La Liga Match Report Premier League UCL&UEL

တူရင်မှာ ဆိုစီဒက်ကို ဂိုးပြတ်ချေမှုန်းပြီး နောက်တစ်ဆင့်ကို နေရာကြိုဦးတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဆူပါကွန်ပျူတာတစ်ခုရဲ့ ခန့်မှန်းချက်မှာ ယူရိုပါလိဂ်ကို ဗိုလ်စွဲဖို့ အခွင့်အရေးအများဆုံးဖြစ်တယ်လို့ ပြောထားတာနဲ့အညီ ဒီနေ့ပွဲမှာ အဓိက ကစားသမားတချို့နဲ့ အရန်ကစားသမားတချို့ကို ဟန်ချက်ညီညီပေါင်းစပ်ပြီး အီတလီမြေမှာ အဝေးကွင်းအဖြစ် ကစားရတဲ့ပွဲမှာ ဆိုစီဒက်ကို အပြတ်အသတ် အနိုင်ယူသွားခဲ့ပါတယ်။

ကြားကွင်းတွေမှာ ကစားရတာက အိမ်ကွင်းကောင်းတယ်လို့ တစ်ချိန်လုံး ရေရွတ်နေခဲ့ကြတဲ့ စပိန်အသင်းတွေကို အထိနာစေခဲ့ချိန်မှာ ယူနိုက်တက်ရဲ့ ပြိုင်ဘက်ဟောင်းတွေဖြစ်ကြတဲ့ ဒေးဗစ် ဆေးလ်ဗား၊ နာချို မွန်ရီးယဲလ်နဲ့ အကယ်ဒမီထွက် ယာနူးဇိုင်းတို့ကတော့ သရဲနီတွေရဲ့ လွှမ်းမိုးမှုကို ကောင်းကောင်းတုံ့ပြန်နိုင်စွမ်းမရှိခဲ့တာပါ။

