Premier League

16 Feb နေ့လယ်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဝက်စ်ဘရွန်းအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ်သွင်းဂိုးကို သွင်းယူခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ထူးခြားဆန်းကြယ်တဲ့ကစားသမားလို့ ချီးကျူးခဲ့ပြီး အလွန်ကောင်းမွန်တဲ့နည်းစနစ်နဲ့ ကန်သွင်းမှုဖြစ်တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ တစ်ကြိုပေးခြင်းခံခဲ့ရပေမယ့် အဲဒီတိုက်စစ်မှူးဟာ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းမဟုတ်ဘူးလို့ သိရပြီး တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ခေါ်ယူလိမ့်မယ်လို့ ဘောလုံးဝေဖန်သုံးသပ်သူ ပေါလ် မာဆန်က ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်တဲ့ ရေဗယ် မောရစ်ဆင်ဟာ လူငယ်ဘောလုံးသမားဘဝတုန်းက မိသားစုကို စားစရာတွေ ဝယ်ကျွေးနိုင်ဖို့အတွက် ဖာဒီနန်နဲ့ ဝိန်း ရွန်နီတို့ရဲ့ ဘောကန်ဖိနပ်တွေကို ခိုးပြီး ရောင်းစားခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ဖိနပ် ၂ ရံကို ပေါင် ၅၀၀ ရရှိတာကြောင့် အိမ်ပြန်ရင် တရုတ်အစားအစာ ဝယ်သွားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကို အငှားနဲ့ လာရောက်ကစားနေတဲ့ ဂျက်ဆီလင်ဂတ်ရဲ့ တိုးတက်မှုအခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မိုရက်စ်က ထုတ်ဖော်ပြောကြားခဲ့ပြီး လင်ဂတ်ဟာ အိုးထရက်ဖို့ဒ်မှာ ကလေးဘဝကတည်းက ရှိခဲ့တာကြောင့် ၎င်းရဲ့အကြောင်းကို တွေးနေခဲ့တယ်လို့ ဖာဂူဆန်က ပြောကြားခဲ့ကြောင်း ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက် ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက ရုန်းကန်နေရတနဲ့ ယူနိုက်တက်နောက်ခံကစားသမား လင်ဒီလော့ဖ်အနေနဲ့ လီဗာပူးလ်အသင်းမှာဆိုရင် တိုးတက်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး ဗန်ဒိုက်နဲ့အတူတူ တွဲကစားခဲ့ရင် တကယ်ကောင်းမွန်တဲ့ ကစားသမားဖြစ်လိမ့်မယ်လို့ ထင်ကြောင်း ပြောကြားခဲ့။


-လီဗာပူးလ်ဂန္တဝင်နောက်ခံကစားသမား ဂျေမီကာရေဂါက အိုလေဂန်နာ ဆိုးလ်ရှားအနေနဲ့ ဒေးဗစ် ဒဟေးယားကို ချန်လှပ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ဂိုးသမားသစ် ခေါ်ယူစရာမလိုဘူးဆိုတာကို သက်သေပြသဖို့ ဒင်း ဟန်ဒါဆန်ကို အခွင့်အရေး ပေးသင့်တယ်လို့ ပြောကြားခဲ့ပြီး ဒဟေးယားဟာ ပရီးမီးယားလိဂ်ကို အနိုင်ရရှိစေမယ့် ဂိုးသမားမဟုတ်ဘူးလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာအနေနဲ့ ပေါင်ဒဏ်ရာကြောင့် ၂ ပတ်လောက်အထိ လွဲချော်မှာကို စိုးရိမ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး အသက် ၂၇ နှစ်အရွယ် ပြင်သစ်ကွင်းလယ်ကစားသမားဟာ ရီးရဲလ်ဆိုစီဒက်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်၊ လာမယ့်တနင်္ဂနွေနေ့မှာ ကစားရမယ့် နယူးကာဆယ်နဲ့ပွဲစဉ်တွေကို လွဲချော်နိုင်တယ်လို့ Daily Mail က ဖော်ပြခဲ့။


-ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်က ရှက်ဖီးယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ပင်နယ်တီကို ဘယ်သူကန်သွင်းသင့်လဲဆိုတာကို လင်ဂတ်နဲ့ အငြင်းပွားခဲ့ပြီးနောက်ပိုင်း လင်ဂတ်က ၎င်းကို ပင်နယ်တီ ပေးကန်ရမယ်ဆိုတာကို သိခဲ့ပြီးသားဖြစ်တယ်လို့ နောက်ပြောင်ခဲ့ပြီး ‘အားလုံး အဆင်ပြေတယ် ညီအစ်ကို’ဆိုတဲ့ စာသားနဲ့အတူ လင်ဂတ်ရေစိမ်နေတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ မျှဝေခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
















REF: INTERNET SOURCES
SPORTS A2Z.