Premier League Transfer News

18 Feb ညဦးပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– သူတို့ကို အိမ်ကွင်းမှာ လူစုံမထုတ်ဘဲနဲ့တောင် အနိုင်ယူသွားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းဟာ ဒီနှစ်အတွက် ပရီးမီးယားလိဂ်ကို ထပ်မံဆွတ်ခူးရယူနိုင်မယ့် ချန်ပီယံအသင်းဖြစ်တယ်လို့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အဲဗာတန်နည်းပြ အန်ဆယ်လော့တီ ဝန်ခံသွားခဲ့။

– အဲဗာတန်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြ ဂိုးသွင်းယူပေးခဲ့ပြီး သူသန်တဲ့ ဘယ်ခြေအစား ညာခြေကန်ချက်နဲ့ တစ်ဂိုး ရယူပေးနိုင်ခဲ့တဲ့ အသက် ၂၀ အရွယ် လူငယ်ကွင်းလယ်လူ ဖီးလ် ဖိုဒန်ကို တခြားကမ္ဘာက လာတာလားလို့ ပရိသတ်တွေ ဆိုနေကြ။

– အာဆင်နယ်အသင်းရဲ့ ၄၉ ပွဲ ရှုံးပွဲမရှိကစားခဲ့တဲ့ အသင်းထက် လာမယ့် အမ်းမရိတ်တွေ့ဆုံမှုမှာ ၁၇ ပွဲဆက်တိုက် အနိုင်ရယူမယ့် မန်ချက်စတာစီးတီးအသင်းက ပိုကောင်းလိမ့်မယ်လို့ Talk Sport ရဲ့ ဂျေဆန် ကန်ဒီက ခန့်မှန်းလိုက်ပြီး နည်းပြ ဂွါဒီယိုလာရဲ့ အသင်းကို ချီးကျူးသွား။

– အာဆင်နယ်နဲ့ အဝေးကွင်းမှာ ကစားမယ့်ပွဲအတွက် နောက်ခံလူ နာသန် အာကေအနေနဲ့ ဆက်လက်လွဲချော်ဦးမှာဖြစ်ပြီး ဂိုးသွင်းဘုရင် ကွင်းလယ်ကြယ်ပွင့် အစ်လ်ကေ ဂွန်ဒိုးဝမ်ကိုတော့ အတိအကျ မပြောနိုင်သေးဘဲ နောက်ဆုံးအချိန်အထိ စောင့်ကြည့်ရဖို့ ရှိနေ။

– ဘာနာဒို ဆေးလ်ဗားဟာ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ကို နှစ်နှစ်ဆက်တိုက် ရယူခဲ့တဲ့ ရာသီကလိုပဲ တားဆီးလို့ မရနိုင်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားခဲ့ပြီး သူ့အတွက် Wow လို့ပဲ ပြောစရာရှိသလို မိဘနှစ်ပါးအတွက်တော့ ဂုဏ်ယူနိုင်မယ့် သားတစ်ယောက်ပဲလို့ နည်းပြ ဂွါဒီယိုလာက သုံးသပ်သွားခဲ့။

– ရီယက် မာရက်ဇ်ဟာ ဒေးဗစ် ဘက်ခမ်းရဲ့ အကောင်းဆုံးအချိန်တွေကနဲ့ တစ်ထပ်တည်းနီးပါးဖြစ်နေပြီး အဝေးကနေ ဖြတ်တင်ဘောတွေ ပြုလုပ်နိုင်သလို အဲဗာတန်နောက်တန်းလူတွေကို လှည့်စားပြီး သွင်းယူခဲ့တဲ့ ဂိုးကလည်း အဆင့်မြင့်ကြောင်း မိုက်ကယ် အိုဝင်နဲ့ လီးဒစ်ဆန်တို့ တစ်ညီတစ်ညွတ်တည်း ချီးကျူးသွား။

– တော့တင်ဟမ် ဟော့စပါးစ်အသင်းအနေနဲ့ သူတို့ရဲ့ အဓိကတိုက်စစ်မှူး ဟာရီကိန်းကို ရောင်းချသွားဖို့ ဆန္ဒရှိနေပြီး မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပစ်မှတ်ကို အနည်းဆုံး ပေါင်သန်း ၁၅၀ ပေးမှ လက်ခံစဉ်းစားသွားမယ်လို့ ကွင်းသစ်နဲ့ ကြွေးတင်နေတယ်လို့ သတင်းထွက်နေတဲ့ လန်ဒန်ကလပ်ဘက်က တုံ့ပြန်သွား။

– မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရှောင်ဂုတ်တာက ဒီရာသီမှာ သူ့ရဲ့အသင်းဟောင်းအနေနဲ့ ကာရာဘောင်းဖလား၊ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားအားလုံးကို ရယူနိုင်စွမ်းရှိတယ်လို့ လက်ရှိခြေစွမ်းအပေါ် ဂုဏ်ယူဝံ့ကြွားသွားခဲ့။

