Premier League

17 Feb ညချမ်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းကနေ ထွက်ခွာတော့မယ်လို့ ခန့်မှန်းမှုတွေ ရှိနေခဲ့တဲ့ နည်းပြ ယာဂန် ကလော့ပ်က တစ်နေ့မှာ အသင်းကနေ သူထွက်ခွာသွားခဲ့ရင် ဆက်ခံဖို့အတွက် လက်ထောက်နည်းပြ ပက်ပ် လိန်းဒါးစ်ကို ခန့်အပ်ဖို့ ထောက်ခံချက်ပေးသွားခဲ့။

– လီဗာပူးလ်အသင်းကို ပြောင်းရွှေ့မလာခင်က ဘိုင်ယန်ဥက္ကဌကို ငါးမိနစ်ကြာအောင် ဖက်ငိုခဲ့ပြီး အန်းဖီးလ်ကို အရောက်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရခဲ့ရတဲ့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို နည်းပြ ဟန်ဆီ ဖလစ်ခ်နဲ့ ပရိသတ်တွေက လွမ်းဆွတ်နေကြပြီး ပြန်လာမယ်ဆိုရင် အချိန်မရွေး လက်ခံနိုင်ဖို့ တံခါးဖွင့်ထားကြောင်း အသင်းဂန္ထဝင် လိုသာ မက်သေးယပ်စ် ပြောကြား။

– RB လိုက်ပ်ဇစ်နဲ့ပွဲမှာ အသင်းရဲ့ အကောင်းဆုံးကစားနိုင်ခဲ့သူအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ နောက်ခံလူသစ် အိုဇန် ကာဘက်ခ်က သူ့အနေနဲ့ ဒီအသင်းမှာ ရုန်းကန်နေရဆဲဖြစ်ပြီး တစ်သင်းလုံးနဲ့အတူ တူညီတဲ့ အမြန်နှုန်းနဲ့ လိုက်ပါကစားနိုင်ဖို့ ကြိုးစားနေရတယ်လို့ ဝန်ခံသွားခဲ့။

– လက်စတာနဲ့ပွဲ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ရဲ့ သီယာဂိုအပေါ် အော်ဟစ်ကြိမ်းမောင်းခဲ့မှုဟာ အသင်းခေါင်းဆောင်တစ်ဦးအနေနဲ့ လိုအပ်တဲ့ အချိန်မှာ လုပ်ဆောင်သင့်တဲ့ အရာတစ်ခုဖြစ်ပြီး အမြဲတမ်း ဒီလိုမျိုး ဆက်ဆံရေးဟာ မကောင်းပေမယ့် တစ်ခါတစ်ရံ မှာတော့ အကျိုးရှိလိမ့်မယ်လို့ လီဗာပူးလ်ကွင်းလယ်လူဟောင်း ဒန်နီ မာဖီ သုံးသပ်သွား။

– လီဗာပူးလ်အသင်းကို ပေးလိုက်ရတဲ့ ဂိုးတွေမှာ သူတို့ရဲ့ ခံစစ်ပိုင်းအနေနဲ့ လုံလောက်တဲ့ ဖိအားပေးမှု မရှိဘဲ လွယ်လွယ်ကူကူနဲ့ လက်လွှတ်ခဲ့တာဖြစ်ကြောင်း RB လိုက်ပ်ဇစ်နည်းပြ ဂျူလီယန် နာဂဲလ်စ်မန်းက ပြောကြားလိုက်ပြီး ဂိုးပေးအပြီး ချက်ချင်းလူစားလဲခဲ့တဲ့ နောက်ခံလူ မူကီလီကိုလည်း အပြစ်တင်သွားခဲ့။

– ပြီးခဲ့တဲ့ နယူးကာဆယ်လ်နဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ တာကူမီ မီနာမီနိုကို ဆောက်သမ်တန်နည်းပြ ရာ့လ်ဖ် ဟေဆန်ဟွတ်တယ်လ်က အပြီးသတ်ခေါ်ယူဖို့ အလိုရှိနေပေမယ့်လည်း လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ဂျပန်သား အနေနဲ့ အသင်းရဲ့ ရေရှည်စီမံကိန်းလို့ ဆိုထားတာကြောင့် ရာသီကုန်မှ အနာဂတ်ကို ထပ်မံစဉ်းစားဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ကွင်းလယ်ကို အားဖြည့်သွားဖို့ စီစဉ်နေသလို ကစားသမားနှစ်ယောက်ကို မန်ချက်စတာ ယူနိုက်တက်နဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားနေပြီး ဝက်စ်ဟမ်းရဲ့ ဒက်ကလန် ရိုက်စ်နဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ ရာဖင်ညာတို့အတွက် ယှဉ်ပြိုင်သွားဖွယ်ရှိနေ။

