Premier League Transfer News

20 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာက သူတို့ရဲ့ နိုင်ပွဲဆက်မှတ်တမ်းနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို ဆုပ်ကိုင်နိုင်ခဲ့တဲ့ ခရီးလမ်းမှာ အရေးအပါဆုံးအရာက ခိုင်မာတဲ့ ခံစစ်ပိုင်းပဲ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား။

– ကာလအတော်ကြာ အနားယူနေခဲ့ရတဲ့ ခံစစ်မှူးသစ် နာသန် အာကေအနေနဲ့ အသင်းရဲ့ ထရိန်နင်ကွင်းဆီ ပြန်ရောက်လာနိုင်ပြီဖြစ်ပြီး တစ်ဦးတည်း လေ့ကျင့်မှု ပြုလုပ်နေချိန်မှာ စပါးစ်နဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်ကတော့ အသင်းနဲ့ ပူးပေါင်းလေ့ကျင့်နေပြီး မြောက်လန်ဒန် နှစ်ပွဲဆက်ကို အာဆင်နယ်နဲ့ ကစားနိုင်ဖို့ ဖြစ်နိုင်ခြေရှိလာခဲ့။

– မန်ချက်စတာစီးတီးပရိသတ်တွေအနေနဲ့ အသင်းကနေ လာမယ့်ရာသီကုန်မှာ ထာဝရ ဂိုးသွင်းဘုရင် ဆာဂျီယို အဂွေရို ထွက်ခွာသွားမယ့် အရေးကို စိုးရိမ်နေကြပြီး အသင်းမှာ အနည်းဆုံး တစ်နှစ်ဆက်နေဖို့နဲ့ နှစ်ရာသီဆက်တိုက် ဂန္ထဝင်မြောက် ကစားသမားတွေကို မဆုံးရှုံးချင်ဘူးလို့ ဒေးဗစ် ဆေးလ်ဗားကိုပါ ရည်ရွယ်ပြီး ပြောကြားသွားခဲ့ကြ။

– ပရီးမီးယားလိဂ်ချန်ပီယံဟာ မန်စီးတီးပဲလို့ ပြောလိုက်တဲ့ အဲဗာတန်နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ စကားအတွက် ကျေးဇူးတင် ပေမယ့် လက်မခံနိုင်သေးကြောင်းနဲ့ ပြိုင်ဘက်တွေက ဒီထက်ပိုကောင်းအောင် လုပ်ပြနိုင်ကြသေးသလို မိမိတို့အနေနဲ့လည်း ရှုံးပွဲ တွေ့နိုင်တယ်လို့ ဂွါဒီယိုလာက ဖြေရှင်းသွား။

– တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအနေနဲ့ အနာဂတ်ကာလမှာ ဘာတွေဖြစ်လာမယ်ဆိုတာကို စဉ်းစားထားရခြင်း မရှိသေးဘဲ တစ်ခုခုကို ရာသီကုန်မှာ မဆုံးဖြတ်သေးခင်မှာ မန်ချက်စတာစီးတီးအသင်းကို ချစ်မြတ်နိုးစိတ်နဲ့ အသင်းဆီက ကမ်းလှမ်းမှုကို အရင် နားထောင်သွားမှာဖြစ်ကြောင်း ဂျာနယ်လစ်တစ်ဦး ဖော်ပြ။

– မန်ချက်စတာစီးတီးအသင်းကနေ စပို့တင်းလစ္စဘွန်းအသင်းကို အငှားချထားခဲ့တဲ့ စပိန်နောက်ခံလူ ပက်ဒရို ပိုရိုအနေနဲ့ လက်ရှိအသင်းမှာ ဆက်နေသွားလိုပြီး အပြီးသတ်ခေါ်ယူခွင့်ကို အသုံးချစေချင်နေသလို အသက် ၂၁ နှစ်သားအတွက် အပြီးသတ်ခေါ်ယူခွင့် ယူရို ၈.၅ သန်းနဲ့ ကနဦးက သဘောတူညီထား။

