Premier League Transfer News

19 Feb ညနေခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ကို ဗိုလ်စွဲနိုင်တဲ့ အသင်းတစ်သင်းဖြစ်တယ်လို့ သူတို့ရဲ့ မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးစ်နည်းပြ ဂျိုဆေး မော်ရင်ညိုက ပြောကြားလိုက်ပြီး ဒီခေတ်မှာ အရင်ကလို မဟုတ်ဘဲ ယူရိုပါလိဂ်အသင်းတွေဟာလည်း ချန်ပီယံလိဂ်အသင်းတွေလို အဆင့်မြင့်မားလာခဲ့လို့ သိက္ခာရှိတဲ့ ပြိုင်ပွဲတစ်ခုဖြစ်နေပြီလို့ သုံးသပ်။

– အာဆင်နယ်အသင်းအတွက် ပြီးခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့ပေမယ့် ဘင်ဖီကာနဲ့ပွဲမှာ အခွင့်အရေးများစွာကို ဖြုန်းတီးခဲ့တဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းရဲ့ အဆုံးသတ်ပိုင်းက ညံ့ဖျင်းလွန်းတယ်လို့ ဂန်းနားဟောင်း စတူးဝပ် ရော့ဘ်ဆန်က ဝေဖန်လိုက်ပြီး သူ့မှာ ရှာကြံပြီး ပြောစရာဆိုလို့ နေရာယူပုံတစ်ခုပဲရှိတယ်လို့ ဝေဖန်သွား။

– ခြေစွမ်းပြနေတဲ့ ဘူကာယို ဆာကာဟာ အင်္ဂလန်အသင်းအတွက် အနာဂတ်မှာ တစ်နေရာကို ပိုင်ဆိုင်နိုင်မယ့်သူလို့ တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာက ချီးကျူးလိုက်ပြီး တိုက်စစ်မှူးနောက်က သုံးယောက်တန်းမှာ ဘယ်နေရာမဆို သုံးစွဲနိုင်သလို ကစားကွက်ရဲ့ နေရာအတော်များများနဲ့ အံဝင်နိုင်တဲ့ ကစားသမားဟာ လက်ရွေးစင်အသင်းရဲ့ အားသာချက်လို့ ပြောကြား။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာ ရုန်းကန်နေခဲ့ရတဲ့ တောင်ပံကစားသမား နီကိုလာ ပေပေအတွက် စာနာမိကြောင်း အသင်းရဲ့ ခံစစ်မှူးဟောင်းကြီး မာတင် ကီးယွန်းက ဆိုလိုက်ပေမယ့် တစ်ချိန်တည်းမှာ သူမပါတဲ့ အသင်းရဲ့ ကစားပုံက ပိုကောင်းနေတာကိုလည်း လက်ခံရမယ်ဖြစ်တယ်လို့ဆို။

– အာဆင်နယ်အသင်းအနေနဲ့ လက်ရှိ အငှားခေါ်ယူထားတဲ့ ကစားသမားတွေထဲက မာတင် အော်ဒီဂွါဒ်ကို ခေါ်ယူဖို့ မပြောနိုင်သေးပေမယ့် ကွင်းလယ်လူ ဒါနီ စီဘာယော့စ်နဲ့ ဂိုးသမား မတ် ရိုင်ယန်တို့ကို ၂၀၂၁ နွေရာသီမှာ အပြီးသတ် ခေါ်ယူသွားဖို့ အစီအစဉ် ချမှတ်ထားတယ်လို့ သိရ။

