Premier League

19 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ကြာသပတေးနေ့ညမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားခဲ့တဲ့ အာမက် ဂျယ်လိုကို လာမယ့်တနင်္ဂနွေနွေနေ့ နယူးကာဆယ်နဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲချိန်ပြည့်ပွဲဦးထွက်ပါဝင်ကစားခွင့်ပေးသွားမလားဆိုတာကို ဆုံးဖြတ်သွားမယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟောင်း အိုဝင် ဟားဂရိဗ်စ်က မန်ချက်စတာယူနိုက်တက်မှာ ရှိလာနိုင်တဲ့ အာမက် ဂျယ်လိုရဲ့အနာဂတ်အတွက် စိတ်လှုပ်ရှားနေပေမယ့် ၎င်းရဲ့ ပြောင်းရွှေ့ကြေးကြောင့် ကြီးမားတဲ့အကျိုးသက်ရောက်မှုမျိုးကို အသင်းက လိုချင်လိမ့်မယ်လို့ သတိပေးပြောကြားခဲ့ပြီး ဆယ်ကျော်သက်ကစားသမားအပေါ်မှာ ဖိအားတွေရှိလိမ့်မယ်လို့ ဝန်ခံပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ခက်ခဲတဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းခဲ့ရပြီးနောက် ရီးရဲလ်ဆိုစီဒက်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကြောင့် ဝမ်းမြောက်ကျေနပ်နေပြီး ပထမဂိုးမရခင် အခွင့်အရေးအနည်းငယ်ရခဲ့တာမှန်ပေမယ့် ဂိုးရှေ့မှာ အဆုံးသတ်ပိုင်း ပိုမို ကောင်းမွန်လာတယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်လူငယ်တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ကျောနံပါတ် ၉ နေရာမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ထက် ပိုမို နေရာရသင့်တယ်လို့ ပေါလ်စခိုးက ပြောကြားခဲ့ပြီး ယူနိုက်တက်အကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ ဂရင်းဝုဒ်က ညာတောင်ပံမှာ ကစားရတာပျော်ရွှင်သလို အလယ်မှာ ကစားရတာလည်း ပျော်ရွှင်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းကို လာမယ့်နွေရာသီမှာ မန်ချက်စတာစီးတီး၊ ရီးရဲလ်မက်ဒရစ်အသင်းတို့နဲ့အပြိုင် ခေါ်ယူသွားဖို့ ကြိုးပမ်းသွားမယ်လို့ Sport Witness က ဖော်ပြခဲ့ပြီး စာချုပ်လျော်ကြေး ယူရို ၇၅ သန်းဟာ လာမယ့် ၂၀၂၂ မှာ အသက်ဝင်လာမှာဖြစ်ပေမယ့် ယခုနွေရာသီမှာပဲ အပြောင်းအရွှေ့ပြုလုပ်သွားဖွယ်ရှိနေတယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ရီးရဲလ်ဆိုစီဒက်အသင်းကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ဘရူနို ဖာနန်ဒက်စ်ရဲ့ လွှမ်းမိုးနိုင်စွမ်းနဲ့ပတ်သက်ပြီး ပျော်ရွှင်ခဲ့ကြသလို မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးကို တုံ့ပြန်တဲ့ပုံစံကိုလည်း နှစ်သက်ခဲ့ကြတယ်လို့ သိရပြီး ပေါ်တူဂီကြယ်ပွင့်ဟာ အသင်းဖော်တွေကို ကျန်တဲ့ လူစားဝင်ကစားသမားတွေအားလုံးနဲ့လည်း အောင်ပွဲခံကြဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရ။

-ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ် မိနစ် ၉၀ မှာ ဂိုးသွင်းယူပေးခဲ့တဲ့ ဒန်နီရယ် ဂျိမ်းစ်က ယူနိုက်တက်ရဲ့အောင်ပွဲနောက်ကွယ်က လျှို့ဝှက်ချက်ကို ပြောပြခဲ့ပြီး လာလီဂါအသင်းဟာ တစ်ခါတရံမှာ ဘောလုံးအများကြီးရရှိခဲ့ပေမယ့် နောက်မှာ နေရာလွတ်အကြီးကြီးရှိနေခဲ့ပြီး အဲဒါကို အခွင့်ကောင်း ယူနိုင်ခဲ့လို့ အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့။