင်ဘောကို တောင်ကိုရီးယားတိုက်စစ်မှူးကပဲ အနီးကပ် ခေါင်းတိုက်ချက်နဲ့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့လို့ စတင်ဦးဆောင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ မော်ရာ၊ အယ်လီ၊ ဒိုင်ယာတို့ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ လွဲချော်နေခဲ့ပြီး ပွဲချိန် ၂၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက နောက်ခံလူ ဒိုဟာတီရဲ့ ပေးပို့မှုကို ဘေးလ်က ဂိုးဧရိယာထဲမှာ တစ်ချက်ခေါက်ပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ကော့ဖလာ ကာကွယ်ဖို့ ခက်လွန်းနေခဲ့လို့ ဒုတိယဂိုး ထပ်မံရယူနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၃၀ မှာ ဝုလ်ဖ်စ်ဘာဂါတိုက်စစ်မှူး ဗီဇင်ဂါရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား လိုရစ် အသည်းအသန် ကာကွယ်ခဲ့ရပြီး ပွဲချိန် ၃၄ မိနစ်မှာတော့ ဘယ်တောင်ပံတိုက်စစ်မှူး လူးကပ်စ် မော်ရာက တစ်ကိုယ်တော်ခြေစွမ်းနဲ့ တစ်ဖက်နောက်ခံလူ ၄ ဦးကို ကျော်ဖြတ်ပြီး ကန်သွင်းခဲ့ရာမှာ ကန်ချက်က တိကျလွန်းခဲ့လို့ စပါးစ်တို့ တတိယဂိုးရယူနိုင်မှုနဲ့အတူ ပထမပိုင်းကို သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဆွန်အစား ဗီနီးရှပ်စ်ကို လူစားလဲခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာ ဘေးလ်ရဲ့ ကန်ချက်ကို ကော့ဖလာ ကာကွယ်ခဲ့သလို ၅၅ မိနစ်မှာတော့ ဘောလုံးဝင်လုတဲ့ ဗာနစ်ဇ်နစ်ဂ်ကို ဆစ်ဆိုကိုက တွန်းခဲ့လို့ ပေးခဲ့ရတဲ့ ပင်နယ်တီကို အသင်းခေါင်းဆောင် လီယင်ဒယ်လ်က တည်တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းချေပခဲ့ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာ လီယင်ဒယ်လ်ချပေးတာကို ဗာနစ်ဇ်နစ်ဂ်ရဲ့ ကန်ချက် ဘားထိထွက်ခဲ့ပြီး ၈၈ မိနစ်မှာတော့ ဟွိုင်ဘယာ့ဂ်ရဲ့ ဖြတ်တင်ဘော ကနေ လာမယ်လာရဲ့ ခေါင်းတိုက်ချက်ကို လူစားဝင်တိုက်စစ်မှူး ဗီနီးရှပ်စ်က ထပ်ဆင့်ခေါင်းတိုက်ပြီး စတုတ္ထဂိုးကို ရယူသွားနိုင်ခဲ့လို့ ပွဲအပြီးမှာ စပါးစ်တို့ လေးဂိုး-တစ်ဂိုးနဲ့ အဝေးကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ရှုံးပွဲတွေ ဆက်နေပြီး ရလဒ်တွေ ဆိုးနေခဲ့တဲ့ နည်းပြ မော်ရင်ညိုအတွက်တော့ ဒီနိုင်ပွဲက အားတက်စရာလည်းဖြစ်ခဲ့ပြီး ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို တက်လှမ်းဖို့ ရာနှုန်း ၉၀ ကျော် သေချာသွားခဲ့သလို လာမယ့်ပွဲစဉ်ကိုတော့ အိမ်ကွင်းမှာ ကစားရမှာဖြစ်တဲ့အတွက် စပါးစ်တို့အတွက် အေးဆေးဖြစ်သွားခဲ့ပြီဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းအေနနဲ႔ ၾသစႀတီးယားၿပိဳင္ဘက္ ဝုလ္ဖ္စ္ဘာဂါကို အေဝးကြင္းအျဖစ္ ဟန္ေဂရီႏိုင္ငံ ဘူဒါပက္စ္မွာ သြားေရာက္ ကစားခဲ့ရၿပီး အဓိက တိုက္စစ္မႉး ဟာရီကိန္းကို အနားေပးထားခ်ိန္မွာ က်န္ကစားသမားေတြရဲ႕ ၿပိဳင္ဘက္ထက္ သာလြန္တဲ့ အင္အားနဲ႔ ေနာက္တစ္ဆင့္အတြက္ မ်က္ႏွာပန္းလွစရာ ႏိုင္ပြဲကို ေအးေအးေဆးေဆး ဖန္တီးႏိုင္ခဲ့ၾကပါတယ္။

