Premier League Transfer News

16 Feb ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ဘိုင်ယန်မြူးနစ်အသင်းကနေ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် နောက်ခံလူ ဒေးဗစ် အလာဘာကို ခေါ်ယူဖို့ အခွင့်အရေးအများဆုံးနှစ်သင်းထဲက လီဗာပူးလ်အသင်းအနေနဲ့ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ဆီထက် သူတို့ကို ရွေးချယ်စေဖို့ အသည်းအသန် စည်းရုံးနေ။

– လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က ကွင်းလယ်မှာ ခြေစွမ်းကောင်းမွန်ပေမယ့် ကြံ့ခိုင်မှုအတွက် ရုန်းကန်နေရတဲ့ နာဘီ ကီးတားအနေနဲ့ အသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာဖို့ ရှိတယ်လို့ ထောက်ခံပြောကြားလိုက်ပြီး ဝေဖန်မှုတွေအတွက် ဂီနီကွင်းလယ်လူဘက်က ရပ်တည်သွားခဲ့။

– နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက လီဗာပူးလ်အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ အကောင်းဆုံးဗဟိုခံစစ်မှူးခေါ်ယူမှုဟာ လက်ရှိ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်မဟုတ်ဘဲ သူတို့ခေတ်က လုံးဝဒဏ်ရာမရဖူးဘဲ ဖင်လန်ကျောက်ဆောင်ကြီးလို့ တင်စားရဖူးတဲ့ ဆာမီ ဟီပီယာကိုပဲ ရွေးချယ်သွားခဲ့။

– မာဆေးလ်အသင်းရဲ့ နောက်ခံလူ ဒူယီ ချာလက်တာ-ဆာက သူ့အတွက် ရရှိခဲ့တဲ့ ဇန်နဝါရီက လီဗာပူးလ်အသင်းဆီက ကမ်းလှမ်းမှုဟာ ကစားသမားဘဝမှာ ဂုဏ်ယူလောက်စရာဖြစ်ကြောင်း ပြောကြားလိုက်ပြီး အနာဂတ်မှာ လာရောက်ကစားဖို့ အကောင်အထည် ဖော်နိုင်မယ်လို့ မျှော်လင့်နေ။

– လီဗာပူးလ်အသင်းအနေနဲ့ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားခဲ့ရမှုနဲ့ အန်းဖီးလ်စံချိန် ပျက်စီးခဲ့ရမှုဟာ ကွင်းထဲကို ပရိသတ်တွေ ဝင်ရောက် နိုင်ခြင်းမရှိမှုကြောင့်လို့ တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုက ညည်းတွားလိုက်ပြီး ဒီအချက်ကို ချန်ပီယံလိဂ်မှာတော့ အားသာချက်အဖြစ် အသုံးချပြီး ရလဒ်တွေကို အဖတ်ဆည်သွားဖို့ တိုက်တွန်း။

– လက်ရှိရာသီမှာ ရလဒ်တွေ ဆိုးရွားနေခဲ့ပြီး ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းတို့ရဲ့ နိုင်ပွဲတွေကြောင့် အဆင့် ၆ ကို ကျဆင်းသွားခဲ့ရတဲ့ လီဗာပူးလ် အသင်းအနေနဲ့ သူတို့ရဲ့ ဘယ်အသင်းမှ အနိုင်မရလောက်တဲ့ အရှိန်အဝါ ပျောက်ဆုံးခဲ့ပြီဖြစ်ပြီး ဒါကို ပြန်ရှာမတွေ့သေးသရွေ့ လက်ရှိ အနေအထားထက် ပိုကောင်းအောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ကွင်းလယ်လူဟောင်း ဂျေမီ အိုဟာရာ သုံးသပ်။

– RB လိုက်ပ်ဇစ်နဲ့ ပွဲမှာလည်း ပြန်ကစားနိုင်ဦးမှာ မဟုတ်ဘူးဆိုပြီး ပြန်လာဖို့အတွက်ကို တစ်ပွဲပြီးတစ်ပွဲ နောက်ရွှေ့နေခဲ့တဲ့ လီဗာပူးလ် တာဝန်ရှိသူတွေဟာ ပရိသတ်တွေကို လိမ်ညာနေတယ်လို့ အပြစ်တင်ခံခဲ့ကြရပြီး ဒီရာသီကုန်အထိ မပါနိုင်ရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဖို့ အားပေးသူတွေ ဖိအားပေးခဲ့ကြ။

