Premier League

ယူအက်ဖ်စီမီဂါစတား ခါဘစ်အတွက် ဟက်ထရစ်သွင်းခဲ့တဲ့ ရှပကို လက်မှတ်ထိုးပြီး ပေးခဲ့တဲ့ ဘတ်ပီ

ယူအက်ဖ်စီ လိုက်ဝိတ်ချန်ပီယံ ခါဘစ်ဟာ ပီအက်စ်ဂျီအသင်းက ဘာစီလိုနာအသင်းကို သမိုင်းဝင်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့ပြီး ရုရှားဖိုက်တာဟာ မမေ့နိုင်စရာ အမှတ်တရ လက်ဆောင်နဲ့အတူ အိမ်ပြန်သွားခဲ့ရပါတယ်။

ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ အင်္ဂါနေ့ညက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ကမ္ဘာ့ထိပ်တန်းခြေစွမ်း ပြသခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ဘတ်ပီဟာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။ ဘတ်ပီဟာ ဘာစီလိုနာအသင်းကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး ၎င်းရဲ့ အကောင်းမွန်ဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့ပြီးနောက် ပွဲစဉ်အတွင်း ကစားခဲ့တဲ့ဘောလုံးကိုပိုက်ပြီး အိမ်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ပွဲအပြီးမှာ ပွဲဘောလုံးနဲ့ ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုကို လက်ထဲမှာ ကိုင်မြှောက်ထားတဲ့ ဘတ်ပီဟာ အလွန်ဝမ်းမြောက်ကျေနပ်နေတဲ့ပုံ ပေါ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းကို ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး ပွဲအပြီးမှာ ယူအက်ဇ်စီအကျော်အမော် ခါဘစ်နဲ့ ရင်းရင်းနှီးနှီး စကားစမြည် ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ဘတ်ပီဟာ ပွဲစဉ်အတွင်း ၎င်းဝတ်ဆင်ခဲ့တဲ့ ရှပ်ကို လက်မှတ်ထိုးပြီးတော့တောင် ယူအက်ဖ်စီဂန္တဝင်ကို အမှတ်တရလက်ဆောင်ပေးခဲ့ပြီး အလွန်ကောင်းမွန်တဲ့ အပြုအမူကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါဂျီစတန်ဖိုက်တာဟာ ပီအက်စ်ဂျီဂိုးသမား ကေလာ နားဗက်စ်နဲ့တောင် ပွဲအပြီးမှာ နောက်ထပ် လက်မှတ်ထိုးထားတဲ့ ရှပ်နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပြီး လူမှုကွန်ရက်မှာ ကျေးဇူးအများကြီးတင်ပါတယ်ဆိုတဲ့ စာသားနဲ့အတူ ယင်းဓာတ်ပုံကို တင်ခဲ့တာဖြစ်ပါတယ်။