– ကွင်းလယ်က နံပါတ် ၁၀ နေရာမှာ ပါဝင်ကစားနေပြီး လက်ခံနိုင်လောက်စရာ ခြေစွမ်းကို ပြသနေခဲ့တဲ့ မာတင် အော်ဒီဂွါဒ်ဟာ လုပ်အားနှုန်း မကောင်းဘဲ ရေသာခိုတတ်တဲ့ ကစားသမားမျိုးဖြစ်ပြီး သူ့အတွက် တခြားကစားသမားတွေက ပိုရုန်းရနိုင်သလို လူငယ်ကစားသမား အီမီးလ် စမစ်ရိုးရဲ့ တိုးတက်မှုကိုလည်း ပိတ်ဆို့မှာဖြစ်လို့ အငှားစာချုပ်ကုန်ရင် ဆက်ခေါ်မထားဖို့ ကီးယွန်း တိုက်တွန်း။

– အော်ဒီဂွါဒ်ကို ကီးယွန်းရဲ့ ရေသာခိုတတ်သူလို့ ပြောကြားမှုကတော့ မှားယွင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ဘင်ဖီကာနဲ့ပွဲမှာ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိခဲ့တဲ့ နော်ဝေသားအနေနဲ့ အသင်းအတွက် အခွင့်အရေး ၃ ကြိမ် ဖန်တီးခဲ့သလို ဖျက်ထုတ်မှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့။

– နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ရောမမြေမှာ ဂိုးရခွင့်တွေထဲက အပိုင်ဂိုး နှစ်ဂိုးလောက်ကို ဖြုန်းတီးပစ်ခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းဟာ ကံမကောင်းခဲ့ဘူးလို့ ဝေဖန်မှုတွေကို ကာကွယ်ပေးသွားခဲ့ပြီး သတင်းဌာနတွေကတော့ သူ့ကြောင့် အရှက်ကွဲမယ့် အာဆင်နယ်ကို ဆာကာက ကယ်တင်ခဲ့ရတယ်လို့ ရေးသားနေကြ။

– အူဘာမီယန်းရဲ့ နံပါတ် ၁၄ ကို လာမယ့်နှစ်တွေအတွင်းမှာ ဆက်ခံသွားဖို့ ဆန္ဒရှိနေပြီး အသင်းကို ဦးဆောင်သွားလိုတယ်လို့ လူငယ် တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီက ပြောကြားလိုက်ပြီး အာဆင်နယ်မှာ နှစ်ရှည်လများ ဆက်ရှိနေဖို့အတွက် ပရိသတ်တွေကို စိတ်ချအောင် သဲလွန်စချပြသွားခဲ့။

– အာဆင်နယ်အသင်းရဲ့ ဘင်ဖီကာအပေါ်နိုင်ပွဲမှာ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာအနေနဲ့ စံချိန်တစ်ရပ်ကို ရရှိခဲ့ပြီး ပြိုင်ပွဲ အရပ်ရပ်မှာ ဂိုးနဲ့ ဖန်တီးမှုပေါင်း ၁၀ ကြိမ်ကျော်သွားခဲ့တဲ့ အသက်အငယ်ဆုံး ပရီးမီးယားလိဂ်ကစားသမားအဖြစ် သွင်းဂိုး ၁၀ ဂိုး၊ ဖန်တီးမှု ၁၆ ကြိမ်နဲ့ ရပ်တည်။

– ကီဗင် ဒီဘရိုင်းနားနဲ့ ဆာဂျီယို အဂွေရိုတို့ ပြန်လည်ပါဝင်လာမယ့် အမ်းမရိတ်က အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ တွေ့ဆုံမှုမှာ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဂွါဒီယိုလာရဲ့အသင်းက အာတီတာရဲ့အသင်းကို အနိုင်ယူသွားမှာဖြစ်ပြီး ရလဒ် သုံးဂိုး-တစ်ဂိုးလို့ လော်ရိုခန့်မှန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းဟာ ယူ႐ိုပါလိဂ္ကို ဗိုလ္စြဲႏိုင္တဲ့ အသင္းတစ္သင္းျဖစ္တယ္လို႔ သူတို႔ရဲ႕ ေျမာက္လန္ဒန္ဒါဘီၿပိဳင္ဘက္ စပါးစ္နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳက ေျပာၾကားလိုက္ၿပီး ဒီေခတ္မွာ အရင္ကလို မဟုတ္ဘဲ ယူ႐ိုပါလိဂ္အသင္းေတြဟာလည္း ခ်န္ပီယံလိဂ္အသင္းေတြလို အဆင့္ျမင့္မားလာခဲ့လို႔ သိကၡာရွိတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္ေနၿပီလို႔ သုံးသပ္။