– ပရီးမီးယားလိဂ်ရဲ့ ကစားပုံနဲ့ အသားမကျသေးလို့ ရုန်းကန်နေရတယ်ဆိုရင် RB လိုက်ပ်ဇစ်လို ဘွန်ဒက်စ်လီဂါမှာ ရင်းနှီးပြီးသား အသင်းနဲ့ ချန်ပီယံလိဂ်မှာ ပြန်လည်ရင်ဆိုင်ခွင့်ဟာ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာအတွက် အခွင့်အရေးကောင်းဖြစ်ပြီး သူဟာ ဒီပွဲမှာမှ ကောင်းကောင်းမကစားနိုင်ရင်တော့ အလိမ်အညာတစ်ခုလို့ သတ်မှတ်ရလိမ့်မယ်လို့ အားပေးသူဝက်ဘ်ဆိုက်တစ်ခု ရေးသား။

– RB လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ လီဗာပူးလ်အသင်းအတွက် သာမန်ပြိုင်ပွဲတစ်ခုထက် ပိုနေပြီး သူတို့အနေနဲ့ အသင်းရဲ့ နွေရာသီ ပစ်မှတ်ဖြစ်တဲ့ ပြင်သစ်နောက်ခံလူ အီဘရာဟီမာ ကိုနာတေကို အနီးကပ် အကဲခတ်လေ့လာနိုင်မယ့် အခွင့်အရေးဖြစ်ကြောင်း စောင့်ကြည့်သူတွေဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘိုင္ယန္ျမဴးနစ္အသင္းကေန လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာေတာ့မယ့္ ေနာက္ခံလူ ေဒးဗစ္ အလာဘာကို ေခၚယူဖို႔ အခြင့္အေရးအမ်ားဆုံးႏွစ္သင္းထဲက လီဗာပူးလ္အသင္းအေနနဲ႔ ၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္ဆီထက္ သူတို႔ကို ေ႐ြးခ်ယ္ေစဖို႔ အသည္းအသန္ စည္း႐ုံးေန။

– လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္က ကြင္းလယ္မွာ ေျခစြမ္းေကာင္းမြန္ေပမယ့္ ႀကံ့ခိုင္မႈအတြက္ ႐ုန္းကန္ေနရတဲ့ နာဘီ ကီးတားအေနနဲ႔ အသင္းရဲ႕ အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္လာဖို႔ ရွိတယ္လို႔ ေထာက္ခံေျပာၾကားလိုက္ၿပီး ေဝဖန္မႈေတြအတြက္ ဂီနီကြင္းလယ္လူဘက္က ရပ္တည္သြားခဲ့။

– ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက လီဗာပူးလ္အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္မွာ အေကာင္းဆုံးဗဟိုခံစစ္မႉးေခၚယူမႈဟာ လက္ရွိ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္မဟုတ္ဘဲ သူတို႔ေခတ္က လုံးဝဒဏ္ရာမရဖူးဘဲ ဖင္လန္ေက်ာက္ေဆာင္ႀကီးလို႔ တင္စားရဖူးတဲ့ ဆာမီ ဟီပီယာကိုပဲ ေ႐ြးခ်ယ္သြားခဲ့။

– မာေဆးလ္အသင္းရဲ႕ ေနာက္ခံလူ ဒူယီ ခ်ာလက္တာ-ဆာက သူ႔အတြက္ ရရွိခဲ့တဲ့ ဇန္နဝါရီက လီဗာပူးလ္အသင္းဆီက ကမ္းလွမ္းမႈဟာ ကစားသမားဘဝမွာ ဂုဏ္ယူေလာက္စရာျဖစ္ေၾကာင္း ေျပာၾကားလိုက္ၿပီး အနာဂတ္မွာ လာေရာက္ကစားဖို႔ အေကာင္အထည္ ေဖာ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေန။