– လီဗာပူးလ်တိုက်စစ်မှူးဟောင်း ပီတာ ခရောက်ချ်က ရောဘတ်တို ဖာမီနိုအနေနဲ့ RB လိုက်ပ်ဇစ်နဲ့ ဟန်ဂေရီမြေက ပွဲမှာ ကစားပုံကောင်းခဲ့တာ မှန်ပေမယ့် ဒီလောက်နဲ့ ကျေနပ်မနေသင့်ဘဲ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ သွင်းဂိုးတွေ ရရှိနိုင်အောင် ပိုမိုကြိုးစားသင့်တယ်လို့ တိုက်တွန်း။

– နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက လီဗာပူးလ်အသင်းရဲ့ ကစားပုံက တိုးတက်လာပေမယ့်လည်း တိုက်စစ်မှာ ဖန်တီးမှုက ပြဿနာတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ရရှိသွားတဲ့ ဂိုးတွေဟာဆိုရင်လည်း တစ်ဖက်အသင်းရဲ့ အမှားတွေကို အသုံးချနိုင်ခဲ့တာသာဖြစ်လို့ ကိုယ်တိုင် ဖန်တီးမှုတွေ များများစားစား ပြုလုပ်နိုင်ဖို့ လိုနေသေးကြောင်း ဝေဖန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းကေန ထြက္ခြာေတာ့မယ္လို႔ ခန႔္မွန္းမႈေတြ ရွိေနခဲ့တဲ့ နည္းျပ ယာဂန္ ကေလာ့ပ္က တစ္ေန႔မွာ အသင္းကေန သူထြက္ခြာသြားခဲ့ရင္ ဆက္ခံဖို႔အတြက္ လက္ေထာက္နည္းျပ ပက္ပ္ လိန္းဒါးစ္ကို ခန႔္အပ္ဖို႔ ေထာက္ခံခ်က္ေပးသြားခဲ့။

– လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕မလာခင္က ဘိုင္ယန္ဥကၠဌကို ငါးမိနစ္ၾကာေအာင္ ဖက္ငိုခဲ့ၿပီး အန္းဖီးလ္ကို အေရာက္မွာ ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ေနရခဲ့ရတဲ့ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာကို နည္းျပ ဟန္ဆီ ဖလစ္ခ္နဲ႔ ပရိသတ္ေတြက လြမ္းဆြတ္ေနၾကၿပီး ျပန္လာမယ္ဆိုရင္ အခ်ိန္မေ႐ြး လက္ခံႏိုင္ဖို႔ တံခါးဖြင့္ထားေၾကာင္း အသင္းဂႏၴဝင္ လိုသာ မက္ေသးယပ္စ္ ေျပာၾကား။

– RB လိုက္ပ္ဇစ္နဲ႔ပြဲမွာ အသင္းရဲ႕ အေကာင္းဆုံးကစားႏိုင္ခဲ့သူအျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ ေနာက္ခံလူသစ္ အိုဇန္ ကာဘက္ခ္က သူ႔အေနနဲ႔ ဒီအသင္းမွာ ႐ုန္းကန္ေနရဆဲျဖစ္ၿပီး တစ္သင္းလုံးနဲ႔အတူ တူညီတဲ့ အျမန္ႏႈန္းနဲ႔ လိုက္ပါကစားႏိုင္ဖို႔ ႀကိဳးစားေနရတယ္လို႔ ဝန္ခံသြားခဲ့။

– လက္စတာနဲ႔ပြဲ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ရဲ႕ သီယာဂိုအေပၚ ေအာ္ဟစ္ႀကိမ္းေမာင္းခဲ့မႈဟာ အသင္းေခါင္းေဆာင္တစ္ဦးအေနနဲ႔ လိုအပ္တဲ့ အခ်ိန္မွာ လုပ္ေဆာင္သင့္တဲ့ အရာတစ္ခုျဖစ္ၿပီး အၿမဲတမ္း ဒီလိုမ်ိဳး ဆက္ဆံေရးဟာ မေကာင္းေပမယ့္ တစ္ခါတစ္ရံ မွာေတာ့ အက်ိဳးရွိလိမ့္မယ္လို႔ လီဗာပူးလ္ကြင္းလယ္လူေဟာင္း ဒန္နီ မာဖီ သုံးသပ္သြား။