– လာမယ့်နွေရာသီမှာ အသက် ၂၈ နှစ်ပြည့်တော့မယ့် ဟာရီကိန်းအတွက် ပေါင်သန်း ၁၅၀ ပေးချေမယ့်အစား ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကိုပဲ ဒီငွေကြေးကို အသုံးပြုခေါ်ယူဖို့ မန်စီးတီးနောက်ခံလူဟောင်း ဒန်နီ မေးလ်စ် တိုက်တွန်းလိုက်ပြီး ပီအက်စ်ဂျီရဲ့ အမ်ဘာပေထက်တောင် နော်ဝေသားက အသင်းကို အကျိုးပြုနိုင်မယ်လို့ဆို။

– ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်နဲ့ ဥရောပမှာ စံချိန်သစ်တစ်ရပ် တင်ရှိနိုင်ခဲ့ပြီး နှစ်သစ်ကူးချိန်ကတည်းက စတင်ကစားခဲ့တဲ့ အမှတ်ပေးပြိုင်ပွဲတွေမှာ ၁၀ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ စံချိန်ကို ရေးထိုးသွားနိုင်ခဲ့။

– မန်ချက်စတာစီးတီးအသင်းအတွက် ပုံမှန်မကစားရပေမယ့်လည်း ကစားရတိုင်း ခြေစွမ်းပြနေခဲ့တဲ့ တောင်ပံကစားသမား မာရက်ဇ်က သူနဲ့ ဘာနာဒို ဆေးလ်ဗားတို့နှစ်ဦးကြားမှာ တစ်ဦးဘာလုပ်မယ်ဆိုတာ တစ်ဦးက အလိုလိုသိပြီး စကားပြောစရာ မလိုကြောင်းနဲ့ တယ်လီပသီနည်းလိုပဲဖြစ်ကြောင်းဆိုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– သူတို႔ကို အိမ္ကြင္းမွာ လူစုံမထုတ္ဘဲနဲ႔ေတာင္ အႏိုင္ယူသြားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းဟာ ဒီႏွစ္အတြက္ ပရီးမီးယားလိဂ္ကို ထပ္မံဆြတ္ခူးရယူႏိုင္မယ့္ ခ်န္ပီယံအသင္းျဖစ္တယ္လို႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲအၿပီးမွာ အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီ ဝန္ခံသြားခဲ့။

– အဲဗာတန္ကို အေဝးကြင္းမွာ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ေျခစြမ္းျပ ဂိုးသြင္းယူေပးခဲ့ၿပီး သူသန္တဲ့ ဘယ္ေျခအစား ညာေျခကန္ခ်က္နဲ႔ တစ္ဂိုး ရယူေပးႏိုင္ခဲ့တဲ့ အသက္ ၂၀ အ႐ြယ္ လူငယ္ကြင္းလယ္လူ ဖီးလ္ ဖိုဒန္ကို တျခားကမာၻက လာတာလားလို႔ ပရိသတ္ေတြ ဆိုေနၾက။

– အာဆင္နယ္အသင္းရဲ႕ ၄၉ ပြဲ ရႈံးပြဲမရွိကစားခဲ့တဲ့ အသင္းထက္ လာမယ့္ အမ္းမရိတ္ေတြ႕ဆုံမႈမွာ ၁၇ ပြဲဆက္တိုက္ အႏိုင္ရယူမယ့္ မန္ခ်က္စတာစီးတီးအသင္းက ပိုေကာင္းလိမ့္မယ္လို႔ Talk Sport ရဲ႕ ေဂ်ဆန္ ကန္ဒီက ခန႔္မွန္းလိုက္ၿပီး နည္းျပ ဂြါဒီယိုလာရဲ႕ အသင္းကို ခ်ီးက်ဴးသြား။

– အာဆင္နယ္နဲ႔ အေဝးကြင္းမွာ ကစားမယ့္ပြဲအတြက္ ေနာက္ခံလူ နာသန္ အာေကအေနနဲ႔ ဆက္လက္လြဲေခ်ာ္ဦးမွာျဖစ္ၿပီး ဂိုးသြင္းဘုရင္ ကြင္းလယ္ၾကယ္ပြင့္ အစ္လ္ေက ဂြန္ဒိုးဝမ္ကိုေတာ့ အတိအက် မေျပာႏိုင္ေသးဘဲ ေနာက္ဆုံးအခ်ိန္အထိ ေစာင့္ၾကည့္ရဖို႔ ရွိေန။

