Premier League

တစ်ဂိုးစီနဲ့ နောက်တစ်ဆင့်အတွက် ၅၀ ရာခိုင်နှုန်းကိုပဲ ယူနိုင်ခဲ့တဲ့ အာဆင်နယ်


အာဆင်နယ်အသင်းဟာ ဒီနေ့မှာ လိဒ်စ်ယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ လူစာရင်းအတိုင်းပဲ တစ်ယောက်မှ မလွဲဘဲ ပွဲထုတ်လာခဲ့ပြီး ဘင်ဖီကာနဲ့ပွဲမှာ ရစ်သမ်မပျက်စေဖို့ လုပ်ဆောင်လာခဲ့သလို အိုလံပီကိုမှာ အနိုင်ရလဒ်အတွက် ပြင်ဆင်လာခဲ့ပေမယ့် သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။


၃-၅-၂ ပုံစံ ကစားတဲ့ ဘင်ဖီကာတို့အနေနဲ့ အာဆင်နယ်တို့ကို ကွင်းလယ်မှာ ပိတ်ဆို့နိုင်ဖို့ ကြိုးစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကိုတော့ အသာစီး မရခဲ့ဘဲ ဂန်းနားတွေဆီ လွှဲပေးထားရချိန်မှာ တစ်ဖက်နဲ့ တစ်ဖက် အမှားစောင့်ကစားခဲ့ကြချိန်မှ ဘယ်လာရင်ရဲ့ အကောင်းဆုံးဖန်တီးမှုကို အူဘာမီယန်း အဆုံးမသတ်နိုင်ခဲ့တာကတော့ တော်တော်လေး စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။


ကွင်းလယ်မှာ ဆာကာနဲ့ စမစ်ရိုးတို့ကတော့ ထုံးစံအတိုင်း ခြေစွမ်းပြနိုင်ခဲ့ကြပြီး ဒေးဗစ် လူးဝစ်ဇ်နဲ့ ဘယ်လာရင်တို့ရဲ့ ညာခြမ်းကတော့ ခံစစ်ကစားပုံ လျော့တိလျော့ရဲဖြစ်နေချိန်မှာ သူ့တပည့်ဟောင်း ဘရာဇီးလ်သားအကြောင်း သိတဲ့ ဂျော်ဂျီ ဂျေဆူးစ်ရဲ့ ဘင်ဖီကာတို့က ဒီနေရာကနေ ဝင်တိုးဖို့ ကြိုးစားခဲ့ကြသလို အဲလက်စ် ဂရီမယ်လ်ဒိုရဲ့ ဘယ်ခြမ်းကို အာဆင်နယ်တို့ကလည်း ဖိအာပေးနေခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေပဲ ဖြစ်လို့နေပါတယ်။


ဒုတိယပိုင်းအစမှာ ဆာကာရဲ့ Inverted Cross ကောင်းပေမယ့် ပြေးထွက်တာစောပြီး လူကျွံနေတဲ့ စမစ်ရိုးကြောင့် အဆုံးသတ်ဖို့ ဝင်လာတဲ့ အူဘာမီယန်းအတွက် နစ်နာခဲ့ရသလို ဆာကာရဲ့ တစ်ကိုယ်တော် ထိုးဖောက်ပြီး ကန်သွင်းမှုကလည်း ဂိုးသမားကို အကြောင်ရိုက်နိုင်ခဲ့ပေမယ့် တိုင်ဘေးက ကပ်ထွက်သွားခဲ့တာပါ။


ပွဲချိန် ၅၃ မိနစ်မှာတော့ ဂွန်ဆာလ်ဗက်စ်ရဲ့ ဖြတ်တင်ဘောကို လက်နဲ့ ပုတ်မိသလိုဖြစ်ခဲ့တဲ့ စမစ်ရိုးကြောင့် အာဆင်နယ်တို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒါကို VAR ပြန်ကြည့်အပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ ရရှိခဲ့တဲ့ အခွင့်အရေးကို ဘင်ဖီကာအသင်းခေါင်းဆောင် ပစ်ဇီက ကန်သွင်းခဲ့ရာမှာ လီနို မကာကွယ်နိုင်ခဲ့လို့ ဂိုးစပေးခဲ့ရပါတယ်။