– လီဗာပူးလ္အသင္းကို ေပးလိုက္ရတဲ့ ဂိုးေတြမွာ သူတို႔ရဲ႕ ခံစစ္ပိုင္းအေနနဲ႔ လုံေလာက္တဲ့ ဖိအားေပးမႈ မရွိဘဲ လြယ္လြယ္ကူကူနဲ႔ လက္လႊတ္ခဲ့တာျဖစ္ေၾကာင္း RB လိုက္ပ္ဇစ္နည္းျပ ဂ်ဴလီယန္ နာဂဲလ္စ္မန္းက ေျပာၾကားလိုက္ၿပီး ဂိုးေပးအၿပီး ခ်က္ခ်င္းလူစားလဲခဲ့တဲ့ ေနာက္ခံလူ မူကီလီကိုလည္း အျပစ္တင္သြားခဲ့။

– ၿပီးခဲ့တဲ့ နယူးကာဆယ္လ္နဲ႔ပြဲမွာ အသင္းအတြက္ တစ္ဂိုးသြင္းယူေပးခဲ့တဲ့ ကြင္းလယ္လူ တာကူမီ မီနာမီႏိုကို ေဆာက္သမ္တန္နည္းျပ ရာ့လ္ဖ္ ေဟဆန္ဟြတ္တယ္လ္က အၿပီးသတ္ေခၚယူဖို႔ အလိုရွိေနေပမယ့္လည္း လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ဂ်ပန္သား အေနနဲ႔ အသင္းရဲ႕ ေရရွည္စီမံကိန္းလို႔ ဆိုထားတာေၾကာင့္ ရာသီကုန္မွ အနာဂတ္ကို ထပ္မံစဥ္းစားဖြယ္ရွိေန။

– လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ ကြင္းလယ္ကို အားျဖည့္သြားဖို႔ စီစဥ္ေနသလို ကစားသမားႏွစ္ေယာက္ကို မန္ခ်က္စတာ ယူႏိုက္တက္နဲ႔အၿပိဳင္ ေခၚယူဖို႔ ႀကိဳးစားေနၿပီး ဝက္စ္ဟမ္းရဲ႕ ဒက္ကလန္ ႐ိုက္စ္နဲ႔ လိဒ္စ္ယူႏိုက္တက္ရဲ႕ ရာဖင္ညာတို႔အတြက္ ယွဥ္ၿပိဳင္သြားဖြယ္ရွိေန။

– လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ပီတာ ခေရာက္ခ်္က ေရာဘတ္တို ဖာမီႏိုအေနနဲ႔ RB လိုက္ပ္ဇစ္နဲ႔ ဟန္ေဂရီေျမက ပြဲမွာ ကစားပုံေကာင္းခဲ့တာ မွန္ေပမယ့္ ဒီေလာက္နဲ႔ ေက်နပ္မေနသင့္ဘဲ တိုက္စစ္မႉးတစ္ေယာက္အေနနဲ႔ သြင္းဂိုးေတြ ရရွိႏိုင္ေအာင္ ပိုမိုႀကိဳးစားသင့္တယ္လို႔ တိုက္တြန္း။

– ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက လီဗာပူးလ္အသင္းရဲ႕ ကစားပုံက တိုးတက္လာေပမယ့္လည္း တိုက္စစ္မွာ ဖန္တီးမႈက ျပႆနာတစ္ခု ျဖစ္ေနဆဲျဖစ္ၿပီး ရရွိသြားတဲ့ ဂိုးေတြဟာဆိုရင္လည္း တစ္ဖက္အသင္းရဲ႕ အမွားေတြကို အသုံးခ်ႏိုင္ခဲ့တာသာျဖစ္လို႔ ကိုယ္တိုင္ ဖန္တီးမႈေတြ မ်ားမ်ားစားစား ျပဳလုပ္ႏိုင္ဖို႔ လိုေနေသးေၾကာင္း ေဝဖန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.