– ဘာနာဒို ေဆးလ္ဗားဟာ မန္စီးတီးရဲ႕ ပရီးမီးယားလိဂ္ကို ႏွစ္ႏွစ္ဆက္တိုက္ ရယူခဲ့တဲ့ ရာသီကလိုပဲ တားဆီးလို႔ မရႏိုင္တဲ့ ေျခစြမ္းကို ပိုင္ဆိုင္ထားခဲ့ၿပီး သူ႔အတြက္ Wow လို႔ပဲ ေျပာစရာရွိသလို မိဘႏွစ္ပါးအတြက္ေတာ့ ဂုဏ္ယူႏိုင္မယ့္ သားတစ္ေယာက္ပဲလို႔ နည္းျပ ဂြါဒီယိုလာက သုံးသပ္သြားခဲ့။

– ရီယက္ မာရက္ဇ္ဟာ ေဒးဗစ္ ဘက္ခမ္းရဲ႕ အေကာင္းဆုံးအခ်ိန္ေတြကနဲ႔ တစ္ထပ္တည္းနီးပါးျဖစ္ေနၿပီး အေဝးကေန ျဖတ္တင္ေဘာေတြ ျပဳလုပ္ႏိုင္သလို အဲဗာတန္ေနာက္တန္းလူေတြကို လွည့္စားၿပီး သြင္းယူခဲ့တဲ့ ဂိုးကလည္း အဆင့္ျမင့္ေၾကာင္း မိုက္ကယ္ အိုဝင္နဲ႔ လီးဒစ္ဆန္တို႔ တစ္ညီတစ္ၫြတ္တည္း ခ်ီးက်ဴးသြား။

– ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အဓိကတိုက္စစ္မႉး ဟာရီကိန္းကို ေရာင္းခ်သြားဖို႔ ဆႏၵရွိေနၿပီး မန္ခ်က္စတာစီးတီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ရဲ႕ ပစ္မွတ္ကို အနည္းဆုံး ေပါင္သန္း ၁၅၀ ေပးမွ လက္ခံစဥ္းစားသြားမယ္လို႔ ကြင္းသစ္နဲ႔ ေႂကြးတင္ေနတယ္လို႔ သတင္းထြက္ေနတဲ့ လန္ဒန္ကလပ္ဘက္က တုံ႔ျပန္သြား။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ေရွာင္ဂုတ္တာက ဒီရာသီမွာ သူ႔ရဲ႕အသင္းေဟာင္းအေနနဲ႔ ကာရာေဘာင္းဖလား၊ အက္ဖ္ေအဖလား၊ ပရီးမီးယားလိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားအားလုံးကို ရယူႏိုင္စြမ္းရွိတယ္လို႔ လက္ရွိေျခစြမ္းအေပၚ ဂုဏ္ယူဝံ့ႂကြားသြားခဲ့။

– လာမယ့္ေႏြရာသီမွာ အသက္ ၂၈ ႏွစ္ျပည့္ေတာ့မယ့္ ဟာရီကိန္းအတြက္ ေပါင္သန္း ၁၅၀ ေပးေခ်မယ့္အစား ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကိုပဲ ဒီေငြေၾကးကို အသုံးျပဳေခၚယူဖို႔ မန္စီးတီးေနာက္ခံလူေဟာင္း ဒန္နီ ေမးလ္စ္ တိုက္တြန္းလိုက္ၿပီး ပီအက္စ္ဂ်ီရဲ႕ အမ္ဘာေပထက္ေတာင္ ေနာ္ေဝသားက အသင္းကို အက်ိဳးျပဳႏိုင္မယ္လို႔ဆို။

– ၿပီးခဲ့တဲ့ အဲဗာတန္နဲ႔ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္နဲ႔ ဥေရာပမွာ စံခ်ိန္သစ္တစ္ရပ္ တင္ရွိႏိုင္ခဲ့ၿပီး ႏွစ္သစ္ကူးခ်ိန္ကတည္းက စတင္ကစားခဲ့တဲ့ အမွတ္ေပးၿပိဳင္ပြဲေတြမွာ ၁၀ ပြဲဆက္တိုက္ အႏိုင္ရခဲ့တဲ့ စံခ်ိန္ကို ေရးထိုးသြားႏိုင္ခဲ့။

– မန္ခ်က္စတာစီးတီးအသင္းအတြက္ ပုံမွန္မကစားရေပမယ့္လည္း ကစားရတိုင္း ေျခစြမ္းျပေနခဲ့တဲ့ ေတာင္ပံကစားသမား မာရက္ဇ္က သူနဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ႏွစ္ဦးၾကားမွာ တစ္ဦးဘာလုပ္မယ္ဆိုတာ တစ္ဦးက အလိုလိုသိၿပီး စကားေျပာစရာ မလိုေၾကာင္းနဲ႔ တယ္လီပသီနည္းလိုပဲျဖစ္ေၾကာင္းဆိုသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.