– အာဆင္နယ္အသင္းအတြက္ ၿပီးခဲ့တဲ့ လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာ ဟက္ထရစ္သြင္းခဲ့ေပမယ့္ ဘင္ဖီကာနဲ႔ပြဲမွာ အခြင့္အေရးမ်ားစြာကို ျဖဳန္းတီးခဲ့တဲ့ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းရဲ႕ အဆုံးသတ္ပိုင္းက ညံ့ဖ်င္းလြန္းတယ္လို႔ ဂန္းနားေဟာင္း စတူးဝပ္ ေရာ့ဘ္ဆန္က ေဝဖန္လိုက္ၿပီး သူ႔မွာ ရွာႀကံၿပီး ေျပာစရာဆိုလို႔ ေနရာယူပုံတစ္ခုပဲရွိတယ္လို႔ ေဝဖန္သြား။

– ေျခစြမ္းျပေနတဲ့ ဘူကာယို ဆာကာဟာ အဂၤလန္အသင္းအတြက္ အနာဂတ္မွာ တစ္ေနရာကို ပိုင္ဆိုင္ႏိုင္မယ့္သူလို႔ တိုက္စစ္မႉးေဟာင္း ဂယ္ရီ လိုင္နီကာက ခ်ီးက်ဴးလိုက္ၿပီး တိုက္စစ္မႉးေနာက္က သုံးေယာက္တန္းမွာ ဘယ္ေနရာမဆို သုံးစြဲႏိုင္သလို ကစားကြက္ရဲ႕ ေနရာအေတာ္မ်ားမ်ားနဲ႔ အံဝင္ႏိုင္တဲ့ ကစားသမားဟာ လက္ေ႐ြးစင္အသင္းရဲ႕ အားသာခ်က္လို႔ ေျပာၾကား။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မွာ ႐ုန္းကန္ေနခဲ့ရတဲ့ ေတာင္ပံကစားသမား နီကိုလာ ေပေပအတြက္ စာနာမိေၾကာင္း အသင္းရဲ႕ ခံစစ္မႉးေဟာင္းႀကီး မာတင္ ကီးယြန္းက ဆိုလိုက္ေပမယ့္ တစ္ခ်ိန္တည္းမွာ သူမပါတဲ့ အသင္းရဲ႕ ကစားပုံက ပိုေကာင္းေနတာကိုလည္း လက္ခံရမယ္ျဖစ္တယ္လို႔ဆို။

– အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိ အငွားေခၚယူထားတဲ့ ကစားသမားေတြထဲက မာတင္ ေအာ္ဒီဂြါဒ္ကို ေခၚယူဖို႔ မေျပာႏိုင္ေသးေပမယ့္ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္နဲ႔ ဂိုးသမား မတ္ ႐ိုင္ယန္တို႔ကို ၂၀၂၁ ေႏြရာသီမွာ အၿပီးသတ္ ေခၚယူသြားဖို႔ အစီအစဥ္ ခ်မွတ္ထားတယ္လို႔ သိရ။