ဘင်ဖီကာတို့ရဲ့ ဦးဆောင်မှုကတော့ ကြာကြာမခံခဲ့ဘဲ ပွဲချိန် ၅၇ မိနစ်မှာ အာဆင်နယ်တို့ရဲ့ ယူရိုပါစတားလို့ ပြောရမယ့် ဆာကာက ဆီးဒရစ်ရဲ့ ပေးပို့မှုကို တစ်ဖက် နောက်ခံလူ ၄ ယောက် ရှေ့ကနေ လွတ်လွတ်လပ်လပ် ပြေးထွက်နေရာယူပြီး အနီးကပ် ပိတ်သွင်းနိုင်ခဲ့ပြီး ချေပဂိုး ရယူသွားခဲ့ပါတယ်။


ဒီဂိုးမှာ ဘောလုံးစတင်ရယူခဲ့တဲ့ အူဘာမီယန်းကို လူကျွံတယ်လို့ ဘင်ဖီကာတို့ စွပ်စွဲဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း ဒီဘောလုံးက သူတို့ နောက်တန်းက ဖျက်ထုတ်ရာမှာ အချင်းချင်းထိပြီး ပြန်ကျလာတဲ့ ဘောလုံးဖြစ်ပြီး အာဆင်နယ်ဘက်က ပေးတဲ့ ဘောလုံး မဟုတ်တာကြောင့် ဒိုင်လူကြီးက VAR ပြန်ကြည့်အပြီးမှာ ဂိုးအဖြစ် ဆက်လက်သတ်မှတ်ပေးခဲ့တာပါ။


ဒီနောက်ပိုင်းမှာတော့ နှစ်သင်းစလုံး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ တစ်ဂိုးစီ သရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ဒေးဗစ် လူးဝစ်ဇ်ရဲ့ လေးလံမှုနဲ့ အူဘာမီယန်းရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေက သူတို့အတွက် ကြီးမားတဲ့ အားနည်းချက်တွေ ဖြစ်ခဲ့ချိန်မှာ အာဆင်နယ်တို့ အဝေးဂိုးတစ်ဂိုးနဲ့သာ ကျေနပ်ခဲ့ရပြီး လာမယ့်ပွဲတွေမှာတော့ ဒါတွေကို ပြင်ဆင်သွားနိုင်ရင် ပိုမိုကောင်းမွန်တဲ့ အသင်းနဲ့ ရလဒ်တွေကို မြင်ရနိုင်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ ဒီေန႔မွာ လိဒ္စ္ယူႏိုက္တက္အသင္းကို အႏိုင္ရခဲ့တဲ့ လူစာရင္းအတိုင္းပဲ တစ္ေယာက္မွ မလြဲဘဲ ပြဲထုတ္လာခဲ့ၿပီး ဘင္ဖီကာနဲ႔ပြဲမွာ ရစ္သမ္မပ်က္ေစဖို႔ လုပ္ေဆာင္လာခဲ့သလို အိုလံပီကိုမွာ အႏိုင္ရလဒ္အတြက္ ျပင္ဆင္လာခဲ့ေပမယ့္ သေရတစ္မွတ္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။


၃-၅-၂ ပုံစံ ကစားတဲ့ ဘင္ဖီကာတို႔အေနနဲ႔ အာဆင္နယ္တို႔ကို ကြင္းလယ္မွာ ပိတ္ဆို႔ႏိုင္ဖို႔ ႀကိဳးစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈကိုေတာ့ အသာစီး မရခဲ့ဘဲ ဂန္းနားေတြဆီ လႊဲေပးထားရခ်ိန္မွာ တစ္ဖက္နဲ႔ တစ္ဖက္ အမွားေစာင့္ကစားခဲ့ၾကခ်ိန္မွ ဘယ္လာရင္ရဲ႕ အေကာင္းဆုံးဖန္တီးမႈကို အူဘာမီယန္း အဆုံးမသတ္ႏိုင္ခဲ့တာကေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။


ကြင္းလယ္မွာ ဆာကာနဲ႔ စမစ္႐ိုးတို႔ကေတာ့ ထုံးစံအတိုင္း ေျခစြမ္းျပႏိုင္ခဲ့ၾကၿပီး ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ဘယ္လာရင္တို႔ရဲ႕ ညာျခမ္းကေတာ့ ခံစစ္ကစားပုံ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနခ်ိန္မွာ သူ႔တပည့္ေဟာင္း ဘရာဇီးလ္သားအေၾကာင္း သိတဲ့ ေဂ်ာ္ဂ်ီ ေဂ်ဆူးစ္ရဲ႕ ဘင္ဖီကာတို႔က ဒီေနရာကေန ဝင္တိုးဖို႔ ႀကိဳးစားခဲ့ၾကသလို အဲလက္စ္ ဂရီမယ္လ္ဒိုရဲ႕ ဘယ္ျခမ္းကို အာဆင္နယ္တို႔ကလည္း ဖိအာေပးေနခဲ့ၿပီး ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရပဲ ျဖစ္လို႔ေနပါတယ္။