– တနင်္ဂနွေနေ့ညနေမှာ ကစားရမယ့် အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အသင်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ဆရာဟောင်း ဂွါဒီယိုလာက ထောက်ခံချက်ပေးလိုက်ပြီး မဝေးလှတဲ့ အနာဂတ်မှာ ပရီးမီးယားလိဂ်ကို စိန်ခေါ်လိမ့်မယ်လို့ ပြောကြား။

– အာဆင်နယ်ကွင်းလယ်လူဟောင်းနဲ့ စကိုင်းပို့စ်တင်ဆက်သူ ပေါလ် မာဆန်က မန်ချက်စတာစီးတီးနောက်ခံလူ ရူဘင် ဒီယက်စ်ဟာ လီဗာပူးလ်ရဲ့ ဗာဂျီးလ် ဗန်ဒိုက်အဆင့်ကို မနီးရိုးစွဲလိုက်နိုင်ခဲ့ပြီဖြစ်ပြီး မြောက်လန်ဒန်မှာ ဖိအားများနေတဲ့သူကတော့ မော်ရင်ညို မဟုတ်ဘဲ အာတီတာသာဖြစ်တယ်လို့ သူ့ရဲ့ ဆွေးနွေးမှု အစီအစဉ်မှာ သုံးသပ်သွားခဲ့။

– အာဆင်နယ်အသင်းရဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်က မန်ချက်စတာစီးတီးအသင်းကို ရင်ဆိုင်ရာမှာ အားလုံးကို သတိကြီးကြီးနဲ့ ကိုင်တွယ်ရမှာဖြစ်ပြီး သူတို့အသင်းဟာ ဝတ်စုံတာဝန်ခံကစပြီး တိုက်စစ်မှူးအထိ အန္တရာယ်များတဲ့ အသင်းဖြစ်ကြောင်း ပွဲကြိုပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ နည္းျပ ပက္ပ္ ဂြါဒီယိုလာက သူတို႔ရဲ႕ ႏိုင္ပြဲဆက္မွတ္တမ္းနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးကို ဆုပ္ကိုင္ႏိုင္ခဲ့တဲ့ ခရီးလမ္းမွာ အေရးအပါဆုံးအရာက ခိုင္မာတဲ့ ခံစစ္ပိုင္းပဲ ျဖစ္တယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကား။

– ကာလအေတာ္ၾကာ အနားယူေနခဲ့ရတဲ့ ခံစစ္မႉးသစ္ နာသန္ အာေကအေနနဲ႔ အသင္းရဲ႕ ထရိန္နင္ကြင္းဆီ ျပန္ေရာက္လာႏိုင္ၿပီျဖစ္ၿပီး တစ္ဦးတည္း ေလ့က်င့္မႈ ျပဳလုပ္ေနခ်ိန္မွာ စပါးစ္နဲ႔ပြဲမွာ ဒဏ္ရာရရွိသြားခဲ့တဲ့ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္ကေတာ့ အသင္းနဲ႔ ပူးေပါင္းေလ့က်င့္ေနၿပီး ေျမာက္လန္ဒန္ ႏွစ္ပြဲဆက္ကို အာဆင္နယ္နဲ႔ ကစားႏိုင္ဖို႔ ျဖစ္ႏိုင္ေျခရွိလာခဲ့။

– မန္ခ်က္စတာစီးတီးပရိသတ္ေတြအေနနဲ႔ အသင္းကေန လာမယ့္ရာသီကုန္မွာ ထာဝရ ဂိုးသြင္းဘုရင္ ဆာဂ်ီယို အေဂြ႐ို ထြက္ခြာသြားမယ့္ အေရးကို စိုးရိမ္ေနၾကၿပီး အသင္းမွာ အနည္းဆုံး တစ္ႏွစ္ဆက္ေနဖို႔နဲ႔ ႏွစ္ရာသီဆက္တိုက္ ဂႏၴဝင္ေျမာက္ ကစားသမားေတြကို မဆုံးရႈံးခ်င္ဘူးလို႔ ေဒးဗစ္ ေဆးလ္ဗားကိုပါ ရည္႐ြယ္ၿပီး ေျပာၾကားသြားခဲ့ၾက။

