Premier League Transfer News

18 Feb နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– အသင်းရဲ့ နောက်ဆုံး လေးပွဲဆက်တိုက် ပါဝင်ကစားထားတဲ့ နောက်ခံလူ အန်းဒရိစ် ခရစ္စတင်ဆန်က နည်းပြသစ် သောမတ်စ် တူဟယ်လ်ရဲ့ လက်ထက်မှာ ကစားသမားတွေအနေနဲ့ စိတ်လက်ပေါ့ပါးစွာနဲ့ ခြေစွမ်းပြဖို့ အခွင့်အရေး ရခဲ့ကြတယ်လို့ ပြောကြားလိုက်ပြီး အပိုတွေ မစွန့်စားတဲ့ ကစားဟန်နဲ့ ရိုးရိုးရှင်းရှင်း ကစားဖို့ မှာကြားထားခဲ့ကြောင်းဆို။

– ဒေးဗစ် အလာဘာအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ၃-၄-၂-၁ ကစားပုံမှာ ဘယ်ခြမ်းကနေ သုံးယောက်တန်းမှာရော လေးယောက်တန်းမှာပါ အကောင်းဆုံး ခြေစွမ်းပြနိုင်မယ့်သူအဖြစ် ရှုမြင်ခံထားရပြီး နည်းပြ တူဟယ်လ်က အလိုရှိနေသလို နောက်ခံလူ ရူဒီဂါကလည်း စည်းရုံးဖို့ လုပ်ဆောင်နေကြောင်း သိရ။

– ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီ ဖလစ်ခ်က ချဲလ်ဆီးအသင်းသားတွေနဲ့ နည်းပြသစ် တူဟယ်လ်ရဲ့ အရည်အသွေးကို အကောင်းဘက်က ရှုမြင်ထားပြီး ချန်ပီယံလိဂ်မှာ နောက်ဆုံးပိုင်းအဆင့်တွေအထိ တက်ရောက်နိုင်မယ်လို့ ခန့်မှန်းပြောကြားသွားခဲ့။

– ချဲလ်ဆီးအသင်းက စောင့်ကြည့်နေတဲ့ ပြင်သစ်တိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေအတွက် ပီအက်စ်ဂျီအသင်းအနေနဲ့ ယူရိုသန်း ၂၀၀ (ပေါင် ၁၇၄ သန်း)ရရှိမှ ရောင်းချသွားမှာဖြစ်တဲ့အတွက် သူ့ကို အသင်းကြီးတွေနဲ့ ပြိုင်လုဖို့ထက် ယူရိုသန်း ၁၀၀ ဝန်းကျင်မှာ ရရှိနိုင်တဲ့ ဒေါ့မွန်ရဲ့ အာလင်း ဟားလန်းကိုပဲ ကြိုးစားသွားဖို့ရှိနေ။

– ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းပြခဲ့ပြီးတဲ့နောက် ဒဏ်ရာရရှိသွားအပြီးမှာ ပုံမှန်ခြေစွမ်းပြရဖို့ နည်းပြဟောင်း ဖရန့် လမ်းပတ်လက်ထက်မှာ ရုန်းကန်ခဲ့ရသလို နည်းပြသစ် တူဟယ်လ်လက်ထက်မှာလည်း ခြေစွမ်းတက်မလာသေးတဲ့ ကပ္ပတိန် အမေရိက ပူလီရှစ်ချ်ကို ပရိသတ်တွေက စိုးရိမ်နေကြပြီး အမြန်ဆုံး အဖြေရှာတွေ့နိုင်ဖို့ မျှော်လင့်နေကြ။

– အေစီမီလန်အသင်းကို အငှားနဲ့ သွားရောက်ကစားနေခဲ့တဲ့ နောက်ခံလူ ဖီကာယို တိုမိုရီအနေနဲ့ လာမယ့်နွေရာသီမှာ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာကို စဉ်းစားနေပြီး ဆန်စီရိုမှာ ဆက်နေဖို့အတွက် ယူရို ၂၅ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခွင့်ရှိနေချိန်မှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်ဖို့တော့ ဆန္ဒနည်းပါးနေ။