ပွဲအစ မိနစ်တွေမှာတော့ အိုက်ဆက်နဲ့ ရက်ရှ်ဖို့ဒ်တို့ သာမန်အဆုံးသတ်မှုတွေနဲ့ အပြန်အလှန် ခြိမ်းခြောက်ခဲ့ကြပြီး ၁၅ မိနစ်မှာ မက်တော်မီနေးရဲ့ ထောင့်ကျဉ်းကန်ချက် ပုတ်ထုတ်ခံခဲ့ရသလို ၁၈ မိနစ်မှာ အပိုင်အခွင့်အရေးကို အဆုံးမသတ်တတ်တဲ့ ရက်ရှ်ဖို့ဒ်ကတော့ တော်တော် စိတ်ပျက်စရာခြေစွမ်းမျိုးပဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ ဒီနေ့ပွဲမှာ ချန်မထားဘဲ သုံးစွဲခဲ့တဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်က အဖွင့်ဂိုးစသွင်းခဲ့ပြီး ရက်ရှ်ဖို့ဒ် တင်ပေးတဲ့ ဘောလုံးကို ဆိုစီဒက်ဂိုးသမားနဲ့ နောက်တန်းနှစ်ယောက် ဆုံဖျက်ရာကနေ လွတ်ထွက်လာတာကို အသာအယာ ပိတ်သွင်းနိုင်ခဲ့သလို ပထမပိုင်းကို ဒီဂိုးနဲ့ပဲ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ တန်ပြန်တိုက်စစ်ကနေ ရက်ရှ်ဖို့ဒ် ခင်းပေးလိုက်တဲ့ ဘောလုံးကို ဒန်နီယယ်လ် ဂျိမ်းစ် ထိန်းဖို့ ကြိုးစားပြီး ပြန်ထွက်လာတဲ့ အချိန်မှာ ဘရူနို ဖာနန်ဒက်စ်ကပဲ ဖြတ်ယူပြီး ဂိုးသမားနဲ့အတွေ့မှာ ညာဘက်အောက်ထောင့်ကို ကန်သွင်းယူခဲ့တာပါ။ ဒီဂိုးကို ကနဦးမှာ လူကျွံအဖြစ် သတ်မှတ်ထားခဲ့ပေမယ့် VAR ပြန်အကြည့်မှာတော့ Onside ဖြစ်နေတဲ့အတွက် ပွဲချိန် ၅၇ မိနစ်မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ယူနိုက်တက်တို့ ဦးဆောင်နေခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ ယူနိုက်တက်တို့ရဲ့ ဖော်မြူလာကွက်ဖြစ်တဲ့ ကောင်တာကနေပဲ ဂိုးထပ်ရခဲ့သလို ကွင်းလယ်က ဖရက်ဒ် ပေးလိုက်တဲ့ ဘောလုံးကို တစ်ချိန်လုံး လွဲချော်နေခဲ့တဲ့ ရက်ရှ်ဖို့ဒ်က လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ လုပ်နေကျ ပုံစံအတိုင်း အဆုံးသတ်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ တန်ပြန်တိုက်စစ်ကနေ ဂရင်းဝုဒ်၊ ဂျိမ်းစ်တို့ အခွင့်အရေးတွေ ရနေခဲ့ပေမယ့် အဆုံးသတ် မကောင်းတာကြောင့် ဂိုးထပ်မရခဲ့ဘဲ ဒီရလဒ်အတိုင်း ပွဲပြီးတော့မယ်လို့ ထင်နေတုန်းမှာပဲ မိနစ် ၉၀ ထဲ အရောက်မှာ ကောင်တာကနေ ဘောလုံးရသွားတဲ့ ဂျိမ်းစ်က ဂိုးရှေ့ ဖြတ်ချိုးပေးတာကို ဘယ်သူနဲ့မှ မထိဘဲ ဂိုးဝင်သွားခဲ့လို့ ယူနိုက်တက်တို့ ပွဲအပြီးမှာ လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရယူသွားနိုင်ခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တာကြောင့် ပရိသတ်တွေကြားမှာ အာဆင်နယ်နဲ့ မန်စီးတီးကစားသမားဟောင်းတွေကို အနိုင်ယူနိုင်ခဲ့တယ်လို့ ကျေနပ်စရာ ဖြစ်ခဲ့သလို နောက်တစ်ဆင့်ဖြစ်တဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့လည်း ကြီးမားတဲ့ ဂိုးကွာခြားချက် ရလဒ်အသာနဲ့ နေရာဦးထားနိုင်ခဲ့ပြီ ဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဆူပါကြန္ပ်ဴတာတစ္ခုရဲ႕ ခန႔္မွန္းခ်က္မွာ ယူ႐ိုပါလိဂ္ကို ဗိုလ္စြဲဖို႔ အခြင့္အေရးအမ်ားဆုံးျဖစ္တယ္လို႔ ေျပာထားတာနဲ႔အညီ ဒီေန႔ပြဲမွာ အဓိက ကစားသမားတခ်ိဳ႕နဲ႔ အရန္ကစားသမားတခ်ိဳ႕ကို ဟန္ခ်က္ညီညီေပါင္းစပ္ၿပီး အီတလီေျမမွာ အေဝးကြင္းအျဖစ္ ကစားရတဲ့ပြဲမွာ ဆိုစီဒက္ကို အျပတ္အသတ္ အႏိုင္ယူသြားခဲ့ပါတယ္။

ၾကားကြင္းေတြမွာ ကစားရတာက အိမ္ကြင္းေကာင္းတယ္လို႔ တစ္ခ်ိန္လုံး ေရ႐ြတ္ေနခဲ့ၾကတဲ့ စပိန္အသင္းေတြကို အထိနာေစခဲ့ခ်ိန္မွာ ယူႏိုက္တက္ရဲ႕ ၿပိဳင္ဘက္ေဟာင္းေတြျဖစ္ၾကတဲ့ ေဒးဗစ္ ေဆးလ္ဗား၊ နာခ်ိဳ မြန္ရီးယဲလ္နဲ႔ အကယ္ဒမီထြက္ ယာႏူးဇိုင္းတို႔ကေတာ့ သရဲနီေတြရဲ႕ လႊမ္းမိုးမႈကို ေကာင္းေကာင္းတုံ႔ျပန္ႏိုင္စြမ္းမရွိခဲ့တာပါ။

