Premier League Transfer News

18 Feb ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီရဲ့ တိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေကို ခေါ်ယူဖို့ သတင်းထွက်နေခဲ့တဲ့အပေါ် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါအနေနဲ့ စိတ်လှုပ်ရှားနေပြီး ပြင်သစ်ချန်ပီယံဘက်ကတော့ သူတို့ကစားသမားအတွက် ယူရိုသန်း ၂၀၀ လို့ ဆိုနေ။

– ဘီဘီစီရဲ့ ဘောလုံးကျွမ်းကျင်သူ အီယန်ရိုက်ကတော့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်က ကြောက်စရာကောင်းတဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားသူက ကားတစ်ဂျုံးစ်ပဲဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး ချန်ပီယံလိဂ်မှာ ဆယ်နှစ်လောက် ကစားထားဖူးတဲ့ ပုံစံမျိုးကို ပိုင်ဆိုင်ထားတယ်လို့လည်း သုံးသပ်။

– ဆောက်သမ်တန်အသင်းမှာ အငှားချထားခဲ့တဲ့ ဂျပန်ကွင်းလယ်လူ တာကူမီ မီနာမီနိုရဲ့ အရည်အသွေးတွေကို ဆီဗီလာနည်းပြ ဂျူလင် လိုပီတီဂီက သဘောကျနေပြီး လာမယ့် နွေရာသီမှာ လီဗာပူးလ်အသင်းဆီက ခေါ်ယူနိုင်ဖို့ ဆွေးနွေးလာဖွယ်ရှိနေတယ်လို့ သတင်းတွေ ဖော်ပြ။

– ၂၀၂၁-၂၂ ရာသီအတွက် အသင်းရဲ့ ဝတ်စုံစပွန်ဆာ နီကေကုမ္ပဏီက လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်း၊ အဝေးကွင်းနဲ့ တတိယဝတ်စုံတွေ ဘယ်လိုရှိမယ်ဆိုတာကို အကြမ်းဖျင်းအနေနဲ့ ထုတ်ဖော်ပြသသွားခဲ့ပြီး ရိုးရာမပျက်ဝတ်စုံ အနီရောင်အပြင် အဖြူရောင်နဲ့ အဝါရောင် ဝတ်စုံတွေ ပါဝင်နေ။

– ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်နှစ်ပွဲကို လွဲချော်ထားခဲ့တဲ့ နောက်ခံလူတစ်ဖြစ်လဲ ကွင်းလယ်လူ ဖာဘင်ညိုအနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်ပြီး ဒီတစ်ပတ် အိမ်ကွင်း အန်းဖီးလ်မှာ ကစားရမယ့် အဲဗာတန်အသင်းနဲ့ မာဆေးဆိုက်ဒါဘီကို ပါဝင်နိုင်ဖို့ ရှိနေ။

– ပေါ်တူဂီအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီးတစ်ဦးဖြစ်တဲ့ နူနို ဂိုမက်စ်က သူ့ရဲ့ အသက် ၂၅ နှစ်အရွယ် ၂၀၀၁ ခုနှစ်တုန်းက လီဗာပူးလ်အသင်းဆီကနေ ကမ်းလှမ်းမှု ရရှိဖူးပြီး အပြီးသတ် ဆွေးနွေးမှုတွေမှာ အကောင်အထည် မပေါ်ခဲ့လို့ သူလေးစားခဲ့တဲ့ နည်းပြ ဂျရယ် အူလီယေးနဲ့ လက်မတွဲခဲ့ရတာဖြစ်ကြောင်း ထုတ်ဖော်သွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ ဇန်နဝါရီမှာတုန်းက အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေကြောင့် အပါအဝင် ကစားသမားဘက်ကလည်း ဒဏ်ရာရရှိသွားခဲ့လို့ မခေါ်ယူနိုင်ခဲ့တဲ့ စပို့တင်း ဘရာဂါနောက်ခံလူ ဒေးဗစ် ကာမိုကို အလိုရှိနေဆဲဖြစ်ပြီး သူတို့အသင်းရဲ့ စံချိန်တင် ရောင်းချမှုအဖြစ်နဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေ။

– ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကြီးမားတွေ အမှားတွေကို ပြုလုပ်ခဲ့လို့ ဝေဖန်ခံနေရတဲ့ ဂိုးသမား အယ်လီဆန် ဘက်ကာရဲ့ အရည်အသွေးကို သူ့အနေနဲ့ ယုံကြည်ကြောင်း ထောက်ခံလိုက်ပြီး ဝေဖန်မှုတွေကို လျစ်လျူရှုထားပြီး ကြိုးစားဖို့ နည်းပြ ယာဂန် ကလော့ပ် တိုက်တွန်းသွားခဲ့။

– အဲဗာတန်အသင်းနဲ့ မာဆေးဆိုက်ဒါဘီ တွေ့ဆုံမှုတွေမှာ ရလဒ်ကောင်းတွေကို လီဗာပူးလ်အသင်းအနေနဲ့ အမြဲလိုလို ရယူထားနိုင်ပြီး အိမ်ကွင်း အန်းဖီးလ်မှာလည်း ရုန်းကန်ရဖို့ မရှိကြောင်းနဲ့ တော်ဖီတွေရဲ့ အဓိကတိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင် ပါလာရင်တောင် အလွယ်တကူ အနိုင်ယူနိုင်လိမ့်မယ်လို့ ကွင်းလယ်လူဟောင်း ဒန်နီ မာဖီ ခန့်မှန်းပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ ပီအက္စ္ဂ်ီရဲ႕ တိုက္စစ္မႉး ခိုင္လ်န္ အမ္ဘာေပကို ေခၚယူဖို႔ သတင္းထြက္ေနခဲ့တဲ့အေပၚ ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါအေနနဲ႔ စိတ္လႈပ္ရွားေနၿပီး ျပင္သစ္ခ်န္ပီယံဘက္ကေတာ့ သူတို႔ကစားသမားအတြက္ ယူ႐ိုသန္း ၂၀၀ လို႔ ဆိုေန။

– ဘီဘီစီရဲ႕ ေဘာလုံးကြၽမ္းက်င္သူ အီယန္႐ိုက္ကေတာ့ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္က ေၾကာက္စရာေကာင္းတဲ့ ကစားဟန္ကို ပိုင္ဆိုင္ထားသူက ကားတစ္ဂ်ဳံးစ္ပဲျဖစ္တယ္လို႔ ခ်ီးက်ဴးလိုက္ၿပီး ခ်န္ပီယံလိဂ္မွာ ဆယ္ႏွစ္ေလာက္ ကစားထားဖူးတဲ့ ပုံစံမ်ိဳးကို ပိုင္ဆိုင္ထားတယ္လို႔လည္း သုံးသပ္။

– ေဆာက္သမ္တန္အသင္းမွာ အငွားခ်ထားခဲ့တဲ့ ဂ်ပန္ကြင္းလယ္လူ တာကူမီ မီနာမီႏိုရဲ႕ အရည္အေသြးေတြကို ဆီဗီလာနည္းျပ ဂ်ဴလင္ လိုပီတီဂီက သေဘာက်ေနၿပီး လာမယ့္ ေႏြရာသီမွာ လီဗာပူးလ္အသင္းဆီက ေခၚယူႏိုင္ဖို႔ ေဆြးေႏြးလာဖြယ္ရွိေနတယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ၂၀၂၁-၂၂ ရာသီအတြက္ အသင္းရဲ႕ ဝတ္စုံစပြန္ဆာ နီေကကုမၸဏီက လီဗာပူးလ္အသင္းရဲ႕ အိမ္ကြင္း၊ အေဝးကြင္းနဲ႔ တတိယဝတ္စုံေတြ ဘယ္လိုရွိမယ္ဆိုတာကို အၾကမ္းဖ်င္းအေနနဲ႔ ထုတ္ေဖာ္ျပသသြားခဲ့ၿပီး ႐ိုးရာမပ်က္ဝတ္စုံ အနီေရာင္အျပင္ အျဖဴေရာင္နဲ႔ အဝါေရာင္ ဝတ္စုံေတြ ပါဝင္ေန။

– ၿပီးခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ ပြဲစဥ္ႏွစ္ပြဲကို လြဲေခ်ာ္ထားခဲ့တဲ့ ေနာက္ခံလူတစ္ျဖစ္လဲ ကြင္းလယ္လူ ဖာဘင္ညိဳအေနနဲ႔ ဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့ၿပီျဖစ္ၿပီး ဒီတစ္ပတ္ အိမ္ကြင္း အန္းဖီးလ္မွာ ကစားရမယ့္ အဲဗာတန္အသင္းနဲ႔ မာေဆးဆိုက္ဒါဘီကို ပါဝင္ႏိုင္ဖို႔ ရွိေန။

– ေပၚတူဂီအသင္းရဲ႕ ဂႏၴဝင္တိုက္စစ္မႉးေဟာင္းႀကီးတစ္ဦးျဖစ္တဲ့ ႏူႏို ဂိုမက္စ္က သူ႔ရဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ ၂၀၀၁ ခုႏွစ္တုန္းက လီဗာပူးလ္အသင္းဆီကေန ကမ္းလွမ္းမႈ ရရွိဖူးၿပီး အၿပီးသတ္ ေဆြးေႏြးမႈေတြမွာ အေကာင္အထည္ မေပၚခဲ့လို႔ သူေလးစားခဲ့တဲ့ နည္းျပ ဂ်ရယ္ အူလီေယးနဲ႔ လက္မတြဲခဲ့ရတာျဖစ္ေၾကာင္း ထုတ္ေဖာ္သြားခဲ့။

– လီဗာပူးလ္အသင္းအေနနဲ႔ ဇန္နဝါရီမွာတုန္းက အသင္းရဲ႕ ဘဏၰာေရးအေျခအေနေၾကာင့္ အပါအဝင္ ကစားသမားဘက္ကလည္း ဒဏ္ရာရရွိသြားခဲ့လို႔ မေခၚယူႏိုင္ခဲ့တဲ့ စပို႔တင္း ဘရာဂါေနာက္ခံလူ ေဒးဗစ္ ကာမိုကို အလိုရွိေနဆဲျဖစ္ၿပီး သူတို႔အသင္းရဲ႕ စံခ်ိန္တင္ ေရာင္းခ်မႈအျဖစ္နဲ႔ ေခၚယူႏိုင္ဖို႔ ပစ္မွတ္ထားေန။

– ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ႀကီးမားေတြ အမွားေတြကို ျပဳလုပ္ခဲ့လို႔ ေဝဖန္ခံေနရတဲ့ ဂိုးသမား အယ္လီဆန္ ဘက္ကာရဲ႕ အရည္အေသြးကို သူ႔အေနနဲ႔ ယုံၾကည္ေၾကာင္း ေထာက္ခံလိုက္ၿပီး ေဝဖန္မႈေတြကို လ်စ္လ်ဴရႈထားၿပီး ႀကိဳးစားဖို႔ နည္းျပ ယာဂန္ ကေလာ့ပ္ တိုက္တြန္းသြားခဲ့။

– အဲဗာတန္အသင္းနဲ႔ မာေဆးဆိုက္ဒါဘီ ေတြ႕ဆုံမႈေတြမွာ ရလဒ္ေကာင္းေတြကို လီဗာပူးလ္အသင္းအေနနဲ႔ အၿမဲလိုလို ရယူထားႏိုင္ၿပီး အိမ္ကြင္း အန္းဖီးလ္မွာလည္း ႐ုန္းကန္ရဖို႔ မရွိေၾကာင္းနဲ႔ ေတာ္ဖီေတြရဲ႕ အဓိကတိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ ပါလာရင္ေတာင္ အလြယ္တကူ အႏိုင္ယူႏိုင္လိမ့္မယ္လို႔ ကြင္းလယ္လူေဟာင္း ဒန္နီ မာဖီ ခန႔္မွန္းေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.