ဒုတိယပိုင္းအစမွာ ဆာကာရဲ႕ Inverted Cross ေကာင္းေပမယ့္ ေျပးထြက္တာေစာၿပီး လူကြၽံေနတဲ့ စမစ္႐ိုးေၾကာင့္ အဆုံးသတ္ဖို႔ ဝင္လာတဲ့ အူဘာမီယန္းအတြက္ နစ္နာခဲ့ရသလို ဆာကာရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္ၿပီး ကန္သြင္းမႈကလည္း ဂိုးသမားကို အေၾကာင္႐ိုက္ႏိုင္ခဲ့ေပမယ့္ တိုင္ေဘးက ကပ္ထြက္သြားခဲ့တာပါ။


ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ဂြန္ဆာလ္ဗက္စ္ရဲ႕ ျဖတ္တင္ေဘာကို လက္နဲ႔ ပုတ္မိသလိုျဖစ္ခဲ့တဲ့ စမစ္႐ိုးေၾကာင့္ အာဆင္နယ္တို႔ ပင္နယ္တီ ေပးခဲ့ရၿပီး ဒါကို VAR ျပန္ၾကည့္အၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ရရွိခဲ့တဲ့ အခြင့္အေရးကို ဘင္ဖီကာအသင္းေခါင္းေဆာင္ ပစ္ဇီက ကန္သြင္းခဲ့ရာမွာ လီႏို မကာကြယ္ႏိုင္ခဲ့လို႔ ဂိုးစေပးခဲ့ရပါတယ္။


ဘင္ဖီကာတို႔ရဲ႕ ဦးေဆာင္မႈကေတာ့ ၾကာၾကာမခံခဲ့ဘဲ ပြဲခ်ိန္ ၅၇ မိနစ္မွာ အာဆင္နယ္တို႔ရဲ႕ ယူ႐ိုပါစတားလို႔ ေျပာရမယ့္ ဆာကာက ဆီးဒရစ္ရဲ႕ ေပးပို႔မႈကို တစ္ဖက္ ေနာက္ခံလူ ၄ ေယာက္ ေရွ႕ကေန လြတ္လြတ္လပ္လပ္ ေျပးထြက္ေနရာယူၿပီး အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့ၿပီး ေခ်ပဂိုး ရယူသြားခဲ့ပါတယ္။


ဒီဂိုးမွာ ေဘာလုံးစတင္ရယူခဲ့တဲ့ အူဘာမီယန္းကို လူကြၽံတယ္လို႔ ဘင္ဖီကာတို႔ စြပ္စြဲဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္လည္း ဒီေဘာလုံးက သူတို႔ ေနာက္တန္းက ဖ်က္ထုတ္ရာမွာ အခ်င္းခ်င္းထိၿပီး ျပန္က်လာတဲ့ ေဘာလုံးျဖစ္ၿပီး အာဆင္နယ္ဘက္က ေပးတဲ့ ေဘာလုံး မဟုတ္တာေၾကာင့္ ဒိုင္လူႀကီးက VAR ျပန္ၾကည့္အၿပီးမွာ ဂိုးအျဖစ္ ဆက္လက္သတ္မွတ္ေပးခဲ့တာပါ။


ဒီေနာက္ပိုင္းမွာေတာ့ ႏွစ္သင္းစလုံး အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔ တစ္ဂိုးစီ သေရနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ ေလးလံမႈနဲ႔ အူဘာမီယန္းရဲ႕ အဆုံးသတ္ပိုင္း လိုအပ္ခ်က္ေတြက သူတို႔အတြက္ ႀကီးမားတဲ့ အားနည္းခ်က္ေတြ ျဖစ္ခဲ့ခ်ိန္မွာ အာဆင္နယ္တို႔ အေဝးဂိုးတစ္ဂိုးနဲ႔သာ ေက်နပ္ခဲ့ရၿပီး လာမယ့္ပြဲေတြမွာေတာ့ ဒါေတြကို ျပင္ဆင္သြားႏိုင္ရင္ ပိုမိုေကာင္းမြန္တဲ့ အသင္းနဲ႔ ရလဒ္ေတြကို ျမင္ရႏိုင္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.