ပြဲအစ မိနစ္ေတြမွာေတာ့ အိုက္ဆက္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ သာမန္အဆုံးသတ္မႈေတြနဲ႔ အျပန္အလွန္ ၿခိမ္းေျခာက္ခဲ့ၾကၿပီး ၁၅ မိနစ္မွာ မက္ေတာ္မီေနးရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ ပုတ္ထုတ္ခံခဲ့ရသလို ၁၈ မိနစ္မွာ အပိုင္အခြင့္အေရးကို အဆုံးမသတ္တတ္တဲ့ ရက္ရွ္ဖို႔ဒ္ကေတာ့ ေတာ္ေတာ္ စိတ္ပ်က္စရာေျခစြမ္းမ်ိဳးပဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ဒီေန႔ပြဲမွာ ခ်န္မထားဘဲ သုံးစြဲခဲ့တဲ့ အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က အဖြင့္ဂိုးစသြင္းခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ တင္ေပးတဲ့ ေဘာလုံးကို ဆိုစီဒက္ဂိုးသမားနဲ႔ ေနာက္တန္းႏွစ္ေယာက္ ဆုံဖ်က္ရာကေန လြတ္ထြက္လာတာကို အသာအယာ ပိတ္သြင္းႏိုင္ခဲ့သလို ပထမပိုင္းကို ဒီဂိုးနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ တန္ျပန္တိုက္စစ္ကေန ရက္ရွ္ဖို႔ဒ္ ခင္းေပးလိုက္တဲ့ ေဘာလုံးကို ဒန္နီယယ္လ္ ဂ်ိမ္းစ္ ထိန္းဖို႔ ႀကိဳးစားၿပီး ျပန္ထြက္လာတဲ့ အခ်ိန္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ကပဲ ျဖတ္ယူၿပီး ဂိုးသမားနဲ႔အေတြ႕မွာ ညာဘက္ေအာက္ေထာင့္ကို ကန္သြင္းယူခဲ့တာပါ။ ဒီဂိုးကို ကနဦးမွာ လူကြၽံအျဖစ္ သတ္မွတ္ထားခဲ့ေပမယ့္ VAR ျပန္အၾကည့္မွာေတာ့ Onside ျဖစ္ေနတဲ့အတြက္ ပြဲခ်ိန္ ၅၇ မိနစ္မွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ယူႏိုက္တက္တို႔ ဦးေဆာင္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ရဲ႕ ေဖာ္ျမဴလာကြက္ျဖစ္တဲ့ ေကာင္တာကေနပဲ ဂိုးထပ္ရခဲ့သလို ကြင္းလယ္က ဖရက္ဒ္ ေပးလိုက္တဲ့ ေဘာလုံးကို တစ္ခ်ိန္လုံး လြဲေခ်ာ္ေနခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ လုပ္ေနက် ပုံစံအတိုင္း အဆုံးသတ္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ တန္ျပန္တိုက္စစ္ကေန ဂရင္းဝုဒ္၊ ဂ်ိမ္းစ္တို႔ အခြင့္အေရးေတြ ရေနခဲ့ေပမယ့္ အဆုံးသတ္ မေကာင္းတာေၾကာင့္ ဂိုးထပ္မရခဲ့ဘဲ ဒီရလဒ္အတိုင္း ပြဲၿပီးေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ မိနစ္ ၉၀ ထဲ အေရာက္မွာ ေကာင္တာကေန ေဘာလုံးရသြားတဲ့ ဂ်ိမ္းစ္က ဂိုးေရွ႕ ျဖတ္ခ်ိဳးေပးတာကို ဘယ္သူနဲ႔မွ မထိဘဲ ဂိုးဝင္သြားခဲ့လို႔ ယူႏိုက္တက္တို႔ ပြဲအၿပီးမွာ ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရယူသြားႏိုင္ခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တာေၾကာင့္ ပရိသတ္ေတြၾကားမွာ အာဆင္နယ္နဲ႔ မန္စီးတီးကစားသမားေဟာင္းေတြကို အႏိုင္ယူႏိုင္ခဲ့တယ္လို႔ ေက်နပ္စရာ ျဖစ္ခဲ့သလို ေနာက္တစ္ဆင့္ျဖစ္တဲ့ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္ဖို႔လည္း ႀကီးမားတဲ့ ဂိုးကြာျခားခ်က္ ရလဒ္အသာနဲ႔ ေနရာဦးထားႏိုင္ခဲ့ၿပီ ျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.