– ချဲလ်ဆီးအသင်းအနေနဲ့ ကစားအားကျဆင်းစပြုလာနေတဲ့ ကွင်းလယ်လူအန်ဂိုလို ကွန်တေရဲ့ နေရာမှာ တိုက်ရိုက်အစားထိုးနိုင်မယ့် အေစီမီလန်အသင်းရဲ့ ဖရန့်ခ် ကက်ဆီယေးကို အလိုရှိနေပြီး အငှားချထားတဲ့ တိုမိုရီနဲ့ တိုက်ရိုက်အလဲအထပ် ပြုလုပ်သွားဖို့ ဆွေးနွေးလိုနေ။

– ထိပ်ဆုံး ၄ သင်းထဲမှာ ၄ မှတ်သာ ကွာတော့တဲ့ ချဲလ်ဆီးအသင်းရဲ့ ပြန်လည်နိုးထလာမှုအတွက် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အနေနဲ့ စိုးရိမ်စရာဖြစ်လာပြီး အမှားခံလို့ မရကြောင်းနဲ့ နေရာ ဖယ်မပေးရအောင် ရှေ့ပွဲတွေမှာ ဂရုစိုက်ကစားသွားရမှာ ဖြစ်ကြောင်း ဒီမီတာ ဘာဘာတော့ဗ် သတိပေး။

– ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းအနေနဲ့ နည်းပြသစ် တူဟယ်လ်ရဲ့ Wing Back နေရာမှာ အသုံးပြုခဲ့မှုအတွက် ပထမမှာ အံ့သြခဲ့ရပေမယ့် ဘယ်လိုကစားရမယ်ဆိုတာ ကောင်းကောင်းသင်ယူနိုင်ခဲ့အပြီးမှာ ဒီနေရာမှာ တိုးတက် လာဖို့နဲ့ အသင်းကို ကူညီနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းရဲ႕ ေနာက္ဆုံး ေလးပြဲဆက္တိုက္ ပါဝင္ကစားထားတဲ့ ေနာက္ခံလူ အန္းဒရိစ္ ခရစၥတင္ဆန္က နည္းျပသစ္ ေသာမတ္စ္ တူဟယ္လ္ရဲ႕ လက္ထက္မွာ ကစားသမားေတြအေနနဲ႔ စိတ္လက္ေပါ့ပါးစြာနဲ႔ ေျခစြမ္းျပဖို႔ အခြင့္အေရး ရခဲ့ၾကတယ္လို႔ ေျပာၾကားလိုက္ၿပီး အပိုေတြ မစြန႔္စားတဲ့ ကစားဟန္နဲ႔ ႐ိုး႐ိုးရွင္းရွင္း ကစားဖို႔ မွာၾကားထားခဲ့ေၾကာင္းဆို။

– ေဒးဗစ္ အလာဘာအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ၃-၄-၂-၁ ကစားပုံမွာ ဘယ္ျခမ္းကေန သုံးေယာက္တန္းမွာေရာ ေလးေယာက္တန္းမွာပါ အေကာင္းဆုံး ေျခစြမ္းျပႏိုင္မယ့္သူအျဖစ္ ရႈျမင္ခံထားရၿပီး နည္းျပ တူဟယ္လ္က အလိုရွိေနသလို ေနာက္ခံလူ ႐ူဒီဂါကလည္း စည္း႐ုံးဖို႔ လုပ္ေဆာင္ေနေၾကာင္း သိရ။

– ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီ ဖလစ္ခ္က ခ်ဲလ္ဆီးအသင္းသားေတြနဲ႔ နည္းျပသစ္ တူဟယ္လ္ရဲ႕ အရည္အေသြးကို အေကာင္းဘက္က ရႈျမင္ထားၿပီး ခ်န္ပီယံလိဂ္မွာ ေနာက္ဆုံးပိုင္းအဆင့္ေတြအထိ တက္ေရာက္ႏိုင္မယ္လို႔ ခန႔္မွန္းေျပာၾကားသြားခဲ့။

