Premier League Transfer News

17 Feb ညနေခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အဲဗာတန်နဲ့ အဝေးကွင်းပွဲစဉ်မှာ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ် ပါဝင်လာမှာ မဟုတ်တဲ့အတွက် အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ညာနောက်ခံကနေ အတွင်းကို ပါဝင်ချိတ်ဆက်ကစားလေ့ရှိတဲ့ ပေါ်တူဂီနောက်ခံလူ ဂျာအို ကန်ဆယ်လိုရဲ့ အရည်အသွေးက အရေးပါလာမယ်လို့ ခန့်မှန်းနေကြ။

– ဘာစီလိုနာအသင်းရဲ့ ဥက္ကဌရာထူးကို တစ်ကျော့ပြန် ရယူဖို့ ပစ်မှတ်ထားနေတဲ့ ဂျိုအန် လာပေါ်တာက မက်ဆီသာ အသင်းက ထွက်ခွာ သွားမယ်ဆိုရင် မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့နှစ်သင်းသာ သူ့လုပ်ခကို တတ်နိုင်မှာဖြစ်တယ်လို့ ပြောကြားလိုက်ပြီး ဆက်လက်ထိန်းသိမ်းဖို့အတွက်တော့ အခက်အခဲ မရှိကြောင်းနဲ့ မက်ဆီကိုယ်တိုင်က အသင်းရဲ့ အမြတ်ငွေ ၃၀ ရာခိုင်နှုန်းကို ရှာဖွေပေးနေတာလို့ဆိုသွားခဲ့။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို ခေါ်ယူဖို့ သူ့ရဲ့ စာချုပ်လျော်ကြေး အသက်ဝင်မယ့် ၂၀၂၂ နွေရာသီအထိ စောင့်ဆိုင်းသွားရဖွယ်ရှိနေပြီး ဒီကြားထဲမှာတော့ ဆာဂျီယို အဂွေရိုကို ကာလတိုစာချုပ် ချုပ်ဆိုဖို့နဲ့ ခေတ္တသုံးစွဲဖို့ တိုက်စစ်မှူးတစ်ဦးကို ရှာဖွေသွားဖို့ရှိနေ။

– မန်ချက်စတာစီးတီးပရိသတ်တွေအနေနဲ့ သူတို့ရဲ့ ဂိုးသွင်းဘုရင် ကွင်းလယ်လူ ဂွန်ဒိုးဝမ် လွဲချော်မယ့် အဲဗာတန်နဲ့ ပွဲအတွက် စိတ်ပူနေကြပြီး တချို့ကတော့ ဒီလောက် ဆက်တိုက်ကစားပြီး ဂိုးတွေ သွင်းယူပေးနေတဲ့ King အနားယူပါစေလို့ တွစ်တာကနေ အားပေးသွားခဲ့ကြ။

– အဲဗာတန်နဲ့ပွဲမှာ အသင်းအတွက် အားတက်စရာအဖြစ် ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုနဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုတို့ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး တိုက်စစ်ကိုတော့ ဂျေဆူးစ်၊ စတာလင်နဲ့ ဘာနာဒိုတို့က အဓိက ဦးဆောင်လာဖွယ်ရှိနေသလို ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားလည်း ဂွတ်ဒီဆန်ပါ့ခ်ကို သွားရောက်မယ့် စာရင်းထဲ ပါဝင်နေ။

– အသင်းအတွက် တည်ငြိမ်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ပြသနေခဲ့တဲ့ နောက်ခံလူ ဂျွန်စတုန်းစ်က ရာသီအစ ဇယားအောက်ပိုင်းကနေ အဆင့် ၁ နေရာကို တက်လှမ်းလာနိုင်ခဲ့တာဟာ တစ်သင်းလုံးရဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပြီး ဒီရာသီမှာ ကစားနေတဲ့ ပုံစံအတွက် ပျော်ရွှင်မိတယ်လို့ဆို။