ဆြန္ေဟာင္မင္ကို အေထာင္တင္၊ ေနာက္က အယ္လီကို လိုက္ကစားခိုင္းၿပီး ညာျခမ္းမွာ ေဘးလ္၊ ဘယ္ျခမ္းမွာ ေမာ္ရာတို႔ ကစားခဲ့တဲ့ စပါးစ္တိုက္စစ္က ဝုလ္ဖ္စ္ဘာဂါခံစစ္ကို ေသာ့ဖြင့္ဖို႔ မခက္ခဲခဲ့ဘဲ ပထမပိုင္းမွာတင္ သုံးဂိုးသြင္းၿပီး ေမာ္ရင္ညိဳအတြက္ စိတ္လက္ေပါ့ပါးေစခဲ့ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာ ကတည္းက စပါးစ္တို႔ အခြင့္အေရးရခဲ့ေပမယ့္ အယ္လီကို ၿငိဳျငင္ေအာင္ ဆြန္က တစ္ကိုယ္ေကာင္းဆန္ခဲ့လို႔ လြဲေခ်ာ္ခဲ့ရၿပီး ပြဲခ်ိန္ ၁၃ မိနစ္မွာမွ ဂါရက္သ္ ေဘးလ္ရဲ႕ ျဖတ္တင္ေဘာကို ေတာင္ကိုရီးယားတိုက္စစ္မႉးကပဲ အနီးကပ္ ေခါင္းတိုက္ခ်က္နဲ႔ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့လို႔ စတင္ဦးေဆာင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ ေမာ္ရာ၊ အယ္လီ၊ ဒိုင္ယာတို႔ရဲ႕ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ လြဲေခ်ာ္ေနခဲ့ၿပီး ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ညာျခမ္းက ေနာက္ခံလူ ဒိုဟာတီရဲ႕ ေပးပို႔မႈကို ေဘးလ္က ဂိုးဧရိယာထဲမွာ တစ္ခ်က္ေခါက္ၿပီး ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ေကာ့ဖလာ ကာကြယ္ဖို႔ ခက္လြန္းေနခဲ့လို႔ ဒုတိယဂိုး ထပ္မံရယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၃၀ မွာ ဝုလ္ဖ္စ္ဘာဂါတိုက္စစ္မႉး ဗီဇင္ဂါရဲ႕ ေခါင္းတိုက္ခ်က္ကို ဂိုးသမား လိုရစ္ အသည္းအသန္ ကာကြယ္ခဲ့ရၿပီး ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ဘယ္ေတာင္ပံတိုက္စစ္မႉး လူးကပ္စ္ ေမာ္ရာက တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ တစ္ဖက္ေနာက္ခံလူ ၄ ဦးကို ေက်ာ္ျဖတ္ၿပီး ကန္သြင္းခဲ့ရာမွာ ကန္ခ်က္က တိက်လြန္းခဲ့လို႔ စပါးစ္တို႔ တတိယဂိုးရယူႏိုင္မႈနဲ႔အတူ ပထမပိုင္းကို သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ ဆြန္အစား ဗီနီးရွပ္စ္ကို လူစားလဲခဲ့ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာ ေဘးလ္ရဲ႕ ကန္ခ်က္ကို ေကာ့ဖလာ ကာကြယ္ခဲ့သလို ၅၅ မိနစ္မွာေတာ့ ေဘာလုံးဝင္လုတဲ့ ဗာနစ္ဇ္နစ္ဂ္ကို ဆစ္ဆိုကိုက တြန္းခဲ့လို႔ ေပးခဲ့ရတဲ့ ပင္နယ္တီကို အသင္းေခါင္းေဆာင္ လီယင္ဒယ္လ္က တည္တည္ၿငိမ္ၿငိမ္နဲ႔ ကန္သြင္းေခ်ပခဲ့ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာ လီယင္ဒယ္လ္ခ်ေပးတာကို ဗာနစ္ဇ္နစ္ဂ္ရဲ႕ ကန္ခ်က္ ဘားထိထြက္ခဲ့ၿပီး ၈၈ မိနစ္မွာေတာ့ ဟြိဳင္ဘယာ့ဂ္ရဲ႕ ျဖတ္တင္ေဘာ ကေန လာမယ္လာရဲ႕ ေခါင္းတိုက္ခ်က္ကို လူစားဝင္တိုက္စစ္မႉး ဗီနီးရွပ္စ္က ထပ္ဆင့္ေခါင္းတိုက္ၿပီး စတုတၳဂိုးကို ရယူသြားႏိုင္ခဲ့လို႔ ပြဲအၿပီးမွာ စပါးစ္တို႔ ေလးဂိုး-တစ္ဂိုးနဲ႔ အေဝးကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

ရႈံးပြဲေတြ ဆက္ေနၿပီး ရလဒ္ေတြ ဆိုးေနခဲ့တဲ့ နည္းျပ ေမာ္ရင္ညိဳအတြက္ေတာ့ ဒီႏိုင္ပြဲက အားတက္စရာလည္းျဖစ္ခဲ့ၿပီး ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ကို တက္လွမ္းဖို႔ ရာႏႈန္း ၉၀ ေက်ာ္ ေသခ်ာသြားခဲ့သလို လာမယ့္ပြဲစဥ္ကိုေတာ့ အိမ္ကြင္းမွာ ကစားရမွာျဖစ္တဲ့အတြက္ စပါးစ္တို႔အတြက္ ေအးေဆးျဖစ္သြားခဲ့ၿပီျဖစ္ေၾကာင္း ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.