– ပရီးမီးယားလိဂ္ခ်န္ပီယံဟာ မန္စီးတီးပဲလို႔ ေျပာလိုက္တဲ့ အဲဗာတန္နည္းျပ ကာလို အန္ဆယ္ေလာ့တီရဲ႕ စကားအတြက္ ေက်းဇူးတင္ ေပမယ့္ လက္မခံႏိုင္ေသးေၾကာင္းနဲ႔ ၿပိဳင္ဘက္ေတြက ဒီထက္ပိုေကာင္းေအာင္ လုပ္ျပႏိုင္ၾကေသးသလို မိမိတို႔အေနနဲ႔လည္း ရႈံးပြဲ ေတြ႕ႏိုင္တယ္လို႔ ဂြါဒီယိုလာက ေျဖရွင္းသြား။

– တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုအေနနဲ႔ အနာဂတ္ကာလမွာ ဘာေတြျဖစ္လာမယ္ဆိုတာကို စဥ္းစားထားရျခင္း မရွိေသးဘဲ တစ္ခုခုကို ရာသီကုန္မွာ မဆုံးျဖတ္ေသးခင္မွာ မန္ခ်က္စတာစီးတီးအသင္းကို ခ်စ္ျမတ္ႏိုးစိတ္နဲ႔ အသင္းဆီက ကမ္းလွမ္းမႈကို အရင္ နားေထာင္သြားမွာျဖစ္ေၾကာင္း ဂ်ာနယ္လစ္တစ္ဦး ေဖာ္ျပ။

– မန္ခ်က္စတာစီးတီးအသင္းကေန စပို႔တင္းလစၥဘြန္းအသင္းကို အငွားခ်ထားခဲ့တဲ့ စပိန္ေနာက္ခံလူ ပက္ဒ႐ို ပို႐ိုအေနနဲ႔ လက္ရွိအသင္းမွာ ဆက္ေနသြားလိုၿပီး အၿပီးသတ္ေခၚယူခြင့္ကို အသုံးခ်ေစခ်င္ေနသလို အသက္ ၂၁ ႏွစ္သားအတြက္ အၿပီးသတ္ေခၚယူခြင့္ ယူ႐ို ၈.၅ သန္းနဲ႔ ကနဦးက သေဘာတူညီထား။

– တနဂၤေႏြေန႔ညေနမွာ ကစားရမယ့္ အာဆင္နယ္အသင္းရဲ႕ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အသင္းကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္မွာျဖစ္ေၾကာင္း ဆရာေဟာင္း ဂြါဒီယိုလာက ေထာက္ခံခ်က္ေပးလိုက္ၿပီး မေဝးလွတဲ့ အနာဂတ္မွာ ပရီးမီးယားလိဂ္ကို စိန္ေခၚလိမ့္မယ္လို႔ ေျပာၾကား။

– အာဆင္နယ္ကြင္းလယ္လူေဟာင္းနဲ႔ စကိုင္းပို႔စ္တင္ဆက္သူ ေပါလ္ မာဆန္က မန္ခ်က္စတာစီးတီးေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ဟာ လီဗာပူးလ္ရဲ႕ ဗာဂ်ီးလ္ ဗန္ဒိုက္အဆင့္ကို မနီး႐ိုးစြဲလိုက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ေျမာက္လန္ဒန္မွာ ဖိအားမ်ားေနတဲ့သူကေတာ့ ေမာ္ရင္ညိဳ မဟုတ္ဘဲ အာတီတာသာျဖစ္တယ္လို႔ သူ႔ရဲ႕ ေဆြးေႏြးမႈ အစီအစဥ္မွာ သုံးသပ္သြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဂါဘရီယယ္လ္ မာဂါလိုင္စ္က မန္ခ်က္စတာစီးတီးအသင္းကို ရင္ဆိုင္ရာမွာ အားလုံးကို သတိႀကီးႀကီးနဲ႔ ကိုင္တြယ္ရမွာျဖစ္ၿပီး သူတို႔အသင္းဟာ ဝတ္စုံတာဝန္ခံကစၿပီး တိုက္စစ္မႉးအထိ အႏၲရာယ္မ်ားတဲ့ အသင္းျဖစ္ေၾကာင္း ပြဲႀကိဳေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.