Premier League Transfer News

26 Feb နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိကျဆင်းနေတဲ့ ရလဒ်တွေကို ပြန်လည်တည့်မတ်ဖို့ သွေးသစ်လောင်းရမှာဖြစ်ပြီး သူ့အနေနဲ့ နွေရာသီမှာ ကစားသမားခေါ်ယူခွင့်အတွက် ပထမဆုံး တိုက်တွန်းရမယ်ဆိုရင် အက်သလက်တီကိုရဲ့ ဂျာအို ဖဲလစ္စကို ခေါ်ယူဖို့ အသင်း တိုက်စစ်မှူးဟောင်း ဒွန် ဟတ်ချီဆန်တိုက်တွန်း။

– တိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ လီဗာပူးလ်အသင်းမှာ မပျော်ရွှင်တော့ဘူးလို့ အင်တာဗျူးပြုလုပ်သူ စပိန်ဂျာနယ်လစ် ပါဘလို ကော်နာဂိုက ထုတ်ဖော်ပြောကြားလိုက်ပြီး အီဂျစ်လက်ရွေးစင်အနေနဲ့ ဒီရာသီကုန်မှာ အန်းဖီးလ်က ထွက်ခွာတော့မယ်လို့ ခန့်မှန်းနေ။

– လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်က သူ့အနေနဲ့ ဒီအသင်းမှာ ဆက်နေပြီး သက်တမ်းတိုးသွားဖို့ ဆန္ဒရှိနေတယ်ဆိုပေမယ့် မဖြစ်မနေတော့ မဟုတ်ဘူးလို့ ပြောကြားလိုက်ပြီး တခြားအသင်းတွေဆီက ကမ်းလှမ်းမှုတွေနဲ့ ချိန်ထိုး လုပ်ဆောင်သွားမယ်လို့ဆို။

– လီဂူးဝမ်းကလပ် မာဆေးလ်အသင်းရဲ့ လက်ရှိ ယာယီနည်းပြအဖြစ် ဆောင်ရွက်နေခဲ့တဲ့ မော်ရိုကိုလူမျိုးနည်းပြ နက်ဆာ လာဂေးက သူ့အနေနဲ့ ဒီရာသီကုန်မှာ မိုဟာမက် ဆာလားကို ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့သွားပြီး အောင်မြင်မှုတွေကို ပိုမိုရရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြား။

– လာမယ့်နွေရာသီမှာ အသင်းအတွက် အားဖြည့်မှုတွေ ပြုလုပ်သွားဖို့ နည်းပြ ယာဂန် ကလော့ပ်က အလိုရှိနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အသက် ၂၀ အရွယ် လူငယ်တိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူဖို့ လီဗာပူးလ်တာဝန်ရှိသူတွေကို တောင်းဆိုဖို့ ရှိနေသလို သူ့အတွက်တော့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၅၀ အထက် သုံးစွဲရနိုင်ကြောင်းသိရ။

– ပြီးခဲ့တဲ့ ရာသီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ပရီးမီးယားလိဂ်ရာသီကို Null and Void ရလဒ်ပယ်ဖျက်ကြောင်း ကြေငြာဖို့ တိုက်တွန်းခဲ့ကြတဲ့ အသင်းအချို့အနေနဲ့ ဒီရာသီမှာရော ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ သူတို့အသင်းရဲ့ ရလဒ်တွေကို ဒီလိုမျိုး ကြေငြာဖို့ ထပ်မတိုက်တွန်းချင်ဘူးလားလို့ ပရိသတ်တွေ လှောင်ပြောင်ခဲ့ကြ။

– လီဗာပူးလ်အသင်းရဲ့ ထရိန်နင်မှတ်တမ်း ဗီဒီယိုတွေမှာ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ရဲ့ ဘောလုံးနဲ့ အပေါ့စားလေ့ကျင့်ခန်းတွေ ပြုလုပ်နေတာကို တွေ့မြင်ခဲ့ရသလို တောင်ပံတိုက်စစ်မှူး ဒီယိုဂို ဂျိုတာလည်း အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်နေတာကို မြင်ခဲ့ရတာက ပရိသတ်တွေ စိတ်သက်သာစရာဖြစ်လာခဲ့။

– လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်အနေနဲ့ အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီမှာ ရရှိသွားခဲ့တဲ့ သူ့ရဲ့ ပေါင်ခြံဒဏ်ရာကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ခွဲစိတ်ကုသမှုခံယူခဲ့ပြီး လက်ရှိမှာ ပြန်လည်သက်သာဖို့ လုပ်ဆောင်နေပြီဖြစ်သလို လုပ်ငန်းစဉ်တွေအရတော့ ၆ ပတ်ကနေ ၈ ပတ်အထိ အနားယူရဖို့ရှိနေ။

– လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်အနေနဲ့ မိခင်ရဲ့ ဈာပနကို ကိုဗစ်ထိန်းချုပ်ရေးစည်းမျဉ်းတွေကြောင့် လွဲချော်ခဲ့သလိုပဲ ဂိုးသမား အယ်လစ်ဆန်ဟာလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရေနစ်ပြီး ကွယ်လွန်ခဲ့တဲ့ ဖခင်အတွက် နောက်ဆုံးခရီးကို သွားရောက်ပို့ဆောင်နိုင်ခြင်းရှိမှာ မဟုတ်ကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ လက္ရွိက်ဆင္းေနတဲ့ ရလဒ္ေတြကို ျပန္လည္တည့္မတ္ဖို႔ ေသြးသစ္ေလာင္းရမွာျဖစ္ၿပီး သူ႔အေနနဲ႔ ေႏြရာသီမွာ ကစားသမားေခၚယူခြင့္အတြက္ ပထမဆုံး တိုက္တြန္းရမယ္ဆိုရင္ အက္သလက္တီကိုရဲ႕ ဂ်ာအို ဖဲလစၥကို ေခၚယူဖို႔ အသင္း တိုက္စစ္မႉးေဟာင္း ဒြန္ ဟတ္ခ်ီဆန္တိုက္တြန္း။

– တိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ လီဗာပူးလ္အသင္းမွာ မေပ်ာ္႐ႊင္ေတာ့ဘူးလို႔ အင္တာဗ်ဴးျပဳလုပ္သူ စပိန္ဂ်ာနယ္လစ္ ပါဘလို ေကာ္နာဂိုက ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး အီဂ်စ္လက္ေ႐ြးစင္အေနနဲ႔ ဒီရာသီကုန္မွာ အန္းဖီးလ္က ထြက္ခြာေတာ့မယ္လို႔ ခန႔္မွန္းေန။

– လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္က သူ႔အေနနဲ႔ ဒီအသင္းမွာ ဆက္ေနၿပီး သက္တမ္းတိုးသြားဖို႔ ဆႏၵရွိေနတယ္ဆိုေပမယ့္ မျဖစ္မေနေတာ့ မဟုတ္ဘူးလို႔ ေျပာၾကားလိုက္ၿပီး တျခားအသင္းေတြဆီက ကမ္းလွမ္းမႈေတြနဲ႔ ခ်ိန္ထိုး လုပ္ေဆာင္သြားမယ္လို႔ဆို။

– လီဂူးဝမ္းကလပ္ မာေဆးလ္အသင္းရဲ႕ လက္ရွိ ယာယီနည္းျပအျဖစ္ ေဆာင္႐ြက္ေနခဲ့တဲ့ ေမာ္႐ိုကိုလူမ်ိဳးနည္းျပ နက္ဆာ လာေဂးက သူ႔အေနနဲ႔ ဒီရာသီကုန္မွာ မိုဟာမက္ ဆာလားကို ဘိုင္ယန္ျမဴးနစ္အသင္းဆီ ေျပာင္းေ႐ႊ႕သြားၿပီး ေအာင္ျမင္မႈေတြကို ပိုမိုရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကား။

– လာမယ့္ေႏြရာသီမွာ အသင္းအတြက္ အားျဖည့္မႈေတြ ျပဳလုပ္သြားဖို႔ နည္းျပ ယာဂန္ ကေလာ့ပ္က အလိုရွိေနၿပီး ရီးရဲလ္မက္ဒရစ္ရဲ႕ အသက္ ၂၀ အ႐ြယ္ လူငယ္တိုက္စစ္မႉး ႐ိုဒရီဂိုကို ေခၚယူဖို႔ လီဗာပူးလ္တာဝန္ရွိသူေတြကို ေတာင္းဆိုဖို႔ ရွိေနသလို သူ႔အတြက္ေတာ့ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္သန္း ၅၀ အထက္ သုံးစြဲရႏိုင္ေၾကာင္းသိရ။

– ၿပီးခဲ့တဲ့ ရာသီက ကိုဗစ္-၁၉ ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ ပရီးမီးယားလိဂ္ရာသီကို Null and Void ရလဒ္ပယ္ဖ်က္ေၾကာင္း ေၾကျငာဖို႔ တိုက္တြန္းခဲ့ၾကတဲ့ အသင္းအခ်ိဳ႕အေနနဲ႔ ဒီရာသီမွာေရာ ဒဏ္ရာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ သူတို႔အသင္းရဲ႕ ရလဒ္ေတြကို ဒီလိုမ်ိဳး ေၾကျငာဖို႔ ထပ္မတိုက္တြန္းခ်င္ဘူးလားလို႔ ပရိသတ္ေတြ ေလွာင္ေျပာင္ခဲ့ၾက။

– လီဗာပူးလ္အသင္းရဲ႕ ထရိန္နင္မွတ္တမ္း ဗီဒီယိုေတြမွာ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ရဲ႕ ေဘာလုံးနဲ႔ အေပါ့စားေလ့က်င့္ခန္းေတြ ျပဳလုပ္ေနတာကို ေတြ႕ျမင္ခဲ့ရသလို ေတာင္ပံတိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာလည္း အသင္းနဲ႔အတူ ပူးေပါင္းေလ့က်င့္ေနတာကို ျမင္ခဲ့ရတာက ပရိသတ္ေတြ စိတ္သက္သာစရာျဖစ္လာခဲ့။

– လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္အေနနဲ႔ အဲဗာတန္နဲ႔ မာေဆးဆိုက္ဒါဘီမွာ ရရွိသြားခဲ့တဲ့ သူ႔ရဲ႕ ေပါင္ၿခံဒဏ္ရာကို ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ခြဲစိတ္ကုသမႈခံယူခဲ့ၿပီး လက္ရွိမွာ ျပန္လည္သက္သာဖို႔ လုပ္ေဆာင္ေနၿပီျဖစ္သလို လုပ္ငန္းစဥ္ေတြအရေတာ့ ၆ ပတ္ကေန ၈ ပတ္အထိ အနားယူရဖို႔ရွိေန။

– လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ မိခင္ရဲ႕ ဈာပနကို ကိုဗစ္ထိန္းခ်ဳပ္ေရးစည္းမ်ဥ္းေတြေၾကာင့္ လြဲေခ်ာ္ခဲ့သလိုပဲ ဂိုးသမား အယ္လစ္ဆန္ဟာလည္း ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ေရနစ္ၿပီး ကြယ္လြန္ခဲ့တဲ့ ဖခင္အတြက္ ေနာက္ဆုံးခရီးကို သြားေရာက္ပို႔ေဆာင္ႏိုင္ျခင္းရွိမွာ မဟုတ္ေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.