– မန်ချက်စတာစီးတီးဘုတ်အဖွဲ့အနေနဲ့ နည်းပြ ဂွါဒီယိုလာနဲ့ အားကစားဒါရိုက်တာ ဘီဂရီစတိန်းတို့အတွက် နွေရာသီမှာ များပြားတဲ့ အသုံးစရိတ်ကို ထုတ်ပေးသွားဖွယ်ရှိနေပြီး အဂွေရို၊ ဖာနန်ဒင်ညိုနဲ့ ဘင်ဂျမင် မန်ဒီတို့ရဲ့ နေရာတွေကို အစားဝင်ရောက်နိုင်မယ့် ကစားသမားသုံးဦးကို ခေါ်ယူသွားဖို့ရှိနေ။

– အဲဗာတန်နဲ့ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက သူ့အနေနဲ့ လာမယ့်မတ်လအတွင်းမှာ ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေကနေ အသင်းသားတွေ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်လာပြီး အသင်းခြေစွမ်းကို ထိခိုက်မှာ စိုးရိမ်တယ်လို့ ဝန်ခံပြောကြားသွားခဲ့။

– မန်ချက်စတာစီးတီးပရိသတ်တွေအနေနဲ့ ပြီးခဲ့တဲ့ညက လီဗာပူးလ်နဲ့ပွဲမှာ RB လိုက်ပ်ဇစ်ရဲ့ ဘယ်တောင်ပံကနေ ဖြတ်တင်ဘောတွေနဲ့ ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ အန်ဟဲလီညိုကို ဆုံးရှုံးလိုက်ရတာကို နှမြောနေပြီး ဘင်ဂျမင် မန်ဒီကို ဆက်လက်ထိန်းသိမ်းပြီး သူ့ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က အပြီးသတ် ရောင်းချလိုက်တာကို စိတ်ပျက်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အဲဗာတန္နဲ႔ အေဝးကြင္းပြဲစဥ္မွာ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္ ပါဝင္လာမွာ မဟုတ္တဲ့အတြက္ အသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ ညာေနာက္ခံကေန အတြင္းကို ပါဝင္ခ်ိတ္ဆက္ကစားေလ့ရွိတဲ့ ေပၚတူဂီေနာက္ခံလူ ဂ်ာအို ကန္ဆယ္လိုရဲ႕ အရည္အေသြးက အေရးပါလာမယ္လို႔ ခန႔္မွန္းေနၾက။

– ဘာစီလိုနာအသင္းရဲ႕ ဥကၠဌရာထူးကို တစ္ေက်ာ့ျပန္ ရယူဖို႔ ပစ္မွတ္ထားေနတဲ့ ဂ်ိဳအန္ လာေပၚတာက မက္ဆီသာ အသင္းက ထြက္ခြာ သြားမယ္ဆိုရင္ မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီတို႔ႏွစ္သင္းသာ သူ႔လုပ္ခကို တတ္ႏိုင္မွာျဖစ္တယ္လို႔ ေျပာၾကားလိုက္ၿပီး ဆက္လက္ထိန္းသိမ္းဖို႔အတြက္ေတာ့ အခက္အခဲ မရွိေၾကာင္းနဲ႔ မက္ဆီကိုယ္တိုင္က အသင္းရဲ႕ အျမတ္ေငြ ၃၀ ရာခိုင္ႏႈန္းကို ရွာေဖြေပးေနတာလို႔ဆိုသြားခဲ့။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကို ေခၚယူဖို႔ သူ႔ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး အသက္ဝင္မယ့္ ၂၀၂၂ ေႏြရာသီအထိ ေစာင့္ဆိုင္းသြားရဖြယ္ရွိေနၿပီး ဒီၾကားထဲမွာေတာ့ ဆာဂ်ီယို အေဂြ႐ိုကို ကာလတိုစာခ်ဳပ္ ခ်ဳပ္ဆိုဖို႔နဲ႔ ေခတၱသုံးစြဲဖို႔ တိုက္စစ္မႉးတစ္ဦးကို ရွာေဖြသြားဖို႔ရွိေန။

– မန္ခ်က္စတာစီးတီးပရိသတ္ေတြအေနနဲ႔ သူတို႔ရဲ႕ ဂိုးသြင္းဘုရင္ ကြင္းလယ္လူ ဂြန္ဒိုးဝမ္ လြဲေခ်ာ္မယ့္ အဲဗာတန္နဲ႔ ပြဲအတြက္ စိတ္ပူေနၾကၿပီး တခ်ိဳ႕ကေတာ့ ဒီေလာက္ ဆက္တိုက္ကစားၿပီး ဂိုးေတြ သြင္းယူေပးေနတဲ့ King အနားယူပါေစလို႔ တြစ္တာကေန အားေပးသြားခဲ့ၾက။