– ကြင္းလယ္က နံပါတ္ ၁၀ ေနရာမွာ ပါဝင္ကစားေနၿပီး လက္ခံႏိုင္ေလာက္စရာ ေျခစြမ္းကို ျပသေနခဲ့တဲ့ မာတင္ ေအာ္ဒီဂြါဒ္ဟာ လုပ္အားႏႈန္း မေကာင္းဘဲ ေရသာခိုတတ္တဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး သူ႔အတြက္ တျခားကစားသမားေတြက ပို႐ုန္းရႏိုင္သလို လူငယ္ကစားသမား အီမီးလ္ စမစ္႐ိုးရဲ႕ တိုးတက္မႈကိုလည္း ပိတ္ဆို႔မွာျဖစ္လို႔ အငွားစာခ်ဳပ္ကုန္ရင္ ဆက္ေခၚမထားဖို႔ ကီးယြန္း တိုက္တြန္း။

– ေအာ္ဒီဂြါဒ္ကို ကီးယြန္းရဲ႕ ေရသာခိုတတ္သူလို႔ ေျပာၾကားမႈကေတာ့ မွားယြင္းခဲ့တယ္လို႔ ဆိုရမွာျဖစ္ၿပီး ဘင္ဖီကာနဲ႔ပြဲမွာ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမႈကို ရရွိခဲ့တဲ့ ေနာ္ေဝသားအေနနဲ႔ အသင္းအတြက္ အခြင့္အေရး ၃ ႀကိမ္ ဖန္တီးခဲ့သလို ဖ်က္ထုတ္မႈ ၄ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့။

– နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ေရာမေျမမွာ ဂိုးရခြင့္ေတြထဲက အပိုင္ဂိုး ႏွစ္ဂိုးေလာက္ကို ျဖဳန္းတီးပစ္ခဲ့တဲ့ တိုက္စစ္မႉး အူဘာမီယန္းဟာ ကံမေကာင္းခဲ့ဘူးလို႔ ေဝဖန္မႈေတြကို ကာကြယ္ေပးသြားခဲ့ၿပီး သတင္းဌာနေတြကေတာ့ သူ႔ေၾကာင့္ အရွက္ကြဲမယ့္ အာဆင္နယ္ကို ဆာကာက ကယ္တင္ခဲ့ရတယ္လို႔ ေရးသားေနၾက။

– အူဘာမီယန္းရဲ႕ နံပါတ္ ၁၄ ကို လာမယ့္ႏွစ္ေတြအတြင္းမွာ ဆက္ခံသြားဖို႔ ဆႏၵရွိေနၿပီး အသင္းကို ဦးေဆာင္သြားလိုတယ္လို႔ လူငယ္ တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီက ေျပာၾကားလိုက္ၿပီး အာဆင္နယ္မွာ ႏွစ္ရွည္လမ်ား ဆက္ရွိေနဖို႔အတြက္ ပရိသတ္ေတြကို စိတ္ခ်ေအာင္ သဲလြန္စခ်ျပသြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ ဘင္ဖီကာအေပၚႏိုင္ပြဲမွာ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာအေနနဲ႔ စံခ်ိန္တစ္ရပ္ကို ရရွိခဲ့ၿပီး ၿပိဳင္ပြဲ အရပ္ရပ္မွာ ဂိုးနဲ႔ ဖန္တီးမႈေပါင္း ၁၀ ႀကိမ္ေက်ာ္သြားခဲ့တဲ့ အသက္အငယ္ဆုံး ပရီးမီးယားလိဂ္ကစားသမားအျဖစ္ သြင္းဂိုး ၁၀ ဂိုး၊ ဖန္တီးမႈ ၁၆ ႀကိမ္နဲ႔ ရပ္တည္။

– ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ဆာဂ်ီယို အေဂြ႐ိုတို႔ ျပန္လည္ပါဝင္လာမယ့္ အမ္းမရိတ္က အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ရဲ႕ ေတြ႕ဆုံမႈမွာ ပရီးမီးယားလိဂ္ရဲ႕ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ဂြါဒီယိုလာရဲ႕အသင္းက အာတီတာရဲ႕အသင္းကို အႏိုင္ယူသြားမွာျဖစ္ၿပီး ရလဒ္ သုံးဂိုး-တစ္ဂိုးလို႔ ေလာ္႐ိုခန႔္မွန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.