– ခ်ဲလ္ဆီးအသင္းက ေစာင့္ၾကည့္ေနတဲ့ ျပင္သစ္တိုက္စစ္မႉး ခိုင္လ်န္ အမ္ဘာေပအတြက္ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ယူ႐ိုသန္း ၂၀၀ (ေပါင္ ၁၇၄ သန္း)ရရွိမွ ေရာင္းခ်သြားမွာျဖစ္တဲ့အတြက္ သူ႔ကို အသင္းႀကီးေတြနဲ႔ ၿပိဳင္လုဖို႔ထက္ ယူ႐ိုသန္း ၁၀၀ ဝန္းက်င္မွာ ရရွိႏိုင္တဲ့ ေဒါ့မြန္ရဲ႕ အာလင္း ဟားလန္းကိုပဲ ႀကိဳးစားသြားဖို႔ရွိေန။

– ၿပီးခဲ့တဲ့ ရာသီမွာ ေျခစြမ္းျပခဲ့ၿပီးတဲ့ေနာက္ ဒဏ္ရာရရွိသြားအၿပီးမွာ ပုံမွန္ေျခစြမ္းျပရဖို႔ နည္းျပေဟာင္း ဖရန႔္ လမ္းပတ္လက္ထက္မွာ ႐ုန္းကန္ခဲ့ရသလို နည္းျပသစ္ တူဟယ္လ္လက္ထက္မွာလည္း ေျခစြမ္းတက္မလာေသးတဲ့ ကပၸတိန္ အေမရိက ပူလီရွစ္ခ်္ကို ပရိသတ္ေတြက စိုးရိမ္ေနၾကၿပီး အျမန္ဆုံး အေျဖရွာေတြ႕ႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾက။

– ေအစီမီလန္အသင္းကို အငွားနဲ႔ သြားေရာက္ကစားေနခဲ့တဲ့ ေနာက္ခံလူ ဖီကာယို တိုမိုရီအေနနဲ႔ လာမယ့္ေႏြရာသီမွာ ဘယ္အသင္းကို ေျပာင္းေ႐ႊ႕မလဲဆိုတာကို စဥ္းစားေနၿပီး ဆန္စီ႐ိုမွာ ဆက္ေနဖို႔အတြက္ ယူ႐ို ၂၅ သန္းနဲ႔ အၿပီးသတ္ ေျပာင္းေ႐ႊ႕ခြင့္ရွိေနခ်ိန္မွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ျပန္ဖို႔ေတာ့ ဆႏၵနည္းပါးေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကစားအားက်ဆင္းစျပဳလာေနတဲ့ ကြင္းလယ္လူအန္ဂိုလို ကြန္ေတရဲ႕ ေနရာမွာ တိုက္႐ိုက္အစားထိုးႏိုင္မယ့္ ေအစီမီလန္အသင္းရဲ႕ ဖရန႔္ခ္ ကက္ဆီေယးကို အလိုရွိေနၿပီး အငွားခ်ထားတဲ့ တိုမိုရီနဲ႔ တိုက္႐ိုက္အလဲအထပ္ ျပဳလုပ္သြားဖို႔ ေဆြးေႏြးလိုေန။

– ထိပ္ဆုံး ၄ သင္းထဲမွာ ၄ မွတ္သာ ကြာေတာ့တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ျပန္လည္ႏိုးထလာမႈအတြက္ အသင္းေဟာင္း မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ စိုးရိမ္စရာျဖစ္လာၿပီး အမွားခံလို႔ မရေၾကာင္းနဲ႔ ေနရာ ဖယ္မေပးရေအာင္ ေရွ႕ပြဲေတြမွာ ဂ႐ုစိုက္ကစားသြားရမွာ ျဖစ္ေၾကာင္း ဒီမီတာ ဘာဘာေတာ့ဗ္ သတိေပး။

– ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းအေနနဲ႔ နည္းျပသစ္ တူဟယ္လ္ရဲ႕ Wing Back ေနရာမွာ အသုံးျပဳခဲ့မႈအတြက္ ပထမမွာ အံ့ၾသခဲ့ရေပမယ့္ ဘယ္လိုကစားရမယ္ဆိုတာ ေကာင္းေကာင္းသင္ယူႏိုင္ခဲ့အၿပီးမွာ ဒီေနရာမွာ တိုးတက္ လာဖို႔နဲ႔ အသင္းကို ကူညီႏိုင္ဖို႔ ပစ္မွတ္ထားေနေၾကာင္း ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.