Premier League

16 Feb ညနေခင်းနောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက သောမတ်စ် တူဟယ်ဟာ နောက်ဆုံးမှာတော့ ချဲလ်ဆီးအတွက် တီမို ဗာနာ နောက်ထပ်တစ်ကြိမ် ဂိုးသွင်းနိုင်ဖို့အတွက် ပြီးပြည့်စုံတဲ့ အဖြေကို ရှာဖွေတွေ့ရှိသွားခဲ့ပြီလို့ ထင်မြင်နေပြီး တူဟယ်ဟာ ဗာနာကို ကစားနေကျနေရာထက် အနည်းငယ်ကွဲပြားခြားနားတဲ့နေရာမှာ ကစားစေခဲ့ပြီး ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်စေခဲ့။

-ချဲလ်ဆီးအသင်းဂိုးသမား ကီပါရဲ့ အကောင်းဆုံးပုံစံကို ရရှိအောင် မလုပ်ဘဲ မန်ဒီကို ခေါ်ယူခဲ့တာက လမ်းပတ်ကို ချဲလ်ဆီးအသင်းက ထုတ်ပယ်ခဲ့ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ The Athletic က ဖော်ပြခဲ့ပြီး ချဲလ်ဆီးအသင်းဟာ ကီပါကို လက်လျှော့လိုက်ဖို့ စိတ်ဆန္ဒမရှိဘဲ ၎င်းရဲ့တန်ဖိုးကို မြှင့်တင်နိုင်အောင် လုပ်နိုင်သမျှ အရာအားလုံးကို လုပ်သွားချင်ခဲ့တယ်ဆိုတာ ရှင်းလင်းနေခဲ့တယ်လို့ ဖော်ပြခဲ့။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ယူအက်စ်အေတောင်ပံကြယ်ပွင့် ပူလီရှစ်ဟာ ချဲလ်ဆီးအသင်းအတွက် အရေးပါတဲ့ကစားသမားဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး ယခုရာသီမှာ ပွဲထွက်ပါဝင်ကစားခွင့် မရပေမယ့်လည်း လာမယ့်အနာဂတ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း espn က ဖော်ပြခဲ့ပြီး ပူလီရှစ်ဟာ ပွဲထွက်ကစားခွင့်ရဖို့ လုံးဝထိုက်တန်သလို ပါဝင်ကစားပေးဖို့လည်း ထိုက်တန်တယ်လို့ တူဟယ်က ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်် တူဟယ်က နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကို ခံခဲ့ရတဲ့ ကြယ်ပွင့်တိုက်စစ်မှူး တန်မီ အေဘရာဟမ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ Evening Standard ရဲ့ ဖော်ပြချက်အရ သိရပြီး အသက် ၂၃ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ လက်ဆဲလက်စ်ရဲ့ ဖျက်ထုတ်မှုကြောင့် ရရှိခဲ့တဲ့ ခြေချင်းဝတ်ဒဏ်ရာကြောင့် အချိန်ကာလတစ်ခုအထိ အနားယူရဖွယ်ရှိနေတယ်လို့ သိရ။

-ချဲလ်ဆီးအသင်းဟာ အင်တာမီလန် ဝါရင့်နောက်ခံကစားသမား စခရီနီရာကို လာမယ့်နွေရာသီမှာ ခေါ်ယူမယ့် ထိပ်တန်းပစ်မှတ်ထဲမှာ ထည့်သွင်းထားတယ်လို့ သိရပြီး အူပါမီကာနိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူသွားနိုင်ခဲ့ပြီဖြစ်တာကြောင့် ဖြစ်နိုင်ဖွယ် ပစ်မှတ်တွေအားလုံးကို ခေါ်ယူဖို့ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရ။

-ပြင်သစ်ဂန္တဝင် ဖရန့်လီဘိုးက နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ချဲလ်ဆီးအသင်းရဲ့ ပထမပိုင်းစွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့ပေမယ့် ချဲလ်ဆီးကစားသမား ၂ ဦးဟာ ပထမပိုင်းအပြီးမှာတော့ ပျောက်နေခဲ့တယ်လို့ ပြောကြားခဲ့ပြီး မေဆင် မောင့်နဲ့ တီမို ဗာနာတို့ဟာ ပထမပိုင်းမှာ လွှမ်းမိုးထားနိုင်ခဲ့ပြီးနောက် ဒုတိယပိုင်းမှာ အားလျော့သွားခဲ့ကြတာကို စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးတိုက်စစ်မှူး တီမို ဗာနာက နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို နောက်ဆုံးမှာ အဆုံးသတ်နိုင်ခဲ့တဲ့အတွက် စိတ်ကျေနပ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဂိုးပေါက်ပြန်တွေ့ခဲ့တာကြောင့် ဘယ်လောက်ပျော်ရွှင်နေလဲဆိုတာကို ဖုံးကွယ်ထားစရာမရှိပေမယ့် ဂိုးသွင်းနိုင်တာထက် အသင်းအနိုင်ရတာက အရေးအကြီးဆုံးအရာဖြစ်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းဂိုးသမား ကီပါဟာ တနင်္လာနေ့ညက နယူးကာဆယ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပေးဂိုးမရှိအောင် စွမ်းဆောင်ပြပြီး ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုကို အောင်မြင်ခဲ့တာဖြစ်ပေမယ့် နည်းပြရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက် လုပ်ဆောင်စရာတွေ ရှိနေသေးကြောင်းကို နယူးကာဆယ်နဲ့ပွဲအပြီးမှာ တူဟယ်က မန်ဒီဟာ နံပါတ် ၁ ဂိုးသမားဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားပြီး သတိပေးခဲ့။