– လီဗာပူးလ္အသင္းအေနနဲ႔ ဒီရာသီမွာ ရလဒ္ေတြ ဆိုး႐ြားခဲ့ရမႈနဲ႔ အန္းဖီးလ္စံခ်ိန္ ပ်က္စီးခဲ့ရမႈဟာ ကြင္းထဲကို ပရိသတ္ေတြ ဝင္ေရာက္ ႏိုင္ျခင္းမရွိမႈေၾကာင့္လို႔ တိုက္စစ္မႉး ေရာဘတ္တို ဖာမီႏိုက ညည္းတြားလိုက္ၿပီး ဒီအခ်က္ကို ခ်န္ပီယံလိဂ္မွာေတာ့ အားသာခ်က္အျဖစ္ အသုံးခ်ၿပီး ရလဒ္ေတြကို အဖတ္ဆည္သြားဖို႔ တိုက္တြန္း။

– လက္ရွိရာသီမွာ ရလဒ္ေတြ ဆိုး႐ြားေနခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔ ဝက္စ္ဟမ္းတို႔ရဲ႕ ႏိုင္ပြဲေတြေၾကာင့္ အဆင့္ ၆ ကို က်ဆင္းသြားခဲ့ရတဲ့ လီဗာပူးလ္ အသင္းအေနနဲ႔ သူတို႔ရဲ႕ ဘယ္အသင္းမွ အႏိုင္မရေလာက္တဲ့ အရွိန္အဝါ ေပ်ာက္ဆုံးခဲ့ၿပီျဖစ္ၿပီး ဒါကို ျပန္ရွာမေတြ႕ေသးသေ႐ြ႕ လက္ရွိ အေနအထားထက္ ပိုေကာင္းေအာင္လုပ္ႏိုင္မွာ မဟုတ္ဘူးလို႔ ကြင္းလယ္လူေဟာင္း ေဂ်မီ အိုဟာရာ သုံးသပ္။

– RB လိုက္ပ္ဇစ္နဲ႔ ပြဲမွာလည္း ျပန္ကစားႏိုင္ဦးမွာ မဟုတ္ဘူးဆိုၿပီး ျပန္လာဖို႔အတြက္ကို တစ္ပြဲၿပီးတစ္ပြဲ ေနာက္ေ႐ႊ႕ေနခဲ့တဲ့ လီဗာပူးလ္ တာဝန္ရွိသူေတြဟာ ပရိသတ္ေတြကို လိမ္ညာေနတယ္လို႔ အျပစ္တင္ခံခဲ့ၾကရၿပီး ဒီရာသီကုန္အထိ မပါႏိုင္ရင္လည္း ပြင့္ပြင့္လင္းလင္း ေျပာဖို႔ အားေပးသူေတြ ဖိအားေပးခဲ့ၾက။

– ပရီးမီးယားလိဂ္ရဲ႕ ကစားပုံနဲ႔ အသားမက်ေသးလို႔ ႐ုန္းကန္ေနရတယ္ဆိုရင္ RB လိုက္ပ္ဇစ္လို ဘြန္ဒက္စ္လီဂါမွာ ရင္းႏွီးၿပီးသား အသင္းနဲ႔ ခ်န္ပီယံလိဂ္မွာ ျပန္လည္ရင္ဆိုင္ခြင့္ဟာ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာအတြက္ အခြင့္အေရးေကာင္းျဖစ္ၿပီး သူဟာ ဒီပြဲမွာမွ ေကာင္းေကာင္းမကစားႏိုင္ရင္ေတာ့ အလိမ္အညာတစ္ခုလို႔ သတ္မွတ္ရလိမ့္မယ္လို႔ အားေပးသူဝက္ဘ္ဆိုက္တစ္ခု ေရးသား။

– RB လိုက္ပ္ဇစ္နဲ႔ ရင္ဆိုင္ရမယ့္ပြဲဟာ လီဗာပူးလ္အသင္းအတြက္ သာမန္ၿပိဳင္ပြဲတစ္ခုထက္ ပိုေနၿပီး သူတို႔အေနနဲ႔ အသင္းရဲ႕ ေႏြရာသီ ပစ္မွတ္ျဖစ္တဲ့ ျပင္သစ္ေနာက္ခံလူ အီဘရာဟီမာ ကိုနာေတကို အနီးကပ္ အကဲခတ္ေလ့လာႏိုင္မယ့္ အခြင့္အေရးျဖစ္ေၾကာင္း ေစာင့္ၾကည့္သူေတြဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.