– အဲဗာတန္နဲ႔ပြဲမွာ အသင္းအတြက္ အားတက္စရာအျဖစ္ ဝါရင့္ကစားသမားေတြျဖစ္ၾကတဲ့ အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳနဲ႔ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုတို႔ ျပန္လည္ပါဝင္လာမွာျဖစ္ၿပီး တိုက္စစ္ကိုေတာ့ ေဂ်ဆူးစ္၊ စတာလင္နဲ႔ ဘာနာဒိုတို႔က အဓိက ဦးေဆာင္လာဖြယ္ရွိေနသလို ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားလည္း ဂြတ္ဒီဆန္ပါ့ခ္ကို သြားေရာက္မယ့္ စာရင္းထဲ ပါဝင္ေန။

– အသင္းအတြက္ တည္ၿငိမ္တဲ့ ေျခစြမ္းကို ပိုင္ဆိုင္ျပသေနခဲ့တဲ့ ေနာက္ခံလူ ဂြၽန္စတုန္းစ္က ရာသီအစ ဇယားေအာက္ပိုင္းကေန အဆင့္ ၁ ေနရာကို တက္လွမ္းလာႏိုင္ခဲ့တာဟာ တစ္သင္းလုံးရဲ႕ ေကာင္းမြန္တဲ့ စိတ္ဓာတ္ပိုင္းနဲ႔ ႀကိဳးစားအားထုတ္မႈေၾကာင့္ျဖစ္တယ္လို႔ ေျပာၾကားသြားခဲ့ၿပီး ဒီရာသီမွာ ကစားေနတဲ့ ပုံစံအတြက္ ေပ်ာ္႐ႊင္မိတယ္လို႔ဆို။

– မန္ခ်က္စတာစီးတီးဘုတ္အဖြဲ႕အေနနဲ႔ နည္းျပ ဂြါဒီယိုလာနဲ႔ အားကစားဒါ႐ိုက္တာ ဘီဂရီစတိန္းတို႔အတြက္ ေႏြရာသီမွာ မ်ားျပားတဲ့ အသုံးစရိတ္ကို ထုတ္ေပးသြားဖြယ္ရွိေနၿပီး အေဂြ႐ို၊ ဖာနန္ဒင္ညိဳနဲ႔ ဘင္ဂ်မင္ မန္ဒီတို႔ရဲ႕ ေနရာေတြကို အစားဝင္ေရာက္ႏိုင္မယ့္ ကစားသမားသုံးဦးကို ေခၚယူသြားဖို႔ရွိေန။

– အဲဗာတန္နဲ႔ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာက သူ႔အေနနဲ႔ လာမယ့္မတ္လအတြင္းမွာ ကစားမယ့္ ႏိုင္ငံတကာပြဲစဥ္ေတြကေန အသင္းသားေတြ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္လာၿပီး အသင္းေျခစြမ္းကို ထိခိုက္မွာ စိုးရိမ္တယ္လို႔ ဝန္ခံေျပာၾကားသြားခဲ့။

– မန္ခ်က္စတာစီးတီးပရိသတ္ေတြအေနနဲ႔ ၿပီးခဲ့တဲ့ညက လီဗာပူးလ္နဲ႔ပြဲမွာ RB လိုက္ပ္ဇစ္ရဲ႕ ဘယ္ေတာင္ပံကေန ျဖတ္တင္ေဘာေတြနဲ႔ ေျခစြမ္းျပခဲ့တဲ့ ေနာက္ခံလူ အန္ဟဲလီညိဳကို ဆုံးရႈံးလိုက္ရတာကို ႏွေျမာေနၿပီး ဘင္ဂ်မင္ မန္ဒီကို ဆက္လက္ထိန္းသိမ္းၿပီး သူ႔ကို ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔က အၿပီးသတ္ ေရာင္းခ်လိုက္တာကို စိတ္ပ်က္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.